တူမျှမေတ္တာ ယူဆစရာ

BMNovember 24, 20101min1215

ဤဓာတ်ပုံကို မြတ်လေးငုံဘလောဂ်မှကူးယူဖော်ပြခြင်းဖြစ်သည်။ ဤပုံကိုမြင်သည်နှင့် အလွန်အံ့အားသင့်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂါသမီးဖြစ်သော အမေစု က သောကြာထောင့်က ဂြိုဟ်တိုင်ဘုရားမှာ ကုသိုလ်ပြုနေခြင်းဖြစ်၍ဖြစ်သည်။ အမေစု၏ သားဖြစ်သူသည် ဘယ်နေ့ဖွားဖြစ်သည်ကို မသိပါ။ သို့သော် မြန်မာ အမည်ကိုကြည့်သော စနေသားလို့ ထင်ရပါသည်။ ယခုမြင်ရသည့်ပုံနှင့် စပ်၍ စဉ်းစားမိသည်မှာကား….
အမေစု ကျမ္မာရေးမကောင်းဘူးလို့ သတင်းကြားကြတုန်းက ပြည်သူလူထုက အင်္ဂါထောင့်မှာ/အင်္ဂါနေ့ တွေမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ အခု သန်းရွှေ ကျမ္မာရေးမကောင်းဘူးလို့ သတင်းထွက်ပေမယ့် ဘယ်လူထုမှ သောကြာနေ့/သောကြာထောင့်မှာ ဆုတောင်းပေးတာ မတွေ့ မကြားမိပါ ယုတ်စွအဆုံး မည်သည့် စစ်သား ကြံ့ဖွတ် စွမ်းအားတွေကိုမှ မတွေ့ရပါ။
အမေစုကတော့ ရင်နှစ်သည်းခြာ သားတော် ရာဟုလာအပေါ်နဲ့ တသက်လုံးရန်လုပ်နေတဲ့ ဒေဝဒတ်အပေါ်မှာ ထားခဲ့တဲ့ မြတ်စွာ ဘုရားရှင်ရဲ့ မေတ္တာတရားတော်ကို နားလည်ပြီး တသက်လုံးရန်လုပ်နေတဲ့ ရန်သူအပေါ်မှာပါ မေတ္တာတရားထားကာ ကုသိုလ်ပြုကာ ဆုတောင်းပေးနေသလားလို့တောင် အတွေးပွားမိပါသည်။ အဘယ့်ကြောင့် သောကြာထောင့်မှာ ကုသလိုလ်ပြုကာ ဘာဆုတွေ တောင်းသလဲဆိုတာတော့ အမေစုသာ သိပါလိမ့်မည်။

5 comments

  • kai

    November 24, 2010 at 9:06 am

    တော်တော်မြင်တတ်တာပဲ..။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်သားတယောက်နာမယ်က … ကိုမြင့်ဆန်းအောင်တဲ့..
    မ ဆိုတော့ ကြာသပတေးပေါ့..

    အင်းဗျ..။
    တွေးစရာတွေပါလား..။ စာအတွက်ကျေးဖူးပါ..။

  • koyinmaung

    November 24, 2010 at 9:17 am

    ဓါတ်ပုံတော့မတွေ့ရပါလါး…..

  • fatty

    November 24, 2010 at 9:24 am

    ဘာကြောင့်လဲဆိုတာ … ဆန်းကျမ်းပညာတတ်တဲ့သူ ယောက်ယောက်နားချည်းကပ်ပြီး မေးကြည့်ရင် အဖြေပေါ်
    ပါလိမ့်မယ်။

  • timothy

    November 24, 2010 at 10:02 am

    မောင်သန်းရွှေလေးတယောက်၊ငါ၊ငါသာလျင်လုပ်နိုင်တယ်ဆိုတဲ့အတ္တဝဋ်ဆင်းရဲမှအမြန်လွတ်ကျွ့တ်နိုင်ပါစေလို့ကျနော်တို့လဲဆုတောင်းပေးလိုက်ကြရအောင်။

  • ttm

    November 25, 2010 at 2:22 am

    Maybe for Amay Su’s late husband.

Leave a Reply