ဆင်းရဲရခြင်းအကြောင်းများ-၄

naywoon niNovember 26, 20101min21817

ကျွန်တော်မြန်မာလူမျိုးတွေရဲ့ထူးခြားချက်က..အားနာတတ်တာတနည်းအားဖြင့်တစ်စုံတစ်ယောက်ရဲ့အငြိုငြင်ခံရမှာ
ကြောက်တာ..။ဘယ်လောက်ပဲကိုယ့်ဘက်ကမှန်နေပါစေပြန်မပြောရဲကြဘူး.။လွန်တော့မှသာဘယ်တုန်းကဘယ်လိုဘာကြောင့်
ဆိုတာပြောတတ်ကြတယ်..။အဲဒိအချိန်ကျတော့လွန်သွားပြီ..ဘာမှလုပ်လို့မရတော့ဘူး.။စောစောကကြွေးကိစ္စပြန်ကြည့်ဒီအလုပ်
တွေအများဆုံးလုပ်တာကအိမ်ရှင်မတွေ…အလွယ်တစ်ကူရတော့အလွယ်တစ်ကူလေးကြွေးဝယ်ဝတ်လိုက်ကြွေးဝယ်သုံးလိုက်တော့
အချိန်တန်မဆပ်နိုင်တော့ဝင်ငွေနဲ့မမျှတော့ဘာတွေဖြစ်ကုန်လဲ…အတိုးကိစ္စတွေဝင်လာတယ်။အိမ်ထောင်နဲ့စကားများလာတယ်။
ဒီဟာတွေပြန်ဆပ်နိုင်ဖို့ဝိသမာလောဘနဲ့ငွေရှာလာကြတာပေါ့…။ရိုးရိုးတန်းတန်းရှာလို့ရတဲ့ငွေနဲ့မှဒီအကြွေးတွေ ကိုပြန်မဆပ်နိုင်
တော့တာ……
(ခင်ဗျားတို့တော့မသိဘူး.။ကျွန်တော်ကတော့အတိုးဆိုတဲ့အသံကြားရင်ကြက်သီးထတယ်..။ကြွေးလား…….ဟင့်အင်း
မတင်ဖူးပါဘူး……ကျွန်တော်ပြောခဲ့ပါကောတစ်ချိန်တုံးကနယ်လှည့်ဝန်ထမ်းဖြစ်ခဲ့ဖူးတယ်ဆိုတာ….အဲဒိတုန်းကကျောင်းတွေ
လည်းပိတ်ထားတာအကြာကြီးဆိုတော့ဝင်လုပ်ဖြစ်တာ1989……။အသက်က19/20)
တခြားမကြည့်နဲ့တစ်လောလေးကအိမ်ပေါင်တာတွေခေတ်ထလိုက်ပါကော…..အတိုးကတစ်နှစ်မှ18%ရယ်သက်သါ
တယ်မထင်လိုက်လေနဲ့ပြန်မဆပ်နိုင်လို့လေလံပစ်သံတွေကြားရမှာပေါ့……သူကလထပ်တိုးဗျ..သုံးလတစ်ကြိမ်အတိုးသွင်းရ
တယ်မသွင်းရင်တိုးရင်းပေါင်းနောက်သုံးလအတိုးပြန်တွက်…နောက်သုံးလနေတော့အတိုးပြန်တောင်..မပေးနိုင်ရင်တိုးရင်းပေါင်း
ဒီလိုနဲ့ငါးနှစ်ပြည့်ရော….သုံးလိုက်ရတယ်မထင်ရဘူး.။အတိုးကစုစုပေါင်150%ဖြစ်သွားပြီ….ဆိုလိုတာကသိန်တစ်ရာချေးထားရင်
အတိုးကသိန်းတစ်ရာ့ငါးဆယ်ဖြစ်သွားပြီ..။ဘယ်လောက်ကြောက်စရာကောင်းလဲဒါက18%ပဲတိုးသေးတာတစ်နှစ်ကိုပြောတာ
အပြင်မှာတိုးတာကတစ်လ10%ဆိုတော့တစ်နှစ်ကို120%တိုးတာ…..ဒါကအနဲဆုံးပဲဒီထက်ကြီးတဲ့နှုန်းတွေရှိသေးတယ်…..
ပြီးတော့ပြောလက်စနဲ့ဆက်ပြောရဦးမယ်…….အတိုးတွက်တဲ့ကာလကဘယ်တော့မှခရစ်ပြက္ခဒိန်နဲ့မတွက်ဘူး…မြန်မာလနဲ့
တွက်တာ…..ဘာလို့လဲသိလားမြန်မာလကသုံးနှစ်မှာတစ်ကြိမ်ဝါထပ်တော့သွုးနှစ်မှာ37လဖြစ်နေလို့ပဲ…ဒီလိုကြွေးတွေအတိုးတွေ
နဲ့လူတွေဘယ်လိုလုပ်ချမ်းသာမလဲ…လွတ်အောင်နေနီုင်တဲ့သူကနဲနဲရယ်။။။တစ်ရာမှာ30%ပေါ့လွန်ရောကျွံရော40%ထား
အဲဒိမှာ10%လောက်ကအတိုးပေးသူအကြွေးရောင်းသူ….လွတ်လွတ်ကင်းကင်းနေနိုင်သူဘယ်လောက်ရှိမလဲ?
မြန်မာတွေနောက်ငွေရှာနည်းတစ်မျိုးရှိပါသေးတယ်…….။ဒီဘက်ခေတ်မှာတာစားလာတာပါ…………………..
ဈေးအချို့တော်တော်များများပါပဲဟုတ်မဟုတ်လိုက်မေးကြည့်ကြပေါ့ကျွန်တော်ကကျွန်တော်ရောက်ဖူးတဲ့ဈေးကြည့်ပြောတာနော့
အဲဒါကဘာလဲဆိုတော့စုကြေးပါတဲ့……။စုကြေးအကြောင်းကဒီလိုပါ…ကြားဖူးတဲ့သူလည်းပါမှာပေါ့…..မဲစနစ်ပါ………….
လူအယောက်လေးငါးဆယ်လောက်စုပြီးတစ်နေ့ဘယ်လောက်ထည့်ဆိုပြီးမဲနှိုက်ထားတဲ့နံပါတ်အလိုက်ယူကြတာပေါ့……….
ဥပမာလူငါးဆယ်…တစ်နေ့1000ဆိုရင်ငါးသောင်းရပါတယ်..။နံပါတ်တစ်ကတော့ဦးဆောင်လုပ်တဲ့သူပေါ့ဗျာ..။သူကနှိုက်စရာ
မလိုဘူး..။နံပါတိ2ကနေ50ထိနှိုက်ကြတယ်..။အဲဒိမှာစုကြေးဒိုင်ကတာဝန်ယူပြိးလူ50လုံးကိုတစ်နေ့1000လိုက်ကောက်ပေးရတယ်
ပထမနေ့ကသူ့နေ့ပေးစရာမလိုဘူး..။နောက်နေ့ကနေစပြီးသူ့အဖွဲ့သားတွေမဲနံပါတ်အလိုက်ကောက်ပေးရပါတယ်…။သူကိုယ်တိုင်
မကောက်ပေးနိုင်တော့လည်းလူငှားနဲ့ပေါ့…။သူကစပြီးနောက်ဆုံးနံပါတ်ရောက်တဲ့အထိပေါ……။တစ်ချို့လည်းနှစ်စုသုံးစုဝင်သူတွေ
ပါပါတယ်..။အဲနံပါတ်နှစ်ကနေနောက်ဆုံးလူအထိဟာ….50000ဆိုပေမဲ့အပြည့်မရပါဘူး..။49000-ဒါမှမဟုတ်ရင်48000စသည်ဖြင့်
သာရပါတယ်..။အကောက်နှုတ်ထားလိုက်တာပါ..။တစ်နေ့တစ်ထောင်ပေးပြီးငွေငါးသောင်းလောက်ရတဲ့ကိစ္စကကောင်းပါရဲ့……
ကိုယ့်နံပါကနောာက်တစ်အားကျနေသလား?စောစောလိုချင်တယ်ရပါတယ်…။ကြိုထုတ်ပေါ့…..လူ50ရက်50ကြာမှာပါ………..
ကိုယ်ကရက်30နောက်မှရမှာဆိုရင်20%လောက်လျော့ယူပေါ့……အဲဒိလောာက်မကြာဘူးရက်20လောက်ပဲဆိုရင်15%လောက်လျော့
ယူပေါ့..။နော်ကနေ့မှရမှာဒီနေ့အပူတစ်ပြင်းငွေလိုနေသလား…နဲနဲပါးပါးညှိပြီးယူလိုက်ရုံပဲ…ကဲဒီဟာကောဘယ်သူထွင်ခဲ့လဲမသိ……
နောက်ဆုံးကျတော့စုကြေးဒိုင်ကပဲအားလုံးသိမ်းသွားတာ……ဒါနမူနာပြောတာနော်……တစ်ချို့ဆိုတစ်နေ့တစ်နေ့သောင်းနဲ့သိန်းနဲ့
စုနေကြတဲ့ချွေတာစုဆောင်းသူဌေးလောင်းတွေကရှိသေးတယ်လေ…..ရိုးရိုးတန်းတန်းအတိုးနဲ့ငွေချေးရတာမလွယ်ကူတော့ဒီလိုစုကြေး
လိုက်စုပြီးကြိုရောင်းသုံးနေကြတာပါ…..သူကလည်းအတိုးနဲ့ငွေချေးသလိုပါပဲ…..ခုနောက်ပိုင်းဆုံးတာများလို့အပေါင်ပစ္စည်းမပါရင်ငွေ
ချေးဖို့ခက်ပါတယ်…..ဒီစနစ်ကတော့သူ့ဟာနဲ့သူအဆင်ပြေနေတာပေါ့…..တစ်ခါတစ်လေကြတော့လည်းအဖွဲ့သားထဲကပြေးတာတို့
စုကြေးကောက်တဲ့ဒိုင်ပြေးတာတို့ရှိသေးတာပေါ့…….။
အကြေးယူထားတဲ့ပစ္စည်းလက်ငင်းငွေသားနဲ့လျော့ရောင်းတာတော့ရိုးနေပါပြီ..မပြောတော့ဘူး…….။
ဒီလိုတွေဘာကြောင့်ဖြစ်လာသလဲ?
အစကပြန်ကောက်ကြည့်ရင်ကျွန်တော်တို့တစ်တွေဟာ…..ပျော်ပျော်နေတတ်တယ်..။တင်းတိမ်ရောင့်ရဲတယ်..
လုပ်ခကိုပေးသလောက်ယူတယ်..။ဘယ်ရွေ့ဘယ်မျှပေးပါလို့မတောင်းတတ်ဘူး..။လူဦးရေကလည်းနည်းသေးတော့ကိုယ့်
ထွက်ကုန်လေးနဲ့လုံလောက်နေတယ်….။ပြီးတော့ဆက်သွယ်ရေးဆိုလို့ရေဒီယိုလောက်ကလေးပဲရှိသေးတာ…တစ်မြို့မှရုပ်ရှင်
ရုံလေးနှစ်လောက်ရှိရင်ပဲဟုတ်လှပြီ…..။တစ်နေရာကနေတစ်နေရာကိုလည်းအရေးပေါ်အကြောင်းကိစ္စရှိမျသာသွားဖြစ်ကြတာ
ဒါက1980လောက်အထိ….နိုင်ငံရပ်ခြားသွားဖို့မပြောနဲ့ဦး..။နိုင်ငံခြားကားတောင်တစ်လနေလို့တစ်ကားကြည့်ဖြစ်တဲ့သူက
တော်တော်လေးဟုတ်နေပြီ…..ကုန်ဈေးနှုန်းကလည်းထိန်းချုပ်ထားတော့လူတွေလည်းမျက်စိပိတ်နားပိတ်..ကက်ဆက်လေး
တစ်လုံးလောက်ထောင်ထားနိုင်ရင်လ္ဘက်ရည်ဆိုင်ဖွင့်မလား..ထမင်းရောင်းမလား…ဘာဆိုင်မဆိုလူရာဝင်တယ်……….။
ဘာမှလည်းမသိဘူး..ဘာမှလည်းထွေထွေထူးလုပ်စရာမရှိဘူး..။အားလုံးအမှောင်ချထားတာကိုး…..သိတာတတ်တာတွေလည်း
လုပ်ခွင့်မှမရှိတာ……မရှိဆိုဘာမှမရှိ..အားလုံးကောင်းပါ၏နဲ့နေလာကြတာ….လောင်းကစားဆုလို့ဖဲနဲဂျင်လောက်ပဲ………
ဒါတောင်တော်တော့်လူကမကစားတတ်ဖူး..။ပြီးတော့လူလေးငါးယောက်တစ်နေကုန်ထိုင်ကစားရတာဆိုတော့လာဖမ်းမှာ….
(တစ်ကယ်တော့ပိုက်ဆံလာတောင်းသွားတာကများပါတယ်)ဆီးမှာကြောက်လို့မလုပ်ရဲကြသေးဘူး..။ဒါပေမဲ့တစ်မြို့မှာတစ်
ယောက်စနှစ်ယောက်စတော့နာမယ်ကြီးကစားသမားတွေရှိတတ်ပါတယ်……ခုလိုဘောလုံးပွဲလောင်းတာ..။နှစ်လုံးသုံးလုံးဆို
တာတွေကြားတောင်မကြားဖူးသေးဘူး..။ခုတော့ကိုယ့်အလုပ်မပျက်ကစားနိုင်တယ်..ဒိုင်တစ်ဒိုင်သာရှိတစ်မြို့လုံးထိုးသားဖြစ်
ကုန်တာမျိုးအရင်ကလူတွေအံ့ဩစရာဖြစ်မှာ…….
1984လောက်ထိသိပ်မဟုတ်လောက်သေးဘူး……။ကျွန်တော်သိသလောက်ပေါ့…အဲဒိမှာ100တန်သိမ်းတာနဲ့တူ
တယ်……ပထမ75ကျပိနဲ့ပြန်လဲနောက်အဆုံးဖြစ်…..ဒါပေမဲ့သူနည်းနဲ့သူလဲလို့ရတာလားပြန်လဲပေးမယ်လို့သတင်းပြန်
ထွက်လာတာလားမသိဘူး….သုံးမရတဲ့ပိုက်ဆံအရောင်းအဝယ်ဖြစ်တော့တာပဲ……ရတဲ့သူရကုန်တဲ့သူကုန်ပေါ့
နောက်..85လောက်ကျတော့နဲနဲမျက်စေ့ပွင့်လားကုန်ပြီ….လုပ်ခွင့်မကြုံသေးဘူး……87ကျတော့အားလုံးသိတော်မူတဲ့အ
တိုင်းပါပဲ…..စက်တင်ဘာ5အရေးတော်ပုံ…….88ရဲ့အစအဲဒိကနေစောစောကကျွန်တောါပြောခဲ့တဲ့အကြွေးပြဿနာတွေ
အတိုးပြဿနာတွေ…..ဝိသမာလောဘတွေတိုးပွားလာတာ………အဲဒိမတိုင်ခင်ကမရှိမဟုတ်ဘူး..။ရှိခဲ့တယ်နဲနဲပဲ
ပိတ်ထားတဲ့တံခါးချပ်တွေအကုန်ပြန်ဖွင့်လိုက်တဲ့အချိန်အမှောင်ထဲကျင့်သားရနေတဲ့မျက်လုံးတွေကိုစူးရှတဲ့အလင်း
တန်းကထိုးလိုက်သလိုမျိုး…အရင်ကမှောင်ခိုဝယ်ရတဲ့ပစ္စည်းတွေဟာလွတ်လပ်စွာရောင်းခွင့်ဝယ်ခွင့်ရလိုက်…….ကုန်ပစ္စည်း
အသစ်အဆန်းတွေကပေါ်လာ….ပေါလာ..ကုန်ဈေးနှုန်းတွေကတစ်ရိပ်ရိပ်တက်လာ..ထွက်ကုန်တွေကမိုးလေဝသမမှန်……..
အဲ…..လုပ်ခတွေကရောက်နေတဲ့သက္ကရာဇ်နဲ့အံမဝင်….။

နောက်ရိုးရိုးတန်းတန်းကုန်ကျစရိတ်တွေကရှယ်ကုန်ကျစရိတ်တွေဖြစ်လာ(ဥပမာ-ပညာရေး…ကျန်းမာရေး )
သာမန်ဝန်ထမ်းတစ်ယောက်ရဲ့လစာဟာဆယ်တန်းကျောင်းသားတစ်ယောက်ရဲ့ကုန်ကျစရိတ်မရှိခဲ့ပါဘူးဆိုရင်ဘယ်လိုလုပ်
များနေထိုင်ခဲ့ကြသလဲမေးမကြည့်ပါနဲ့….
ဒီလိုဝုန်းဝုန်ဒိုင်းဒန်းထပြီးတစ်ဖက်သတ်တိုးတက်လာခဲ့တာဟာမိရိုးဖလာဗုဒ္ဓဘာသာဝင်တွေအဖို့တော့
ဝိသမလောဘဇောတိုက်ဖို့အကြောင်းရင်းတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ်၊့မယ်…..ဒါဟာဘက်လိုက်ပြီးပြောတာမဟုတ်
ပါဘူး….။ကုန်ကျစရိတ်တွေထိုးတက်လာပြီးဝင်ငွေတိုးမလာတဲ့လူနေမှုစနစ်ကကျွန်တော်တို့တွေကောင်းကောင်း
ကြီးခံခဲ့ရတာပါ……..။သိမှီလိုက်သူများပြန်တွေးကြည့်လိုက်ပါ…..ကုန်ကျစရိတ်တွေနဲ့ကာမိအောင်နိုင်ငံခြား
ထွက်တဲ့သူတွေပေါ်လာပြီ…..အဲဒါကလည်းဇာတ်လမ်းပဲ..။သွားဖို့ဆိုတာလွယ်တယ်ဘယ်လိုသွားမလဲ?
ဒီအတွက်ပွဲစားဆိုတာပေါ်လာပြီ…ဘယ်လောက်ကုန်မလဲဒီငွေဘယ်ကရမလဲ?ချေးငှားမဲ့သူကပေါ်လာပြီ
အဲဒိတုန်းကနှစ်သိန်းသုံးသိန်း…….ထီပေါက်ရင်တောင်မှသုံးသိန်းဆုကအမြင့်ဆုံးနဲ့တူတယ်…..။
ဘယ်မှမရောက်သေးဘူး..အတိုးကပေးနေရပြီ…….ဟိုမှာအဆင်ပြေလားမပြေလားမသိ…..ရောက်တာ
နဲ့ငွေပို့ဖို့မှာနေရပြီ….ဒါကသွားနိုင်တဲ့သူ..သွားရဲတဲ့သူ….အစကမသွားရဲကြပါဘူး..။ကိုယ့်မြို့ကိုယ့်နေတဲ့ရွာ
ကနေတောင်ဝေးဝေးလံလံရောက်ဖူးကြတာမှမဟုတ်တာကို……..
90မတိုင်ခင်မြို့ကြီးတွေမှာသုံးလုံးလောင်းကစားမှုဟာစနေပါပြီ..။နယ်ကလူတွေကိုယ့်စရိတ်နဲ့ကိုယ်စီးပွားဖြစ်
သွားကစားကြတာကြားဖူးပါတယ်..။နောက်တော့နယ်တွေပါပြန့်နှံလာပြီး89/90နှစ်တွေမှာလ္ဘက်ရည်ဆိုင်တွေမှာဒိုင်တွေ
ရှိနေကုန်ပြီ..။မရတော့ဘူးလေ..ဘယ်လိုပြောမလဲတိုးတက်လာတဲ့စနစ်သစ်မှာတိုးတက်လာတဲ့ကုန်ဈေးနှုန်းကိုအမီလိုက်
ကြတာလဲရှိတယ်..တင်နေတဲ့ကြွေးကိုဖြေချင်တဲ့သူလဲပါတာပဲ.။အသစ်ပေါ်လာတဲ့လူသုံးကုန်ပစ္စည်းတွေသရေကျတဲ့သူကော
ချဲပေါက်ရင်မီးခိုးတိတ်လှူမယ်ဆိုတဲ့သူတွေကမနဲဘူး……ဒါပေမဲ့သူတို့အိပ်မက်တွေအတိုင်းဖြစ်တဲ့သူကနဲနဲပါ…………
နောက်ဆုံးတော့ဒိုင်နဲ့သက်ဆိုင်ရာလိုင်းကြေးတွေထဲ…ကော်မရှင်ခထဲလောင်းကစားနေတဲ့ငွေကရေက်သွားကုန်တာ…..
အဲဒိလိုကစားဖို့သက်ဆိုင်ရာကိုလိုင်းကြေးပေးရပါတယ်..။မဖမ်းအောင်ပေါ့…..ဒါကလည်းအနဲနဲ့အများတစ်နေရာနဲ့တစ်နေရာ
မတူကြပါဘူး..။တစ်ချို့နေရာတွေမှာသုံးလေးယောက်ကိုပေးမှရပါတယ်..။ကော်မရှင်ခဆိုတာကဒိုင်တွေကကိုယ်တိုင်မရောင်ကြပါ
ဘူး..။တစ်ရာကို15%လောက်ကော်မရှင်ပေးပြီးရောင်းခိုင်းကြတာပါ..။ဒီတော့ရောင်းပေးတဲ့သူကအဲဒိရာခိုင်နှုန်းကိုပြန်မထိုးရင်
ကိုယ့်အတွက်ကျန်တာပေါ့….။ဒါပေမဲ့သူလည်းဘယ်နေမလဲပြန်ထိုးတာနဲ့ပဲဂျာအေးသူ့မေရိုက်သလိုချဲကြွေးဝိုင်းတာပဲ…..
အဲဒိအကြောင်းပြောရရင်…..သုံးလုံးချဲကယိုးဒယားထီဂဏန်း(အစက7လုံးရှိပါတယ်..နောက်6လုံး)ကိုနောက်ဆုံးသုံးလုံးကိုယူပြီးကစား
တာပါ….။ဒီလိုကစားရအောင်ဘယ်သူကရွှေဉာဏ်တော်စူးရောက်လိုက်လေသည်မသိပါဘူး..။အဲဒိနောက်ဆုံးသုံးတွဲကိုဘာပြီးရင်ဘာ
လာရမယ်ဆိုတဲ့တွက်နည်းတည်ထွင်သူတွေကိုလည်းတစ်နည်းနည်းနဲ့မှတ်မ်းပြုစုပြီးတစ်ခုခုတော့ချီးမြောက်သင့်တယ်လို့ထင်ပါတယ်..။
ဘာလို့လဲဆိုတော့ဟိုမှာပေသီးနှိုက်ပြီးကျရာဂဏန်းပေါက်သီးဖြစ်နေတာကိုဒီကနေရအောင်တွက်နည်းအမျိုးမျိုး..နမိတ်ကောက်နည်းအဖုံဖုံ
နဲ့ထိုးလိုက်ကြ..ပေါက်လိုက်ကြ..ပါသွားလိုက်ကြ….ရလာလိုက်ကြနဲ့ဖြစ်နေကြတာ..မှန်တဲ့သူကမှန်လွဲတဲ့သူကလွဲနောက်ဆုံးတော့
လည်းလောင်းကစားသမားတို့ထုံးစံအတိုင်းဒိုင်ဆီမှာပဲငွေပုံသွားတာပါပဲ……။
ဒီနေရာမှာဘယ်သူတွေအမြတ်ထွက်သွားသလဲဆိုတော့…..တစ်ကြိုထုတ်တဲ့သူတွေ/ရောင်းတဲ့သူတွေပါပဲ….အစောပိုင်းမှာ
သိပ်မရောင်းရဲပေမဲ့နောက်ပိုင်းမှာရဲရဲတင်းတင်းနဲ့သွက်သွက်လက်လက်ရောင်းလာကြတယ်..။တစ်လနှစ်ကြိမ်ထွက်တာဆိုတော့…….
တစ်ကြိမ်ထွက်ပြီးတစ်ပတ်လောက်နေရင်နောက်တစ်ကြိမ်အတွက်တစ်ကြိုစာရွက်တွေကဝယ်မရတော့ပါဘူး..။သူတို့အခေါ်ကတော့ချိုင်းပေါ့လေ.
အဲဒိချိုင်းဆိုရာမှာလည်း…ကုန်ပစ္စည်းများလိုပဲတံဆိပ်အမျိုးမျိုးရှိသေး….။ဘယ်ကထုတ်တာမှန်တာ..ဘယ်ဟာကအတုဘယ်ဟာကအစစ်
စသည့်ဖြင့်ပေါ့လေ…..သူတို့သူတို့ချင်းမှနားလည်ပါတယ်…။ဝယ်ရတာခက်လို့မိတ္တူကူးရောင်းရတဲ့အဆင့်ထိတောင်ရောက်သွားပါတယ်……။
စောစောပိုင်းကသုံးလုံးအကြောင်းပြောရင်လူကြည့်နေရသေးတယ်..။အတော်များများကစိတ်မဝင်စားသေးပါဘူး..။နှာခေါင်းရှုံ့ကြပါသေး
တယ်..။ဒါပေမဲ့လွယ်ပါတယ်..။စိတ်ဝင်စားအောင်လုပ်လိုက်ကြတာပေါ့….။ဒိုင်ကဘယ်သူ….ဘယ်အပတ်ကဘယ်သူကဘယ်လောက်ဖိုးတောင်
ပေါက်တာ…..။အလျော်ရတာကအဆ600ဆိုတော့မက်လောက်ပါတယ်..။ပေါက်အောင်လည်းထိုးနိုင်ကြတယ်..။ပေါက်လွန်းလို့မလျော်နိုင်ပဲ
ဒိုင်ပြေးရတာတွေလဲရှိပါတယ်..။ပြေးရမှာပေါ့..။အကွက်တစ်ထောင်မှာရောင်းရတာကအလွန်ဆုံးရှိမှ250-300ပဲထိုးသားကကြိုက်တာဗျား….
ဒီအထဲကကော်မရှင်ဆိုတာက15%ပေး…….လိုင်းကြေးဆိုတာပေး….သူ့ဆီမှာကျန်ရင်200ဆိုတာအလွန်ဆုံး..။ပေါက်လို့ပြန်ပေးရရင်600
တွဒ်အတွက်50….အဲဒိတော့သူကသုံးလေးတစ်လေးလောက်လောင်းရတာ…..။သုံးခါလောက်စားပြီးတစ်ခါလောက်ပြန်ပေးရရင်အရင်းပဲ…….
လေးငါးကြိမ်တစ်ကြိမ်ဆိုရင်တော့သူအတွက်စားသာတာပေါ့…….အကွက်တစ်ထောင်နဲ့တစ်ကွက်ဆိုတော့လည်းစားရတာကခပ်များများပါပဲ…
ဒါကြောင့်လည်းဒိုင်လုပ်သက်တွေရှည်နေတာပေါ့…….တစ်ခုကတော့မပြေးဖူးတဲ့ဒိုင်ခပ်ရှားရှားပဲ…။ငွေရလွယ်နေတော့လည်းဘယ်သူတွေက
ဘာပဲပြောပြောကိုယ်သက်သာတာကိုယ်လုပ်နေကြတာ….ဒီဘက်ခေတ်မှာအဲဒိလောက်သောင်းကြမ်းနေတာဘာမှမလုပ်ကြဖူးလားမမေးပါနဲ့…။
လုပ်ပါတယ်…ဒါပေမဲ့စီမံချက်နဲ့လေ……တစ်လဘယ်နှစ်မှုပြည့်ရင်ပြီးတာပဲ…..။ဒီတော့လိုင်းကြေးမရတဲ့အသေးအဖွဲလေးတွေလိုက်ရှာဖမ်းပေးလိုက်တာပေါ့
ဘာခက်တာမှတ်လို့..။တိုင်လို့ရှာမယ်ဆိုရင်အသိပေးထားလိုက်တယ်လေ….ဘယ်နေ့ရှာလိမ့်မယ်ရှောင်နေပေါ့………သူကငွေရထားပြီးသား
တာဝန်ကျေရှာပေးလိုက်တယ်..။မတွေ့ဘူး..။ပြီးရော…..ခု2010မှာပိုတောင်ဆိုးလာသေးရဲ့….တရားဝင်များခွင့်ပြုလိူက်ပြီလားထင်ရတယ်…….
ဘယ်မှာမှလဲဖမ်းသံဆီးသံမကြားရတော့ဘူး..။ရှာသံဖွေသံမကြားရတော့ဘူး…..။အရင်နှစ်တွေတုန်းကဆိုသီတင်းကျွတ်ခါနီးဆိုရင်ဗျောက်ရှာသလိုလို
ဘာလိုလိုနဲ့ချိုင်းရောင်းတတ်တဲ့ဆိုင်တွေဝင်ရှာပါတယ်..။ဗျောက်မတွေ့ချိုင်းစာရွက်တွေ့ပေါ့………။ဒီနှစ်တော့ဗျောက်လည်းရှာမဖမ်း…ချိုင်းဖမ်းတဲ့သူ
လဲဝေလာဝေး……..ဒါကြောင့်ထူးခြားတယ်လို့ပြောတာဒီနှစ်ကို….ခုတော့အရင်ကနှာခေါင်းရှုံတဲ့သူတွေပါဒီရေစီးကြောင်းထဲမှာပက်လက်မျောတဲ့သူနဲ့
မှောက်ခုံမျောတဲ့သူနဲ့ဟုတ်နေပါပြီ…..။ဆိုးတကဒီလောကနဲ့ကင်းတဲ့သူက10%မပြည့်တော့ပါဘူး……90%ကျော်လူသူထဲမှာမပါတဲ့သူကဘယ်နေရာ
ရောက်လူရာမဝင်သလိုပါပဲ……ခပ်ရိုင်းရိုင်းပြောရရင်တော့အခုလိုဆောင်းရာသီမှာအေးလို့ခွေးတောင်ဘရိတ်ဖတ်မစားသေးဘူးသူတို့ကချဲအကြောင်း
အစည်းအဝေးထိုင်နေကြပါပြီ….။ကစားရတာလဲလွယ်တာကိုး..။စောစောကပြောခဲ့သလိုပဲဒိုင်တစ်ယောက်ရှိရင်တစ်မြို့လုံးကစားလို့ရတယ်……။
မအားရင်ကလေးတစ်ယောက်ကိုစာရွက်လေးရေးပေးပြီး(တစ်ချို့ကလည်းပိုက်ဆံပေါ်မှာရေးပေးပြီးဒိုင်ဆီလွှတ်လိုက်ယုံပဲ…….)
ဘာတဲ့ပိုက်ဆံပေါ်မှာဂဏန်းရေးပေးလိုက်ရင်ပေါက်တတ်သတဲ့လေ…..အယူသီးပုံများပြောပါတယ်……
ဝမ်းနည်းစရာကောင်းတာကဒီထဲမှာဘုန်းဘုန်းတွေဆရာလေးတွေပါဝင်ပတ်သက်ဆက်နွယ်နေတာပါပဲ….တစ်ချို့တော်တော်လေးနာမယ်ကြီး
နေတယ်……။အဲဒိဆရာတော်ပေးတဲ့ဂဏန်းကိုမှမရမကလိုက်တဲ့သူတွေကရှိသေး…။နတ်ကလည်းမနေပါဘူး..။ဂဏန်းပေးတာပဲ
ဘိုးတော်တွေလည်းခေတ်မီတာပဲ…ပေးတဲ့ဂဏန်းသာမှန်လိုက်လို့ကတော့သူ့နောက်စွပ်လိုက်ကြတော့တာပဲ…..။ဂဏန်းပေးတဲ့နတ်ကန႖ားလူစီပါတယ်..။
ဂဏန်းပေးတဲ့ကျောင်းအလှူမပြတ်ပါဘူး..။နောက်ဆုံးကလေးနဲ့အရူးတောင်မကျန်အောင်ဘာထိုးရမလဲလိုက်မေးတဲ့သူနဲ့တော်တော်လေးဆိုးနေတာပါ…။
ကျွန်တော့လည်းလာလာမေးကြတယ်……ဗျ..ပထမတော့အမှန်အတိုင်းပြောတော့မကျေနပ်ကြဖူး..။နောက်တော့ကိုယ်ကဦးအောင်တွေ့တဲ့ဂဏန်းပြောလိုက်
တော့အဟုတ်ကြီးမှတ်လို့……အံမာတွေ့ရာပြောလိုက်တာမှန်လို့တဲ့ဗျား

အဲဒိလိုနဲ့သုံးလုံးထိုးသူများဆင်ရဲခြင်းကလွတ်မလွတ်တော့မသိဘူး……….
နောက်နေ့မှဘောလုံးအကြောင်းနဲ့နေ့စဉ်ထွက်တဲ့နှစ်လုံးအကြောင်းပြောရအောင်………………

17 comments

  • weiwei

    November 26, 2010 at 12:06 pm

    ကျွန်မကတော့ ၁၀% ထဲမှာပါတယ် … 🙂

  • naywoonni

    November 26, 2010 at 4:29 pm

    ဟုတ်လူနဲစုထဲပါတာသိရလို့ဝမ်းသာပါတယ်ဗျာ
    ဟိုလူစုတော့မပါဘူးနဲ့တူရဲ့

  • yuyu

    November 27, 2010 at 8:17 am

    ယုကိုစောင်းပြောနေသလိုပ ဲအိမ်မက်မက်ရင်တော့ နှစ်လုံးထီထိုးဖြစ်တယ် ဒါပေမယ့်တစ်ခါမှ မပေါက်ဘူး၊ အလွန်အကျွံတော့မလုပ်ပါဘူး၊ ယု့သူငယ်ချင်းတွေလေ သုံးလုံးနှစ်လုံးထိုးလို့ တိုက်ခန်းနှစ်ခန်းပြောင်သွားတာ ယုလက်တွေ့တွေ့ဖူးတယ်၊ သူတို့က မပေါက်လေ မဲထိုးလေနဲ့ ရှိတာ အကုန်ပြောင်ရော၊

  • bigcat

    November 28, 2010 at 5:14 am

    ချဲဒိုင်တွေအကြောင်းသိရင် ရေးပါအုံး။ တကဲ့ဒိုင်ကြီးတွေကိုပြောတာပါ။ ကျနော်ကတော့ အရေးအခင်းပြီးကာစ မုန့်မစားပဲ ၂၅ကျပ်ဖိုး ချဲထိုးပြီး မပေါက်ကထဲက စိတ်နာသွားတာ ယနေ့ထိပဲ။

    • zawana

      November 30, 2010 at 5:03 am

      ကျနော်လည်း bigcat လိုပဲ။ သူငယ်ချင်းက ချဲရောင်းတော့ အားပေးပါဦးဆိုလို့ ၅ဝ ပြား (ငါးမူး) ဖိုး တစ်ကွက် ထိုးဖူးတယ်။ အဲဒါ ပထမဆုံးနဲ့ နောက်ဆုံးပါပဲဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2010 at 7:09 am

    ချဲဒိုင်ဆိုလို ့ပြောရဦးမယ်
    ရွာမှာ မုန် ့လက်ကောက် ရောင်းတဲ့အဒေါ်ကြီးတစ်ယောက်
    တစ်နေ ့ရောင်းတစ်နေ ့စားပေါ့ဗျာ
    တစ်ညနေမှာ ချဲထွက်တဲ့ အချိန် ဘယ်ကောင်က နောက်လိုက်တယ်မသိဘူး
    ချဲထွက်ပြီဆိုပြီး ဂဏန်းတစ်ခုကိုပြောလိုက်တော့ ပေါက်ပြီပေါ့ သူ ့ခမျာ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း
    စေတနာကတော့ ဘာထက်သလဲမမေးနဲ ့
    မုန် ့ဘန်းကြီးကို ချပြီး စားကြ တစ်ပြားမှ မပေးနဲ ့လှူခြင်နေတာကြာပြီ..
    အလကားကျွေးတယ်ဆိုတော့ ဝိုင်းလွေးတာ ဘာကြာမလဲ
    နောင်ဆို ဒီထက်ပိုပြီး ပေါက်ပါစေဘာညာပေါ့ သူ ့ခမျာ ပီတိတွေကို ဖြာလို ့
    မကြာပါဘူး အမှန်အကန် ဂဏန်းက ထွက်လာတော့ သူထိုးထားတဲ့ အကွက်မှ မဟုတ်ဘဲ
    အဲ့ကြတော့ ပွဲကြမ်းတယ်ဗျို ့
    ဖေတော့ မောင်တော့ တစ်မျိုးလုံး တစ်ရွာလုံး ကို ပတ်ဆဲတော့တာပါဘဲ
    ဘယ်သူ ့ကို ဆဲတာလဲပြောတော့ ဟိုလူလိုလို ဒီလူလိုလိုနဲ ့
    ခုဏက ပြောတာဘယ်သူလဲဆိုတော့ ဘယ်သူမှန်းကို မသိဘူးလေ တစ်ယောက်စကားတစ်ယောက်ဆိုတော့
    အဲ့ဒါနဲ ့ပဲ သူ ့ခမျာ အရင်းရအောင် မျက်နှာငယ်လေးနဲ ့မနည်း ပြန်လိုက်တောင်းယူရတယ်
    နောက်တစ်ခုကတော့ အမှန်ကန်အတိကြ ပေါက်ပြီပေါ့ မြို ့ဒိုင်မှာ ပေါက်တာ အောဒိုင်ခေါ်တယ်
    ရေကတော့ မနက်ဖြန်လာမယ်ပေါ့
    ရွာအခေါ် ကတော့ အောင်ပွဲခံတာပေါ့ဗျာ ပျော်လိုက်တဲ့ဖြစ်ခြင်း
    ဘဲတွေကြက်တွေ ကို ထန်းရည် အရက်တွေနဲ ့ဆော်ကြတာ ဝေဿန်တရာ လှည်းမှောက်သလိုပေါ့
    နောက်နေ ့ကြတော့ ဒိုင်ပြေးလေသတည်း (ပြေးတာမဟုတ်ဘူးဗျ ဒေသခံ ရဲစခန်းနဲ ့ညှိုပြီး ခပ်တည်တည်နဲ ့ဒိုင်အဖန်းခံရတယ်ပေါ့)
    အဲ့ဒါနဲ ့ကုန်ကြစရိတ်လေးတွေ မနည်းအသနားခံ တောင်းလာပြီး
    နောက်ခါ ရွာမှာ လာရောင်းရဲရောင်းကြည့်ပေါ့
    ဒါနဲ ့ဘဲ နောင်လဲ ဒီလိုဘဲ ရောင်းနေ ထိုးနေကြတာပါဘဲ
    ဘိုးတော်တွေ ရသေ့တွေ ဘုန်းကြီးတွေ အရူးတွေ နတ်တွေ စုံနေတာပါဘဲ နောင်များကြုံရင် ပြောကြသေးတာပေါ့

  • kopauk mandalay

    November 28, 2010 at 3:55 pm

    စိတ်ပါသွားပြီ ကိုပုရေ
    ရေးတော့မယ် “မပေါက်စကောင်း ပေါက်စကောင်း ”
    မကြာမီ လာမည် မျှော်…………………………………………………..

  • ဆူး

    November 29, 2010 at 2:37 am

    မပေါက်စကောင်း ပေါက်စကောင်း များ လုပ်မနေနဲ့.. ပေါက်ကို ပေါက်မှာ.. မယုံဘူးလား.. ရော့.. ဒီမှာ လျှာပွတ်ဆေး.. စံချိန်မှီတယ်.. ခံတွင်းရှင်း အစာကြေ လေကြေ ဘွတ်ဘွတ် လျှာပွတ်ဆေး..

  • moethidasoe

    November 29, 2010 at 6:04 am

    ချဲနှင့် နှစ်လုံး ပါလာတော့ အတွေ့အကြုံတချို့ ဝင်ရေးပါရစေ ..
    သုံးလုံး လောက ကို ၁၉၈၉ လောက်မှာ ဝင်ကြည့်ဖြစ်ပါတယ် .. ဝင်ကြည့်တဲ့ တတိယလမှာ တစ်ခါတိုက်ပါတယ် .. နောက် ငါးလကြာတော့ တစ်ခါတိုက်ပါတယ် .. ဒါတောင် ဟိုကြည့်ဒီကြည့်နဲ့ပေါ့ .. အိမ်ထောင်မကျသေးတော့ လုပ်ချင်တာ လုပ်ကြည့်ခဲ့တာပါ .. နောက်ထပ် မတိုက်တော့ဘူး .. သချင်္ာ ပြန်တွက်ကြည့်တော့ ရထားသမျှ ကုန်ပြီ .. မကြာခင် အိတ်ထဲက ပြန်ထွက်တော့မယ် လို့ မြင်တော့ ရပ်လိုက်တယ် .. (ကိုယ်က ရတာပဲ ဖြစ်ချင်တာကိုး) ..
    နှစ်လုံး ဆိုတာလဲ ဒီလိုပဲ ပထမဆုံး အိပ်မက်ကို အဓိပ်ပါယ် ရမ်းကောက်ကြည့်တော့ အဆင်ပြေပြီး ရခဲ့တယ် .. နှစ်ခါလားပဲ တိုက်ပါတယ် .. အခါနှစ်ဆယ်လောက် မတိုက်တော့ ရပ်လိုက်ပါတယ် ..
    အတိတ်စိမ်းပေးတဲ့ စာရွက်တွေ ဘယ်လိုထွက်လာသလဲ ဆိုတာကိုလဲ သိလိုက်ရပါတယ် .. ဝါသိင်္ခ ဆိုတာကလဲ .. သူ ကိုယ်တိုင် ထိုးတာ မပေါက်ပဲရှိတာကုန်သွားလို့ နောက်ဆုံး ဒီစာရွက်ထုတ်ရောင်းမှ သူကြွယ်ဖြစ်လာတာ .. အကြားအမြင်သမားတွေ ဆိုပြီး နံပါတ်ပေးတဲ့လူတွေလဲ သူတို့ ပေးတဲ့နံပါတ်ကို သူများထိုးရင် ပေါက်ကြပါတယ် .. သူတို့ကိုယ်တိုင် လောဘ တက်လာပြီး ဟောလဲဟော .. ထိုးလဲထိုး လုပ်လာကြတော့ .. အရင် ဟောလို့ ရထားတာတွေ ကုန်သွားတဲ့ အပြင်ကို သူတို့ဟောတာတွေလဲ မမှန်တော့ဘူး ..
    ဒီတော့ ပြန်တွေးကြည့်ပြီးမှ ဪ .. ထီတောင်မှ ထောင့်ငါးရာ တစ်ခါ တစ်သောင်း တစ်ခါ ပေါင်း နှစ်ခါလေး ပေါက်ခဲ့ပါတယ် .. သုံးလုံးဆိုလဲ နှစ်ခါ .. နှစ်လုံးမှာ နှစ်ခါ ဒါပဲ ပေါက်ခဲ့တာ .. ဘဝများစွာမှာ ဒီလို အလွယ်ရမယ့် ကံ မပါဘူး ဆိုတာကို ယုံလိုက်တဲ့ နောက်ပိုင်း နှစ်လုံး သုံးလုံးကို ရှောင်လိုက်ပါတယ် ..
    (မှတ်ချက် ။ ။ ၁၉၈၈-၈၉ ကာလတုန်းက မင်းသားကြီးကျော်ဟိန်းလဲ ဒိုင်ကိုင်ခဲ့ပါတယ် .. တစ်ပတ်မှာပေါ့ .. ဒိုင်ကွဲဂဏန်းကြောင့် အတော်ပေါက်ကြပေမယ့် စစ်တပ်ကို ဘယ်လိုစည်းရုံးလိုက်လဲ မသိဘူး .. လက်ခွဲဒိုင်တွေ ကျော်ဟိန်းရဲ့ အိမ်ပတ်လည်မှာ အစောင့်တွေလို ချထားပြီး လုံးဝ မလျော်ခဲ့တာကြောင့် တစ်ချို့သော လက်ခွဲတွေ အိမ်တိုင် ချွတ်လိုက်ရတာကို ပြန်လည် ဖောက်သည်ချပါရစေ ..အတင်းတော့ မဟုတ်ပါ .. သူများနောက်ကြောင်းကို ဖော်တာလဲ မဟုတ်ပါ .. အဖြစ်မှန်ပါ .. ဒီလိုလူတွေလဲ ဒီလိုင်းက မကင်းခဲ့တာကို သက်သေပြချင်လို့ပါ ..)

  • naywoonni

    November 29, 2010 at 12:10 pm

    မိုးသီတာရေ……ကြားတော့ကြားဖူးတယ်ဗျ…ဒါပေမဲ့မသေချာလို့ထည့်မပြောတာ
    ကျွန်တော်တို့ဆီမှာတစ်ယောက်ထဲဘယ်ဟုတ်မလဲလူသိများတဲ့သူတွေသုံးလေးယောက်
    လောက်ဒိုင်လုပ်ကြတာ……..သေချာရင်လည်းပြောလို့မဖြစ်ဘူးလေဗျာ…ပြီးခဲ့တာတွေလည်းပြီး
    ခဲ့ပါပြီ….ခုကောပိုက်ဆံရှိတယ်ဆိုတဲ့……အာဏာရှိတယ်ဆိုတဲ့သူတွေအတော်များများဟာ
    ကောကင်းမယ်ထင်လို့လား?အင်တာနက်ဝက်ဆိုဒ်တွေကိုတောင်ပိတ်နိုင်သေးတာ
    စလောင်းကအဲဒိလိုင်ဘာလို့မပိတ်နိုင်လဲ….ပိတ်မရတာတော့ဟုတ်ဟန်မတူဘူးနော့

  • winkyawaung

    November 29, 2010 at 2:53 pm

    ချဲထီလောင်းကစား ဝိုင်းစကားက ယခုဆရာကြီးတွေရဲ့ ကျင့်ထုံး နည်းပညာပါ။
    ဒဲ့ပေါက်လဲ မလျော်ဘူး၊ တွတ်လဲ မပေးဘူး၊ ဒိုင်လဲ မပြေးပါဘူး တဲ့။ ကမ္ဘာ့ကုလသမဂ္ဂကို တက်တိုင်လဲ ဂရု မစိုက်ပါဘူး တဲ့။

    • kai

      November 29, 2010 at 11:16 pm

      စကားစပ်ပြောရရင်.. အဲဒီချဲထီလောင်းကစား အပါအဝင် ကာစီနိုစတဲ့ လောင်းကစားတွေကို .. သယံဇာတ၊ ပရံကတ ဘာမှမထွက်၊မရှိတဲ့ ပြည်နယ်၊ မြို ့နယ် ၊ဒေသ တခုခုကို လိုင်စင်ပေး တရားဝင်လုပ်ခိုင်းဖို့သင့်တယ်..။
      အလုပ်အကိုင်တွေ ထွက်လာသလို ..လိမ်တာ၊ ကောက်တာ တွေလည်း လျှော့နည်းမှာပဲ..။
      ဒေသလည်း လူစည်လာမှာပဲ..။
      ကိုကိုးကျွန်းကို ..လိုင်စင်ချပေးပြီး.. တရားဝင်လုပ်ဖို့ ..နိုင်ငံတော်ကို အကြံပေးလိုပါကြောင်း…နဲ့ တခြားပြည်နယ်-ဒေသတွေမှာ လုပ်ကြရင် အပြင်းအထန် အရေးယူစေလိုပါကြောင်း..။

  • satan

    November 29, 2010 at 3:46 pm

    ဟုတ်တယ် နှစ်လုံးတွေ …..သုံးလုံးတွေဘာမှမကောင်းဘူး ….တို့ကတော့ တစ်လုံးပဲ(ဘောလုံး) ….:P

  • kopauk mandalay

    November 29, 2010 at 4:54 pm

    ပေါက်ပြီ ပေါက်ပြီ ပေါက်ပြီ
    ရောက်သွားပြီ အရူးထောင်ကို

  • naywoonni

    November 30, 2010 at 7:22 am

    ကိုပေါက်ရေ ဘယ်လောက်များပေါက်သွားလို့လဲ ဟင်
    ကျွန်တော်တော့ ဆေးလိပ်မီးဖွားတွေပဲ ခဏခဏ ပေါက်နေတယ် ဗျ
    အဲဒါကြောင့် ဘယ်သူမှ ကျွန်တော့နား မလာရဲကြဘူး သိလား?

  • ဆူး

    November 30, 2010 at 9:25 am

    အဘနီ ဒီပုံစံဆို.. ဆေးလိပ်သောက်လို့ မီးပွားပေါက်တာ မဖြစ်နိုင်ဘူး.. မီးရှူးမီးပန်း ဖွားကနဲ ကျတာ ဖြစ်မယ်။

  • R Ga

    November 30, 2010 at 10:28 am

    နှစ်လုံး ဆိုလို့ …….ရသေ့တစ်ပါတွေ့ဖူးတယ်။ သူက ကဏန်း ပေးတယ်။
    ဒါပေမဲ့ သူရဲ့ လုပ်ကွက်က အတော်ကလေး ဉာဏ်ပါတယ်။ဘယ်လိုလည်းဆို
    တော့ သူက ရပ်ကွပ်ထဲက အိမ်တွေ အိမ်တွေ ရှေ့ လိုက်ပြီး အလှူ ခံတယ်။
    သူကို လှူတဲ့ အိမ်ဆိုရင် သူ သပိတ်ပေါါ်မှာ လိပ်ထားတဲ့ စာရွက်တစ်ရွက်ကိုပေး
    လိုက်တယ်။ မလှူရင်မပေးဘူးပေါ့။ သူပေးလိုက်တဲ့ လူကပေါက်ရင် နောက်နေ့ သူကိုပူဇော်ပေါ့ ။ပိုလှူပေါ့။ဘယ်လောက်ကောင်းတဲ့ လုပ်ကွက်လည်း သူကညနေ သူ့ကျောင်းလားအိမ်လားတော့မသိဘူးပေါ့။ပြန်
    ရောက်ရင် သူ က စာရွှက်လေးတွေမှာ ဝ၁ ကနေ ၉၉ ရှိတဲ့ ကဏန်း အလုံးတရာသူရေးထားပြီးမဲလိပ်ထားပြီး သားလေ ။ ဒီတော့ သူ့ ဂဏာန်းက တစ်ယောက် မ ဟုတ်တစ်ယောက်တော့ပေါက်မှာ သေချာတယ်လေ။ ဒဲမပေါက်တဲ့ လူတောင် ဟယ်နည်းနည်းလေးပဲ နေရာလွဲသွားတယ်..မှန်တယ်..ပေါ့။ တစ်လုံးတူတဲ့လူကျတော့လည်း ဒီရသေ့က ဝမ်းချိန်းလေးတော့အတော်မှန်တယ်။ပေါ့..။ အတော်အလုပ်ဖြစ်တယ်ပြောတာပဲ…။

Leave a Reply