ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံသည့် ငါးမင်းဆွေ

နွယ်ပင်November 26, 20101min21635

(25)ရက်နေ့ မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၎င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။

ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၎င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။

ငါးမင်းဆွေမှ ၎င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ ့ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၎င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၎င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၎င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။

ထိုသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် ငါးမင်းဆွေတို့ တွေ့ဆုံရှင်းလင်းနေကြသည်ကို မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင်နှင့် လျှပ်တပြက်အဖွဲ့သားများမှ ဗီဒီယိုနှင့်ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့ခဲ့ရပါသည်။

ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၎င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။

အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို ့သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ဝင်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။

မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၎င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။

ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၎င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။

(မြန်မာပြည်သားတစ်ဦး)။

ကိုနစ်နေမန်းဆီမှ ကူးယူဖော်ပြပါသည် ။

35 comments

  • maungmoenyo

    November 26, 2010 at 3:33 am

    အသံသာရှိပြီးအဆံမရှိသော..ငါးမင်းဆွေကဒေါ်စုနဲ့တွေ့ဘို့အခွင့်တောင်းတယ်ဆိုတော့မအံ့ဩပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူထဲကပြည်သူတယောက်မဖြစ်သလို၊ ဒေါ်စုကတိုက်ရိုက်တွေ့ဆုံဆွေူးနွေးလိုတဲ့နအဖရဲ့တာဝန်ရှိသူလဲမဟုတ်တော့…သူ့ကိုတွေ့စရာအကြောင်းမရှိဘူးဆိုတာသူကောင်းကောင်းကြီးသိနေပါတယ်။ ဒါ့ကြောင်းလေကြီးမိုးကျယ်လုပ်တာပါ။ အနဲဆုံးသူ့ဆောင်းပါးမှာဒေါ်စုကသူ့ကိုမတွေ့ရဲဘူး၊တွေ့ဘို့ငြင်းဆန်တယ်ဆိုပြီးရေးဘို့စီစဉ်ပြီးသားပါ။
    ဒေါ်စုကတွေ့ခဲ့ရင်လဲသူ့ကိုပြုံးပြီးသနားနဲ့မျက်နှာနဲ့ကြည့်မယ့်ဒေါ်စုကိုမျက်စိထဲမှာမြင်ယောင်မိပါတယ်။
    သိမ်ဖျဉ်းတဲ့အယူအဆနဲ့နိုင်ငံရေး”လုပ်စား”လိုသူတဦးရဲ့အင်္ဂါရပ်တွေ့သူ့မှာအပြည့်ရှိတာတွေ့ရပါကြောင်း…။

  • eros

    November 26, 2010 at 3:37 am

    “ငါးမင်းဆွေမှ ၎င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။”
    ဘာလဲဟ ဒါက??? သူမှန်တယ်ထင်ရင် ပေးရဲရမှာပေါ့။

  • bouzour

    November 26, 2010 at 3:44 am

    ဖါးမင်းဆွေလို.ပြောင်းခေါ်ဘို.ကောင်းတယ်…..

  • maungmoenyo

    November 26, 2010 at 4:04 am

    သူ့ကိုယ်သူလဲ ဖားမင်းဆွေလို့အများကခေါ်ကြမယ်လို့ထင်ကြောင်းဆောင်းပါးတခုမှာဝန်ခံထားပါတယ်။ သူ့မှာရှိတဲ့ပင်ကိုယ်အရေည်အချင်းနဲ့ဘယ်လိုမှမရနိုင်တဲ့အခွင့်ထူးတွေမကြုံစဖူးခံစားချင်တော့လဲ….ဖားရမှာမရှက်နိုင်တော့ဘူးပေါ့။
    သူ့ကိုကြည်ရတာလူစဉ်မမှီတဲ့သူတယောက်နဲ့ပိုတူလာတယ်…။

  • zawana

    November 26, 2010 at 4:28 am

    ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိတွေ မပိတ်ပါနဲ့ ဆိုတော့ သူ့စာတွေဖတ်မှပဲ နားပွင့် မျက်စိပွင့် ဖြစ်ရတော့မဲ့ ပုံစံကြီးပါလား။
    ငါးမင်းဆွေကို အခုမှ မြင်ဖူးတာ။ တကယ့်ကို ငါးတစ်ကောင်နဲ့ တူနေပါလား။
    အကုသိုလ်တွေက ဒီဘဝမှာတင် အကျိုးပေးနေပြီနဲ့ တူတယ်။
    ဝက်သတ်သမားတစ်ယောက် ဝက်လိုအော်ပြီး သေရတယ်ဆိုတာ ကြားဖူးလို့ပါ။

  • nyidawmg

    November 26, 2010 at 4:41 am

    ဖားမင်းဆွေ တော.ရေအိုင် ထဲက ဖား ဖြစ်နေပြီ ။ အသိညဏ်တော. ရှိပါ ကို ဖားမင်းဆွေ ။ နား။မျက်စိကို ပြည်တွင်းမှာ ဘဲ မကြည်.ပါနဲ. ။

  • meelay

    November 26, 2010 at 4:59 am

    ငဖားကောင်ကြီးရေ …. ရုပ်ကိုက ကျက်သရေကို မရှိဘူး…

  • Oakar Bo

    November 26, 2010 at 5:07 am

    ဖါးမင်းဆွေ————————————————————————- း(

  • koyinmaung

    November 26, 2010 at 5:35 am

    သူ့ဆောင်းပါးတွေ ဖတ်ကြည့်ဘူးပါတယ် ဒီရုပ်ကိုတွေ့ဘူးချင်နေတာ ဒီကောင့်နံမည်ကငါးမင်းဆွေမှမဟုတ်ဘဲ ပြည်သူအားလုံးကသူ့ကိုဖါးမင်းဆွေလို့ပြောင်းပေးပြီးသားပါ ၊ မြေဩဇာအဖွဲ့ကိုတာဝန်ပေးချင်တယ် မင်းတို့စာရွက်တွေလိုက်ဝေမဲ့အစား အာဏာရူးလက်ကိုင်တုတ် ဖါးမင်းဆွေ လိုကောင်မျိုးကို (လားပင်စင်ပေးရမှာ)…..။။ ရုပ်ကိုကကြက်သရေမရှိဘူးရုပ်နဲ့လူနဲ့လိုက်ပါ့ကွာ

  • thidakywewa1

    November 26, 2010 at 7:01 am

    ကိုဖါးမင်းဆွေရေ………….ဘာမှဖားမနေပါနဲ့ ။ခင်ဗျား အဖေကြီးကလေ ခင်ဗျားကိုဘာမှ လုပ်ပေးမှာမဟုတ်ဘူး ။ ဒီအသက်ဒီအရွယ်ရောက်နေပြီ ဦးနှောက်ကိုမရှိဘူး ။မြန်မာလူမျိုးလို ပြောရမှာတောင် ခင်ဗျားနဲမတန်ဘူး။

  • Maung Dae`

    November 26, 2010 at 7:30 am

    အဆင့်အတန်းမရှိတဲ့ ဖားမင်းဆွေပဲ.. သူ့ဆောင်းပါးပါတဲ့ ဂျာနယ်ဆိုရင် လုံးဝ ဝယ်မဖတ်တော့ဘူး.. နောက်ပီ လျှက်တစ်ပြက် ဂျာနယ်ကိုလဲ ဒီနေ့ကစ နောက်နှစ်များစွာတိုင် လုံးဝ (လုံးဝ) ဝယ်မဖတ်၊ ငှားမဖတ်တော့ပါကြောင်း.. ဆိုင်မှာတွေ့ရင်တောင် ကိုင်ကြည့်ဖို့ ရွံတယ်..

  • I do love posts in mandalay gazette

    November 26, 2010 at 7:30 am

    အလကားဖော်လံဖား နွားခြေရာခွက်ထဲက ဖားတစ်ကောင်ရုပ်နဲ့ ကောင်ပါ။
    ဒီလိုမျိုးမှ မလုပ်ရင် ဘာမှလုပ်မစားတတ်တဲ့ လူမျိုးနေမှာပါ။
    ဒါမျိုးကလည်း မျိုးမျိုးမျက်မျက်လေးရမှာဆိုတော့ အော်ပေါ့ကွာ ဆန်ကုန်မြေလေး ဖားမင်းဆွေရေ။

  • bigcat

    November 26, 2010 at 7:39 am

    ဖဲ့ကွာ ဒီလိုလူမျိုးကို။

  • full of goods news

    November 26, 2010 at 7:43 am

    မျက်ခွက်ကို ဖနောင့်နဲ. အချက်၂ဝ လောက် ဝိုင်းပေါက် ဖို.ကောင်းတယ် … ကျက်သရေကိုမရှိဘူး ….

  • etone

    November 26, 2010 at 8:03 am

    ကဲရွာသားတို့ရေ … တစ်ကွေ့ကွေ့မှာဒီကောင်နဲ့စုံရင် ဝိုင်းဆော်ကြမယ် ။ အန်တီစုကိုချစ်တဲ့လူတွေ တစ်ယောက်တစ်ချက်ဝိုင်းဆော်ရင်တောင် ဒီကောင် အမှုန့်ဖြစ်သွားမယ် ။

  • Ma Kalayar

    November 26, 2010 at 8:04 am

    “Reckless Provocation” Don’t care it

  • shwemanthar

    November 26, 2010 at 8:10 am

    ဟေ.
    သိပ်မပြောကြပါနဲ.
    မင်းတို.ပြောတာငါ့အတွက်တောင်ပြောစရာမကျန်တော.ဘူး
    အဲဒီတော.ပြတ်ပြတ်ပဲပြောမယ်
    အဲဒီကောင်ကဖားမင်းဆွေဆို.တဲ.နာမည်နဲ.တောင်မတန်ဘူး

  • Endless

    November 26, 2010 at 8:12 am

    မအေxxx ရုပ်ကိုက ခွေးကြွေးလို့ ဝက်မစားတဲ့ ရုပ်…. ပါးတွေချည့် လှိမ့်ရိုက်ပစ်ရမှာ

  • I do love posts in mandalay gazette

    November 26, 2010 at 8:13 am

    facebook ထဲက ဖားမင်းဆွေ အကြောင်း comment ရေးထားတာပါ။ copy and paste လုပ်ထားတာပါ။

    ငါးမင်းဆွေဘယ်သူလည်း ??? ဘယ်ကလာလည်း ??? ဘယ်လိုလူမျိုးလည်း ??? စိတ်ဝင်စားစရာပါ …. သူက ..မွန်ပြည်နယ် သထုံ ရင်းငြိမ် ပေါင် ဒေသဘက်ကပါ … သူ့ဖခင်က ထိုဒေသများတွေင် ဆားသူဌေးလို့ လူသိများတဲ့သူ … လူသိများချင်းမှာ အကောင်းနဲ့ လူသိများချင်းထက် အဆို…းနဲ့ လူသိများတဲ့သူ .. တရားဝင် မိန်းမ ပင် အရေအတွက်အတော်များတယ် (အတိအကျမသိလို့မပြောတော့ပါ) သေခြာတာကတော့ ၂ ယောက် ၃ ယောက် မကပါ … တရားမဝင် မိန်းမတွေက တော့ ပြောစရာပင်မလို … လိုရင်းပြောရရင်တော့ သူသည် ထို ဆားသူဌေးရဲ့ မိန်းမ များစွာထဲက တစ်ယောက်ကမွေးတာပါ … ဒါလောက်ပဲပြောချင်ပါတယ် … အဲဒါဆို အပေါ်မှာ စစချင်းမေးထားတဲ့ မေးခွန်းတွေအတွက် စဉ်းစားဖို့လေးတွေ ရလောက်ပါပီ ..အားလုံးကျေးဇူးတင်ပါတယ်

    • etone

      November 26, 2010 at 9:06 am

      အော ဆွေဂုဏ်မျိုးဂုဏ်ကြီးမားတဲ့ မိသားစုက ပေါက်ဖွားလာတာပါလား 😀 ဟိဟိ ။
      ရုပ်ကိုက ဟိုဟာနဲ့စပ် ၊ ဒီဟာနဲ့စပ်ပြီးရလာတဲ့ရုပ် 😀

  • jmaungmg

    November 26, 2010 at 8:17 am

    မြတ်ခိုင်ကိုသူတို့လောကလူတွေကရွံကြောက်ကြီးဗျာ သူနဲ့အဆင်ပြေရင်ပြေသလ ိုကောင်းကောင်းရးမယ်သူနဲ့ အဆင်မပြေရင်မိန်းမကြီးတယောက်လိုအတင်းတုတ်တော့တာပဲ အခုတော့ဟိုပေါင်ကပ်ဒီပေါင်ကပ်နဲ့ဆိတ်ဂွေးစိမြတ်ခိုင်ဖြစ်သွားပြီ

  • full of goods news

    November 26, 2010 at 8:32 am

    အို.ဟိုး .. ဒီလိုအဆင့်မရှိတဲ့သူရေးမှတော့ ဒီလိုအဆင့်မရှိတဲ့ ငဖားစာတွေပဲထွက်မှာပေါ့ … အန်တီစုကို ဘယ်လောက် အသရေပျက်အောင်ဖျက်ဖျက် .. အန်တီစုက သူ.တန်ဖိုးနဲ.သူရှိပြီးသား …
    ဲပြည်သူတွေကလည်းမေတ္တာမပျက်ဘူး … ငဖားကြီးမင်းဆွေသာ စောက်ပေါဖြစ်ပြီးဝိုင်းဗြင်းမခံရခင် အမြင်မှန်ရသင့်တယ် ….

  • လင်းဝေကျော်

    November 26, 2010 at 9:02 am

    တော်တော်ကို အရှက်မဲ့တဲ့ လုပ်ရပ်ပါလား။
    ရုပ်ကလည်း အဆင့်အတန်းတော်တော်နိမ့်ပြီး အောက်တန်းအဆုံးထိကျမယ့်ရုပ်မျိုး။
    ဟိုတစ်ယောက်ရေးသလို ဆားကျင်းထောင်တဲ့အရှုပ်ကောင်နဲ့ ဘယ်မိန်းမပျက် စပ်ကျထားတဲ့ကောင်မှန်းမသိ။ တော်တော် ကျက်သရေတုံးတယ်။

  • nyeinwailwin

    November 26, 2010 at 9:02 am

    အဲဒီ ဖားမင်းဆွေက တိုက်(၁၄) အခန်း(၁၆) လှိုင်မြင့်မိုရ်အိမ်ရာ လှိုင် မှာနေထိုင်ပါတယ် မှတ်ပုံတင်အမှတ်က ၁၀/သမရ(နိုင်)၀၄၃၈၀၅ ပါ ။ (နာမည်ကျော် လက်ဖက်ရည် ဖျော်ဆရာ ဟောင်း ကိုဘပု ရေ ဒီတစ်ခါ ဖားမင်းဆွေအိမ်သွားရင် စာပေစိစစ်ရေး ကိုသွားတုန်းကလို ငါးထုပ်ထဲတော့မလုပ်နဲ့နော် များများသာ ယူသွားဖို့ပြောချင်ပါတယ် ..) ….:D

  • full of goods news

    November 26, 2010 at 9:10 am

    ဖြစ်နိုင်ရင်ဂုတ်ကနေဆွဲပြီး ချီးတွင်းထဲ ပစ်သာချလိုက် ……

    • etone

      November 26, 2010 at 9:44 am

      ဟိုမြတ်ခိုင်ဆိုတဲ့အကောင်ရော၊ သူ့သားအလေနတောကောင်ရော ပါအောင်ခေါ်သွားဦး ။ သုံးယောက်စလုံးပစ်ချမှ ချီးတွင်းပြည့်မယ် ။

  • Danny

    November 26, 2010 at 9:13 am

    ဖာကောင်း သူတောင်းစား

  • paukpauk

    November 26, 2010 at 1:51 pm

    မြန်မာနိုင်ငံမှာ အဲဒီလိုလူတွေ နည်းနည်းမဟုတ်တော့တာတော့ သေချာတယ်။
    မသိသေးတဲ့ ညီငယ် ညီမငယ်များ အနည်းငယ် ပြန်ပြောပြချင်တယ်။
    ဒီငါးမင်းဆွေဆိုတဲ့ ကောင်က အရင်သူလဲ ကျောင်းသားပဲ။
    ဒို့ရဲ့နောင်တော် သူရဲကောင်း ကိုမင်းကိုနိုင်ကိုတောင် ညီလေးဘာညာနဲ့ သုံးပြီး… သတင်းစာပေါ်ကနေ
    ကိုယ်တော့ ငါးကန်တွေမွေးခွင့်ရတာနဲ့ အလုပ်ဖြစ်နေပြီ ညီလေးတို့လဲ အဲဒီအယူအဆတွေ ချန်ထားခဲ့ပြီး ကို်ယ့်လိုပဲ စီးပွားလုပ်စားရအောင်တဲ့ .. သတင်းစာထဲမှာတောင် အရှက်မရှိ ထည့်ကြော်ညာခွင့်ပေးခဲ့တာ။

    ဒီလိုကောင်တွေ နေရာအနှံ့အပြားမှာ တွေ့နေနိုင်တယ်။
    သူတို့က ခေတ်ပျက်သူတောင်းစားတွေ ဖက်ခွက်စားပြောရမလား..
    တန်တဲ့စကားတောင် ရှာမရဘူး။
    အဲ.. ဘယ်သူသေသေ ငတေမာရင်ပြီးရော လူစား(ခွေးဝဲစား)မျိုးတွေ

    ဒါနဲ့စကားမစပ် ဇေယျာမြတ်ခိုင်နဲ့ ဟိန်းဇေ တူတူပဲလား? သိရင်ပြောပြပေးကြပါအုံး၊ အထင်လွဲတာမျိုး မဖြစ်ရအောင်..။

  • mG

    November 26, 2010 at 3:22 pm

    အော်…..။အဲ့လိုတွေလည်း လုပ်နေကျတာပဲလား။ပြည်သူနဲ့တပ်မတော် လက်နက်မပါကြေး ဖိုက်မယ်ဆိုရင်တော့ ဘယ်သူတာလည်းဆိုတာကို သိလောက်မှာပါ။ထောင်ကိစ္စကလည်း သူတို့တွေပြောနေစရာကိုမလိုပါဘူးဗျာ…….နိုင်ငံ
    တိုင်းကိုကသိနေတဲ့ကိစ္စပါ။သူတို့တွေထောင်သားတွေကို သေသေချာချာမပြုစုလို့ ပြင်ပကနေတောင် လာကူညီပေးနေရ
    တယ်လေ။ဒါတွေလည်း သူတို့ကိုယ်တိုင်း အသိအလင်းကို စေတနာနဲ့ သိက္ခာကျခံပြီ ကြေဌာပေးထားတယ်လေ။

  • MandalayThar

    November 27, 2010 at 12:47 am

    အားလုံးကို သတိပေးလိုပါတယ်။

    အခု ဒီခွေးမင်းဆွေ ပေါ်ပေါ်တင်တင်ကြီး အမေစုကို လာတွေ့ချင်တယ်။ ဘာရယ်လို့လုပ်လာတာ လုံးဝမရိုးသားဘူး။ ပြောချင်တာက စစ်ခွေးတွေဘက်က ဘာအကြံတွေ ရှိနေသလဲမသိဘူး။ ဒီကောင်ကို ချကျွေးပြီး တဘက်လက်နဲ့ ဘာခွေးကျင့်ခွေးကြံ ကြံမလိုလဲမသိဘူးနော်။ ဒီကောင် သတင်းစာတွေမှာ ရေးနေတာကြပြီ တခါမှ ရုပ်မမြင်ရဘူး။ အခုမှ ကျက်သရေမရှိတဲ့ ရုပ်တွေဘာတွေ ပေါ်လာပြီး အမေစုဆီလာပြီး ရုပ်ပြတော့ လုံးဝမရိုးသားဘူး။

    အားလုံး ဒီဆောက်ရူးကို ဂရုစိုက်မနေနဲ့ ဒီကောင်တွေကိုလည်း မချေမပြတ်စေကြနဲ့။ စစ်ခွေးတွေ ဘာတွေ ကြံနေလဲမသိဘူး။

    အရင်က အင်တာနက်ဆိုင်မှာ ဗုံးပေါက်တာတို့၊ မန္တလေးမှာ ဗုံးပေါက်တာတို့ဆိုတဲ့ ကလေးအကွက်တွေက ပြည်သူတွေသိနေကြပြီ ဒါကြောင့် ဘာအကွက်ပြောင်းလိုက်တာလဲ မသိဘူး။ အားလုံး သတိ။

  • Maung Dae`

    November 27, 2010 at 4:08 am

    ဟုတ်တယ်.. မန္တလေးသားပြောတာ ဖြစ်နိုင်တယ်.. သူတို့ အကွက်တွေ စရွှေ့နေပြီ.. တစ်ခုခုတော့ ကြံထားမှာသေချာတယ်… ပြီးတော့ ဒီ ဖားမင်းဆွေ ကအမေစု ကိုတွေ့ချင်တယ်ဆိုပြီး ဌာနချုပ်ရှေ့မှာ အော်ကြီးဟစ်ကျယ်လုပ်တာ တော်တော် အောက်တန်းကျတာပဲ..

    အလကားကောင်.. ကောက်ရိုးပုံစောင့်ပြီး အရိုးလေးကိုက်ရတာကို သေပျော်ပီ ထင်နေတဲ့ကောင်…

    အပြင်မှာတွေ့လို့ကတော့ ဖိနပ် ခွေးချီးသုတ်ပြီး ပါးချည်း ဘယ်ပြန်ညာပြန် ရိုက်ပစ်လိုက်ချင်တယ်..

  • doekalay

    November 27, 2010 at 5:17 am

    ငါးမင်းဆွေတဲ ့အလကားကောင်ချီးကောင်.ပြောတိုင်းလုပ်တဲ ့ကောင်
    စောက်သုံးကိုမကျဘူး။အသိတရားလေးတော ့ရှိသင် ့တယ်။ဘုရားတရားကောသိရဲ ့လား။

  • nature

    July 12, 2011 at 10:30 pm

    ဪ ၊ငါးမင်းဆွေဆိုတာသူကိုး။ တွေ့ဖူးသွားတာပေါ့။

Leave a Reply