အားနာတတ်တဲ့ ရုက္ခစိုး………….

zinmyotunNovember 25, 20101min654

တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။

ဘယ်လောက်ထိ အားနာတတ်သလဲဆိုုတော့ . . . . . . . .

အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ ့တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။

တစ်ရက်နှစ်ရက်မဟုတ် လနဲ ့ချီပြီး နေ ့တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။

ဒါနဲ ့ ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊

နင်ငါ့ကို နေ ့တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို ့ မေးတယ်။

ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။

သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ ့ အဖေနဲ ့ကတိထားကြပါတယ်။

ဒါပေမယ့် အဖေရော သူ ့ သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို ့ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။

ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို ့ ပြောပြပါတယ်။

ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို ့မတတ်နိုင်ဘူး။

တခြားဆုတောင်းချေ လို ့ ပြောရှာတယ်။

ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး

အင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။

………………

ဒါပေမယ့် နင်ကတိတည်ရမယ်

ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်

ကောင်းပြီ။

နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။

ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .

ဒီလိုနဲ ့ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။

ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ ့တန်ခိုးနဲ ့ကောင်လေးဖြစ်သွားတာကြောင့် သူ့
အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ ့နေထိုင်ခဲ့ပါတယ်။

ရုက္ခစိုးမကြီးကလည်းသူ ့ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။

တစ်နေ ့မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို တခြားကရုက္ခစိုးတစ်ပါး Transfer နဲ ့ ပြောင်း လာပါတယ်။

ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ ့ညောင်ပင်ရဲ ့ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ ့သွားပါလေရော။

တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီး ကြောင် တော့တာပဲ။

ရုက္ခစိုးမကြီးရဲ ့ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊

အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ ့ ချုပ် ရတာအမော။

ရုက္ခစိုးမကြီးကလည်း သူ ့အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ ့တိုင်းနေ ့တိုင်း နားပူနားဆာလုပ်နေတာကြာတော့

ရုက္ခစိုးမကြီးကအားနာနာနဲ ့ပဲ . . . . . . . ။

ဒီလိုနဲ ့

တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။

ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့ဩသွားပါတယ်။

မယုံနိုင်စရာပါပဲ။

ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။

ဗိုက်ကလေးကပူလို ့ . . .။

ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်း တစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်

ဒီပုံစံကြီးနဲ ့တော့ပြန်မလဲနိုင်ပါဘူး လို ့ပြောပြောဆိုဆိုနဲ ့ ပြန်ပြေးသွားပါလေရော။

အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ ့ . . . . .

4 comments

  • unclegyi1974

    November 25, 2010 at 4:22 pm

    အားနာရင်ခါးပါမယ်ဆိုတဲ့စကားပုံဒီကစဖြစ်တာ
    ပါကွယ်

  • cherrywine

    November 26, 2010 at 5:45 am

    ရှာရှာဖွေဖွေရေးတက်ပါပေ့ကွယ် 🙂

  • MaMa

    November 26, 2010 at 8:41 am

    ဗဟုသုတ တိုးပွားရပါပေတယ်။

  • naywoonni

    November 26, 2010 at 1:55 pm

    အဲဒါလူမှားပေါင်းမိတယ်လို့ခေါ်ဒယ်

Leave a Reply