မတူကွဲပြား ခြင်း (၁)

ဆူးNovember 24, 20102min977

@kai
Theravada
From Wikipedia, the free encyclopedia

Theravada (Pāli: थेरवाद theravāda, Sanskrit: स्थविरवाद sthaviravāda); literally, “the Teaching of the Elders” or “the Ancient Teaching”, is the oldest surviving Buddhist school. It was founded in India. It is relatively conservative, and generally closest to early Buddhism,[1] and for many centuries has been the predominant religion of Sri Lanka (about 70% of the population[2]) and most of continental Southeast Asia (Cambodia, Laos, Myanmar, Thailand). Theravada is also practiced by minorities in parts of southwest China (by the Shan and Tai ethnic groups), Vietnam (by the Khmer Krom), Bangladesh (by the ethnic groups of Baruas, Chakma, and Magh), Malaysia and Indonesia, while recently gaining popularity in Singapore and the Western World. Today Theravada Buddhists number over 100 million worldwide, and in recent decades Theravada has begun to take root in the West[3] and in the Buddhist revival in India.[4]
http://en.wikipedia.org/wiki/Theravada

ထေရဝါဒဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံတွေက .. Sri Lanka, Cambodia, Laos, Myanmar, Thailand
– ကမ္ဘာ့အဆင်းရဲဆုံးအုပ်စုဝင်ထဲပါတာက ..၄နိုင်ငံ။
– ပြည်တွင်းစစ်အရှည်ဆုံးရှိတာက ၂နိုင်ငံ
– အာဏာရှိသူက စစ်အာဏာရှင်ဖြစ်ပြီး လူအသတ်ခဲ့ဆုံးတွေရှိတာက ..၄နိုင်ငံ။
– ကမ္ဘာမှာ စစ်တပ်ကအာဏာသိမ်းအကြိမ်အများဆုံးတိုင်းပြည်တခုက .. ၁နိုင်ငံ။
– ဘုရင်ရှိနေဆဲတိုင်းပြည်က ..တနိုင်ငံ…
==========
Mahayana
From Wikipedia, the free encyclopedia
Mahāyāna (Sanskrit: महायान, mahāyāna, literally the “Great Vehicle”) is one of the two main existing branches of Buddhism and a term for classification of Buddhist philosophies and practice. Mahāyāna Buddhism originated in India.

In the course of its history, Mahāyāna Buddhism spread from India to various other Asian countries such as China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Tibet, Bhutan, and Mongolia. Major traditions of Mahāyāna Buddhism today include Zen/Chán, Pure Land, Tiantai, and Nichiren, as well as the Esoteric Buddhist traditions of Shingon and Tibetan Buddhism.
မဟာယာနကိုးကွယ်တာအများစုရှိတဲ့တိုင်းပြည်တွေက ..
China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Tibet, Bhutan, and Mongolia
ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်တွေထဲ… အနည်းဆုံး ၅နိုင်ငံပါတယ်..။ အတည်ငြိမ်ဆုံး၊ အငြိမ်းချမ်းဆုံးတိုင်းပြည်တွေပါတယ်.။ အလှူနိုင်ဆုံးတိုင်းပြည်တွေပါတယ်..။
– ဘုရင်ရှိနေဆဲတိုင်းပြည်က ..တနိုင်ငံ…

ဗုဒ္ဓဘာသာချင်းတူတူမို့ .. မြန်မာတွေ မဟာယာနကနေ..အများကြီးလေ့လာယူသင့်တယ်ထင်တာပါပဲ..။
– ဘုရင်ရှိနေဆဲတိုင်းပြည်တွေက အုပ်စုတွေထဲအချမ်းသာဆုံးတွေဖြစ်နေတယ်…။
တလောက မဟာယနလို့ထင်ရတဲ့…ဦးဇင်းတပါး ဒီမှာ တရုတ်စာတွေသင်ပေးနေခဲ့တယ်..။ အဲဒီဦးဇင်းဆီချည်းကပ်မေးနိုင်ရင်ကောင်းမယ်ထင်တာပါပဲ..။
မြန်မာပြည်ထဲမှာတော့ ..မဟာယာနကို လုံးဝပိတ်ထားတာမို ့.. မြန်မာလိုစာအုပ်တွေမရှိသလောက်ရှားနေမယ်ထင်မိပါတယ်..။

==================================================================

ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောတဲ့ တရားတပုဒ်မှာ ပါတဲ့ မဟာယန နဲ့ ထေရဝါဒ မတူကွဲပြားတဲ့ အချက် ၁ချက်ကို ကောက်နုတ်တင်ပြလိုက်ပါသည်။

တနေ့ ဦးဇင်း ကိုရီးယားကို သွားပြီး အဘိဓမ္မာနဲ့ ပတ်သတ်လို့.. တရားဆွေးနွေးပွဲ တခုကို သွားပြီး ရှင်းလင်း ပြသရပါတယ်။ အဲဒီမှာ ကိုရီးယား ဘုန်းကြီးလေး တပါးက ထမေးတယ် ထေရဝါဒ (သုည) နဲ့ အခု သူနားလည် ထားတဲ့ (သုည) တူတဲ့ အကြောင်း မေးတယ်။ သူတို့နားလည်ထားတဲ့ (သုည) ဆိုတာက..
ဆင်းရဲခြင်းလည်း မရှိဘူး (သုည) ချမ်းသာခြင်း ဆိုလာတည်း မရှိပြန်ဘူး (သုည)
အိုတာလည်း မရှိဘူး (သုည) နာတာလည်း မရှိဘူး (သုည)
ဖြစ်တာလည်း မရှိဘူး (သုည) ပျက်တာလည်း မရှိဘူး (သုည)
အားလုံးက စိတ်က ဖြစ်နေတာ.. ဒီတော့.. စိတ်ဆိုတာကို ပျောက်အောင် ဖျောက်နိုင်ရင် အားလုံးက (သုည)
သံသရာ ဆိုတာလည်း (သုည) နိဗ္ဗာန် ဆိုတာလည်း (သုည).. အားလုံးက ဘာမှ မရှိဘူး ဆိုပြီး ပြောထားတဲ့ (သုည) ဖြစ်နေတယ်။
ပဋိစသမုပ္ပါဒ် ဆိုတာလည်း မရှိဘူး (သုည) ရုပ်ဆိုလည်း မရှိ နာမ် ဆိုတာလည်း မရှိ (သုည) သူက မရှိတာ ကြီးဘဲ ဖြစ်နေတော့.. အားလုံးကို မရှိဘူးလို့ မြင်အောင် ရှုရမလို ဖြစ်နေပြီ။

*ထေရဝါဒ အမြင်နဲ့ ကြည့်ရင် ကွင်းဆက် ပြတ်နေတယ်။*

အနတ္တ (သုည) သဘော မရှိခြင်း 无 (ဝူ) မရှိခြင်း (သုည) သဘောဆောင်တယ်။

မတူညီတာက ဗုဒ္ဓဟောတဲ့ သုညမှာ.. အရာအားလုံးက မမြဲဘူး.. အားလုံးက အပျက်သဘော ဆောင်တယ်။
** ဖြစ်ပြီး ပျက်သွားတယ်။**
အကြောင်း ရှိလို့ အကျိုးဖြစ်တယ်။ အကြောင်းပေါ်မှာ မှီပြီးမှ အကျိုး ဖြစ်လာတာမှ.. တဆင့် အပျက် တရား မြင်အောင် ရှူမှတ်ရတာ။
အဲဒါကြောင့် အားလုံးက အနတ္တသဘော မတည်မြဲခြင်း သဘော ကိုဆောင်တယ် လို့ ဆိုလိုတာပါ။

ဥပမာ အားဖြင့် အဖေ ရှိလို့ သားရှိတယ်။ အဖေ မရှိရင် သားဆိုတာ မရှိဘူး။ သား ရှိလို့ အဖေ ရှိတာ မဟုတ်ဘူး။ အားလုံးက သူ့ အစဉ် အတိုင်း သူသွားနေတာ။
အဲဒီလို ရှင်းပြရင်းနဲ့ မဟာယန ဘုန်းကြီးလေး နားထောင်နေရင်း သူ့ ဆရာက ဒီမေးခွန်းကို မမေးနဲ့တော့.. ဦးဇင်းကို တားတယ်။ သူတို့ သင်ထားတဲ့ စာနဲ့ မတူလို့.. ကွဲလွဲမှုတွေ ဖြစ်နေလို့.. ဒီမေးခွန်းကို ဒီတင် ရပ်ခိုင်းလို့ ရပ်ပေးလိုက်ရတယ်။

ဆူး မှတ်သား မိတာလေးတွေ တင်ပြလိုက်ပါတယ်။ လေ့လာချင်သူများ ကိုယ်ပိုင်အတွေးနဲ့ လေ့လာ မှတ်သားနိုင်ပါစေ။

7 comments

  • ဆူး

    November 24, 2010 at 3:42 am

    ခင်မင် ရင်းနှီး လှပါသော ဦးလေး ခိုင် ရေးသားသော ကွန်မန်း အတွက် ဆူး ရဲ့ အတွေး များ ဖြစ်ပါသည်။
    မူရင်း ကွန်မန်း နေရာကတော့ http://myanmargazette.net/34109/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories/comment-page-1#comment-53912 ဖြစ်ပါသည်။
    အားလုံးလည်း အသိ အမှန် နဲ့ အတွေး အမှန်နဲ့ လိုရာ ခရီး ပေါက်မြောက်နိုင်ပါစေ။

  • weiwei

    November 24, 2010 at 3:46 am

    ဆူးက အစဖော်လိုက်တယ်ဆိုတော့ ဆက်တွေး ဆက်လေ့လာရပေမပေါ့ … အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် …

  • fatty

    November 24, 2010 at 4:14 am

    လေ့လာသမှု ပြုချင်ရင် ဗဟုသုတရအောင်စာဖတ်တာလည်းရှိတယ်။ လက်တွေ့လေ့လာတာလဲရှိမယ်။ ကျနော်တော့
    တခုခုကိုလေ့လာရင် လက်တွေ့နဲ့ လေ့လာတယ်။ အချိန်တော့တော်တော်ပေးရတယ် ။ လက်တွေ့လေ့လာလို့မတွေ့
    ရင်မယုံတော့ဘူးလားလို့မေးစရာရှိတယ်။ အဲလိုတော့လဲ ဘယ်ဟုတ်မလဲ ကိုယ်တိုင်မတွေ့နိုင်ရင် ယုံကြည်လောက်တဲ့ အထောက်အထားနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပါတယ်။

  • ဆူး

    November 24, 2010 at 4:27 am

    ဦးလေး ဝတုတ်ပြောတာ ဒီလို ဆိုလိုတာလား.. မီးတောင် မီးတွေ ပန်းထွက်နေတာကို ပူပါ့မလားလို့ ပြောရင်.. မမြင်ဘူးလို့ ထိုအချိန် မရောက်ဘူးလို့ မယုံဘူးလို့ မတွေးဘဲ..
    ပူတယ်လို့ အချက်အလက်နဲ့ ပြောလာရင် မရောက်ဘူး မမြင်ဘူးလည်း ကိုယ်ပိုင်ဉာဏ်နဲ့ အတွေးနယ်ချဲ့ ယုံလိုက်မယ်လို့ ပြောတာ မဟုတ်လား။

  • kai

    November 24, 2010 at 5:57 am

    မဟာယာနနဲ့ဆိုင်တဲ့စာတွေ..သဘောတရားတွေ.. ဒဿနတွေကို . မြန်မာပြည်တွင်းမှာ ထုတ်ဝေခွင့်မပေး … စိစစ်ရေးကနေပိတ်ပင်ထားတာမို ့ .. တကယ်လို့ ထွက်လာရင်လည်း … ထေရဝါဒဖက်က တဖက်အမြင်တွေများနေပါလိမ့်မယ်..။
    ဒီတော့ …
    ဒီနေရာကနေပြီးတော့ပဲ..မဟာယာနကျွမ်းကျင်သူတွေ။ ဘုန်းတော်ကြီးတွေကို ဖိတ်ခေါ်ချင်ပါတယ်..။
    မဟာယာနဗုဒ္ဓဘာသာ အမြင်တွေကိုရေးပေးကြစေလိုပါကြောင်း…။
    တရုတ်ပြည်မကြီးနေတဲ့ မဝေအပါအဝင် … ဂျပန်၊ကိုရီးယားနေတဲ့ မန်င်ဘာတွေလည်း မြင်တာလေးတွေ လေ့လာထားတာတွေ ရေးပေးစေလိုပါတယ်..။
    ဦးနှောက်မုန်တိုင်းဆင်(Brainstorming)လုပ်ကြတာပေါ့နော..။

  • chityaaung

    November 24, 2010 at 10:14 am

    အဲဒါတော့သိပ်မသိဘူး…
    ဂျပန်ကဇင်…ကိုတော့သဘောကျတယ်..။

  • MaMa

    March 29, 2011 at 1:46 am

    ဂျပန်က ဇင် အကြောင်းလည်း ဝင်ရေးပေ့ါ။ ရှုထောင့် ပိုစုံသွားတာပေ့ါ။ ဦးဏှောက်မုန်တိုင်းတင်မကဘူး ဦးဏှောက်နာဂစ်ပါ ဖြစ်ကြရတာပေါ့။ ဘာပဲပြောပြော ခရစ်ယာန်အယူဝါဒတို့၊ မူစလင်အယူဝါဒတို့လည်း ရေးကြရင် သိကြရတာပေါ့။ ကိုယ်ကြိုက်တာ ကိုယ်ယူလို့ရတာပဲလေ။ လွတ်လပ်စွာ အတူယှဉ်တွဲ နေထိုင်ရေးမူဝါဒနဲ့အညီပေါ့။

Leave a Reply