ဦးကြီးသို့ ပြန်ကြားစာ

search123November 25, 20101min18013

ဦးကြီး ရေးလိုက်တဲ့ စာကို တူမောင်လေးစားစွာ နဲ့ ပြန်ကြားလိုက်ပါတယ်။
တူမောင် ရေးလိုက်တဲ့ စာအားလုံး အတွက်လည်း တာဝန်ယူပါတယ်။
အရင်ဆုံးပြောချင်တာက တူမောင် ရေးလိုက်တဲ့ post က ၃ပုဒ်ပါ ဦးကြီး။
အပြုသဘောဆောင်ပါ ဆိုတဲ့ post ကို ဦးကြီးမတွေ့သေးတာ ဖြစ်ပါလိမ့်မယ်။
အခု လို သေသေချာချာ ရှင်းပြ ဆွေးနွေးပေးတာ ကျေးဇူးပါ။
ှဆူတယ် လို့ မထင်ပါ. ဆုံးမတာ ကို လေးလေးစားစား နဲ့ လက်ခံပါတယ်။
တူမောင် ဒီ Post ကိုရေးခဲ့ တာဟာ ဗိုလ်ချုပ်ရဲ့ မျိုးဆက်တွေ ကို မြန်မာစစ်စစ်ဖြစ်စေချင် တဲ့ ဆန္ဒ အမှန်နဲ့ ရိုးသားစွာ ရေးခဲ့တာပါ။
အခြား ဘာအကြောင်းမှ မရှိပါ။
အားလုံးက ဝိုင်းပြောနေကြ သလို နိုင်ငံရေးတွေ၊ဘက်တော်သား ဆိုတဲ့ ကိစ္စတွေ နဲ့ မဆိုင်ပဲ ၊ တူမောင် သဘော မကျတဲ့ အချက် တစ်ချက် ကို တင်ပြခဲ့တာပါ။
ဦးကြီး comments တွေကြည့်ရင် သိမှာပါ။
အချို့ဆို တော်တော် ဆိုးရွားစွာ ထင်ချင်သလို ထင်ပြီးရေးထားတာ တွေ ကိုလည်း တွေ့မှာပါ။
ဦးကြီး ထင်သလို တူမောင် ဟာ နိုင်ငံ ဝန်ထမ်းလည်းမဟုတ်ပါ။
အခု အချိန်မှာ ဒေါ်စုနဲ့ တွေ့ခဲ့ရရင် လည်း တူမောင် မကြိုက်တဲ့ အဲဒီ အချက် ကို ပြောရဲပါတယ်။
လူငယ် တစ်ယောက် အနေ နဲ့ ကိုယ် မကြိုက်တဲ့ အချက် ကိုယ် ရဲရဲဝံ့ဝံ့ ပြောခဲ့တာပါ။
တူမောင် သဘောမကျသလို ၊ အခြားသူတွေ လည်း သဘော မကျရဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။
ဦးကြီး ရဲ့ အပြုသဘော ဆောင်တဲ့ စာအတွက်ကျေးဇူးအများကြီးတင်ပါတယ်။

13 comments

  • etone

    November 25, 2010 at 3:54 am

    ” တူမောင် ဒီ Post ကိုရေးခဲ့ တာဟာ ဗိုလ်ချုပ်ရဲ့ မျိုးဆက်တွေ ကို မြန်မာစစ်စစ်ဖြစ်စေချင် တဲ့ ဆန္ဒ အမှန်နဲ့ ရိုးသားစွာ ရေးခဲ့တာပါ။ ” တဲ့လား ။ ဘာကိုဆိုလိုမှန်းမသိ…အပြန်ပြန်အလှန်လှန် ဖတ်သော်လည်း ဉာဏ်မမှီပဲ အခုတိုင်နားမလည်နို်င် သေး ……..။

  • လင်းဝေကျော်

    November 25, 2010 at 4:29 am

    ဘာပဲဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ရှိကြတာ
    စိတ်ကိုဖွင့်ထားလို့ အပြုသဘောဝေဖန်တာကို ပြန်လည်ဆန်းစစ်မှုလုပ်ကြတာ ကောင်းပါတယ်။
    ခေတ်ကိုမျက်ခြည်မပြတ်သင့်သလို ကိုယ့်စိတ်ကိုလည်း အမြဲဆန်းစစ်ကြည့်ပါ။

  • white

    November 25, 2010 at 4:58 am

    etone ပြောသလို ကျွန်တော်လည်း စာရေးသူရဲ့ ဆိုလိုတဲ့အကြောင်းအရာကို စဉ်းစားပြီး နားကို မလည်နိုင်သေးတာ ခပ်ခက်ခက်ပဲ။ post ၃ပုဒ်လုံးလဲ စုံအောင် ဖတ်ပြီးပြီ။
    ဒီလို ဒေါ်စုလွတ်လာချိန်မျိုး၊ ပြည်သူလူထုတွေက မျှော်လင့်ချက်တွေ ပြန်ပြီးရှင်သန်လာချိန်မှာ ဒေါ်စုရဲ့ အားနည်းချက်ကို ထောက်ပြတာဟာ သူ့အပေါ်တန်ဖိုးထားတဲ့ လူတွေရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေလောက်တယ် ဆိုတာ search123 အခုအချိန်လောက်ဆို နားလည်သဘောပေါက်သွားပြီလို့ ထင်ပါတယ်ဗျာ။
    မှတ်ထားဗျ ……. “ကျောက်ကောင်းဆိုတာ ဒဏ်ရာမကင်းဘူး” ………. ။

  • bigcat

    November 25, 2010 at 5:49 am

    123ရေ ငါကမင်းကို နအဖစပိုင်မှတ်လို့ အမေရိကန် စီအိုင်အေနဲ့ ဗြိတိသျှ အမ်အိုင်5ကို သွားတိုင်မိ လိုက်တယ်ကွာ။ သူတို့မင်းကို တော်တော်စိတ်ဆိုးနေကြတယ်။ တော်သေးတာပေါ့ကွာ ဘာမှ ခြေလွန်လက်လွန်မဖြစ်သေးလို့။ အခုလောက်ဆိုသူတို့လည်း မင်းစာကို ဖတ်ပြီးလောက်ရောပေါ့။ ဒါပေမဲ့ကွာ လိုရမယ်ရ သတိလေးတော့ထားအုံး၊ အိမ်တံခါးလာခေါက်ရင် အရမ်းမဖွင့်နဲ့၊ ကိုယ့်နားလူစိမ်း ကပ်လာရင်လည်း သတိနဲ့နေပေါ့ကွာ။

    မင်းရဲ့လုံခြုံရေးကိုစိတ်ပူလျက်
    အနောက်တိုင်း ထောက်လှမ်းရေးသတင်းပေး
    ကိုကြောင်ကြီး

  • photwenty

    November 25, 2010 at 7:49 am

    ကိုကြောင်ကြီးရေ သူပြောပုံအရဆိုရင် အမေစု ကတော. နောက်တစ်ယောက်ထပ်ယူမှကိုရတော.မယ်နဲ.တူတယ်ဗျို. နော.

  • photwenty

    November 25, 2010 at 7:57 am

    123 ရေ မင်းဆက်ပြီးမရှင်းတော.ရင်ပိုကောင်းမယ်နဲ.တူပါတယ်ကွာ

  • လင်းဝေကျော်

    November 25, 2010 at 8:02 am

    ကိုကြောင်ကြီး သွားမနောက်ပါနဲ့ဗျာ။
    ဟိုက တလွဲထင်ပြီး အမြင်စောင်းနေရတဲ့ကြားထဲ
    ဝ နှစ်လုံးကို ထ ထင်နေတဲ့လူကို။

  • unclegyi1974

    November 25, 2010 at 5:03 pm

    အိမ်း တူမောင်ရေ ဦးကြီးကအသက်ကကြီး
    မျက်စိကလဲစာကြာကြာကြည့်လို့မကောင်းဆိုတော့
    စာတပုဒ်ရေးတာ ၄ ရက် ၅ ရက်ကြာတယ်ကွယ့်
    တူမောင်ဒုတိယစာအပြီးမှာဦးကြီးရေးလိုက်တာ
    မြင်တဲ့အတိုင်းဘယ်ရက်မှပြီးတယ်ဆိုတာ..
    လူဆိုတာ ကိုယ်ယုံကြည်ရာကိုစွဲကိုင်ထားတာ
    ကောင်းတဲ့အလေ့အကျင့်ဖြစ်ပေမဲ့ မြင်တာ ကြားတာ
    သိတာများလာတဲ့အခါကိုယ်ယုံကြည်တာကိုပြောင်း
    သင့်တဲ့အချိန်ရှိလာတတ်တယ် အဲဒီအချိန်ကျရင်
    လည်းရဲရဲဝံဝံပြောင်းလဲဖို့လိုပါတယ်
    ဒို့များရဲမြတ်စွာဘုရားတောင်ပြောင်းလဲပြီးမှဘုရား
    ဖြစ်တာသတိရပါလေ

  • maungmoenyo

    November 26, 2010 at 2:37 am

    လွတ်လပ်စွာတွေးခေါ်ခံစားခွင့်ရှိတဲ့ဒီမိုကရေစီရဲ့အနှစ်သာရကိုလူတိုင်းခံစားခွင့်ရှိတာအမှန်ပါ။ ခုချိန်ဟာမြန်မာနိုင်ငံနဲ့လူထုအတွက်အလွန်အရေးကြီးတဲ့အပြောင်းအလဲကာလဖြစ်ပါတယ်။ ကိုယ့်ခံစားခွင့်ကိုထုတ်ဖေါ်ခွင့်ရှိတယ်ဆိုပေမဲ့၊ နိုင်ငံအတွက်အတားအဆီးဖြစ်စေမဲ့အယူအဆတွေကိုထင်ဟပ်တဲ့အချိန်မှာအထူးသတိထားဘို့ search123 ကိုအကြံပြုလိုပါတယ်။ မြန်မာနိုင်ငံရဲ့ပြောင်းလဲနေတဲ့ရေစီးကြောင်းကို search123 အနေနဲ့မျက်စိဖွင့်ပြီးအမြင်ကျယ်ကျယ်နဲ့လေ့လာဘို့အကြံပြုလိုပါတယ်။ ကမာ္ဘကြီးဟာ ၂၀ရာစုကတည်းက One Familyဆိုတဲ့ concept အယူအဆကိုသိသိသာသာကြီးပြောင်းလဲနေပါတယ်။ ကမ္ဘာ့မိသားစုဝင်မြန်မာနိုင်ငံသူနိုင်ငံသား သန်း(၆၀)ဟာလဲအဲ့ဒီပြောင်းလဲမှုရေစီးကြောင်းထဲကိုဝင်ရောက်နေပါပြီ။ လက်တဆုပ်စာအာရှိရှိလူတန်းစားရဲ့အာဏာတည်မြဲရေးလမ်းစဉ်ရဲ့ကျဉ်းမြောင်းပြီး၊မျက်စိပိတ်နားပိတ်လိုတဲ့အဲ့ဒီ “စောင့်လေမျိုးနွယ်”ဆိုတဲ့လက်တလုံးခြားဝေါဟာ၇ရဲ့ကျေးကျွန်မဖြစ်ဘို့အရေးကြီးပါတယ်။ အဲ့ဒီဝေါဟာ၇ရဲ့အဓိပ္ပါယ်မှာနိုင်ငံခြားသားဆိုတဲ့အယူအဆပါမယ်မထင်ပါ။
    ရာထူး၊ပညာ၊ဂုဏ်သိက္ခာအရာမှာပြိုင်စံရှားစာရင်းဝင်း Michael Aries ကိုဒေါ်စုလက်ထပ်ယူတာ နဲ့ အဲ့ဒီစောင့်လေမျိုးနွယ်နဲ့ကတခြားစီပါ။ လုံးမချမိဘို့သတိပြုပါ။ Michael Aries သာသက်ရှိထင်ရှားရှိပြီးဒေါ်စုသာအာဏာလက်ကိုင်ရှိတဲ့အခြေမှာဒီနေ့ရှိခဲ့ရင်အနာဂါတ်မြန်မာနိုင်ငံအတွက်အမြတ်ဘဲထွက်ဘို့ရှိပါတယ်။ ရှုံးစရာလမ်းမမြင်ပါ။ ဒါကိုလူထုသန်း(၆၀)လောက်ကမြင်နိုင်ရင် search123 ကလဲမြင်နိုင်အောင်ကြိုးစားပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2010 at 3:17 am

    ဒန်ဝယ်ဒယ် ပလပ်စတိတ်ဝယ်ဒယ် ကော်ဘူးကော်ခွက်ဝယ်တယ် ပဲလှော်နဲ ့လဲတယ်
    ပေးစာတွေ ပြန်စာတွေကို အိမ်သာသုံးစက္ကူလုပ်ရန် အထူးဈေးနှုန်းနဲ ့ဝယ်ဒယ်
    အိုးလေးလှုပ်ပါဟေ့
    ဒီဘက်က
    သတ္တုကလပဲ

  • I do love posts in mandalay gazette

    November 26, 2010 at 7:14 am

    ရဲရဲဝံ့ဝံ့ကြီးပြောရဲရင်လည်း ရဲရဲဝံ့ဝံ့ ဝေဖန်ပြောခံရတာ ကိုလည်းခံလိုက်ပေါ့ ငါတူရယ်။

  • seaman

    November 28, 2010 at 9:16 am

    search 123 ရေ အသွားမတော်ရင် တလမ်း
    အစားမတော်တလုပ်
    အရေးမတော်ရင် တကြောင်းနဲ.
    လူမုန်းခံရတတ်တယ်။

  • နေ ဘုန်းလျံ

    November 29, 2010 at 12:53 am

    ဘာဘာ ဘာမှ မပြောချင်တော့ဘူး …

Leave a Reply