customer တစ်ဦးဆုံးရူံးတဲ့အခါ

kohtetNovember 26, 20101min860

customer တစ်ဦးဆုံးရူံးတဲ့အခါ
Costs Of Losing a customer?
(customer ဆုံးရူံးခြင်းအတွက်ကုန်ကျစရိတ်များ)
customer တစ်ဦးတစ်ယောက်ဆုံးရူံးတဲ့အခါ company၊ organization အနေနဲ့အများကြီးဆုံရူံးပါတယ်။ဒါတွေအကုန်လုံးကိုလေ့လာကြည့်ကြရအောင်။
အရေးကြီးတဲ့ customer?
Customer ဆိုတာဟာ…..
(1) Disposable income (ကုန်ကျမှုအပေါ်သုံးစွဲနိုင်တဲ့ဝင်ငွေရှိတဲ့သူ)
(2) Can make choice (လွတ်လပ်စွာရွေးချယ်နိုင်စွမ်းရှိတဲ့သူ) လို့ဆိုပါတယ်။ customer တွေဟာ “freeman” တွေဖြစ်တဲ့အတွက်ကိုယ်ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအပေါ်မကျေနပ်တာနဲ့၊အလိုမကျတာနဲ့တစ်ပြိုင်နက်ကိုယ့်ပြိုင်ဘက်ရဲ့ customer ဖြစ်သွားမှာဖြစ်ပါတယ်။
Management Guru တစ်ယောက်ဖြစ်တဲ့ Peter f. Drucker က“The sole purpose of a business is to create a customer” “စီးပွားရေးလုပ်ငန်းတွေရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ဟာ customer ရှာဖွေဖန်တီးဖို့ပဲဖြစ်ပါတယ်” လို့ဆိုပါတယ်။ “without customer there is no business”
Customer မရှိရင်လုပ်ငန်းလည်းမရှိဘူးလို့ရှိပါတယ်။ဒီလောက်အထိအရေးကြီးတဲ့ customer ဖြစ်ပါတယ်။
Customer ဆုံးရူံးသွားတဲ့အခါ……
customer တွေဟာကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအပေါ်မှာသူတို့အရင်ကြူံခဲ့ဖူးတဲ့အတွေအကြုံတွေ၊သူတို့ရဲ့မျှော်မှန်းချက်တွေ၊ သူတို့ပေးရတာနဲ့မတန်ဘူးလို့ထင်တဲ့အခါမကျေနပ်တာနဲ့၊အလိုမကျတာနဲ့ဖြစ်ပေါ်တတ်ပါတယ်။အဲဒီလိုမကျေနပ်တာနဲ့၊အလိုမကျမှုတွေဖြစ်လာတဲ့အခါ company အနေနဲ့ customer တစ်ယောက်ဆုံးရူံးသွားပြီဖြစ်ပါတယ်။ဆုံးရူံးသွားတဲ့customer ကိုပြန်လည်ဆွဲဆောင်ရတာဟာ ရှိပြီးသား customerကိုပျော်အေင်၊မြဲအောင်၊loyal ဖြစ်အောင်ထာားရတာထက်ပိုပြီးခက်ခဲသလိုအကုန်
အကျလည်းပိုများပါတယ်။သုတေသနပြုချက်တွေအရတော့….
(၁)Unhappy customer တစ်ယောက်ဟာယေဘုယျအားဖြင့်သူရဲ့မကျေနပ်ချက်ကို ၈ယောက်ကနေ၁ဝအထိပြောပါတယ်။
(၂)Unhappy customer 91% ဟာအဲဒီ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှု ကိုဘယ်တော့မှနောက်တစ်ကြိမ်ပြန်မဝယ်တော့ဘူးတဲ့။
(၃)လက်ရှိ Customer ကိုမြဲအောင်ထားရတာဟာ customer အသစ်တစ်ယောက်ဆွဲဆောင်ရတဲ့ကုန်ကျစရိတ်ထက် ၅ဆ ပိုသက်သာပါတယ်။
(၄)Customer complaints တွေကိုအရေးတယူလိုက်လံဖြေရှင်းပေးနိုင်ရင် customer
82 to 95 % က company နဲ့အတူဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
Costs of losing a Customer?
Customer ဆုံးရူံးသွားတဲ့ကုန်ကျစရိတ်များကတော့……
 Lose Current dollars (လက်ရှိဝင်ငွေဆုံးရူံးခြင်း)
 Lose Current Jobs (လက်ရှိအလုပ်ဆုံးရူံးခြင်း)
 Lose the reputation (နာမည်ကေင်းခြင်းဂုဏ်ဆုံးရူံးခြင်း)
 Lose the future business (အနာဂါတ်စီးပွားရေးလုပ်ငန်းများဆုံးရူံးခြင်း) စသည့်ကုန်ကျမှုများပင်ဖြစ်ပါတယ်။