ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

နွယ်ပင်November 27, 20101min21620

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမာ္ဘအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

VOA Bumrese

20 comments

  • bigcat

    November 27, 2010 at 3:44 am

    သူအခု အမေရိကန် ရောက်နေပြီလို့ ကြားတယ်။ နောက်မှ ဟာကနဲဟင်ကနဲ ဖြစ်မသွားကြပါနဲ့။
    လောကကြီးက လွန်ဆန်းကြယ်
    တပ်ရှုပ်ကြီးက အလှမ်းကျယ်
    ဗိုလ်ခင်ညွှန့်က ဂရင်းကတ်ဝယ်
    ရွာသားများက တဟယ်ဟယ်..

  • Foreign Resident

    November 27, 2010 at 3:44 am

    အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊ဝန်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့အား အင်းစိန်ထောင်သို ့ပြောင်းရွှေ ့
    (Freedom News Group )

    တင်ကျော်ကျော်စိုး ၊ ။ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ဝန်ကြီချုပ် ဟောင်း ဖြစ်သူ
    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို ့ ကမာ္ဘအေး ရှိ
    နေအိမ် မှ အင်းစိန် အကျဉ်း ထောင်သို ့ ပြောင်းရွှေ ့လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် မြို ့သတင်းတပ် ဖွဲ ့မှ
    အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Groupသို ့အတည် ပြုပြောကြားသည်။
    ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ ့က မန္တလေး မြို ့မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
    နောက် အမိန် ့မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ်သည်။ စစ်ထောက်
    လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ ့ တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်
    သို ့ပြောင်းရွှေ ့ ခံရခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန် ့အား အင်းစိန် အကျဉ်းထောင် သို ့ပြောင်းရွှေ ့ပြစ်ဒဏ်
    ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ ့ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ ့မှုး ၊ သတင်းတပ်ဖွဲ ့မှုး၊ အကျဉ်း
    ဦးစီးဌာ န ညွှန်ကြားရေးမှု း၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာ
    ရောက် တွေ ့ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို ့ထိုနေ ့မှာ ပင် ရွှေ ့ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

    နေပြည်တော် ရှိ ကာကွယ်ရေး ဝန်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်
    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့အား အင်းစိန် အကျဉ်းထောင် သို ့ ပြောင်းရွှေ ့ ပြစ်ဒဏ် ခံယူရန် စီစဉ်ရ
    ခြင်းသည် ၎င်း ၏ အာဏာ ပြန်လည် ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။
    အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ ့ကို ဘာမှ အစိုးရ က ချုပ်ချယ်မထား
    ဘူး သူ ့လုပ်ဖော် ကိုင်ဖက် တွေ ရဲ ့နာရေး တွေ ၊ ဘာသာရေး နဲ ့ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို ့ပြီး
    ရင် သွား ခွင့် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသား လုပ်လာတာတွေရှိတယ်။ သူ ့ထောက်လှမ်းရေး ကွန်ယက်
    ကို ပြန်ဖွဲ ့တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ ့ရဲ ့ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ ့ အိမ် ထိ penetrate
    လုပ်လာတာတွေ ရှိတယ်။ နောက်ဆုံး သူ ့ရဲ ့ Net Work တွေ ကို အကုန် မိတော့ မှ သူ ့ကို ဖမ်းလိုက်တာ။ အစိုးရက
    သူ ့ကို တရား ပြန်ဆွဲ မယ် ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို ့ပြောသည်။

    အတည်မပြု နိုင်သည့် သတင်းများ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်
    ကြီး ခင်ညွှန် ့အား ၎င်း ၏ ယောက်ဖ ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်
    နေပြည်တော် အထိ ခေါ် ယူ တွေ ့ဆုံက ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။
    ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို ့သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ်ရင် ဗိုလ်ချုပ်က
    ဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ ့မှ သူ ့အမှား ကို ဝန် ခံပြီး ရင် ဦးဆောင် မှု ပေးမယ် ဆို လို ့လုပ်လိုက်တာ။
    ဗိုလ်ချုပ် က သူ ့ဆံပင် ကို တောင် သူ ့ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။
    ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန် ့သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်
    တော် တွင် တွေ ့ဆုံစဉ် က ဝ တပ်ဖွဲ ့ နှင့် ရှမ်းမြောက် အဖွဲ ့များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ဝ လူမျိုး
    ထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။

    စာရေး ဆရာ တစ်ဦး လည်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က မူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်
    ချုပ်ကြီး ခင်ညွှန် ့ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများ
    လာတာ ကို သူတို ့ပေါ် လစီက တော့ တစ်ယောက် ဝင် တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။
    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့အား ရာထူး မှ ဖယ်ရှားပြီးနောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်
    ၁၀ဝ ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်သည် ့ A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်
    တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို ့ကို ယခုဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။

    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့၏ ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဟောင်းနှင့်
    အာဏာရှင် ဟောင်း ဦးနေဝင်းမှာ ၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင်
    ကွယ် လွန် ရာဉ် ခေါင်းတလား တွင် နာမည် ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။
    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့နှင့် ဇနီး မောင် နှံ တို ့နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
    ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ဝမ်း
    နည်း ကြောင်း သဝဏ် လွှာ ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို ့ခဲ့သူ တစ်ဦး ဖြစ်သည်။
    ၎င်း တို ့ ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာ
    ရဲ နိုင်ဝင်းမှာ ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာ
    မိသားစု နှင့် အတူ နေအိမ် တွင် အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။
    ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ့ သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်
    သို ့ အသွားတွင် ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။
    မြန်မာ စစ်အစိုးရ က ထိုဖြစ်စဉ် အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်

  • doekalay

    November 27, 2010 at 5:00 am

    သူတို ့ကိုအာခံမှာတော ့ကြောက်တယ်။ဖြစ်အုံးမှာအသေဆိုးနဲ ့။
    တသက်လုံးတည်မြဲမယ်ထင်နေတဲ ့လူတွေလေ။အနိစ္စမမြင်ကြတဲ ့သူတွေလေ။

  • MandalayThar

    November 27, 2010 at 6:00 am

    ဒီကောင် ဝဋ်လည်တာ ဘာမှ မသနားဘူး။ ထောက်လှမ်းရေးတွေကြောင့် ထောင်ထဲမှာ သေသွားတဲ့လူတွေ။ အညှင်းပမ်းနှိပ်ဆံခံရတဲ့ လူတွေ အများကြီးဘဲ။ ဒီကောင်ကို အင်းစိမ်ထောင်ပို့တာ ဘာမှ သနားနေစရာ အကြောင်းမရှိ….

  • မန္တလေးသားရယ်…. ဝဋ်ရှိလို့ခံရတယ်ဆိုတာဟုတ်ပါတယ်၊ ဒါပေမယ့် သူ့ဥပဓိရုပ်မှာ ယုတ်မာပက်စက်တဲ့စိတ် နည်းနည်းလေးတောင် မမြင်ရပါဘူး၊ ညှင်းပမ်းနှိပ်စက်ဆိုတာ သူအမိန့်ပေးလို့ လုပ်ကြတာမှ မဟုတ်တာ၊ ကိုယ့်မှာ ရှိတဲ့ လက်ချောင်းတွေတောင် တစ်ချောင်းနဲ့ တစ်ချောင်းမတူညီကြတာ၊ သူ့လက်အောက်မှာ ရှိတဲ့လူတွေဆိုတာ ဟာလည်း သူနဲ့ တူချင်မှတူမှာပေါ့၊

  • Foreign Resident

    November 27, 2010 at 7:47 am

    ( Freedom News Group )
    FNG အယ့်ဒီတာ့ မှတ်ချက်

    Updated ကနဦး စစ်ဆေးချက်အရ နေ ့ရက် နှင့် နေရာ မတူ သော ဖိုင်လေး ခု ကို ဆက်စပ်
    ထားခြင်းဖြစ်သည် Costume ဝတ်ဆင်မှု တွင် တူညီသည်။
    Panasonic AG HVX 200 နှင့် ရိုက်ကူးထားသည် ဟု ယူဆရပြီး ဗိုလ်ချုပ် ခင်ညွန် ့နှင့် Casting
    အားလုံးက ရိုက်ကူးသူ Lens ကို လုံးဝ (လုံးဝ) မကြည့် ဖြစ်သည် မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။

    ဗိုလ်ချုပ် ခင်ညွှန် ့ ၏ Road Map ကို ဖျက်သိမ်း ရွေးကောက်ပွဲ တရား မဝင်တော့

    ထပ်မံ သိရှိရသည် များ ကို အချိန် နှင့် အမျှ ဖော်ပြပေး ပါမည်

    Freedom News Group သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန် ့ ၏ အင်းစိန်ထောင် သို ့ ပြောင်းရွှေ ့
    ခံရခြင်း နှင့် ပတ် သက်၍ ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
    သို ့ပါသော်လည်း Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
    သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ ဗီဒီယို ဖိုင် ကို University of Colorado
    (Film Department)ဉ် ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များElement များ ကို တစ်စက္ကန် ့၏ အပုံ
    တစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။မကြာခင်ဗိုလ်ချုပ် ခင်ညွှန် ့သရုပ်ဆောင် ခြင်း ရှိမရှိ နှင့်
    LIVE(In the mood of shoot)ဟုတ် မဟုတ် ကို အကြောင်းပြန်ပေးပါမည်။

    FNG အယ်ဒီတာ မှတ်ချက်

    မြန်မာ စစ်တပ် သည် ၎င်းတို ့ကို Sympathize ဖြစ်မဖြစ် ကို စနည်း နာတတ်( Quizzes ) လုပ်တတ်ပြီး
    ဗိုလ်ချုပ် ခင်ညွှန် ့သည် မြန်မာ့ တပ်မတော် သမိုင်း တစ်လျှောက် သရုပ်ဆောင် ကောင်းသူ တစ်ဦး
    ဖြစ်ပါသည်။
    တစ်ချိန်က ဗိုလ်ချုပ် ခင်ညွန် ့သည် Once Communist , Always Communist ဟု ပြောခဲ့ပြီး ကိုငြိမ်း
    ချမ်းငြိမ်းမှ လည်း Once Spy, Always Spy ဟု တုံ ့ပြန် ပါသည်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:17 am

    (ဧရာဝတီမြစ်ထဲမှာတော့ ဒီလိုမန်းထားတာတွေ ့တယ်)
    ဒီ video clip file က အတွင်းစည်းထဲက ပေါက်ထွက် လာသလိုလို ရှိတယ်။ ဒါပေမဲ့ ဒါဟာ တမင်တကာ ပေါက်ထွက်သလိုလို လုပ်ထား ဖန်တီးထားတာ လို့ ထင် တယ်။ အသံပျောက်နေတာက နည်းပညာချို့ယွင်းချက် ကြောင့်လား တမင်တကာ လုပ်ထားတာလား။ ဘိုခင်ညွန့်ကို ဘယ်ပြောင်းပြောင်း ဘာမှ အရေးမပါဘူး။ သူ့ကို ဘိုသန်းရွှေ က နိုင်ငံရေး အရ ရော ရာထူး အရရော သတ်ထားပြီးပြီ။ ဒါကို ဘိုခင်ညွန့် သိသလို ဘိုသန်းရွှေ လုပ်သမျှ ခံရ မဲ့ ဘဝကို ဒင်းတို့ မိသားစု တခုလုံး သိတယ်။ အရေးမကြီးတဲ့ ဒီ file ကို အခုလို အခြေအနေ မှာ လှို့ဝှက်ချက် တခု ပေါက်ထွက် လာ သလိုလို လုပ်ထားတာကို သံသယ ဖြစ်မိပါတယ်။ စစ်တပ်၊ပြည်သူ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တခုခု message ပေးချင်သလား ၊ သွေး တိုး စမ်းသလား ၊ ဘာသံတွေထွက်လာမလဲ ဆိုတာ တီးခေါက်ချင်တာလား။ ဒါမှ မဟုတ်ရင် ဘိုခင်ညွန့် ကိုချော့ပြီး ပြန်သုံးဘို့ လုပ်နေကြသလား။ ခင်ရီ ဟာ ခင်ညွန့်ကို အလေးပြုနေတုံးပဲ။ ဒါဟာ တွေးစရာ ကောင်းတယ် ။ ပြုံးချင်စရာ လဲကောင်းတယ်။ နအဖ ထိပ်သီးတွေ တခုခုတော့ ကြံ စည်နေတာ သေချာတယ်။ ရိုးရိုးသားသား ဖြစ်ရပ် လို့ မထင်ဘူး ။ ဒီနောက်မှာ မကောင်းတဲ့ ယုတ်ညံ့တဲ့ ကိစ္စ တခုခုတော့ ရှိမယ် လို့ ထင်တယ်။ ဒါက ဘဘကြီးရဲ.ထွင်လုံးတစ်ခုပါ ဒီသတင်းဆီကိုပြည်သူတွေအာရုံပြောင်းအောင်လုပ်တာသာဖြစ်ပါတယ် ဒီဗွီဒီယိုကိုတမင်ဖြန်.တာပါ အဲဒီ အချိန်မှာ သူတို.က တကယ်အရေးပါတဲ.တခြားကိစ္စတစ်ခုခု(ကျူးလွန်)လုပ်ကြလိမ်မယ်ထင်ပါတယ ခင်ရီ အလေးပြုတာကတော့ မထူးဆန်း ပါဘူး မိတ်ဆွေ ခင်ရီလို လူမျိုးက ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ဟောင်းတွေ ပါတဲ့ ချေးတောင် အလေးပြုမယ့်ပုံမျိုးပါ.. ဓာတ်ပုံတွေကလည်း ရိုက်နေတာ တစ်ဖျတ်ဖျတ်… သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဝူး..ဦးခင်ညွန် ့ဆုံးသွားပြီလို ့ စစ်တပ်အသိုင်းအဝိုင်းကပြောပါတယ်…6 လ 7 လ လောက်က တည်းကကြားရတာပါ…..အပြင်ကိုတော့ သတင်းမပေါက်တာလား…မသိအောင်လို ့ပဲ ဖုံးထားတာလားဆိုတာ စုံစမ်းကြည့်ပါဦးလား ဒီ အခွေ ကတော ့လူတွေအာရုံပြောင်းအောင်တမင် ဖြန် ့တာပါ။

  • char too lan

    November 27, 2010 at 9:36 am

    စဉ်းစားစရာပဲ ~~လိ်ု့ထင်ရပေမယ့် တောက်ဂရုမစ်ိုက်ပဲနေလိုက်တာပိုကောင်းမယ်ထင်တယ် 😉

  • Foreign Resident

    November 27, 2010 at 8:39 pm

    Freedom News Group
    သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန် ့ ၏ အင်းစိန်ထောင် သို ့ ပြောင်းရွှေ ့
    ခံရခြင်း နှင့် ပတ် သက်၍ ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
    သို ့ပါသော်လည်း Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
    သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ ဗီဒီယို ဖိုင် ကို University of Colorado
    (Film Department)ဉ် ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များElement များ ကို တစ်စက္ကန် ့၏ အပုံ
    တစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။စစ်ဆေးတွေ ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်
    ပါသည်။

    ဗိုလ်ချုပ် ခင်ညွန် ့ကို အမှန် တကယ် ပြောင်း ရွှေ လိုက် ခြင်းဖြစ်ပါသည်

    ၎င်း တို ့အိမ်မှ အထွက် နောက်ထပ် အမည်မသိ နေရာတစ် ခု သို ့ပြောင်းရွှေ ့လိုက်သည့်
    အခါ ပဝါကမ်း သည့် အမျိုး သမီး ငယ်များ ကို တွေ ့ရမည် ဖြစ်ပြီး ထို ့နောက် တွင်
    အကစ ဝန်ထမ်း တစ်ဦးက ဗိုလ်ချုပ် ခင်ညွန် ့၏ ကျောကို တွန်းပြီး ထိုင်ရမည့် နေရာ ကို ပြခြင်း
    သည် မည်သည့် လေးစား မှု မှ မရှိသည် ကို ဆိုလိုသည်။

    ဗိုလ်ချုပ် ခင်ညွှန် ့၏ အိမ် သို ့ဗိုလ်ချုပ် ခင်ရီ အလာ တွင် ပထမ ဦးစွာ စစ်သားများ က Barricade
    ကိုဖယ်ပြီး လုံခြုံရေး အသင့် ပြန်ယူထားသည် ကို တွေ ့ရမည် ဖြစ်သည်။ထို ့နောက်
    ၎င်း ၏ အိမ်တံ ခါး အား ခေါက်နေစဉ် ဖွင့်လှစ် ပေးရန် စောင့်ဆိုင်း ချိန်တွင် အကယ်၍
    ပြန်လည် ဖွင့်လှစ်ခြင်း မပြုလျှင် ၎င်းတို ့အနေဖြင့် အခြား တစ်နည်း သုံးရန် စီစဉ် နေခြင်း
    ( လူအမြောက် အမြား လာရောက် ခြင်း တို ့ကို ထောက်ရှု ၍ )

    (ဗိုလ်ချုပ် ခင်ညွန် ့၏ Mood အရ)
    ဒေါ်ခင်ဝင်းရွှေ ၏ Mood ကို ဖမ်း ၍ မရပါ ။
    မြန်မာ အမျိုးသမီး များသည် ဝမ်းသာလျှင် လည်း ငို ဝမ်းနည်းလျှင် လည်း ငိုတတ် ပါသည်။

    နောက် ဆုံး Conclusion မှာ ထိုအဖြစ် အပျက် ကို သင်ခန်းစာ ယူနိုင်
    ရန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က တင်ကြို စိတ်ကူးကာ ကြံစည် ခြင်း ဖြစ် နိုင်ပါသည်။
    (ဖိနပ်စင်၊ တီဗွီ၊ လှေကား ကွေ ့၊ပန်းချီကား )
    အိမ်ကြီး၊ အိမ်ကောင်း များ ၏ ထုံးစံ အရ လင်မယား နှစ်ယောက် တူညီ ထိုင်ခုံ နှင့် ဧည့်ခံစားပွဲ
    ဗိုလ်ချုပ် ခင်ညွန် ့၏ အိမ်မှ ဘုရား စင်မှ ယခု ဗီဒီယို မှ ဘုရားစင် ထက်ကြီး မည် ဖြစ် နိုင်ပါသည်။
    နေရာ သစ် မှ ဘုရားစင်ကို (ဘုန်းတန်း ခိုး မကြီး ပါဘဲ ) မည် သူမှ ကန်တော့ ဦးချ မလုပ်ပါ။
    တစ်ည အိပ် (သို ့) ရက် အတန် ကြမှ သာ လုပ်ပါသည်။

    စုစု ပေါင်း Cut ၁၆ ခုပါရှိ ပါသည် ။Footage Clip များ ကို တစ်ခန်းချင်း စီ အလိုက် မကြာခင်ရှင်းပြပါမည်။

    ရာထူးမှ ဖယ်ရှား ခံရ သည့် ဝန်ကြီးချုပ် ဟောင်း ကို နမူနာထားရန် နောင် စစ်ဗိုလ်ချုပ်များ ကို
    သတိပေး သည့် အနေဖြင့် ဖရိုပါ ဂန်ဒါ လုပ်ခြင်း ဖြစ် နိုင်သည် ဟု ယူဆရ ပါသည်။ Video အား
    လွန် ခဲ့ သည် တစ်လ အတွင်း ရိုက်ကူးထား သည်။

    ဗိုလ်ချုပ် ခင်ညွန် ့၏ အိမ်တွင် SONY အမျိုး အစား HDTV (LCD) လက်မ ၄ဝ (သို ့) လက်မ ၆၀
    ရှိပါသည်။ထို Device သည် လွန် ခဲ့သည့် ၂ နှစ်(နှင့်)၃ နှစ် အတွင်းကမှ SONY ကထုတ်ခဲ့ခြင်းဖြစ်သည်။
    မြန်မာ နိုင်ငံတွင် ထို စက် ကို လွန် ခဲ့သည့် တစ်နှစ် အတွင်းမည်သည့် အီလက်ထရောထနစ် ဆိုင်များဉ်မရောင်းသေး ပါ။
    ယခုနှစ် တောင်အာဖရိကကမာ္ဘ ့ဖလား ပွဲ အစတွင် တော့ SONY မှစတင်ရောင်းချပါသည်။

    Updated ဗီဒီယို တွင် လှုပ်ရှားသက်ဝင်(Active) မြင်ရသမျှ အရာအား လုံးမှာ ၎င်း ၏ နေအိမ်
    နေရာ အားလုံး ဟုယူဆရပြီး လှုပ်ရှား သက်ဝင်မှု မရှိ (De-active) အား လုံးမှာ အခြားနေရာတစ်ခု
    ဟု ယူဆရသည်။ ပြတင်းပေါက် မှန် များတွင် သံပန်း နှစ်ထပ် ကာရံထားခြင်း ကို ထောက် ရှု ၍ အင်းစိန်
    အကျဉ်းထောင် တွင်းသီးသန် ့နေရာ(သို ့မဟုတ် ) အခြား နေရာ တစ်ခု သို ့သွားရန် ခရီး တစ်ထောက်
    နားခြင်း ဖြစ်သည်။

  • thans for website

    November 28, 2010 at 2:38 am

    တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးစကားပြောရင်မောင်ခင်ညွှန့်မှရတာမဟုတ်။ ဆန်ဒရှိရင် စစ်အစိုးရလဲရတာပါပဲတိုင်းရင်းသားတွေကဘယ်သူ့ကိုဘယ်လိုယုံရမယ်ဆိုတာသိပါတယ် ငတုံးတွေမဟုတ်လို့တော်လှန်ရေးလုပ်လာတာလေ။မောင်ခင်ညွှန့်ဘယ်အဆင့်မှာဘယ်လိုနေနေရတယ်ဆိုတာမသိတဲ့ကောင်တွေမှမဟုတ်တာနော့။

  • နေ ဘုန်းလျံ

    November 29, 2010 at 1:34 am

    ဒါပေမဲ့ သူရဲ့ လူတွေလို့ ထင်မြင် ရသူတွေေြ့ပာနေတဲ့ ပရိုဘီဂန်နာ စကား တခု လိုထင်ရတာက အန်တီစု ကို ကာကွယ်တာကြောင့်ဆိုပြီး သနား အောင် ဇတ် ကွတ် ဆင် နေပါ၏..။ သေ သော် မှသည် အော် ကောင်း ၏ သေ တာ မြတ်တယ် အသက်ကြီး ပြီလေ ဦးမာ ယာရေ…ဦးမာယာကြောင့် နိုင်ငံရေး အကျဉ်းစံတွေ ရှိ ခဲ့ပါတယ် အလှည့်ကြ ရင် မနွဲစတမ်းလေဦးမာယာ ရေ………။

  • maungmoenyo

    November 29, 2010 at 4:38 am

    လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်ကအရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတခုမှာဗိုလ်ကြီးဘဝနဲ့တာဝန်ထမ်းစဉ်က ကိုယ့်ဇနီး(ဝန်ထမ်းဖြစ်နေသူ ဒေါက်တာခင်ဝင်းရွှေ) ဖြစ်သူနဲ့မနေရလို့စိတ်ဓါတ်တွေကျပြီးတပ်ကထွက်ဖို့အထိတောင်ဖြစ်ခဲ့တယ်လို့ကြားဘူးပါတယ်။ သူ့ရဲ့တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးကိုလေး (နောင် ၈၈ အာဏာမသိမ်းခင် ကုန်သွယ်ရေး ယာဉ်/စက် မှာဦးဆောင်ညွှန်ကြားရေးမှူး၊ နောင်နဝတတက်တော့တပည့်ဖြစ်ခဲ့သူ ဗိုလ်ခင်ညွန့်ကောင်းမှုကြောင့် ရန်ကုန်မြို့တော်ဝန်လို့ခေါ်တဲ့ကက်ဘိနက်အဆင့်ရာထူးရသွားသူ။) ဆီတင်ပြတော့နေအုံးဆိုပြီး၊ သူ့ဆရာဖြစ်တဲ့ ဗိုလ်မှူးချုပ်တင့်ဆွေ (ရတခ တိုင်းမှူး၊ နောင်ဗိုလ်နေဝင်းရဲ့ထောက်လှမ်းရေးအကြီးအကဲ) ဆီဆရာသုံးကြည့်ပါဆိုပြီးပြောင်းပေးလိုက်ပါတယ်။ အဲ့ဒီကနေထောက်လှမ်းရေးလောကထဲရောက်လာတာပါ။
    ဒါ့ကြောင့် သူ့အာဏာရှိစဉ်သက်တမ်းတလျှောက်အဲ့ဒီပုဂ္ဂိုလ်(၂)ယောက်ကိုလက်လှမ်းမှီသလောက်စောင့်ရှောက်ခဲ့ပုံရပါတယ်။ ကြားရသလောက် လဘ်စားတဲ့နေရာမှာဗိုလ်သန်းရွှေအပါအဝင်တိုင်းမှူးအတော်များများလိုသိပ်အသံထွက်ခဲ့ပုံမရပါဘူး။ တိုင်းမှူးအဆက်ဆက်ရဲ့လက်ရဲဇက်ရဲလဘ်စားမှုတွေကိုပြစ်တင်ရှုတ်ချတဲ့အဖြစ်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့လက်အောက်ခံထောက်လှမ်းရေးတပ်မှူးနဲ့အရာရှိများရဲ့နယ်အသီးသီးမှာလက်သံပြောင်မှုဒေသခံတွေနဲ့တပ်တွေအပေါ်တောင်ဩဇာလွှမ်းမိုးမှုကိုမနာလိုကြတဲ့စစ်ဗိုလ်ချုပ်တွေရှိခဲ့ပါတယ်။ ဗိုလ်နေဝင်းမိသားစုကိုထိမ်းသိမ်းစဉ်မှာထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများရဲ့အိမ်ဖုံးတွေအားလုံးကိုညတွင်းချင်းပြောင်းခဲ့ပေမဲ့၊ ဒေါက်တာခင်စန္ဒာင်း (ဗိုလ်နေဝင်းရဲ့သမီးကြီးဖြစ်ပြီး two and half လို့နံမယ်ကြီးတဲ့သူ) နဲ့အဆက်အသွယ်မပြတ်ခဲ့ဘူးလို့ကြားဘူးပါတယ်။ ဗိုလ်နေဝင်းမသေမှီရက်ပိုင်းကလည်း၊ လက်ရှိကျန်းမာရေးဒုဝန်ကြီးဖြစ်သူ ဒုဗိုလ်မှူးကြီးမြဦး ကိုအဲ့ဒီအိမ်တော်ကိုစေလွှတ်ပြီးသူ့ဆရာကိုကြည့်ရှုစေခဲ့ပါတယ်။ သူသွားလေ့ရှိတဲ့ဘာသာရေးပွဲအချို့ကိုလဲသူ့ဆရာဗိူလ်မှူးချုပ်ဟောင်းတင့်ဆွေကိုခေါ်သွားပြီး၊ နေရာပေးလေ့ရှိကြောင်းတွေ့ရပါတယ်။
    အမျိုးသားကျန်းမာရေးကော်မီတီဥက္ကဌ၊ မြန်မာနိုင်ငံပညာရေးကော်မီတီဥက္ကဌစတဲ့တာဝန်တွေယူစဉ်မှာ၊ အပေါ်ယံအမြင်ကောင်းတဲ့ဝေါဟာရအခေါ်အဝေါ်တွေသာရှိပြီး အရည်အသွေးလုံးဝမရှိတဲ့စနစ်ကိုကြီးကြပ်လမ်းညွှန်မှုတွေလုပ်ခဲ့လို့မြန်မာနိုင်ငံရဲ့ကျန်းမာရေးနဲ့ပညာရေးဟာမကြုံးစဖူးရစရာမရှိအောင်ပျက်စီးသွားခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့အနာဂါတ်ပညာရေးနဲ့ကျန်းမာရေးလောကပျက်ရခြင်းရဲ့တရားခံနံပါတ်(၂) တရားခံစာရင်းဝင်သွားပါတယ်။ (ဗိုလ်နေဝင်းကတော့ပြိုင်ဘက်မရှိ ပဌမနဲ့ဗိုလ်စွဲပါတယ်…မနာလိုမဖြစ်ကြပါနဲ့)။
    ဗိုလ်နေဝင်းအပေါ်သံယောဇာဉ်ရှိသူဖြစ်လို့၊ ဗိုလ်သန်းရွှေကအတွင်းလူအဖြစ်ဘယ်တုံးကမှမသတ်မှတ်ယုံမက၊ နဝတကနေနအဖအသွေင်ပြောင်းရာမှာသူ့ကို ဒုတိယရာထူးမပေးဘဲ ဗိုလ်ချုပ်မောင်အေး ကိုပေးခဲ့လို့မကျေမနပ်ဖြစ်ခဲ့ပုံရပါတယ်။
    ခုတော့သူ့အလှည့်ပေါ..။
    နိုင်ငံရေးကျားကွက်တွေပါ….။

  • maungmoenyo

    November 29, 2010 at 4:48 am

    ထိမ်းသိမ်းတဲ့နေရာရွှေ့ပြောင်းတဲ့ကိစ္စ..
    ဖြစ်နိုင်တဲ့အဖြေ(၂)ခုဘဲတွေ့ပါတယ်။
    (၁) လာမဲ့ရက်(၉၀)အတွင်မှာပြုလုပ်မဲ့အစိုးရအဖွဲံနဲ့ဒေသအလိုက်အုပ်ချုပ်ရေးအဖွဲ့တွေဖွဲစည်းရေးမှာမလိုလားအပ်တဲ့ပြသနာတွေကိုကြိုတင်တားဆီးလိုတဲ့အကြောင်းကြောင့်လို့ထင်ပါတယ်။ ဒါစစိအစိုးရအဆက်ဆက်ကလုပ်လေ့ရှိတဲ့ကိစ္စပါ။ လူထုထဲမှာလူကြိုက်မရှိခဲ့ပေမဲ့၊လူထုနဲ့နိုင်ငံတကာကသူကို flexible ဖြစ်တဲ့စစ်ခေါင်းဆောင်လို့ယူဆထားပါတယ်။ OTS ကဆင်းတဲ့သူတွေနဲ့ပလဲနံပသင့်တဲ့သူတဦးလဲဖြစ်ပါတယ်။

    • kai

      November 29, 2010 at 11:40 pm

      “Operation Hummingbird” သဘော မဖြစ်နိုင်ဘူးလား..။
      သူ့မှာ အင်မတန်ခိုင်ပြီး သစ္စာရှိတဲ့ နက်ဝပ်ရှိခဲ့ဖူးတယ်။ ရှိနေဆဲပဲ..။ အခုက ..တကျော့ပြန် “Night of the Long Knives”လို့တွေးလို့လည်းရတာပဲ..။

  • maungmoenyo

    November 29, 2010 at 5:05 am

    (၂) ဗိုလ်သန်းရွှေရဲ့တပ်မတော်လုံခြုံရေးအရာရှိ (ထောက်လှမ်းရေးတဖြစ်လဲ) တွေကနယ်စပ်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုယ့်ဘက်ပါရေးကိစ္စဆောင်ရွက်ရာမှာအရှုံးကြီးရှုံးယုံမက၊ ကိုယ့်ဘက်ရှိပြီးသားတွေတောင်တဖြုတ်ဖြုတ်နဲ့လက်နက်ကိုင်ပြီးပြန်ပုန်ကန်နေကြပါပြီ။ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာအသစ်ဖွဲ့လိုက်တဲ့ “ပြည်သူစစ်နဲ့နယ်ခြားတပ်များဆိုင်ရာညွှန်ကြားရေးမှူးရုံး”ဟာ ဟန်သာရှိပြီးအဆံမရှိတဲ့ရီစရာဌာနကြီးတခုဖြစ်သွားပါတယ်။ အပွဲပွဲနွှဲခဲ့ပြီးလူထုအပေါ်နိုင်ချင်တိုင်းနိုင်နေတဲ့ဗိုလ်သန်းရွှေဦးဆောင်တဲ့ရာနဲ့ချီတဲ့ဗိုလ်ချုပ်များ၊ ဒကစမှူးများ၊ စကခမှူးများစွာတို့ (ရာနဲ့ချီရာထူးတွေ) ဟာလက်တဆုပ်စာရှိတဲ့တိုင်းရင်းသားတွေကိုဘယ်လိုမှချော့မရချောက်မရဖြစ်နေပါတယ်။ ဒါတွေအတွက်ဗိုလ်သန်းရွှေကြံရာမရဖြစ်နေတာကတော့ထင်ရှားပါတယ်။ ဒါတွေအတွက်လိုအပ်တဲ့ဆေးနည်းတိုကိုဗိုလ်ခင်ညါန့်ဆီကရလိုရငြားရှာလိုပုံပါတယ်။

  • maungmoenyo

    November 30, 2010 at 2:51 am

    မြန်မာနိုင်ငံရဲ့ဝန်ထမ်းလောကမှာဘဲဖြစ်ဖြစ်၊ နိုင်ငံရေးလောကမှာဘဲဖြစ်ဖြစ်အပြင်ရောက်ပြီးရင်၊ (ဘယ်နည်းနဲ့ဘဲရောက်ရောက်) ဘာကြီးဖြစ်ဖြစ်ခဲ့ခဲ့၊ အာဏာအားလုံးဆုံးရှုံးသွားလေ့ရှိပါတယ်။ ငယ်တုံး၊အလုပ်လုပ်ကောင်းတုံးအချိန်ပြုတ်ရင်၊ ပိုပြီးဘဝပျက်ပါတယ်။ ဗိုလ်ခင်ညွန့်ဟာတချိန်ကဘုန်းမီးနေလတောက်ခဲ့ပေမဲ့၊ တိုက်ခိုက်ရေးဘက်ကမဟုတ်ဘူးဆိုတာသတိထားမိကြဘို့လိုပါတယ်။ တပ်ထဲကအရာရှိပိုင်းမှာဒီနေ့အထိရှိတဲ့အားပြိုင်မှုက OTS နဲ့ DSA ဆင်းတွေပါဘဲ။ ရန်စောင်ကြတာတွေရှိပါတယ်။ ဗိုလ်ခင်ညွန့်ကိုအလွမ်းသင့်တဲ့လက်အောက်ခံတပ်မှူးတွေရှိခဲ့ပေမဲ့၊တယောက်မှစစ်ရေးအာဏာမရှိခဲ့ပါဘူး။ ကိုခိုင်ပြောတဲ့ Operation Humming-bird ကဗျူဟာအခင်းအကျင်းအရမှန်ပေမဲ့၊ မြန်မာပြည်မှာရှိတဲ့စစ်တပ်ဖွဲ့စည်းပုံနဲ့သိသိသာသာကြီးခြားနားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့အောက်မှာရှိတဲံ “ဦး””ရေး”နဲ့”ထောက်”လို့ခေါ်တဲ့ရာထူးတွေမှာ၊ စစ်ဦးစီးကိုတာဝန်ယူရသူတွေကအာဏာအရှိဆုံးလို့ခေါ်နိုင်ပါတယ်။အဲ့ဒီဦစီးးမှာတာဝန်ထမ်းရသူတွေကလဲသူ့လူသူမွေးယူကြပါတယ်။ တခြားလူအရောမခံပါဘူး။ ဆိုလိုတာကအောက်ခြေကစပြီးတက်လာကြလေ့ရှိပါတယ်၊ စစ်ရေး နဲ့စစ်ထောက်တွေကတော့ ကကချုပ်ကိုအထောက်အကူပြုရတဲ့လက်ရုံးတပ်တွေပါ။ ဗိုလ်ချုပ်တဦးကပြောဘူးတဲ့ “အရေးသာပါပြီးအရာမရောက်”တဲ့တာဝန်တွေပါ။ သူတို့ကလဲသူတို့လူတွေအသီးသီးမွေးယူကြပါတယ်။ မြန်မာစစ်တပ်ဟာလူမွေးရာမှာကမ္ဘာမှာရှေ့ဆုံးကပြေးတဲ့စစ်အဖွဲ့အစည်းလို့တောင်ဆိုနိုင်ပါတယ်။ တပည့်မွေးဆရာမွေးအလွန်ပြင်းထန်ပါတယ်။ အချင်းချင်းအားပြိုင်မှုတွေရှိပေမဲ့ထိပ်ဆုံးကငတိလုပ်တဲ့သူကကြိုးကိုင်နိုင်ရင်ကိုင်နိုင်သလို၊ အာဏာသက်ဇိုးရှည်ပါတယ်။
    ဗိုလ်သန်းရွှေကိုကြည့်ပါ။ ဗိုလ်နေဝင်းဆီကအာဏာတည်မြဲရေးကျင့်စဉ်ကိုအမွေဆက်ခံပါတယ်။ ဒါပေမဲ့သူကနှာတဖျားသာတာက၊ စစ်ဗိုလ်ချုပ်တဦးကိုရာထူးတာဝန်တခုခုမှာအလွန်ဆုံးထားရင်(၂)နှစ်ပါဘဲ။ သူ့ကိုဘယ်လောက်အလေးထားထား၊ အလွန်ဆုံး(၂)နှစ်ဘဲထားပါတယ်။ တိုင်းမှူးတွေကိုမင်းတို့အဲ့ဒီသက်တမ်းအတွင်းမှာကိုယ့်နယ်ကိုယ်နိုင်အောင်ထိမ်း၊ ကျန်တာကြိုက်တာလုပ်၊ ဆိုပြီးကြိုးရှည်နဲ့လှန်ထားပြီး (၂)နှစ်လောက်နေတာနဲ့အရပ်ဘက်ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ်ကကကြည်းအောက်ဆွဲသွင်းလိုက်တာပါဘဲ။
    ဗိုလ်ချင်ညွန့်ကိုလဲ ဗိုလ်ချုပ်ကြီးရာထူးပေးပြီးတပ်နဲ့ဝေးနိုင်သမျှဝေးအောင်ထားတယ်။ ပြီးတော့သူစိတ်ကြိုက်လုပ်ပေးမဲ့ဗိုလ်ချုပ်ကျော်ဝင်း (ဒုတိယထောက်လှမ်းရေးချုပ်) ကိုတာဝန်လွဲယူစေတယ်။ ဒါတွေကြိုမြင်တဲ့ဗိုလ်ခင်ညွန့်ကလဲ၊ အဖြစ်မခံဘူး။ အနဲဆုံးအပါတ်စဉ် ထောက်လှမ်းရေး briefing လုပ်ပြီးဒေသအသီးသီးကထောက်လွမ်းရေးတပ်မှူးတွေနဲ့တိုင်းတပ်မမှူးတွေရဲ့ပေါကရမဟုတ်မဟတ်လုပ်တဲ့ကိစ္စတွေသတင်းစုဆောင်းတယ်။
    နောက်ဆုံးတော့သူ့လက်အောက်ကရှမ်းပြည်ဘက်ကတပ်မှူးတယောက်ရဲ့လက်လွန်ချေလွန်လဘ်စားတဲ့ကိစ္စကိုလက်ညှိုးထိုးပြီးဖြုတ်လိုက်တာပါဘဲ။
    ဆိူလိုတာကပြုတ်ပြီးတဲ့သူတိုင်းရဲ့အခန်းကဏ္ဍဟာမြန်မာနိုင်ငံမှာအလွန်ကျဉ်းမြောင်းပါတယ်။

  • bigcat

    November 30, 2010 at 6:06 am

    လုံခြုံရေးအရာရှိဟောင်း တဦးကပြောဘူးတယ်။ အရေးအခင်းမတိုင်ခင်အထိ ဗိုလ်ခင်ညွန့်ကို ဝန်ကြီးများရုံးမှာရှိတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို သရီးတူးသရီးကားလေးနဲ့ ခဏခဏလား သတင်းပို့ရတယ်တဲ့။ တခါတလေလည်း သူတွေ့ရမဲ့လူကြီးကမအားရင် ရုံးခန်းအပြင်ခုံတန်းလေးမှာ ထိုင်စောင့်ရတယ်တဲ့။ အဲဒီတုန်းကတော့ ပြုံးပြုံးလေးပဲတဲ့။ အရှင်မွေးတော့လည်း နေ့ချင်းကြီးသွား တာပေါ့နော်။ ဆရာဦးမိုးညိုရေးတဲ့ အတွင်းသတင်းလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ သီးခြားပို့စ် ဖြစ်ဖြစ်တင်ပါအုံး။

  • နေ ဘုန်းလျံ

    December 3, 2010 at 5:46 pm

    ဦးမိုးညို တော်တယ် ဗျာ … ဖတ်ရ တာ အခုမှ ရှင်းသွားတယ်

  • bigcat

    December 4, 2010 at 2:30 am

    ဗိုလ်ခင်ညွန့် ဒီနေ့လွတ်ပြီလို့ပြောတယ်။ သူ့ကိုပြောင်းချုပ်တယ်ဆိုတဲ့ အသံပါတဲ့ ဗီဒီယိုအခွေဆိုတာကို အောက်ပါဆိုက်မှာ တွေ့ရတယ်။ ဟုတ်မဟုတ်ကိုတော့ ဒီရက်ပိုင်းတွေမှာ သိရမှာပါ။

    http://www.jargyi.blogspot.com/

    House Arrests Ex-Spy Chief Release But Probation Era
    Updated စနေနေ ့နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
    ပဲ အကန် ့အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
    ့ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာ
    လ ၁၈ ရက်နေ ့က မန္တလေး မြို ့မှ အပြန်
    ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
    နောက် အမိန် ့မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
    လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
    ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန် ့အား
    ဒီဇင်ဘာလ ၃ရက်နေ ့သောကြာနေ ့ည ၁၂ နာရီ
    ခန် ့တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
    လိုက်သည် ဟု သတင်းရရှိသည်။
    ဗိုလ်ချုပ် ခင်ညွန် ့အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
    သက်၍ ဗိုလ်ချုပ်ခင်ညွှန် ့၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
    တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
    နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ ့ ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန် ့ကို
    လည်း ခြံထဲ မှာတွေ ့တယ်။ပြီးတော့ သူ ခြံတံခါးရှေ ့က လုံခြုံရေး အစောင့် တွေ က သံဆူးကြိူးတွေ
    ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ ့လို နေအိမ
    အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို ့ပြောသည်။

    ဗိုလ်ချုပ်ကြီး ခင်ညွန် ့သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်း
    ငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
    အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။

    FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း ထိုသတင်းနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းသမျှ ကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

  • winkyawaung

    December 4, 2010 at 3:21 am

    ဒီလူတွေ ဂျာကင် ကို ပေါင်သုံးရတဲ့အဆင့် အထိတော့ မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်..။

Leave a Reply