အပ်ပုန်းများ နှင့် ကျန်းမာရေးဗဟုသုတနည်းပါးသူများ အကြောင်း – 1

etoneNovember 25, 20101min21811

မြို့ပြနှင့်မဝေးသော်လည်း ကျန်းမာရေးဗဟုသုတနည်းပါးသော ဒေသများရှိနေကြောင်းမကြာသေးမီကမှ စိတ်မကောင်းစွာဖြင့် ကျမသိခဲ့ရသည် ။ လွန်ခဲ့တဲ့တစ်လခန့်ကကျမသူငယ်ချင်းဧ။်အိမ်ဖော်ကောင်မလေးထွက်ပြေးသွားသဖြင့် သူမဧ။်မိဘများကို အသိပေးရန် အိမ်ပေါ်ကောင်မလေးမိဘများပေးခဲ့သော လိပ်စာအတိုင်းလိုက်ရှာခဲ့ကြရာ လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးသို့ရောက်ခဲ့ပါသည် ။ ဗိုလ်ချုပ်လမ်းမကြီးသည် အတန်ပင် ရှည်လျားပြီး လမ်းထိပ်နှစ်ဖက်သည် ရန်ကုန်ပုသိမ်အမှတ်(၅)လမ်းမကြီး (ဘုရင့်နောင်တံတားမှဆင်းသောလမ်း)နှင့် ရန်ကုန်ညောင်တုုံးလမ်းမကြီး (အောင်ဇေယျတံတားမှဆင်းသောလမ်း) နှစ်ခုကို ကန့်လန့်ဖြတ်ဆက်ထားသောလမ်းဖြစ်သည်။

လမ်းထဲကိုဝင်လျှင်လျှင်ချင်းပဲ လူနေထူထပ်သော ရပ်ကွက်မှန်းသတိထားမိသည် ။ လမ်းက မညီမညာကျောက်တုံးများနှင့်ခင်းထားပြီး မြေဖို့ထားသောနေရာများမှာထူလွန်း၍တစ်ချို့နေရာများတွင် ချိုင့်ကွက်များဖြစ်နေကာ မိုးရွာသွန်းသည့်ရေများကျန်ပြီး ဖွက်ပေါက်နေသည် ။ လူတွေသာများတာ ကားအသွားအလာနည်းသည် လမ်းဆိုးသောကြောင့်ဖြစ်မည်ထင်သည်။ အခြေခံလူတန်းစား အများစုနေသောရပ်ကွက်ဖြစ်ဟန်တူသည် … လမ်းလျှောက်သူများပြီး စက်ဘီးစီးပြီးသွားသူများလည်းရှိသည် ။ မေးမေးစမ်းစမ်းနှင့်လာခဲ့ရာလမ်း ထက်ဝက်ခန့်သို့ခြေထောက်ညောင်းတော့မှရောက်တော့သည်။ သတိထားမိသည်က လမ်းတလျှောက်လုံး (လမ်းထိပ်မှ လမ်းလယ်ခန့်၊ကျမတို့ရောက်သောနေရာအထိ) ဆေးခန်းများစွာရှိသည် အနည်းဆုံး ဆေးခန်း၆ခုခန့်ရှိမည်ထင်သည် ။ မြောက်ဥက္ကလာဆေးရုံ၊ ဝေဘာဂီဆေးရုံ ၊ရန်ကုန်ဆေးရုံကြီးမှဆရာဝန်များထိုင်သည်ဟုဆေးခန်း အဝမှ ဆိုင်ပုဒ်များအရသိရသည် …။အချို့သော ဆေးခန်းများမှာ ဆေးခန်းနာမည်သာတပ်ထားပြီး ဆရာဝန်နာမည်၊ ဘွဲ့ဘာညာရေးထားခြင်းမရှိကြောင်းလည်း သိရသည် ။ ဆေးခန်းများထက်လူပိုစည်ကားသောနေရာမှာ ဆေးဆိုင်ကြီးတစ်ဆိုင်ဖြစ်ပြီး  လူအများ တိုးလျိုးကာ ဝယ်နေကြောင်းသိရသည် ။  ပတ်ဝန်းကျင်ပြောပြချက် အရ ထိုဆေးဆိုင်သည် အခြားဆေးဆိုင်များနှင့် ဆေးနှုန်းကွာခြားချက်သိပ်မရှိသောလည်း ဆေးစပ်ရောင်းရာ အဆင်ပြေခြင်းကြောင့် ဆေးဝယ်ဖို့သက်သက်ထက် ဆေးတစ်ခွက်စာလာ စပ်သူတွေများကြောင်းလည်း သိရသည် ။ နေရာဒေသမရွှေးစပ်စုသူပီပီ ထိုဆေးဆိုင်ဖွင့်သောကာလမှာ တစ်နှစ်ကျော်သာရှိပြီး ဆေးစပ်ရောင်းကောင်းသောကြောင့် ဆေးဆိုင်ဖွင့်ပြီးမကြာမီတွင်ပင် အနီးနားရှိမြေကွက်တစ်ခုကို သိန်းရာကျော်ပေး၍ ဝယ်နိုင်ထားကြောင်းသိရသည် ။ ဆေးစပ်ရောင်းသော်လည်း ကျန်းမာရေးဌာနအသိအမှတ်ပြုထားသော သင်တန်းဆင်း တဦးမဟုတ်ပဲ လုပ်ငန်းသဘောအရ လေ့လာထားသောသူများရောင်းချသော ဆိုင်ဖြစ်ကြောင်းသိရသည်။

ဗွက်ထဲသွားတာတောင်မျက်စိကလည်လည်လုပ်နေတတ်တဲ့အကျင့်ကတော့မပျောက်သေး။

ဟိုရှာဒီရှာနှင့် ကျမတို့ရှာနေသောအိမ်ကို တွေ့ပါပြီ … ။

11 comments

  • kopauk mandalay

    November 25, 2010 at 4:08 pm

    တုံမမရေ
    အဲဒါတွေကတော့ တကယ်ကိုရှိတာပါဗျာ။
    တစ်ချို့ကလဲမသိလို့ တစ်ချို့ကလဲသိတော့ သိတယ် အလွယ်တကူနီးစပ်ရာနဲ့။
    တစ်ချိုကလဲ ပိုက်ဆံကုန်မှာကြောက်လို့ အမျိုးမျုးိပေါ့။
    ဆေးမြီးတိုနဲ့ကုတာက မြန်မာ့ဓလေ့ထုံးစံလိုဖြစ်နေပါပြီဗျာ။
    ခက်တာက ကိုယ်အိမ်နားလာ ဖွင့်ထားတဲ့ဆေးခန်းက ဆရာဝန်ကို ဆရာဝန်အစစ်ဟုတ်မဟုတ်စစ်လို့ကလဲမဖြစ်။
    တကယ်ကိုနာမကျန်းဖြစ်ပြီဆိုပြန်တော့ လဲ မြန်မြန်ပျောက်ချင်တာကလွဲလို့ လူနာရော လူနာရှင်ပါ စိတ်စောနေတယ်ဆိုတော့ ကိုယ်ကုပေးမယ့်ဆရာဝန်က အစစ်ဟုတ်မဟုတ် စဥ်းတောင်မစဉ်းစားမိတာများပါတယ်။
    ဒီလိုသူများအသက်နဲ့ရင်းရတဲ့ လိ်မ်ညာပြီး ထမင်းရှာစားတာကတော့ မကောင်းဘူူးလို့ ထင်ပါတယ်ဗျာ။

  • unclegyi1974

    November 25, 2010 at 4:33 pm

    ဆေးတွေကိုစပ်ရောင်းတာလူကြီးတွေမသိသေး
    လို့ပါသိရင်ကြည့်နေမှာမဟုတ်ပါဘူး
    တချို့ကရမ်းမှကြိုက်တာလေ

  • ဆူး

    November 26, 2010 at 2:41 am

    သူငယ်ချင်း တယောက် ဖိုရမ်မှာ ရေးပေးထားတဲ့ ဟာလေး ကော်ပီကူးပြီး တင်ပြတာပါ။
    တိုက်ဆိုင်နေလို့..
    ***တချို့မြို့သစ်တွေမှာ ဒေါက်တာရမ်းကုတွေ အခုထက်ထိရှိနေတယ် တချို့လူတွေကလည်း ဒေါက်တာရမ်းကုမှာ့ ရမ်းကုဗျာ။ အထူးကုတို့ အထူကုတို့တောင် သူတို့လောက် မကောင်း
    ဘူးဆိုပဲ အံရောဗျို့ စပ်ဆေးကိုလည်း ကွမ်းယာဆိုင်ကနေ ဝယ်တွယ်ကြတယ်ဗျာ ကြောက်လည်းမကြောက်ကြဘူး ( ဟီး ကျွန်တော့်အဖွားလည်းပါတယ် အခုထက်ထိပြောမရသေးဘူး)
    ဒေါက်တာရမ်းကုတွေက ဆေးထိုးအပ်ပါကိုင်တာ။ ဝင်ငွေတွေကလည်း မြို့သစ်အနေအထားနဲ့ဆိုကောင်းတယ် ပတ်ဝန်းကျင်ကလည်း လေးစားတယ်။ အင်းမြန်မာလူမျိုးတွေရဲ့ ကျန်း
    မာရေး အသိပညာကတော့ အဲ့ဒီလောက်ကြီးမားတယ်ဗျာ။ နယ်ကဖြစ်ရပ်တစ်ခုဆို လူနာရဲ့ သားကိုသွေးထုတ် လူနာကိုတိုက်၊ မရတော့ပွဲပေး မရတော့ လျှက်ဆားတွေကို ရေနဲ့ဖျော်ပီး
    လက်မောင်းထဲထိုးထည့်း မကယ်နိူင်မှာ့ အလုပ်သမားဆေးရုံကြီးကိုရောက် သေပါရောလား။ လှိုင်သာယာကရေအုပ်ကံရွာမှာ တိရိစာန်ဆရာဝန်တစ်ယောက် လူကိုကုပီး ထောနေတာ
    မြင်ဖူးတယ် အံဖွယ်မကုန်ပဲ။ ***

  • maungmoenyo

    November 26, 2010 at 2:48 am

    ရမ်းကုဆိုတာနံမယ်သာဆိုးတာ…ဝေးလံဒေသကတိုင်းရင်းသားတွေအတွက်အတော်အဆင်ပြေတာကလား။ ရမ်းကုနဲ့ပြိုင်ကုရတဲ့ MBBS တွေတောင်နောက်ကောက်လန်ရတဲ့သာဓကများကြားဘူးပါတယ်။ အများအားဖြင့်အဲ့ဒီရမ်းကုများဟာဗဟုသုတနှံ့စပ်သူများဖြစ်ယုံမက၊ ရပ်ထဲရွာထဲမှာလဲပေါက်ရောက်သူမို့ကိုယ်ခံအကွယ်အကာတွေတွေအော်တိုမက်တစ်ရှိနေတတ်ကြပါတယ်။ (၇ဝတတို့/ကြံ့ဖွံ့တို့လိုတွေ) ကျမ်းမာရေးဝန်ကြီးဌာနရဲ့ဆေးကောင်စီကဆရာဝန်များအတွက်ပညတ်ချက်များတပုံကြီးရှီနေသော်လည်းသူတို့တတွေအတွက်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့သာအရေးယူနိုင်တာများတာမို့၊ လွတ်နေတဲ့ငါးကြီးတွေဖြစ်နေမှန်းမသိဖြစ်နေရတာဒီနေ့အထိပါခင်ဗျား။

  • ဆူး

    November 26, 2010 at 3:01 am

    မက်ကလောက် ဖောက်တဲ့ အကြောင်း FM မှာတော့ ပညာပေး ခဏခဏ လာနေတယ်.. မလိုအပ်ဘူး ဆိုတဲ့ အကြောင်း အခန့် မသင့်ရင် ကျန်းမာရေး ထိခိုက်ပြီး သေနိုင်ကြောင်း ပြောနေပြီ။ အဲဒီ အကြောင်းလေးလည်း ဆွေးနွေးရင်ကောင်းမယ်

  • weiwei

    November 26, 2010 at 3:16 am

    ဆေးဆိုင်မှာ ဆေးစပ်ခိုင်းရခြင်းအကြောင်းရင်းကတော့ ဆေးခန်းပြခ ဈေးကြီးလို့ … ကုန်ကျစရိတ်အများကြီးကွာတော့ မရှိဆင်းရဲသားတွေသာမက ဗဟုသုတရှိတဲ့သူတွေပါ ဆေးဆိုင်ကနေပဲ ဆေးစပ်ဝယ်ပြီးသောက်ကြတယ် …

  • ဆူး

    November 26, 2010 at 3:45 am

    ဆေးဝါးတွေ ဆရာဝန်တွေ စရိတ်မြင့်မားလို့ နီးစပ်ရာ ဆေးဆိုင်မှာ သက်သက်သာသာ ဝယ်သောက်ပြီး အသက်ဆက်နေတဲ့ လူတွေ အတွက်.. စဉ်းစားမိတာကတော့.. နိုင်ငံခြားဆေး ဆိုတာက ပြည်ပကနေ တင်သွင်းရတော့ ဟိုက ထုတ်ဈေး ၁ကျပ် ဆိုရင်တောင် လေယာဉ်ပျံခ သဘောင်္ခ အခွန်အခ နဲ့ အမြတ်ငွေ အဆင့်ဆင့် ပေါင်းလိုက်တော့ ၁ကျပ်တန် တဲ့ ဆေးတောင် ဒီမှာ ၁ဝလောက် ဖြစ်သွားနိုင်တယ်။ ပြည်တွင်းမှာလည်း ဆေးဝါးတွေ ထုတ်လုပ်တာမျိုး.. နောက်ပြီး တရုတ်မှာ ဆိုရင် တိုင်းရင်းဆေး ကို အရမ်းအလေးထားပြီး တရုတ် တိုင်းရင်းဆေးနည်းတွေ ကမာ္ဘက လက်ခံလာအောင် ကြော်ကြားအောင် လုပ်နေကြတာ.. အတုယုပြီး မြန်မာနိုင်ငံမှာလည်း ပညာရှင်တွေ မတိမ်ကောခင် ပညာရှင် အစစ်အမှန်တွေဆီက နည်းပညာနဲ့.. ကုထုံး.. ဆေးဝါး ပြုလုပ်နည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်သင့်တယ်။ တိုင်းရင်းဆေးဆိုတာ သစ်ဥသစ်မြစ် သစ်ရွက်ကနေ ကုသနေတာ ဆိုတော့.. ကုန်ကြမ်းဖို့ ဘယ်လောက်မှ မကျပါဘူး။ အများကြီး သက်သာတယ်။
    ဆိုးတာတခုက တိုင်းရင်းဆေး တခု ထုတ်မယ်ဆိုရင် ဆေးဝါး ထောက်ခံချက်နဲ့ နာမည် အမှတ်တံဆိပ် မှတ်ပုံတင်ဖို့.. တဆင့်ကို ၂ဝလောက် ပေးရတယ်။ (ပိုက်ဆံ ရှိသူသာ တိုင်းရင်းဆေး ထုတ်ခွင့်ရှိသလို ဖြစ်ပြီး ဆေးကုတတ် မကုတတ် အကြောင်း မဟုတ်သလိုမျိုး) (ပညာရှင်တွေ ဆီက ဆေးနည်းကို အပြတ်ဝယ်ပြီး ဆေးထုတ်စားနေတဲ့ ဆေး လုပ်ငန်းတွေလည်း ရှိတယ်) ဆေးတန်ဖိုးနဲ့ ကုလို့ ပျောက်မပျောက်ကို မလေ့လာဘူး.. ဒီဆေးပေါက်ရင် အများကြီးရမှာ.. ဒီလောက်တော့ ရင်းသင့်တယ် ဆိုပြီး ညှစ်ထုတ်ကြတယ်။ ဆေးပညာ တကယ် တတ်ပြီး ဆေးဖော်စပ်နိုင်တဲ့ ဆေးဆရာ ဆေးမထုတ်နိုင်ဘူး။ ပြောရရင်တော့ နေရာတကာ ပြုပြင်သင့်တာတွေ တပုံကြီး ဖြစ်နေတယ်။
    သိသလောက် ပြောရရင် ဂရိတ်ဝေါ ဒဏ်ကြေဆေး ဆိုလည်း နိုင်ငံခြားပို့ရတယ်။ ဒီလိုနည်းနဲ့လည်း နိုင်ငံခြားငွေ ရှာနိုင်တယ်။ ကေသီပန်တို့.. အဘထ ရှုဆေး ဆိုရင်လည်း ထိုင်းဘက်က သိပ်သဘောကျလို့.. တနှစ်တနှစ် အများကြိး ပို့ရတယ်လို့ ပြောတာ ကြားမိတယ်။ ဒီလိုဘဲ တခြား တိုင်းရင်းဆေးတွေလည်း နိုင်ငံခြားပို့နေရတာတွေ အများကြီးပါ။
    ပြည်တွင်းက လူတွေ ယုံကြည် စိတ်ချစွာ သုံးစွဲနိုင်ဖို့..စရိတ် သိပ်မကုန်ဘဲ ကျန်းမာရေး အတွက် အဆင်ပြေစေဖို့.. တိုင်းရင်းဆေး ဘက်မှာ အာရုံစိုက်ပြီး လုပ်ပေးရင် အများကြီး အဆင်ပြေသွားမလားဘဲ..

  • maungmoenyo

    November 26, 2010 at 3:59 am

    မြန်မာနိုင်ငံမှာ တိုင်းရင်းဆေးပညာဦးစီဌာနဆိုတာရှိပါတယ်။ ဌာနအအဆင့်ဆင့်သောရာထူးတွေမှာလုပ်ကြသူတာဝန်ရှိသူတွေအများအားဖြင့်လုပ်ကြတာတော့တန်ဘိုးကြီးတဲ့တိုင်းရင်းဆေးကုန်ကြမ်းတွေကိုအပြင်ထုတ်ရောင်းစားကြတာပါဘဲ။ တိုင်းရင်းဆေးခန်းနဲ့ဆေးရုံတွေကတော့အခေါ်အဝေါ်(အပေါ်ယံအမည်နာမများသာ) တွေအတော်ခေတ်မှီလာပေမဲ့ကုထုံးနဲ့ပါတ်သက်ပြီးလူထုကအားကိုးလောက်တဲ့လက္ခဏာလုံးဝမတွေရပါ။ ပြင်ဦးလွင်မှာရှိတဲ့ အထက်မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနရဲ့အဓိကတာဝန်ကတိုင်းရင်းဆေးနဲ့ပါတ်သက်တဲ့သုတေသနလုပ်ငန်းတွေပါ။ ညွှန်ကြားရေးမှူးချုပ်လုပ်သူဟာနိုင်ငံတကာကတန်ဘိုးထားပြီးခေတ်စားလာတဲ့ပညာတရပ်ဖြစ်တဲ့ Genome Research နဲ့ဘွဲ့ထူးဂုဏ်ထူးတွေတသီတတန်းကြီးရခဲ့သလို၊ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပေမဲ့၊ ဘာမှမဆိုင်တဲ့တိုင်းရင်းဆေးသုတေသနကိုဇွတ်လုပ်ခိုင်းထားပါတယ်။
    လေယာဉ်မောင်းကျွမ်းကျင်သူကို နွားလှည်းမောင်းခိုင်းသလိုပေါ့။ အစွမ်းထက်တဲ့မြန်မာ့တိုင်းရင်းဆေးကိုတကယ်အဆင့်မြင့်တဲ့ပညာအဖြစ်အသိအမှတ်ပြုချင်ရင်အစိုးရကကိစ္စမှန်သမျှဝင်စွက်ဖက်တဲ့လုပ်ငန်းတွေရပ်တန်းကရပ်ဖို့လိုပါတယ်။

  • ဆူး

    November 26, 2010 at 4:08 am

    ဆရာ ပြောတာ ဆူး ပြောချင်တာပါဘဲ။ လေယာဉ်မောင်း သူနဲ့ နွားလှည်း မောင်းသူ သူ့ ပညာနဲ့ သူ ရှိသမို့.. ခွဲခြမ်း စိတ်ဖြာတတ်ရင် တော်တော် တိုးတက်လာမယ် ထင်တယ်။

  • nyeinwailwin

    November 26, 2010 at 4:09 am

    ဆေးဆိုင်မှာဆေးစပ်ပြီး သောက်နေကြတာကတော့ အဲ့ဘက်က လူတွေမှမဟုတ်ပါဘူး ဒီဘက် မြို့ထဲထိပါ ဆေးဆိုင်မှာ ဆေးစပ်ခိုင်းပြီး သောက်နေကြတာပါပဲ အခုဟာ အခြေခံလူတန်းစားတင် ဆေးစပ်ပြီးသောက်နေကြတာမျိုးမဟုတ်ဘဲ တစ်ချို့လဲ ဈေးသက်သာတာလို့ တစ်ချို့ကလဲ ရောဂါကြီးကြီးမားမား မဟုတ်ဘဲ ဆေးခန်းပြစရာမလိုအပ်ဘူးထင်လို့ (ပညာတက်လူတန်းစားအထိပါ) လွယ်လွယ်ပဲ ဆေးစပ်သောက်နေကြတာ တွေ့ရတာပါပဲ ..

  • etone

    November 26, 2010 at 4:39 am

    ရမ်းကုတဖြစ်လဲ အပ်ပုန်းတွေအကြောင်းကို အပိုင်းနှစ်မှာဆက်ပါမယ် ။ အခုထက်ထိလုပ်ကိုင်စားသောက်နေတုန်းမို့ပါ …။သူတို့မို့လို့ လိမ်လည်စားသောက်ချင်တယ် သူများအသက်ကို စတေးပြီး ..။
    ကျမလည်း သိသိချင်းအတော်လေးအံ့အားသင့်ခဲ့ရပါတယ် …. ။ လူနေမှူ အဆင့်အတမ်းအနိမ့်အမြင့်နဲ့ ကျန်းမာရေးအသိက သိပ်အများကြီးတော့ မဆိုင်ပါဘူး ။ တစ်ချို့ လူနေမှူအဆင့်အတန်းနိမ့်ပေမဲ့ အသိရှိတယ် စာစောင်တွေ၊ TB တွေဘာညာကြည့်ထားဖူးတယ်လူမျိုးပေါ့ … အပိုင်းနှစ်ကိုအမြန်ဆုံးတင်ပေးပါ့မယ် ။

Leave a Reply