2012 မှာ ကမာ္ဘပျက်မလားဆိုတာ သိချင်လား ဖတ်ကြည့်ပါအုံး ပြောထားတာလေးကို ဗဟုသုတပေါ့………………………..

zinmyotunNovember 24, 20101min11910

မိုးဇ/လ)ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြား မိုးလေဝသပညာရှင်
ဒေါက်တာဦးထွန်းလွင် (ညွှန်ကြားရေးမှူးချုပ်- ငြိမ်း)နှင့်
လျှပ်တစ်ပြက်ဂျာနယ်မှ ဂျာနယ်ဖတ် ပရိသတ်များ အတွက် ရာသီဥတု အကြောင်း၊
လာနီညာနှင့် ပတ်သက်၍လည်းကောင်း၊ လာမည့်(၂ဝ၁၂)ခုနှစ်မှာ ကောလာဟလတွေ
ဖြစ်နေတဲ့ ကမ္ဘာကြီး ပျက်မယ်တို့၊ ရေခဲတောင်တွေ ပြိုကျမယ်၊ ရေတွေကြီးမယ်၊
ငလျင်တွေလှုပ်မယ် အစရှိသည်များကို ငါးလုပ်ငန်း အဖွဲ့ချုပ်မှာ
ကျင်းပပြုလုပ်တဲ့ ပညာရှင်ဟောပြောပွဲမှာ လာရောက်အားပေး နားထောင်ကြသော
ပရိသတ်များ၏ မေးမြန်းချက်များအား ဆရာကြီးပြန်လည် ဖြေကြားခဲ့တာကို
ထပ်မံအသေးစိတ် သိရှိနိုင်ရန် ယခုလို ဆရာကြီးအိမ်သို့ ထပ်မံသွားရောက်
တွေ့ဆုံမေးမြန်းခဲ့တာကို ရေးသားဖော်ပြလိုက်ပါတယ်။

နဂါးငွေ့တန်းကို နေစင်္ကြာဝဠာက ဖြတ်မယ့်သဘော

ဆရာကြီးဦးထွန်းလွင်က ရှင်းလင်းပြောကြားရာတွင် ကျွန်တော်နားလည်တာက နှစ်ချက်ပေါ့။ (၁)ခုက လာနီညာရာသီဥတုရယ်၊ (၂)၂ဝ၁၂ခုနှစ်ကိစ္စကို အရင်စပြော လိုက်ပါမယ်။
(၂ဝ၁၂)ခုနှစ်အတွက် စာဖတ်ပရိသတ်ကို ရှင်းလင်း ပြောပြချင်တာကတော့
အများပြောနေကြသလို အများကြောက်နေသလို ရုပ်ရှင်ထဲမှာလည်းပါနေသလို ကမ္ဘာပျက်
မယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်းမယုံပါဘူး။ (၂ဝ၁၂)ကို အခြေအမြစ်
မရှိဘဲနဲ့ ဖြစ်နေတဲ့သတင်း တစ်ပုဒ်တော့မဟုတ်ပါဘူး။ သိပ္ပံဘက်ကနေပြီး
(၂ဝ၁၂)ခုနှစ်မှာ ထူးခြားတာ လေးတွေရှိတယ်။ ဒါလေးတွေက ဘာတွေလဲဆိုတာ
အဲဒီဟောပြောပွဲနေ့က ပြောခဲ့ပြီးဖြစ်သော်လည်း ထပ်မံပြောပြရရင်
(၂ဝ၁၂)ခုနှစ်မှာ နံပါတ်(၁) ထူးခြားတာကတော့ (Galatic Crossing)
ဆိုတာဖြစ်မယ်လို့ပြောပါတယ်။ ဂလက်ဆီဆိုတာ နဂါးငွေ့တန်းပေ့ါ။

ဂလက်ဆီကို နေစင်္ကြာဝဠာကဖြတ်မယ်ဆိုတဲ့သဘောပါပဲ။ နေစင်္ကြာ ဝဠာဆိုတာ ဂြိုဟ်ကြီးကိုးလုံးပေါ့။ ကမ္ဘာလည်း ပါတယ်။ (၂ဝ၁၂)မှာ နဂါးငွေ့ တန်းကြီးကို
နေစင်္ကြာ ဝဠာအဖွဲ့အစည်းကြီးက ထိထိမိမိဖြတ်တော့မယ်ပေါ့။ အဲဒီအကြောင်းအရာတွေက
ဘယ်ကလာတာလဲ ဆိုတော့ ”မာယာ”ပြက္ခဒိန်က လာတာ။ အရင်တုန်းက မာယာလူမျိုးတွေ
ဆိုတာရှိတယ်။ ဒီလူမျိုးတွေက ထူးခြားတဲ့လူမျိုးတွေပေါ့။ သူတို့က
ခရစ်တော်မပေါ်ခင်ထဲက ပြက္ခဒိန်ဆိုတာကို စသုံးတဲ့လူတွေပေါ့။ အသိဉာဏ်နဲ့
ပတ်သက်ရင်တော့ မခေတဲ့လူမျိုး တွေပေ့ါ။ ပြက္ခဒိန်ကို စထူထောင် အသုံးပြုပေမယ့်
အခုကျွန်တော်တို့ သုံးနေတဲ့ပြက္ခဒိန်နဲ့ ပုံသဏ္ဌာန်တူပေမယ့် သတ်မှတ်တာတော့
မတူဘူးပေါ့။ မာယာပြက္ခဒိန်ရဲ့ ထူးခြားတာက (၂ဝ၁၂)မှာ ဆုံးထားတယ်။
(၂ဝ၁၂)ဟိုဘက်မှာ သူတု့ိပြက္ခဒိန် မရှိတော့ဘူးပေါ့။ လူတွေက အဲဒါကို
အဓိပ္ပါယ်ကောက်တာပေ့ါ။ သိပ္ပံပညာရှင်တွေကတော့ (၂ဝ၁၂)ဆုံးတော့ ဘာဖြစ်လဲပေ့ါ။
ကျွန်တော်တို့သုံးနေတဲ့ ပြက္ခဒိန်မှာလည်း အဆုံးဆိုတာ ရှိတာပဲ။ ဆုံးတော့
တစ်ကနေပြန်စပေ့ါ။ အဲဒီလိုလည်း ဖြစ်တာပဲပေ့ါ။ (၂ဝ၁၂) မာယာလူမျိုးတွေရဲ့
ပြက္ခဒိန်ပေါ်မှာ အခြေပြုပြီးတော့ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် Website
ထောင်ပြီး ဝါဒဖြန့်၊ သတင်းဖြန့်ပေါ့။ Website တွေ တော်တော်ပေါလာတော့
ပိုဆိုးသွားတာ တစ်ခု က ကမ္ဘာမှာကျော်ကြားတဲ့ Discovery Channel ဆိုတာ
လူတိုင်းသိပါတယ်။ အဲဒီ Channel က စာအုပ်တစ်အုပ်ထုတ်တယ်ပေ့ါလေ။ ကမ္ဘာမှာ
နောင်ဖြစ် လာမယ့်အရေးအကြီးဆုံးဖြစ်ရပ်ကြီး(၁ဝဝ)ပေ့ါ။ အဲဒီ(၁ဝဝ)ထဲမှာ
(၂ဝ)ကျော် လောက်က မာယာလူမျိုးတွေ နိမိတ်ဖတ်တာပါလာတယ်။ အဲဒီမှာပိုဆိုးသွား
တာပေါ့။ Discovery Channel က တစ်ကမ္ဘာလုံးပျံ့နေတာ လူတွေက ပို လက်ခံလာကြတယ်။
အဲဒီထဲမှာ (၂ဝ၁၂)ကမ္ဘာ ပျက်မယ်ဆိုတဲ့ ရုပ်ရှင်ကလည်း ထွက်လာတော့ ဒီအယူအဆက
ပိုကျယ်ပြန့်လာတယ်။ သိပ္ပံအမြင်အရ ပြောမယ်ဆိုရင်လည်း
ပြောစရာလေးတွေရှိလာပါတယ်။ နံပါတ်တစ် အဓိက, ကတော့ နဂါးငွေ့တန်းလို့
ကျွန်တော်တို့ခေါ်တဲ့ ဂလက်ဆီကို နေစင်္ကြာဝဠာက ဖြတ်မယ်ဆိုတဲ့ဖြစ်ရပ်ပါပဲ။
နဂါးငွေ့တန်းကို နေစင်္ကြာဝဠာကဖြတ်ဖို့မိဖို့က တော်တော်ကြာပါတယ်။
ကျွန်တော်မှတ်မိသလောက်ပြန်ပြောရရင် နှစ်ပေါင်း (၆၄)သန်း လောက်ကြာပါတယ်။
နောက်တစ်ကြိမ်ဖြတ်ဖို့ရာကလည်း (၂ဝ၁၂) ဖြစ်နေတယ်။ ဖြတ်တဲ့အခါမှာလည်း
သိပ္ပံသဘောအရ ဖြစ်နိုင်တာလေးတွေ ပြောပြပါ့မယ်။ နဂါးငွေ့တန်းဆိုတာ
ဒြပ်ဝတ္ထုအားဖြင့် အလွန်ထူထပ်သိပ်သည်း တဲ့နေတစ်ခုပေါ့။ အဲဒီထဲမှာဂြိုလ်တွေ
ရှိမယ်။ ကြယ်တွေရှိမယ်။ နောက်ဥက္ကာပျံ တွေလည်းရှိမယ်။ နေစင်္ကြာဝဠာက
ဒြပ်ထုအားဖြင့် အလွန်ထူထပ် သိပ်သည်းတဲ့နယ်ကို ဖြတ်တဲ့အခါ သေချာပေါက်
နေစင်္ကြာဝဠာ အဖွဲ့အစည်းအားလုံးပေါ်မှာ ဒြပ်ဆွဲအားတွေ တိုးလာမှာဖြစ်ပါတယ်။
နေပေါ်မှာလည်း တိုးလာမယ်။ ကမ္ဘာပေါ်မှာလည်း တိုးလာမယ်။

ကမ္ဘာပေါ်မှာ ဒြပ်ဆွဲအားတိုးလာရင် မြေသားလှုပ်ရှားမှုဖြစ်တယ်

ဥပမာ နေပေါ်မှာ ဒြပ်ဆွဲအားတွေတိုးလာရင် ဘာဖြစ်မလဲဆိုတော့ အပူရှိန်ပိုတက်လာမယ်။ အပူရှိန်ပိုပြင်းလာရင် ကမ္ဘာပေါ်ကိုလည်း အပူဒဏ် ပိုကျရောက်လာမယ်ပေ့ါ။ ကမ္ဘာကျတော့ အပေါ်မှာဖုံးထားတဲ့
အလွှာလေးက မြေငလျင်ပညာရှင်တွေအပြောအရဆိုရင် လိမ္မော်သီးလေးလိုပေ့ါ။ အပေါ်မှာ
ဖုံးအုပ်ထားတဲ့အလွှာရှိတယ်။ သိပ္ပံအခေါ်တော့ PLATE လို့ခေါ်တယ်။
ဒီအလွှာပြားလေးတွေက လိမ္မော်သီးလိုတွယ်ကပ်နေတာတော့မဟုတ်ဘူးပေ့ါ။ ကမ္ဘာပေါ်ကို
ဆွဲအားတွေများလာရင် ဘောလုံးအလွှာကသေချာပေါက်လှုပ်ရှားမှု တွေရှိမှာပေါ့။
လှုပ်ရှားရင်ဖြစ်လာမယ့် နောက်ဆက်တွဲကတော့ ငလျင်တွေ လှုပ်မယ်ပေ့ါ။
ငလျင်လှုပ်မယ့်နေရာက ပင်လယ်ရေအောက်ကြမ်းပြင်လို
နေရာမျိုးမှာဆိုရင်သေချာပေါက် ဆူနာမီရေလှိုင်းမျိုးတွေဖြစ်မှာပေ့ါ။ အဲဒါ
ကြောင့် (၂ဝ၁၂)နားကပ်လာတဲ့အခါ ကမ္ဘာပေါ်မှာဒြပ်ဆွဲအားတွေတိုးလာမယ်။
ဒီလိုတိုးလာရင် မြေသားလှုပ်ရှားမှုတွေရှိလာမယ်လို့အကြမ်းအားဖြင့်
တွေးလို့ရပါတယ်။

တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်းရွေ့ခဲ့ရင် သံလိုက်ဆွဲအား ရောထွေးမယ်

အခု(၂ဝ၁ဝ)ဆိုရင်တောင် ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်တာ တော်တော် များလာပါတယ်။ အဲဒီထဲမှာ အထင်ရှားဆုံးက ဟေတီပေ့ါ။ လူပေါင်းနှစ်သိန်းကျော် သေတဲ့ မြေငလျင်ပေ့ါ။ အဲဒီနောက်လည်း
ချီလီမှာလှုပ်တယ်။ တရုတ်မှာ လှုပ်တယ်။ ပါကစ္စတန်မှာလှုပ်တယ်။ တူရကီမှာလှုပ်တယ်။
ထိုင်ဝမ်(တိုင်ပေ) မှာလှုပ်တယ်။ မွန်ဂိုလီးယားမှာ လှုပ်တယ်။ အားလုံးက
အသေအပျောက်များတဲ့ ငလျင်တွေပါပဲ။ ဒါကြောင့်ဂလက်ဆီကို နေစင်္ကြာဝဠာ
ဖြတ်တဲ့အခါမှာ ကမ္ဘာပေါ်မှာ ငလျင်တွေလှုပ်မယ်။ ဆူနာမီတွေ
ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ နေအနေကတော့ ရောင်ခြည်တွေ ပိုထွက်လာမယ်။
ကမ္ဘာမှာနောက်ဖြစ်နိုင်တာ တစ်ခုကတော့ နဂါးငွေ့တန်းကြီးကိုဖြတ်လို့ ကမ္ဘာမှာ
ဒြပ်ဆွဲအားတွေ တိုးလာရင် ကမ္ဘာမှာ အခုရှိနေတဲ့ ကမ္ဘာ့သံလိုက်စက်ကွင်း
ဆိုတာရှိတယ်။ သံလိုက်စက်ကွင်းက ဝင်ရိုးစွန်းတွေ ရွေ့လာမယ်။
တောင်ဝင်ရိုးစွန်းကလည်း ရွေ့မယ်။ မြောက်ဝင်ရိုးစွန်းကလည်း ရွေ့မယ်ဆိုရင်
သံလိုက်ဆွဲအားတွေ ရောရောထွေးထွေး ဖြစ်လာမယ်။ တစ်ခုနဲ့တစ်ခု
အပြန်ပြန်အလှန်လှန် ဆန့်ကျင်ဖက်အားတွေ သက်ရောက်ပြီး တစ်ချိန်မှာ ဒီအားတွေ
တစ်ခုနဲ့တစ်ခု ချေဖျက်သွားတဲ့ အတွက်ကြောင့် သုံညစက်ကွင်း ရောက်သွားရင်
နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်တယ်။ လက်ရှိမှာကို နေကနေ ကမ္ဘာကိုဝင်လာတဲ့
အပူရှိန်ထဲမှာ လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ရူပဗေဒလို ပြောရင်တော့
စွမ်းအားမြင့်တဲ့၊ အသွားနှုန်းမြင့်တဲ့၊ အကြိမ်နှုန်းမြင့်တဲ့ နေရောင်ခြည်တွေ
ပါလာတယ်ပေါ့။ ဒီရောင်ခြည် တွေက လူတွေအတွက် အန္တရာယ်ရှိတယ်။ အဲဒါကြောင့်
အရေပြားကင်ဆာ ဖြစ်မယ်။ မျက်စိအမြင်အာရုံတွေ ပျက်ဆီးစေတယ်။
မျိုးပွားနှုန်းတွေ ပျက်ဆီးစေတော့ သားသမီးမရနိုင်ဘူးပေါ့။ အဲဒီရောင်ခြည်တွေ
ကမ္ဘာပေါ် မရောက်အာင် သံလိုက်စက်ကွင်းက အကာအကွယ် ပေးထားတာဖြစ်တယ်။

ရာသီဥတုဖောက်ပြန်လို့ အေးတဲ့နိုင်ငံတွေ အပူလွန်ကဲနေကြပြီ

(၂ဝ၁ဝ)ရောက်တဲ့အခါ ကမ္ဘာပေါ်မှာ သံလိုက်စက်ကွင်းသုညဖြစ်သွားရင် အဲဒီ ရောင်ခြည်တွေကို အကာအကွယ်မပေးတော့ရင် ကမ္ဘာပေါ်ကို တိုက်ရိုက် ကျမယ်။ ရောဂါ ဘယတွေအများကြီးဖြစ်လာမယ်။
အခု(၂ဝ၁ဝ)မှာပဲ ကမ္ဘာမှာ ထင်ရှားတဲ့ သဘာဝဘေးတွေကို စာရင်းလုပ်ထားကြည့်တာကို
(၂ဝ)ကျော် လောက်ရှိနေပါပြီ။ အဓိက,ကတော့ မြေငလျင်လှုပ်တာတွေပါတယ်။ တောမီး
လောင်တာတွေပါတယ်။ ရေကြီးတာတွေပါတယ်။ ရေခဲတွေ အရည်ပျော်ပြီး
ရေခဲမြစ်တွေပြိုကျတာတွေပါတယ်။ ရုရှားမှာဆိုရင် မကြုံဖူးအောင် အပူလှိုင်း
တွေဖြတ်ပြီး တောမီးတွေလောင်နေတယ်။ တရုတ်ပြည်မှာလည်း ရေတွေကြီး နေတယ်။
ရုရှားမှာဆိုရင် မြန်မာပြည်အလယ်ပိုင်းလောက်ကို ပူနေတယ်။ အခုဖောက်ပြန်တဲ့
ရာသီဥတုတွေဖြစ်နေတာတွေ၊ အေးနေတာတွေက အလွန်ပူတဲ့ရာသီဥတုတွေပြောင်းလဲပြီး
ဘောင်ဘင်ခတ်နေတဲ့ ရာသီဥတုတွေ ကြောင့် ကြားကလူတွေကတော့
ပက်လက်ကိုလန်နေတော့တာပေ့ါဗျာ။ ဒီနေ့ရာသီဥတုတွေက
ပုံမှန်နဲ့သမားရိုးကျဆိုတာကိုပျောက်နေတယ်။

အယ်နီညိုက ပူပြင်းတယ်၊ လာနီညာက အေးပြီးစိုစွတ်တယ်

ကျွန်တော်တို့ မြန်မာနိုင်ငံကိုပဲ ကြည့်လေ။ အရင်က အလွန်ပူတဲ့နွေ။ အခုတော့ အလွန်အေးတဲ့ ဆောင်းကို ဦးတည်ပြီး သွားနေတယ်။ သုံး၊ လေးလပဲ ပုံမှန်ရာသီဥတုလေးရှိခဲ့ပြီး အခုတစ်ခါ တစ်ဖက်စွန်းဖြစ်တဲ့
လာနီညာဘက်ကို ကူးနေပြန်ပြီ။ မကြုံဖူးတာတွေ ဖြစ်နေတာပေ့ါ။ အစွန်းရောက်
ရာသီဥတုတွေ၊ သဘာဝဘေးအန္တရာယ်တွေတွဲပါလာတာပဲ။ အယ်နီညိုတုန်းက ပူပြင်းခြောက်
သွေ့တယ်။ လာနီညာကျတော့ အေးပြီး စိုစွတ်တဲ့ရာသီဥတု။ နှစ်ခုစလုံးက
အစွန်းရောက် ရာသီဥတုတွေ ဖြစ်နေတာပဲ။ အယ်နီညိုတုန်းက အပူချိန်မြင့်တက်တယ်။
မိုးခေါင်တယ်။ သောက်ရေရှားတယ်။ လူတွေ ဒုက္ခရောက်တယ်။ သေကြတယ်။ အခုတစ်ခါ
လာနီညိုဖြစ်ရင် မိုးတွေများမယ်။ မိုးများတာနဲ့ မြစ်တွေပေါတဲ့
ကျွန်တော်တို့နိုင်ငံ အနေနဲ့ ရေကြီးမှုက ပါလာမယ်။ တောင်ကုန်းတွေများတဲ့
မကွေးတိုင်းတို့ဆိုရင် လျှပ်တစ်ပြက် ရေကြီးတာတွေ ဖြစ်လာမယ်။ နောက်
ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ မိုးများရင်
မြေပြိုတယ်။ မြေပြိုခြင်းအားဖြင့် လူတွေကို အနည်းနဲ့အများတော့ ဒုက္ခပေးတာပဲ။
နှစ်ခုစလုံးကတော့ သဘာဝ ဘေးအန္တရာယ်တွေ ရှိနေတာပဲ။

လာနီညာဆိုတဲ့ ရာသီဥတုကလည်း မိုးပြင်းရုံတင်မဟုတ်ဘူး။ တစ်ခါ တလေ မုန်တိုင်းတွေလည်းဖြစ်တတ်တာပဲ။ ကျွန်တော်တို့အနေနဲ့ သဘာဝဘေး ကိုတော့ ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
အတိုင်းအတာတစ်ခုအထိတော့ သူ့အပေါ်မှာ အာရုံထားရလိ့မ်မယ်ပေါ့ဗျာ။

ဆရာကြီးခင်ဗျား။ လာနီညာ ရာသီဥတုက ဘယ်အချိန်၊ ဘယ်လလောက်မှာ စတင် ဖြစ်ပေါ်တတ်တယ် ဆိုတာကိုလည်း သိရှိခွင့်လေး ရှင်းပြပေးပါဦး ခင်ဗျား။

ပစိဖိတ်သုမ္ဒရာမှာ လာနီညာဖြစ်နေပြီ

လာနီညာဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုလက်ရှိမှာ လာနီညာက ဖြစ်နေပြီ။ လာနီညာဆိုတာက ပင်လယ်ရေမျက်နှာပြင်မှာ ဖြစ်တဲ့ ရေစီးကြောင်းကိုခေါ်တာ။ ပင်လယ်ပြင်မှာ ရေအေးစီးကြောင်း
အားကောင်းတဲ့ကာလပေ့ါ။ နေရာကတော့ ပစိဖိတ်သမုဒ္ဒရာကို ပြောတာ။ တစ်ကမ္ဘာလုံး
ပြောတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အယ်နီညိုတုန်းက ရေနွေးစီးကြောင်းတွေက
အခုရေအေးစီးကြောင်းတွေ ဝင်လာတယ်။ ပင်လယ်ပြင် မျက်နှာပြင် အပူချိန်တွေက
တဖြည်းဖြည်း ကျလာတယ်။ ပုံမှန်အပူချိန်ရဲ့အောက် သုံညဒသမ ငါးဒီဂရီ
စင်တီဂရိတ်အောက် လာနီညာ ဖြစ်တာပဲ။ (၂ဝ၁ဝ)ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်
မြေငလျင်တိုင်းတာချက်အရ လာနီညာကို စောင့်ကြည့်တဲ့ နေရာလေးနေရာ ရှိတယ်။
(၂၇)ရက်မတိုင်ခင် ဇူလိုင် (၁၅)ရက်လောက် တုန်းက သုံးနေရာကတော့
သတ်မှတ်ချက်ကို ကျော်နေပြီ။ တစ်နေရာကတော့ မကျော်သေးဘူးပေါ့။ သုံညဒဿမငါး
ကျော်ရမှာ။ သုံညဒဿမလေးလောက် ဖြစ်နေတယ်။ (၂၇)ရက် နေ့ထုတ်တဲ့
ထုတ်ပြန်ချက်မှာတော့ ကျော်သွားပြီ။ ဒါကြောင့် အားအသင့်အတင့် ရှိနေတဲ့
လာနီညာကတော့ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်နေပြီ။ ဒီကောင်က ဆက်ပြီးသွားမှာ
ဖြစ်တယ်။ သူ့ရဲ့အပူရှိန်က ပို၍ပို၍ များလာတာနဲ့အမျှ လာနီညာရဲ့ အင်အားကလည်း
တက်လာမယ်။ အားအကောင်းဆုံးနဲ့ အပူချိန်ကျဆင်းမှုဟာ အများဆုံးလာမယ့် နိုဝင်ဘာ၊
ဒီဇင်ဘာမှာ ဖြစ်ရမယ်။ လာနီညာရဲ့အင်အား အကောင်း ဆုံးသတ်မှတ်ထားတာက
ဒီဘက်နှစ် (၂ဝ၁ဝ)ခု နိုဝင်ဘာ၊ ဒီဇင်ဘာ ဟိုဘက်နှစ် (၂ဝ၁ဝ)ခုနှစ် ဇန်နဝါရီ၊
ဖေဖော်ဝါရီ။ အဲဒီလေးလကတော့ ခေါင်ရောက်မယ့် အခြေပေ့ါ။ သို့သော်ငြားလည်း
သူ့ရဲ့အကျိုးဆက်က ရာသီဥတု အပေါ်မှာလိုက်နာဖို့က တစ်ခုအရေးကြီးတာ တစ်ချက်က
လာနီညာက ပင်လယ်ရေပြင်မှာ ဖြစ်တယ်။ ရာသီဥတုက အပေါ်ကလေထုမှာ ဖြစ်တယ်။
ဒီနှစ်ခုက မတူကြဘူး။ တစ်ခုကရေမှာ၊ တစ်ခုကလေမှာ။ အခုကိစ္စမှာ တစ်ခုက
ရေကရှေ့ကသွားမယ်။ လေကနောက်က လိုက်မယ်။ ဒါကြောင့် လာနီညာ ဖြစ်သော်ငြားလည်း
လာနီညာရဲ့အကျိုးဆက်ကတော့ နောက်ကနေ ဖြည်း ဖြည်းချင်း လိုက်လာမှာဖြစ်တယ်။

အီကွေတိုနဲ့ ပီရူးအပူချိန် ရေခဲမှတ်အောက် ကျဆင်းနေပြီ

ဒီဖြစ်ရပ်တွေ ရာသီဥတုနဲ့ကြည့်ရင် ဘယ်အချိန်လောက် သိသာမလဲဆိုရင် သူ့နေရာနဲ့သူ ကြည့်ရင် အခုအချိန်ထဲက သိသာနေပြီ။ လာနီညာရဲ့ သူ့ ဂေဟာက ဘယ်မှာရှိသလဲဆိုရင် တောင်အမေရိကတိုက်ရဲ့
အနောက်ဘက် ကမ်းခြေမှာရှိတဲ့ အီကွေတိုနဲ့ ပီရူးနှစ်နိုင်ငံမှာ
မကြုံဖူးလောက်အောင် အပူချိန်တွေကျဆင်းနေပြီ။ အေးနေပြီ။ အခုပီရူး။
သူ့နောက်မှာ လိုက်လာတာက အာဂျင်တီးနား။ ဒီနိုင်ငံကလည်း အေးနေပြီ။ အပူချိန်
ရေခဲမှတ်အောက် ကျနေပြီ။ တောင်အာဖရိကတိုက်ကတော့ အတော်အေးနေပြီ။ ဒီလိုအေးနေရာ
က ကျွန်တော်တို့ အာရှနိုင်ငံဘက်၊ ဩစတေးလျဘက် တဖြည်းဖြည်းပျံ့လာ တာပေါ့။
ကျွန်တော် ခုနကပြောသလို ပစိဖိတ်သမုဒ္ဒရာအလယ်ရောက် နေပြီပေ့ါ။ မကြာမီ
ကျွန်တော်တို့ဘက် ရောက်လာရင် ကျွန်တော်တို့က လာနီညာရဲ့ အကျိုးဆက်
ကျွန်တော်တို့ ရာသီဥတုအပေါ်မှာ တွေ့ရတော့မယ်။ တွေ့ရမယ့်အချိန်က
အခုဩဂုတ်လမှာ နည်းနည်းစီတွေ့ရမယ်။ သိသာလာမယ့် အချိန်ကတော့ စက်တင်ဘာ၊
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ (၅)လလောက်ကတော့
ကောင်းကောင်းတွေ့ရမယ်။ မြန်မာပြည် အနေနဲ့ပြောရရင်တွေ့ရမယ့် အောက်တိုဘာ၊
နိုဝင်ဘာ၊ စက်တင်ဘာဆိုတာ က မြန်မာပြည်ရဲ့ မိုးနှောင်းရယ်၊ မိုးလွန်ရယ်၊
ကာလ(၂)ခုဖြစ်တယ်။ ဒါကြောင့် မိုးနှောင်း၊ မိုးလွန်က
မိုးပိုမိုရွာသွန်းနိုင်တယ်။ လာနီညာရဲ့ အကျိုးဆက်က မိုးပိုတယ်။
အခုလောလောရက်ပိုင်းအတွင်း မိုးတွေဆက်တိုက်ရွာနေတာက လာနီညာ
လိုက်လာတဲ့သဘောဖြစ်တယ်။

မိုးများလာရင် တောင်ကျရေနဲ့ မြေပြိုမှု ဂရုပြုရန်လို

ဒီတော့ မိုးတွေသိပ်ရွာရင် ရေကြီးမယ်။ မြန်မာပြည်ရဲ့ မြစ်ရေသမိုင်းမှာ ရေကြီးတာ (၃)ကြိမ်ရှိတယ်။ အဲဒီ(၃)ကြိမ်ကလည်း မိုးနှောင်း၊ မိုးလွန်မှာဖြစ်တတ်တယ်။ လာနီညာ
အကျိုးသက်ရောက်တဲ့ ကာလနဲ့ တစ်ထပ်တည်း သွားကျတယ်။ ဒါကြောင့်
ရေကြီးမှုအန္တရာယ်ကတော့ အတော်လေးဂရုစိုက်ရမယ်။ အထူးသဖြင့် ချင်းတွင်း၊
ဧရာဝတီမြစ်တွေပေ့ါ။ ဒါကြောင့် တချို့နေရာတွေ ရေတိုးနေပြီ။ မန္တလေးတိုင်း
အတွင်းမှာဆိုရင် အိမ်တွေ ရွှေ့ပြောင်းရတဲ့ အခြေအနေဖြစ်နေပြီ။ နောက်ပြီး
လျှပ်တစ်ပြက် ရေကြီးခြင်း၊ အရပ်စကားနဲ့ ပြောရရင် တောင်ကျရေပေါ့ဗျာ။
အဲဒါလေးက ဂရုစိုက်ရမယ်။ နောက်တစ်ခုက မြေပြိုတာ ဂရုစိုက်ရမယ်လို့
လျှပ်တစ်ပြက် စာဖတ်ပရိသတ်များ ကြိုတင် ဖတ်ရှု သိသာနိုင်ကြစေရန်
မိုးလေဝသပညာရှင်ကြီး ဒေါက်တာဦးထွန်းလွင်က စိတ်ရှည်လက်ရှည် ရှင်းလင်း
ပြောကြားလိုက်ပါသည်။

10 comments

  • Ma Kalayar

    November 25, 2010 at 3:43 am

    Thank you so much U Tun Lwin for explanation

  • bigcat

    November 25, 2010 at 6:53 am

    ကမာ္ဘစစ်ကြီးလည်း ဖြစ်ကာနီးပြီဗျို့။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားချရင် သူတို့ဘိုးအေ တရုတ်နဲ့ အမေရိကန်ကလည်း ဝင်ဆော်ကြမှာပဲ။ အရှေ့အလယ်ပိုင်းမှာလည်း အီရန်ကို အစ္စရေးက တီးတော့မယ်။ အီရန်ကိုတီးရင် ဆီးရီးယားတို့ ပါလစ်စတိုင်းက ဟားမက်စ်တို့ လက်ဘနွန်က ဟစ်ဘိုလာတို့ကလည်း အစ္စရေးကို ဝိုင်းချမှာပဲ။ အဲဒီတော့ အမေရိကန်ကလည်း အစ္စရေးဖက်ကနေ ဝင်တိုက်ပေးမယ်။ ဆော်ဒီအာရေးဗျနဲ့ အီရန်နဲ့ကလည်း ဗိုလ်လုနေတာဆိုတော့ ပိုရှုပ်လိမ့်မယ်။ မြန်မာပြည်ကလည်း အဲဒီအချိန်ဆို နူကလီးယားဗုံးနဲ့ ထို်င်းဆီကနေ မိုက်ကြေးခွဲနေလို့ အမေရိကန်နဲ့ ချကြလိမ့်အုံးမယ်။ မီးလောင်ရင်တော့ တောကြောင်ကြီးက လက်ခမောင်းခတ်ပြီးသားပဲ။

  • Maung Dae`

    November 25, 2010 at 6:58 am

    ဂလက်ဆီကို နေစင်္ကြာဝဠာကဖြတ်မယ် ဆိုတာကိုတော့ စိတ်ဝင်စားတယ်.. ဒီရှုပ်ထွေးလှတဲ့ အစုအဝေး ၂ ခုဖြတ်တာ ဘာတွေ ဝင်တိုက်ကုန်မလဲမသိဘူး..

    ကမ္ဘာကို ဥက္ကာပျံသာ ဝင်အောင်းလိုက်လို့ကတော့.. မျိုးကန်းပီပဲ…

  • kai

    November 25, 2010 at 8:48 am

    တလက်စထဲ..မနှစ်က ..မန္တလေးဂေဇက်မှာပုံနှိပ်ဖေါ်ပြခဲ့တာလေးပါ..ဖတ်ကြည့်ပါဦးလို့..။
    မြန်မာနည်းမြန်မာ့ဟန်နဲ့တွက်ရင်.. ၂၀၁၂ ကမ္ဘာမပျက်ရေးချ..မပျက်ပါတဲ့ခင်ဗျား..။
    ( နူဗုံးနဲ့ချလို ့ပျက်တာတော့ မသိနိုင်ဘူးတဲ့..)
    http://myanmargazette.net/328/education

    (ဒီပို ့စ်မျိုးကလည်း ..ဒေါက်တာထွန်းလွင်ကကူးတင်နေတာ..မရှိဘူးဆို ..၃-၄ခါပဲ..။) 🙁

  • etone

    November 25, 2010 at 9:33 am

    အင်း ဟုတ်တယ် တယောက်ပြီးတယောက်တင်နေတာ လေးငါးခါလောက်ရှိပီ 😛

  • seaman

    November 25, 2010 at 12:08 pm

    ဘုရား တရားလုပ်ကြဗြို.။

  • kopauk mandalay

    November 25, 2010 at 4:47 pm

    ဟေ့ ဒို့ကတော့ ကြောက်ပေါင်
    သေနေ့စေ့တယ်ဆိုရင်တော့ ရှောင်လု့ိရမှာလဲမဟုတ်ဘူး။။
    ဒါပေမယ့်ဒို့က ကံကောင်းတယ်
    အသက်လေးရယ်ရှည်စေလိုမန်းတောင်ရိပ်ခိုတဲ့
    ဒို့ကမန်းလေးမှာနေတာ။

  • char too lan

    November 26, 2010 at 7:46 am

    အသက်ကလေးများ သေချင်လား မန္တလေးတောင်ကိုသွား ~ဝါး ဟားဟား ~~ 😛

  • shwemanthar

    November 26, 2010 at 8:19 am

    ကျေးဇူးတင်ပါတယ်
    ဦးထွန်းလွင်ရောဇင်မျိုးထွန်းရောပါ
    အဲ
    လျှပ်တပြက်တော.မပါဘူး

Leave a Reply