စစ်အစိုးရ ယိုးစွပ် ဗုံးတရား ခံ ဓာတ်ပုံ အင်တာနက် ဆိုင်များ မကပ်မနေရ

နွယ်ပင်November 25, 20101min807

ရန်ကုန် မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံလမ်း ပေါ် က အင်တာ နက် ကဖေးဆိုင် တစ်ခု ဖြစ်တဲ့
Net Sky မှာ မပေါက်ကွဲ သေးတဲ့ ဗုံးတွေ တွေ ့ရှိပြီး နောက် အာဏာပိုင်များ က CCTV ကင်မရာကနေ
မှတ်တမ်း ယူထား တဲ့ ဗုံး သံသယ ရှိ သူ နှစ်ဦး ရဲ ့ပုံ ကို အင်တာနက် ဆိုင်များ မှာ မကပ်မနေရ လိုက်လံ
ကပ်ခိုင်း တယ် လို ့ရန်ကုန် က အင်တာနက် ကဖေး ဆိုင် ပိုင် ရှင် တစ်ဦးက Freedom News Group
ကို ပြောပါတယ်။အာဏာပိုင်များ က အင်တာ နက် ဆိုင်တွေ မှာ ဒီလို ဓာတ်ပုံတွေ ကို ကပ်ခိုင်းထား ရုံတင် မက ဘဲ
CCTV ကင်မရာတွေ ပါ တပ်ဆင်ထား ဖို ့ညွှန်ကြား ထားပါတယ်။

ရန်ကုန်မြို ့က အင်တာနက် သုံးစွဲ သူ တစ်ဦးက တော့ လူငယ် တွေအင်တာနက် မှာ နိုင်ငံရေး
အကြောင်း ရေးသား ဖော်ပြကြာတာ ၊ဆွေးနွေးကြတာ တွေ ကို တစ်နည်း တစ်ဖုံ နဲ ့ဟန် ့တား
ချင် လို ့ကြံ့ဖွတ် အဖွဲ ့ဝင်တွေ က ဦးဆောင် လှုပ်ရှား တာ ဖြစ်နိုင်တယ် လို ့ဆိုပါတယ်။

ဗုံးတွေ ့ရှိ ခဲ့တယ် လို ့သတင်းထွက်ပေါ်ခဲ့တဲ့ အင်တာ နက် ဆိုင်ဟာ လည်း ယခင်က မြန်မာ နိုင်
ငံ ရဲတပ်ဖွဲ ့ရဲ ့အိမ်ရှင်မ ဂျာနယ် ထုတ်ဝေခဲ့ရာ နေရာ လည်း ဖြစ်ပါတယ်။

Freedom News Group မှဖော်ပြပါသည် ။

7 comments

  • လင်းဝေကျော်

    November 25, 2010 at 9:21 am

    ဘာဖြစ်လို့ သူတို့တွေက မသကာင်္စရာကောင်းနေတာလဲ။
    နှုတ်ခမ်းမွှေးထားလို့လား ( တစ်ယောက်က )။
    အိတ်လွယ်လာလို့လား?။

  • thidar

    November 25, 2010 at 9:39 am

    အင်းဟုတ်တယ် သူတို့ကို ဘာလို့ မသင်္ကာဘူးလို့ ပြောတာလဲ ကြိုသိနေလို့လား။
    အင်တာနက်ကိုလူသုံးနည်းသွားအောင် လှည့်ကွက်လုပ်တာဘဲဖြစ်မှာပါ။
    ဗုံးထောင်ချင်မှတော့ တခြားနေရာမှာလုပ်မှာပေါ့။

  • သီဟ

    November 25, 2010 at 10:03 am

    ဘာအထာလည်းဆိုတာကလေးတောင်သိတယ်
    သူတို့လုပ်ကွက်တွေကရိုးနေပြီလေ.

  • intro

    November 25, 2010 at 10:14 am

    ရယ်စရာတစ်ခုပြောဦးမယ်… intro သွားနေကျ ဆိုင်ကတော့ CCTV Camera တပ်လိုက်တာ ဗုံးတော့ မမိဘူး၊ ဖိနပ်သူခိုးတွေ ခိုးနေတာမိသွားလို့ သူတို့ပုံတွေ Colour Printout ထုတ်ပြီး ဆိုင်နံရံမှာ ကပ်ထားပါတယ် တဲ့ဗျား… 😛

    • thidar

      November 25, 2010 at 10:30 am

      အော် ဒါဆို ဖိနပ်ပျောက်တတ်သူများအတွက် ကြားကနေ စေတနာလှည့်ကွက်ကြီးလုပ်ပေးတာနေမှာ။ သာဓု.

  • bouzour

    November 25, 2010 at 10:36 am

    ဟူး….. တော်သေးတာပေါ့ဗျာ အဲ့ဒီဆိုင်ကို အဲ့ဒီနေ.က သွားသုံးမိရင်တော့ မသင်ကာတဲ့ အမှုနဲ. ခနလောက်လိုက်ခဲ့ပါဆိုပြီး ပြန်လမ်းမရှိတဲ့ နေရာ ရောက်သွား တော့မလို….

  • ကြယ်လေး

    November 25, 2010 at 10:54 am

    ရွှေဝါရောင်တော်လှန်ရေးတုန်းက ကိုဌေးကြွယ် တို့ကို တော့ ထောက်ကြံ ရော်ဘာခြံထဲမှာတောင်အနံခံဖမ်း ခဲ့တဲ့
    ပြည်သူ့ ရဲနဲ့ ထောက်လှမ်း ရေးတွေနှာစီး နေတယ်

    သကြန် ဗုံးတရားခံ တုံးက ဘာ CCTV မှမပါဘူး ညတွင်းချင်းဖမ်းပြထားတာ
    :p

Leave a Reply