ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ (advantages of smoking)

whiteNovember 30, 20101min1107

ကဲ …….
ဆေးလိပ်၊ စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့ အပြောခံနေရသူတွေအတွက် ……..
ဆေးလိပ်နဲ့ စီးကရက်ကို ဗူးလိုက်အားပေးရလောက်အောင် အရမ်းကြိုက်တဲ့ လူကြီး၊ လူငယ်တွေအတွက် ……..
ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ (နောင်အခါ သူများမေးရင် ဖြေနိုင်အောင်လို့ပါ။)
(၁) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်ခြင်းဖြင့် သင်ဟာ အိုခြင်း၊ နာခြင်း ကင်းပါတယ်။
(၂) လူ့အသိုင်းအဝိုင်းကြားထဲမှာ သင့်ကို လူရှိန်စေပါတယ်။
(၃) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်သူရဲ့အိမ်ဟာ သူခိုး ခိုးခံရတဲ့ဘေးမှ လွတ်ကင်းစေပါတယ်။

ဘာကြောင့်လဲဆိုတာ သိခဲ့ရင် comments များနဲ့ ဖြေပေးကြပါလို့ …………. ။

7 comments

  • pmn

    November 30, 2010 at 2:55 am

    (၁)မအိုမနာခင်အဆုပ်ကင်ဆာဖြစ်ပြီးမာလကီးယားသွားလို့ပါကွယ်
    (၂)သင့်ရဲ့ဆေးလိပ်မီးခိုးဒဏ်ကို မခံနိုင်ကြလို့ပါ။
    (၃)သူခိုးခိုးဖို့မကျန်တော့ဘူးဆေးလိပ်ဝယ်သောက်ရလို့ကုန်ပါဘီကွယ်။……… လို့ထင်ပါဒယ်… း-)

    • zawana

      November 30, 2010 at 6:42 am

      (၁) နဲ့ (၂) ကတော့ pmn ပြောသလု်ိပါပဲ။
      (၃) ကတော့ ဆေးလိပ်ကို ကြာရှည် စွဲမြဲ သောက်တဲ့လူတွေဟာ ချောင်းဆိုးနေကြတာ များလို့ ညဘက် သူခိုး မကပ်ဝံ့တာလို့ ထင်ပါတယ် ခင်ဗျာ။

  • moethidasoe

    November 30, 2010 at 5:00 am

    မအိုခင် ဆိုတာ မှန်တယ် .. မနာခင် ဆိုတာ မှားတယ် .. နာတယ် ဆိုတာ အနာရောဂါ ကပ်ငြိတာ ဖြစ်လို့ ..
    သူခိုးကင်းတယ် ဆိုတာက .. ဆေးလိပ်ဝယ်သောက်လို့ ကုန်တာ မဟုတ်ဘူးထင်တယ် .. ရောဂါကုလို့ ကုန်တာ ဖြစ်မယ် ..
    ထင်တာတွေ ပြောတာနော် .. pmnကိုလဲ ထောက်ခံချက် ဖြည့်စွက်ချက် လုပ်ပေးတာပါ ..

  • manawphyulay

    November 30, 2010 at 6:03 am

    ကောင်းကျိုးရဲ့နောက်မှာ ဆိုးကျိုးတွေ အများကြီးကပ်ပါလာကိုတော့ နည်းနည်းလက်ခံသင့်တယ်ထင်တယ်နော်………

  • mG

    November 30, 2010 at 7:27 am

    (၁) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်ခြင်းဖြင့် သင်ဟာ အိုခြင်း၊ နာခြင်း ကင်းပါတယ်။
    (၂) လူ့အသိုင်းအဝိုင်းကြားထဲမှာ သင့်ကို လူရှိန်စေပါတယ်။
    (၃) ဆေးလိပ်၊ စီးကရက်ကို စွဲမြဲစွာ သောက်သူရဲ့အိမ်ဟာ သူခိုး ခိုးခံရတဲ့ဘေးမှ လွတ်ကင်းစေပါတယ်။

    ဆိုတဲ့အချက်လေးတွေဟာ မကောင်းတဲ့ဘက်က ကြည့်ရင် အဟုတ်မှတ်ပြီးတော့ လူငယ်တွေယုံသွား
    တတ်ပါတယ်။အကောင်းဘက်ကကြည့်ရင်တော့ အရမ်းကိုကောင်းတဲ့ သွယ်ဝှက်သော ပညာပေးလေးပါ။

  • white

    November 30, 2010 at 8:55 am

    မနောဖြူလေးတော့ ဒီပို့စ်က ဆေးလိပ်ရဲ့ကောင်းကျိုးတွေကို တကယ့်ကို ရည်ရွယ်ပြီးရေးနေတယ်လို့ ထင်နေပြီလားမသိ၊ ကျွန်တော်ကိုယ်တိုင်ကတော့ ဆေးလိပ်ဖြတ်ထားတာ (၄) နှစ်နီးပါး ရှိပါပြီဗျာ။

  • white

    November 30, 2010 at 8:59 am

    မနောဖြူလေးကတော့ ဒီပို့စ်က ဆေးလိပ်ရဲ့ကောင်းကျိုးတွေကို တကယ့်ကို ရည်ရွယ်ပြီးရေးနေတယ်လို့ ထင်နေပြီလားမသိ၊ ကျွန်တော်ကိုယ်တိုင်ကတော့ ဆေးလိပ်ကို နှစ်နဲ့ချီပြီးသောက်ခဲ့ပေမယ့် အခုတော့ ဆေးလိပ်ဖြတ်ထားတာ (၄) နှစ်နီးပါး ရှိပါပြီဗျာ။

Leave a Reply