ဆီထည့်ရတာက စီပြီးမှ ထည့်ရတော့တယ်။

ဓါတ်ဆီဆိုင်တွေကို ပုဂ္ဂလိကလက်ကို လွှဲလိုက်တယ်ဆိုပြီး လက်လွတ်စပယ် လုပ်ချင်ရာလုပ် လွှတ်ပေးလိုက်တယ်။ ပြီးတော့ နောက်ဘက်ကနေ ပံ့ပိုးမှုမရှိတဲ့အပြင်မှာ ထိမ်းချုပ်တာတွေ လုပ်လာတော့ ဆီထည့်ရတာ အရင်ထက်ပိုပြီးဆိုးလာတော့တယ်။

ရန်ကုန်မှာ ဆီဆိုင်တွေအကုန်လုံးမှာ အိမ်စီးကားကို တစ်ခါတန်းစီရင် ၃ဂါလံပဲပေးတော့တယ်။ တန်းစီရတာကလည်း ဆီပြည့်ပြည့်ဖြည့်ပေးတဲ့ဆိုင်ဆိုရင် တန်းကရှည်တယ်။ ရွှေတောင် ဆီဆိုင်က ဆီအပြည့်ဆုံးပဲဆိုလို့ သူတို့ဆိုင်မှာ တန်းစီတာက ကားအများဆုံးဖြစ်နေတယ်။

ဓါတ်ဆီက အပြင်မှာ ၃၀၀ဝကျပ်နဲ့ပြန်ကောက်တယ်ပြောကြတာပဲ။ ကိုယ်လည်း စိတ်ညစ်ခံတန်းစီပြီး ပြန်မရောင်းတော့ မသိဘူး။ တန်းစီရတာစိတ်ပျက်လွန်း။ ဆိုင်တစ်ဆိုင် ( အချောင်ဆုံးဆိုတဲ့ ဆိုင်က တန်းတောင် တော်တော်ရှည်တယ်။) အချိန်မပေးရဘူးဆိုရင်တောင် အနည်းဆုံး နာရီဝက်တော့ပေးရမယ်။ တစ်လမှာ အရင်က ဂါလံနှစ်ဆယ်လောက်သုံးတော့ သုံးခါလောက်တန်းစီ ၆ဂါလံ နှစ်ခါထည့်ပြီး နောက်တစ်ခါ လိုသလောက် ၈ဂါလံဖြစ်ဖြစ် ၆ဂါလံဖြစ်ဖြစ်ထည့်တော့ တန်းစီရတဲ့ အချိန်လည်းမကုန် စိတ်လည်းမရှုပ်။ အခုတော့ စိတ်ညစ်စရာဖြစ်နေပြီ။ ပြီးခဲ့တဲ့အပတ်က ဆီကုန်ခါနီး ဆီမီလင်းလာတော့ တနင်္ဂနွေနေ့ မနက်ထိစောင့်ပြီးမှ ထည့်ရတယ်။ တော်သေးတယ် မနက်စောစောသွားတော့ ကားတန်းမရှည်သေးပဲ ခဏပဲတန်းစီရတယ်။ ၃ဂါလံပဲရတယ်။

တကယ်တော့ အခုလို မလောက်မငဖြစ်နေရင် အပြင်က တင်သွင်းခိုင်းပါလား။

မသွင်းစေချင်ရင်လည်း ပြန်ရောင်းစားမယ့်ကားတွေကို ဖမ်းပါလား။ ဆီစာအုပ်ပြပြီး တစ်ရက် ၆ဂါလံပေးလိုက်ပါလား။ အရင် ၂ဂါလံပေးတာထက်စာရင် အများကြီး အဆင်ပြေမှာပေါ့။ အရင်လို သတ်မှတ်ထားတဲ့ဆိုင်မှ မဟုတ်ပဲ ဘယ်ဆိုင်ထည့်ထည့် ဆီစာအုပ်လေးတော့ပြပြီးထည့်ဆိုရင်လည်း တန်းစီပြီး ရောင်းစားတဲ့ကားတွေ တစ်ခါထက်ပိုပြီး ဆိုင်တွေ မှာ ထပ်တန်းစီလို့မရတော့တဲ့အတွက်ကြောင့် ဆီဆိုင်တွေမှာ ကားကျပ်တာမဖြစ်တော့ဘူးပေါ့။ ဆီတိုးစားတွေကြောင့် သာမန်လိုအပ်သူတွေ ဒုက္ခမရောက်တော့ဘူးပေါ့။

တို့ပြည်ကြီးကလည်း လုပ်လိုက်ရင် တစ်လွဲကြီးဖြစ်ဖြစ်နေတာကို ရှက်စိတ်ကလေးနဲ့ ပြင်ကြပါ။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တွေကို အကောင်းဆုံးဖြစ်စေရမယ် ဆိုတဲ့စိတ်ကလေးတွေ မွေးပြီး လုပ်ကိုင်ကြပါ။ စားတာသောက်တာ အပြစ်ပြောနေရတာ မောလာလို့ စားချင်လည်းစား ကောင်းအောင်တော့လုပ်လို့ လှည့်ပြောကြည့်တာပါ။ ကိုယ်လုပ်မယ့်အလုပ်တွေကို စားဖို့အပေါက်လောက်ကပဲ မြင်ပြီး လုပ်နေကိုင်နေကြတာကို တော်တော် စိတ်ကုန်လာမိပါပြီ။

ဒီ ဓါတ်ဆီမှ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ်ပါ ကောင်းအောင်လုပ်ကြပါ။ လူတွေ အဆင်ပြေအောင်လုပ်ကြပါ။ မလုပ်တတ်ရင် ဝင်မလုပ်ပါနဲ့။ ရှက်တတ်ကြပါ။ ဒါနိုင်ငံရေးနဲ့ဘာမှ မဆိုင်ပါဘူး။ အလုပ်မလုပ်တတ်ပဲ အရှက်မရှိ လုပ်ချင်ရာလုပ် ကိုယ်ကျိုးရှာတဲ့ကိစ္စပါ။ ဒီလိုလူတန်းစား အနုံအနဲ့တွေ ကို လူ့အသိုင်းအဝိုင်းက ဝိုင်းပြီး ကျဉ်ကြပါ။ အလှူအတန်းရှိရင် မဖိတ်ကြပါနဲ့။ အပေါင်းအသင်းအဖက်လုပ်မနေကြပါနဲ့။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism