ကမာ္ဘကြီးပျက်တော့မယ်ဗျို့ Doomsday

Doomsday 2012

ကမာ္ဘပြျက်တဲ့နေ့

၂၀၁၂ခုနှစ်မှာ ကမာ္ဘကြီး ပျက်တော့မယ်ဗျို့။ မပြောမရှိ မတီးမမြည်ဆိုသလို ရွာသူရွာသားများ အားလုံးအတွက် စိတ်ပူလို့ ကျနော်တယောက်ထဲ လျှိုမထားဘဲ လွတ်မြောက်ဖို့ သိထားတာတွေကို ဘာသာပြန် ဝေငှလိုက်ပါတယ်။ မှီငြမ်းကိုးကားတဲ့ ဆိုက်ကတော့ http://www.just2012.com/2012-doomsday-escape-plans-for-poor-people/ ဘာသာပြန် အပြည့်အစုံကတော့ အောက်မှာပါ။
“ဆင်းရဲသူတွေ အတွက်ကတော့ ကမာ္ဘပျက်မဲ့နေ့ကနေ လွတ်ဖို့ အခွင့်အလမ်း ပိုကောင်းပါတယ်”

သဘာဝဘေး အန္တရယ်ကပ်ဆိုးကြီးတွေ၊ သေမင်းတမန် ငလျင်ဘေးဒဏ်တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် မြို့ကြီးပြကြီးတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ ရောကြီးတာလဲ အပါဝင်ပေါ့နော်။ ကျေးလက်တောရွာဒေသတွေမှာ နေလေ့ရှိသူတွေကတော့ ဘယ်လို လွတ်အောင်ပြေးရမယ်ဆိုတာ နဲ့ ကံကြမ္မာဆိုးကနေ လွတ်မြောက်နိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေကို သိကြပါတယ်။ ဆင်းရဲရတာရဲ့ အားသာချက်တခုပါပဲ။ ချမ်းသာသူနဲ့ အောင်မြင်ကျော်ကြားသူတွေဟာ ကမာ္ဘကြီးပျက်ဆီးမဲ့နေ့ ရောက်ရင် ပိုပင်ပန်းဆင်းရဲ ပါလိမ့်မယ်။
အကယ်၍ ကမာ္ဘပျက်ခဲ့ရင် သို့မဟုတ် သဘာဝ ကပ်ဆိုးတခုခုများ ကျရောက်ခဲ့မယ်ဆိုရင် ဆောင်ထားကြဖို့ ပစ္စည်းစာရင်းတခုကို ဖေါ်ပြလိုက်ပါတယ်။
၁. အလွယ်တကူရနိုင်တဲ့ သစ်သား၊ အဝတ်အထည်များနဲ့ လှေကောင်းကောင်းတွေကို သင့်ရဲ့နေရာ အနီးမှာ ဆောက်လုပ်ပါ။ လှေတွေဆောက်တဲ့အခါ အနီးအနား လူများလည်း ပါနိုင်ပါတယ်။
၂. ဖယောင်းတိုင် အများအပြားကို ဝယ်ယူထားရှိပါ။ လျှပ်စစ်မီး ဘယ်အချိန်ပျက်သွားမလဲဆိုတာ မသိနိုင်လို့ ဖယောင်းတိုင်ဟာ သင့်အိမ်မှာ အမြဲရှိရပါမယ်။ ဒီဖယောင်းတိုင်တွေဟာ အရမ်းမှောမဲပြီး အေးခဲနေတဲ့ ညတွေအတွက် အသက်ကယ်ပေးမဲ့ နည်းလမ်းတခု ဖြစ်လာပါလိမ့်မယ်။
၃. ဖယောင်းတိုင် သို့မဟုတ် မီးတိုင်လုပ်လို့နိုင်တဲ့ အပင်တွေနဲ့ ငါးမျိုးစိတ်တွေကို လေ့လာထားပါ။
၄. အဝတ်အထည်အဖြစ် ဖန်တီးလို့ရမဲ့ အရာတွေနဲ့ အပင်တွေကို အသုံးချဖို့ လေ့လာပါ။
၅. သင်ဘယ်ကို ဦးတည်သွားနေသလဲ ဆိုတာသိဖို့ ဒေသမြေပုံကိုဆောင်ထားပါ။
၆. မြေပုံနဲ့တွဲသုံးဖို့ သံလိုက်အိမ်မြှောင် ဆောင်ထားဖို့လည်း စဉ်းစားနိုင်ပါတယ်။
၇. သဘာဝဘေး အန္တရာယ်ကြောင့် ပြင်ပကမာ္ဘနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ရင် ဆက်လက် လှုပ်ရှားနိုင်ဖို့ ရေဒီယိုလှိုင်းထုတ်လွှင့်မှုအတွက် မိမိရပ်ကွက်ပတ်ဝန်းကျင်နဲ့ ကြိုးစားဆောင်ရွက်ပါ။
၈. နေရောင်ခြည်စွမ်းအင်သုံး ကိရိယာတွေကိ လေ့လာထားပါ။ နေရောင်ခြည်စွမ်းအင်နဲက နှစ်ပေါင်းများစွာ အားသွင်းလို့ရတဲ့ ဘက်ထရီဓာတ်ခဲ များစွာရှိပါတယ်။
၉. သီးနှံပင်အဖြစ် စိုက်ပျိုးဖို့ စားလို့ဖြစ်နိုင်တဲ့ အပင်မျိုးစေ့ တချို့ကို သိုလှောင်ပါ။
ကမာ္ဘကြီး ပျက်တော့မယ်ဆိုရင် သတိပြုရမှာက သင်ဟာနှစ်ပေါင်းများစွာ အသက်ရှင်ရန် ပြင်ဆင်ထားဖို့ လိုအပ်တယ် ဆိုတာပါ။ တခြား အီလက်ထရွှန်နစ် မီးတိုင်များနဲ့ အခြားပစ္စည်းမျာ ကိုလည်း အထက်မှာပြောထားတဲ့ စာရင်းမှာ ထပ်ပေါင်းထည့်နိုင်ပါတယ်။ (ဈေးချလို့ကတော့ ဆင်တောင်မချန်နဲ့ လိုရမယ်ရ အကုန်သာ ဝယ်ထားကြပါ)
အရေးအကြီးဆုံးကတော့ သင်ပြုလုပ်ထားတဲ့ လှေတွေနဲ့ ဘေးလွတ်ရာကို အလွယ်တကူ ရောက်နိုင်ဖို့ အစီအမံ ရှိထားဖို့ပါပဲ။

2012 Doomsday Escape Plans for Poor People
Accepting that you are poor, may brighten the chances of escaping doomsday.
If you take a look at the statistics about the casualties when deadly earthquakes or big events take place in the cities. It includes the floods as well. The people who are accustomed to living in rural areas know the tricks to escape and beat the destiny in its own game. Your status of being poor is an advantage. The rich and famous people will suffer more if doomsday occurs.
Here is a list of items which you must keep ready with you just in case doomsday or anything as natural calamity strikes you.
1. Build good boats with generally available wood and material near your place. You may include the people of your community to build few of them.
2. Buy Lots of candles and keep them with you. The wax candles must be in your home always. As you do not know when the electricity grid fails. Just in case of extreme cold and dark nights, these candles will become a way to save lives.
3. Study the plants and fish species which can be used for making the candles or can burn as candle.
4. Learn to use plants and create something to wear as clothes.
5. Keep the area map with you so that you know where you are heading.
6. To augment map, you can think of keeping compass as well.
7. Try to work with community to setup radio service which can keep on working just in case the natural calamities have cut off the contact with other world outside.
8. Learn to use Solar Powered equipments. There are many batteries which can be charged with Solar power can last of many years.
9. Store some seeds of the normal edible plants which can be used for growing the crops.
You need to remember that if doomsday occurs, you need to plan for many years to survive. You may add more items to above list such as electric torches and other items.
And most important, keep a plan ready to move to the places which are safer and reachable easily with the help of the boats which you assembled.

19 comments

  • intro

    November 25, 2010 at 12:27 pm

    ကိုကြောင်ကြီးရေ… သိတ်မခြောက်နဲ့ဗျ…

  • weiwei

    November 25, 2010 at 2:49 pm

    မိုးပြိုမှာကိုတွေးကြောက်ပြီး ခြေထောက်ထောင်ပြီးအိပ်တဲ့ တစ်တီတူးလို ဖြစ်နေပြီ …

  • unclegyi1974

    November 25, 2010 at 4:08 pm

    ကိုကြောင်ကြီးရေးထားတာသမန်ကျမ်းစာကလှေကြီးကို
    အခြေခံတယ်နဲ့တူတယ်
    တကယ်ဖြစ်လာရင်ဘုရားတရုံမှတပါး
    ဘာမှမကယ်နိုင်လို့ထင်ပါကြောင်း

  • ဆူး

    November 26, 2010 at 2:46 am

    ၂၀၁၂ မရောက်ခင် အခုတည်းက ဂူပိတ် တရားကျင့်.. အဲ.. တခါးပိတ်အိပ်တာ မှ မသေခင် အိပ်ရေးဝဝ အိပ်ရအုန်းမယ်။

  • m

    November 26, 2010 at 2:46 am

    အင်းးးးးးးးး –
    ဒီလိုဆိုယင်တော့ –
    မိန်းမတစ်ယောက်လောက် ယူထားဦးမှပဲ – (ငှဲငှဲ)

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2010 at 3:10 am

    ဒီတွက်တော့ ဘာမှမပူကြပါနဲ ့ခင်ဗျား
    ဘာဝန်ထုပ်ဝန်ပိုးမှ မဖြစ်ဘဲ ကောင်းကောင်းဝန်ဆောင်မှု ့ပေးမယ့်
    အစောင်လက်ဖွဲ ့ကို ကျွန်ုပ်မိုက်ကယ်ဂျော်နီအောင်ပုမှ တီထွင်ဖော်ထုပ်လိုက်ပါပြီ
    အဲ့တာကတော့
    ပွတ်လိုက်ရင်ပြောင် ဆောင်ထားရင်လေး ရေစိမ်သောက်ရင် ရှုရှုပေါက်ပြီး လွှင့်ပြစ်ရင် အဝေးကိုရောက်စေတဲ့
    ဓာတ်လုံး ဓာတ်လုံး
    စူပါဓာတ်လုံးပါခင်ဗျ
    မိတ်အင်ဘားမား မိုက်ကယ်ဂျော်နီအောင်ပု အင်တာပရိုက်ကနေ မှုတ်ဆေးဘူးပေါင်းစုံတွင်းမှ
    အမှန်အကန်ကောက်ယူစုစောင်း စီမံထားတာဖြစ်ပြီး အရေတွက် အကန် ့သတ်ရှိပါသဖြင့်
    တစ်လုံး အစိမ်းသုံးရွက် ခုနစ်လုံး အရွက်နှစ်ဆယ်
    အရေတွက်အလိုက် အနည်းငယ် ဒစ်စကောင့်ချပေးမည်ဖြစ်ပါ၍
    ကြိုတင်ငွေလွှဲ၍ ဝယ်ယူကြပါကုန်။
    (ဂေဇက်ရွာသူ/သား(လိင်တူချစ်သူ)များ ဖြစ်ပါက ရွာသူကြီးထောက်ခံစာပါလျှင် တစ်လုံး ဆယ့်လေးဒေါ်လာနှင့် ခြောက်ဆင့် သီးသန် ့လျှော့ပေါ့ပေးပါမည်)

  • white

    November 26, 2010 at 5:11 am

    ဓာတ်လုံးက လေးခွထဲ ထည့်ပစ်နိုင်သည့် အမျိုးအစားဖြစ်လျှင် လိုချင်ပါသည်။ 2012 မရောက်ခင် အသုံးဝင်မည်ဟု မျှော်လင့်ပါသည်။ တစ်လုံး အစိမ်းသုံးရွက် တန်ဖိုးအတွက် အစိမ်းရောင် အရွက်များများရအောင် လိုက်လံစုဆောင်းနေပါသည်။
    ကြာရွက်၊ ပိန်းရွက်၊ ငှက်ပျောရွက် အစရှိသည့် အစိမ်းရွက်များဖြင့် မကြာမီလာဝယ်ပါမည်ဟု ကိုအောင်ပုကို သတင်းကောင်း ပါးလိုက်ပါကြောင်း။

  • သီဟ

    November 26, 2010 at 5:16 am

    ကိုအောင်ပုကလိင်တူုချစ်သူတွေအတွက်ကောစဉ်းစားပေးတယ်ဆိုတော့
    မဟုတ်မှလွဲရော…ကိုအောင်ပုကော…………….အင်း….အင်း………………………..

  • etone

    November 26, 2010 at 10:05 am

    ၂၀၁၂ မဟုတ်လား လိုပါသေးတယ် အေးဆေးပေါ့ ။

  • လင်းဝေကျော်

    November 26, 2010 at 11:24 am

    အင်းလေ ၂၀၁၂ က လိုသေးတယ်။
    ဟိုတစ်ခုက ၂၀၁ဝ ဒီဇင်ဘာ ၄ရက်နေ့တောင် သေရတော့မယ်ဆိုပဲ။

    ၂၀၁၂လောက်ဆိုရင်တော့ အေးဆေးပေါ့။
    လူတွေ အားလုံးပျော်ကဲရွှင်ပွဲတောင် မတိုင်ခင် ၂လလောက်အလိုမှာ ပွဲသွင်းပေးလိုက်ဦးမယ်။ ကဲကြစမ်း။ ပြီးရင်သေကြရမှာပဲ။
    အမျိုးအစားစုံအောင် ပျော်ကဲရွှင်ပွဲသွင်းပေးလိုက်မယ်။
    ဝတ်လစ်စလစ်ပွဲ၊ သေသောက်ကြူးပွဲ၊ ဆေးမူးယစ်မှိန်းပွဲ….။

  • ဆူး

    November 26, 2010 at 11:36 am

    သေမယ် ဆို သေလိုက်ယုံဘဲ.. ဘာမှ နောက်ဆံ မတင်းဘူး.. မွေးတုန်းကလည်း တယောက်တည်း သေတော့လည်း အဖော်တောင် ပါသေးတယ်။
    ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။ မိုးကုတ် ဆရာတော် ဘုရားကြီးက အဲဒီ စာချိုး ပါးစပ်ထဲ အလွတ်ရစေချင်လို့ ရွတ်ခိုင်းတာ မဟုတ်ဘူး.. သေခြင်းတရားကို အချိန်မရွေး နှလုံးသွင်းနိုင်အောင် သတိမလွတ်အောင် နေခိုင်းတာ။

  • Ai

    November 27, 2010 at 6:42 am

    အဲ့လိုဆိုရင် ကမာ္ဘကြီး ငြိမ်းချမ်းတော့မှာပေါ့ ..သူလည်းပင်ပန်းနေပြီလေ..ပေးနားလိုက်ကြပါတော့ ….အာသမ်နဲ့အေဝ ပြန်ပေါ်လာမလားမသိဘူးနော်။စာရင်းပေးထားကြနော်….

  • char too lan

    November 27, 2010 at 6:50 am

    Knowing ဇာက်ကားထဲကလို နောက်ထပ်ကမ္ဘာသစ်မြန်းရှိနေမလား မသိဘူးနော် 🙂

  • cherrywine

    November 27, 2010 at 9:33 am

    ကမ္ဘာပျက်တယ်ဆိုတာ .. ဘယ်လိုမျိုးလဲ ။ ရုပ်ရှင်တွေထဲကလို ဖြစ်မှာလား?

  • khinmintatthu

    November 28, 2010 at 4:33 am

    စာရေးသူပြောသလိုသာ တကယ်ဖြစ်မယ်ဆိုရင် အခုမှ ၂၀၁ဝ ပဲရှိသေးတာ ၂၀၁၂ ရောက်ဖို့က လိုပါသေးတယ်… ပြင်ဆင်ချိန်တော့ရှိတာပေါ့… တကယ် ဖြစ်မဖြစ်ဆိုတာက ကံပေါ့နော်… လူသားတွေအတွက်ကတော့ မဖြစ်ဖို့ဘဲ ဆုတောင်းရတော့မှာပေါ့….

  • windtalker

    September 21, 2011 at 8:05 pm

    ကိုကြောင်ကြီး ရဲ ့ အာဘော (အဲလေ မွားလို ့) အာဘော်အရ
    ပစ္စည်းများ ဝယ်ယူချင်သူများ ကို
    ကျွန်ုပ် မစ်စတာပေ မှ အထူးဒစ်စကောင့် ဖြင့်
    ရောင်းချပေးမည် ဖြစ်ပါကြောင်း ..
    သတင်းကောင်းလေး ပါးလိုက်ပါတယ်နော် ။

  • thihayarzar

    September 21, 2011 at 8:17 pm

    သူများတွေသေရင်ငါလည်းသေချင်တယ် … တစ်ယောက်တည်းဆိုပျင်းစရာကြီး …….. ကျွန်တော်ရယ်ကောင်မလေးချောချောလှလှတောင့်တောင့်ဖြောင့်ဖြောင့် တစ်ယောက်ရယ်ဆိုတော်သေးတယ် …..အာဒမ်နဲ့ဧဝတို့လို နှစ်ယောက်ထဲ ဘဝစရမယ်ဆိုတော်သေးတယ် …………..

Leave a Reply