by Turn On Ideas on Wednesday, November 24, 2010 at 3:39pm

အောက်က စာသားလေးက သူငယ်ချင်း ZT သူ့ wall post မှာ တင်ထားတာ သဘောကျလို့ ကူးလာခဲ့တာ

Zaw Thet Aung
“ဆရာ ဦးကြီးမြင့် ပြောဖူးတဲ့ စကား သတိရတယ်။ မျိုးစစ်တယ် မစစ်ဘူး ဆိုတာ ဘာလဲ။ သာကီဝင် မင်းသား မင်းသမီးတွေ မျိုးစစ်ချင်တော့ မောင်နှမချင်း ပြန်ယူ ကြတယ်။ မင်းတို့လည်း သိပ်ပြီး မျိုးစစ်ချင်ရင် ကိုယ့် အစ်မ နှမကိုယ် ပြန်ယူကြတဲ့။ :D (ဒါကြောင့် ဒေါက်တာသန်းထွန်း ပြောတာ။ သမိုင်းသင်တာ မ-အ အောင်လို့ တဲ့။ )”

အင်း ZT ပြောပြတဲ့ ဒီစကားကို သဘောကျတယ်ဗျို့…

ကိုယ့်ဆွေစဉ်မျိုးဆက်အကြောင်း အဘိုးအဘွားအထိလောက်ပဲ သေချာသိတော့ ကျနော်ကတော့ ကိုယ့်ကိုယ်တောင် ဗမာမျိုး(မြန်မာမျိုး)စစ်စစ်လို့ သေချာမပြောရဲဘူး…

ရှေးဘုရင်တွေလက်ထက်ကတည်းက တိုင်းတပါးသွေးရောနေကြတာ

တိုင်းတပါးက သူ့သမီး သူ့အဒေါ် သူ့အစ်မ သူ့ညီမ သူ့တူမကို ငါကယူ၊ ငါကလဲ တိုင်းတပါးကို ပြန်ပေး လုပ်ခဲ့ကြတာ…

တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံနေကြတာဆိုတော့…

တိုင်းတပါးသွေး မရောနိုင်ဘူးလို့ ဘယ်သူတွေက တပ်အပ်သေချာ ပြောနိုင်မှာတုံး…

မြန်မာ့သမိုင်းထဲက အထင်ကရတွေကို ကျနော်သိသလောက် ပြန်စဉ်းစားကြည့်တော့…

ဘုရင့်နောင် ထိုင်းမကို ယူတယ်ဗျာ…

ရဲဘော်ကိုထွေး၊ ဦးရာဇတ် ကုလားလူမျိုးတွေဗျာ…

သခင်ဘသောင်းက မွတ်စလင်ဆိုလား ဖတ်ခဲ့ဖူးသလိုပဲ…

ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွန့် တို့ကတော့ မြန်မာမစစ်တာ အသေအချာပဲ…

ဘဘကြီးသန်းရွှေတောင် ခမာနွယ်လိုလို ကြားဖူးဖတ်ဖူးသလားပဲ…

စစ်တပ်ထဲက ဗိုလ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေအားလုံးဟာ မြန်မာလူမျိုးစစ်စစ်၊ မြန်မာ့သွေးစစ်စစ်ပါလို့ ဘယ်သူ သစ္စာဆိုပြီး အာမခံရဲသလဲ…

ဆိုတော့ကာ…

အင်း ခက်တယ် သိပ်ခက်တယ်… :))

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011