Secondhand smoke ကြောင့် သေဆုံးရသူ ၆ သိန်း

Zaw WonnaNovember 26, 20101min660


ကိုယ်တိုင် ဆေးလိပ်မသောက်ဘဲ ဝန်းကျင်ရှိ ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်းကြောင့် ကမ္ဘာတဝှမ်းတွင် လူပေါင်း ၆ သိန်းခန့် နှစ်စဉ် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သုတေသီတို့က သောကြာနေ့တွင် ပြောကြားလိုက်သည်။

ထိုသို့ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေး ထိခိုက်ခြင်းသည် ကလေးငယ်များတွင် ပိုမိုသက်ရောက်မှု မြင့်မားပြီး နှစ်စဉ် ကလေးငယ်ပေါင်း ၁၆၅၀၀ဝ ခန့် သေဆုံးနေရကြောင်း သိရသည်။ ထိုကလေးငယ်တို့၏ ၃ ပုံ ၂ ပုံမှာ အာဖရိကနှင့် အာရှတိုက်မှဖြစ်ကြောင်း ဂျနီဗာနိုင်ငံ အခြေစိုက် WHO အဖွဲ့မှ ပြောကြားခဲ့သည်။

WHO အဖွဲ့မှ သုတေသီတို့သည် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ အချက်အလက်များကို ၂၀၀၄ ခုနှစ်မှ စတင်၍ စစ်တမ်း ကောက်ယူခဲ့ကြခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် ကလေးငယ် ၄ဝ ရာခိုင်နှုန်း၊ ဆေးလိပ်မသောက်သူ အမျိုးသား ၃၃ ရာခိုင်နှုန်းနှင့် ဆေးလိပ်မသောက်သူ အမျိုးသမီး ၃၅ ရာခိုင်နှုန်းတို့သည် ဝန်းကျင်ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်နေရကြောင်း တွေ့ရှိခဲ့ရသည်။

ထိုသို့ ဆေးလိပ်ငွေ့များကို ထိတွေ့နေရခြင်းကြောင့် နှလုံးရောဂါဖြင့် သေဆုံးသူ ၃၇၉၀၀ဝ ဦး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးသူ ၁၆၅၀၀ဝ ဦး၊ ပန်းနာရင်ကြပ်ရောဂါကြောင့် သေဆုံးသူ ၃၆၉၀ဝ ဦးနှင့် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၂၁၄၀ဝ ဦးခန့် ရှိမည်ဟု ခန့်မှန်းကြသည်။
ကိုယ်တိုင် ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ် သေဆုံးသူ အရေအတွက်မှာ ၅.၁ သန်းရှိကြောင်း သိရသည်။

Ref; Secondhand smoke kills 600,000 a year worldwide, By Liz Szabo, USA TODAY

Secondhand smoke sickens millions and kills more than 600,000 people worldwide each year, including more than 165,000 children under 5, according to the first report to estimate the worldwide burden of disease and death from tobacco. . . . . . . . . .