ရန်သူနဲ့သား ညီတူမေတ္တာ ပွားနေတာလား အမေ

BMNovember 25, 20101min660

ဒီဓာတ်ပုံလေးတွေကို မြင်လိုက်ရတာနဲ့ ရင်ထဲမှာကြည်နူးလေးစားစွာ အတွေးပွားမိခဲ့ရပါတယ်အမေ။ အမေ့သားငယ်နဲ့ ရွှေတိဂုံစေတီတော်မှာ ကုသိုလ်တွေပွားနေတာတွေ့ရလို့ သာဓုခေါ်မိပါတယ်အမေရယ်။ တဆက်တည်းမှာပဲ အမေက သောကြာထောင့်က ဂြိုဟ်ပြေနံပြေ ဘုရားမှာ ကုသိုလ်ပွားနေတာတွေ့တော့ အမေ့ သားငယ်ဟာ သောကြာသားလေလားစဉ်းစားမိပါတယ်။ ဒါပေမယ့်လည်း မောင်ထိန်လင်းဆိုတော့ စနေသားဖြစ်မယ်လို့ပဲ ယူဆမိလေတော့ ဒါဆို ဘယ်သူ့အတွက် သောကြာထောင့်မှာ ကုသိုလ်ပြုတာပါလိမ့်။ အမေ ကျမ္မာရေးမကောင်းဘူးလို့ သတင်းထွက်တုန်းက ပြည်သူလူထုက တချို့တော့ အင်္ဂါနေ့/တချို့တော့ အင်္ဂါထောင့်မှာ ကုသိုလ်တွေပြုကာ အမေ့အတွက် အမျှတွေဝေ ဆုတွေတောင်းခဲ့ကြပါတယ်။ အခုလို သန်းရွှေ ကျမ္မာရေးမကောင်းဘူးလို့သတင်းတွေ ထွက်နေချိန်မှာတော့ ဘယ်သူမှ သူ့အတွက် ကုသိုလ်ပြုကာ ဆုတောင်းပေးတာ မတွေ့ရပါဘူး ယုတ်စွအဆုံး ဘယ်စစ်သား ကြံ့ဖွတ် စွမ်းအားရှင် တယောက်မှ မတွေ့ရတဲ့အချိန်မှာ…….. ရင်နှစ်သည်းချာ သားတော်ရာဟုလာအပေါ်မှာနဲ့ တသက်လုံးရန်ပြုနေခဲ့တဲ့ ရန်သူ(ဒေဝဒတ်)အပေါ်မှာ ညီတူမေတ္တာ ထားတော်မူခဲ့တဲ့ မြတ်စွာဘုရားရှင် ကျင့်သုံးတော်မူသွားခဲ့တဲ့မေတ္တာ တရားပမာ… မေတ္တာတရားကိုလက်ကိုင်ထားကာ နိုင်ငံတော်အကြီးအကဲဆိုကြပါသော်လည်း ဘယ်နိုင်ငံသားတယောက်ကမှ မေတ္တာမထားကြသည် ပြည်သူ့ရန်သူ သောကြာသားတယောက်အတွက် ကုသိုလ်ပြုကာ အမျှဝေ မေတ္တာပို့ တောင်းဆုတွေ ချွေပေးသလားလို့ တွေးတောမိပါတယ် အမေ… ဘာကြောင့်…ဘယ်သူ့အတွက်ဆိုတာ..အမေသာ သိပါလိမ့်မယ်လို့ ယူဆမိပါတယ်။ နောက်ဆုံးတော့ အမေဟာ ဘုရားတရားတော်တွေကို လက်တွေ့ ပြည်သူလူထု ရှေ့ကနေ ကျင့်သုံးပြနေတာကတော့ သေချာပါတယ်လို့ ခံစားရပါတယ်။