ခင်ဗျားတို့ကော မြန်မာ့သွေးစစ်စစ်၊ မြန်မာလူမျိုးစစ်စစ်လား ? ? ? ? ?

အာဂNovember 24, 20101min1349

by Turn On Ideas on Wednesday, November 24, 2010 at 3:39pm

အောက်က စာသားလေးက သူငယ်ချင်း ZT သူ့ wall post မှာ တင်ထားတာ သဘောကျလို့ ကူးလာခဲ့တာ

Zaw Thet Aung
“ဆရာ ဦးကြီးမြင့် ပြောဖူးတဲ့ စကား သတိရတယ်။ မျိုးစစ်တယ် မစစ်ဘူး ဆိုတာ ဘာလဲ။ သာကီဝင် မင်းသား မင်းသမီးတွေ မျိုးစစ်ချင်တော့ မောင်နှမချင်း ပြန်ယူ ကြတယ်။ မင်းတို့လည်း သိပ်ပြီး မျိုးစစ်ချင်ရင် ကိုယ့် အစ်မ နှမကိုယ် ပြန်ယူကြတဲ့။ 😀 (ဒါကြောင့် ဒေါက်တာသန်းထွန်း ပြောတာ။ သမိုင်းသင်တာ မ-အ အောင်လို့ တဲ့။ )”

အင်း ZT ပြောပြတဲ့ ဒီစကားကို သဘောကျတယ်ဗျို့…

ကိုယ့်ဆွေစဉ်မျိုးဆက်အကြောင်း အဘိုးအဘွားအထိလောက်ပဲ သေချာသိတော့ ကျနော်ကတော့ ကိုယ့်ကိုယ်တောင် ဗမာမျိုး(မြန်မာမျိုး)စစ်စစ်လို့ သေချာမပြောရဲဘူး…

ရှေးဘုရင်တွေလက်ထက်ကတည်းက တိုင်းတပါးသွေးရောနေကြတာ

တိုင်းတပါးက သူ့သမီး သူ့အဒေါ် သူ့အစ်မ သူ့ညီမ သူ့တူမကို ငါကယူ၊ ငါကလဲ တိုင်းတပါးကို ပြန်ပေး လုပ်ခဲ့ကြတာ…

တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံနေကြတာဆိုတော့…

တိုင်းတပါးသွေး မရောနိုင်ဘူးလို့ ဘယ်သူတွေက တပ်အပ်သေချာ ပြောနိုင်မှာတုံး…

မြန်မာ့သမိုင်းထဲက အထင်ကရတွေကို ကျနော်သိသလောက် ပြန်စဉ်းစားကြည့်တော့…

ဘုရင့်နောင် ထိုင်းမကို ယူတယ်ဗျာ…

ရဲဘော်ကိုထွေး၊ ဦးရာဇတ် ကုလားလူမျိုးတွေဗျာ…

သခင်ဘသောင်းက မွတ်စလင်ဆိုလား ဖတ်ခဲ့ဖူးသလိုပဲ…

ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွန့် တို့ကတော့ မြန်မာမစစ်တာ အသေအချာပဲ…

ဘဘကြီးသန်းရွှေတောင် ခမာနွယ်လိုလို ကြားဖူးဖတ်ဖူးသလားပဲ…

စစ်တပ်ထဲက ဗိုလ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေအားလုံးဟာ မြန်မာလူမျိုးစစ်စစ်၊ မြန်မာ့သွေးစစ်စစ်ပါလို့ ဘယ်သူ သစ္စာဆိုပြီး အာမခံရဲသလဲ…

ဆိုတော့ကာ…

အင်း ခက်တယ် သိပ်ခက်တယ်… :))

9 comments

  • koyinmaung

    November 24, 2010 at 3:03 pm

    အေး ဒါလဲစဉ်းစားစရာဘဲ

  • unclegyi1974

    November 24, 2010 at 3:31 pm

    ဘုရားဟောရှိတယ်လေ သံသရာတကြောမှာအဆွေအမျုးိ
    မတော်ဖူးသူမရှိတဲ့ တနည်းနည်းနဲ့ပက်သက်ဖူးရမယ်လေ

  • နေ ဘုန်းလျံ

    November 24, 2010 at 5:17 pm

    ဟုတ်တာပေါ့ မြန်မာအစစ် ဆိုတာတကယ် မရှိပါဘူး အရောအနှောတွေကနေ မြန်မာ ဖြစ်လာတာ အဆက်ဆက် တွေ လိုက်လိုက်ရင် ရှင်းနေတာဘဲ ဒါနဲ့ ဝန်ထမ်း လုပ်တဲ့လူတွေတောင် မြန်မာ မဟုတ်ရင် ရာထူးမတက်ဘူးလို့ ကြားဘူးတယ် ဒါကြောင့်လဲ မြန်မာ ဆိုပြီး တိုင်းရင်းသားတွေ က မုန်းကြပါတယ် ဦးနုသား နဲ့ဂေဇက် ဗြူးတဲ့ အထဲ ဖတ်ကြည့်တဲ့ အကြောင်းအရာ ကိုပြန်လည် သတိရစေတယ် နအဖ စစ်တပ် က တိုင်းရင်းသားတွေ ကို သတ်တာပါ မြန်မာတွေ က သတ်တာ မဟုတ်ဘူးဆိုတာတော့ စဉ်းစားမိပါတယ် နအဖ က မြန်မာဆိုသူတွေကိုပါသတ်တာပါ နအဖ စစ် တပ် ထဲမှာ ရုံးအဖွဲတွေမှာ မြန်မာတွေ ကြီးဘဲ မှ မဟုတ်တာနော်တိုင်းရင်း သားတွေပါပါနေ တာ သတိထားမိနေတယ် ….လူမျိုးရေး ဆို တာ စည်း လုံး ဖို့ နဲ့ တော် လှန်ရေး အတွက် ရဲဘော် စုဆောင်းခြင်းတမျိုး လို့ မြင်မိပါရဲ့..။

  • kai

    November 24, 2010 at 7:19 pm

    မြန်မာလူမျိုးဆိုတာ .. နှခေါင်းပေါက်၃ခု..နားရွက်..၁ခု..။မျက်လုံး ၄လုံးပါတာမှမဟုတ်တာ..။
    လူသားအားလုံး…. တမျိုးထဲကြီးပဲ..။

    လူမျိုးရေးဆိုတာ.. ခွဲခြားအုပ်ချုပ်လို့လွယ်အောင် ..သုံးတဲ့နည်းပဲ..။
    ခွဲပြောတော့ ..လက်ခံတဲ့သူတွေက ..ကွဲ.
    ကွဲတော့…. အုပ်စုလေးတွေ..အစုအစုဖြစ်..။
    ဒီတော့ ..အချင်းချင်းပြန်တိုက်ပေးလိုက်ပြိး.. အုပ်ချုပ်ရလွယ်တာပေါ့..။

  • meelay

    November 25, 2010 at 3:35 am

    သံဃာတွေကို သတ်တဲ့သူမှ အမျိုးစစ်တယ်လို့ ထင်နေကြတဲ့ လူတွေကို အံ့ဩမိပါတယ် 🙁

  • သီဟ

    November 25, 2010 at 10:37 am

    အမျိုးစစ်ခဲ့တယ်ဆိုရင်တောင်ဒီကောင်တွေသံဃာတော်တွေကိုသတ်ကတည်းကခွေးမျိုးနဲ့နှိင်းရင်တောင်
    ခွေးသိက္ခာကျတယ်

  • သီဟ

    November 25, 2010 at 10:39 am

    အမျိုးစစ်ခဲ့တယ်ဆိုရင်တောင် ဒီကောင်တွေသံဃာတော်တွေကို သတ်ကတည်းကခွေးမျိုးနဲ့နှိင်းရင် တောင်
    ခွေးသိက္ခာကျတယ်

  • seaman

    November 25, 2010 at 12:14 pm

    ဟုတ်တယ်။ ဗမာသွေးစစ်စစ်လို.ပြောသွားတဲ. search 123 ကတော. ဗမာအစစ်ကြီးထင်ပါတယ်။

Leave a Reply