ပြောင်းလဲခြင်း သဘောတရား

manawphyulayNovember 25, 20101min1229

လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။
ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။
တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ ပြောရှာတယ်။ အဲဒီအချိန်မှာ ကောင်မလေးဟာ တုန်လှုပ်ချောက်ချားသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပေါ့။ သူမဟာ သူ အရမ်းချစ်တဲ့ သူ့ချစ်သူကို ငြင်းပယ်လိုက်ပါတော့တယ်။
ကောင်လေးဟာ စိတ်မကောင်းခြင်းများစွာနဲ့ ထွက်ခွာသွားတယ်။ နောက်တော့ စာလေးတစ်စောင်ရေးပြီး သူမဆီ ပို့လိုက်တယ်။  စာကြောင်းလေးကတော့
“Just take care of my eyes please.”  ပါတဲ့ရှင်။

အင်း လူသားတွေဟာ အမျိုးမျိုးပြောင်းလဲတတ်ကြတယ်။ အဆင့်၊ ရာထူး၊ ဂုဏ်ရှိန်အရာအားလုံးကြောင့် အမျိုးသမီးမှ မဟုတ်ဘူးနော်။ အမျိုးသားတွေလည်း ပြောင်းလဲမယ်ဆိုတာ ဒီပုံပြင်လေးက သင်ခန်းစာပေးလိုက်တာပါပဲ။ လောကမှာ နားလည်မှု၊ တစ်ဦးကို တစ်ဦး သည်းခံမှု၊ ကိုယ်ဒုက္ခရောက်ခဲ့စဉ်က အဖြစ်အပျက်တွေကို မမေ့မလျော့ဘဲ မပြောင်းလဲတဲ့ အရိုးခံစိတ်ရင်းတွေ လူသားတိုင်း ပိုင်ဆိုင်စေချင်လို့ အင်တာနက်ကနေ အင်္ဂလိပ်စာကို ကူးယူပြီး အင်္ဂလိပ်လို မသိနားမလည်တဲ့ ကျွန်မက အတတ်နိုင်ဆုံး ဘာသာပြန်ကြည့်တာဖြစ်ပါတယ်။

9 comments

  • etone

    November 25, 2010 at 8:55 am

    မနောရေ ဒီပို့စ်က နှစ်ခုဖြစ်နေပါလား တင်နေတုန်း ကော်နက်ရှင်ကျသွားလို့ ထပ်တင်ရင်းဖြစ်သွားတာနေမှာ ။ ဒီလိုဇာတ်လမ်းလေး ဖတ်ခဲ့ဖူးတယ် ။ ကြေကွဲစရာဇာတ်လမ်းလေးပေါ့ … ။ သူ့ချစ်သူကလည်း တစ်လုံးလောက်ထုတ်ပေးပြီးရောပေါ့ ဘာလို့ စုံလုံးပေးလဲ ဒီတော့ ဟိုက လစ်တော့မှာပေါ့ ။ 😛

  • KoNyeinChan

    November 25, 2010 at 1:55 pm

    မအိတုံရေ.. အဲ့ဒါကတော့ ယောကျင်္ားလေးတွေရဲ့သဘာဝဘဲ.. ကြုံတုန်း ကိုယ်တို ့ယောကျင်္ားလေးတွေအတွက် အသားယူထားဦးမှ 😀 😀 😀

  • char too lan

    November 26, 2010 at 5:28 am

    ပြောင်းလဲတာတော့ပြောမနေနဲ့ ကျနော်ဆိုစိတ်အပြောင်းအလဲအားကြီးမြန်တယ် ဒါပေမယ့်ခုထိတော့ ဘယ်သူကိုမှမထိခိုက်စေခဲ့ဘူး

  • အာဖျံ ကွီး

    November 26, 2010 at 8:23 am

    အေးကွာ ~ သေရော
    ဒီထဲမှာတော့ မိန်းကလေးက ဗီလိန်ပေါ့လေ ~ 🙂

    တကယ့်လက်တွေ.မှာတော့ လူတော်တော်များများရဲ.စိတ်ကဒီမတိုင်းပဲ။ အသုံးချလို.ရရင် အကုန်သုံးမရ်။ မရရင် လွှင့်ပစ်မရ်။ အဲဒီပစ္စည်းက ဘယ်လောက်အတိုင်းအတာထိ အကျိုးပြုခဲ့တရ်ဆိုတာ မေ့လိုက်မရ်။

    ပို.စ်လေးကို ဖတ်ရတာ တော်တော်စိတ်မကောင်းဖြစ်သွားတရ်။
    ကြီးကျယ်တဲ့အနစ်နာခံမှုကို ပေးလိုက်တဲ့သူက ကြီးကျယ်တဲ့ နာကျင်မှုပဲရသွားခဲ့တရ်။ 🙁 🙁 🙁

    အာဖျံကွီးတော့ ဒီလိုမလုပ်ပါဘူးဗျာ …………….

  • saund

    November 27, 2010 at 6:44 am

    တကယ်လို့ ကောင်လေးက မျက်စိတလုံးတည်း လျူခဲ့ရင် ပုံပြင်လေး ပြောင်းလဲသွားမယ် ထင်တယ်။ ညီတူဘဲပေ့ါ။ အားလုံး ဆုံးတာထက် တဝက်ဘဲ ဆုံးတာ တော်အုန်း မယ်

  • kai

    November 27, 2010 at 8:32 am

    ငတုံးပဲ..။
    ကောင်မလေးကို ပြန်ဖမ်းပြီး..မျက်လုံးပြန်ယူလိုက်ပေါ့..။
    အဆစ်အနေနဲ့ ..အသည်းနှလုံးပါလုယူလိုက်..။ 🙂

  • char too lan

    November 27, 2010 at 8:57 am

    ဪ~ ဪ~~ လူဆိုးကြီးပေါ့နော် 🙂

  • manawphyulay

    November 27, 2010 at 11:13 am

    ဒါဟာ ဘာနဲ့ဆိုင်လဲဆိုတာ မေတ္တာစစ် မေတ္တာမှန်နဲ့ ဆိုင်တယ်လို့ မထင်ဘူးလားဟင်…….

    • Moe Z

      August 25, 2011 at 12:56 pm

      ထင်ပါတယ်..ထင်ပါတယ်. ..:P

Leave a Reply