ဆရာ စာမေးလို့ စပ်လိုက်တဲ့ကဗျာ

manawphyulayNovember 24, 20101min865

စာမေးသော ဆရာသို့

ကျက်စာတွေ မင်းမကျက်ပါလ
ကျက်ပါလဲ ညပ်စွာမရပါဟု
ခက်ပါလှ တပည့်ရယ်

“ဆရာ စိတ်မောပါဘိ
ငေါက်သောအခါ မျက်ရည်လည်မိ
အော်ခံရတော့ မျက်ရည်ကျရဲ့
မင်း ဘာကြောင့် ညံ့ရတယ်”

ဆရာ မေးပြန်တော့
တပည့်ကလေး အဖြေ ထွက်လာတာ
“နံနက်ဆို စောစောထရ
အလုပ်သွားဖို့ ပြင်ဆင်ရနှင့်
ကျောင်းတက်ရက်ရောက်ပြန်တော့
အချိန်ပိုင်းအလုပ်ပြေးရ
အလုပ်ရှုပ်လို့ စာမကျက်သာတယ်
ခက်ပါတယ် ဆရာရဲ့ ဝမ်းစာအရေး” တဲ့။
မနောဖြူလေး

www.manawphyu.net

5 comments

  • fatty

    November 24, 2010 at 3:02 pm

    ကောင်းလှပေ၏ ..ဆရာနှင့်တပြည့်။

  • MaMa

    November 25, 2010 at 10:43 am

    ဩ လူဖြစ်ရတဲ့ ဒုတ်ခ။

  • kopauk mandalay

    November 25, 2010 at 4:39 pm

    ဖတ်ဘူးတယ် ဖတ်ဘူးတယ် ဖတ်ဘူးတယ်။
    ဘယ်မှာလဲ မသိပေါင်ကွယ်

    ချစ်ကောင်းလိုဆိုကြည့်လိုက်တာ

  • bigcat

    November 26, 2010 at 1:06 am

    ဆရာအဲဒီတော့ ဂလိုပြန်ပြောတယ်..

    နင့်အလုပ် နင်လုပ်
    ငါ့အလုပ် ငါလုပ်
    နောက်မှမလာနဲ့
    နှပ်လေးတရှုံ့ရှုံ့။

  • manawphyulay

    November 26, 2010 at 3:16 am

    ဟုတ်ပ ခုတော့ ထိနေပြီလေ……… စပလီ နှစ်ဘာသာ ပါလို့ ပြန်ဖြေရတော့မယ် ဟင့် ဟင့်

Leave a Reply