ကမ္ဘာပျက်မည့်နေ့ – December 4th 2010

kaiNovember 26, 20101min26333

ဥက္ကာခဲ အမှတ် RX3286 သည် နေစင်္ကြာဝဌာထဲ တနာရီမိုင်း ၁သန်း၃သိန်းနှုန်းဖြင့် ဝင်ရောက်နေသည်ဟု နာဆာမှ ကြိုတင်တွက်ထားသည့်ရလဒ်များအရဆိုပါသည်။

အဆိုပါဥက္ကာခဲသည် ကမ္ဘာ့မြေသို ့ဒီဇင်ဘာ ၄ရက်နေ့ ၂၀၁၀၊ ည ၁ဝနာရီ ၁ဝမိနစ်တိတိတွင် ဝင်ရောက်တိုက်မိမည်ဖြစ်ပြီး ကမ္ဘာ့လူဥိးရေ သန်း၆ထောင်၏အသက်ကို နာရီပိုင်းအတွင်း ဖဲ့ခြွေယူသွားမည်ဟု သိပ်ပံပညာရှင်အားလုံးလိုလိုကသဘောတူလက်ခံထားပါသည်။

ကျန်လူသားနှင့်သတ္တဝါများမှာ အလွန်ဆုံး ရက်ပေါင်း၃ဝအတွင်း ကြီးမားလှသောဒီရေလှိုင်းများနှင့်ငလျှင်၊မီးတောင်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးကြမည်ဖြစ်သည်ဟု တွက်ချက်ထားချက်များအရသိရှိရသည်။

အဆိုပါဥက္ကာပျံဝင်ရောက်လာမည်ကို သိရှိချင်းမှာ လွန်ခဲ့သော လအနည်းငယ်မျှသာဖြစ်သဖြင့် လူအများ စိုးရိမ်ကြောင့်ကျမှုကြီးစွာဖြင့် ဆောက်တည်မရဖြစ်ကြမည်စိုးရိမ်မိပါသဖြင့်  ကြိုတင်အသိပေးကြေညာမှုမပြုခဲ့ခြင်းဖြစ်ပါသည်ဟု ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဘန်ကီမွန်းကလည်း ကမ္ဘာသူကမ္ဘာသားများသို ့ယနေ့ပြောဆိုလိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုမှ အာကာသလွန်းပျံယဉ်များသည် လကမ္ဘာပေါ်တွင်တည်ဆောက်ပြိးဖြစ်သော အခြေစိုက်စခန်းသို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် သက်ရှိသတ္တဝါနှင့် သစ်ပင်မျိုးစိတ် ထောင်ပေါင်းများစွာကို သယ်ဆောင်မည်ဖြစ်သော်လည်း အားလုံး၏အရေအတွက်ပေါင်းမှာ ၁သိန်းတိတိသာလျှင်ရှိသည်..။

ကဲ..
တကယ်ကြီးကို ကမ္ဘာပျက်မယ်ဆိုပါတော့..။

ဖြစ်ပုံက .. အချင်း ၂၂မိုင်ရှိတဲ့ဥက္ကာပျံတခုက… အာကာသထဲကလာပြီးကမ္ဘာကိုတိုက်လိုက်မယ်..။ တိတိကျကျပြောရရင် .မြန်မာပြည်ထဲကျမယ်ဆိုပါတော့ ..။
သာမန်အားဖြင့် ဟီယိုရှီမားထိတဲ့ နူကလီးယားဗုံး အလုံး ၁သိန်းလောက်အင်အားနဲ့ညီတာမို ့.. ကမ္ဘာပျက်ပါတယ်..။ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်လုံးဝမရှိပဲ .. သေကို သေပါမယ်..။အဲဒီလိုစိတ်ကလေးသွင်းပြီး….

မန္တလေးဂေဇက်ရဲ့ စာဖတ်သူ၊ရေးသူတွေဘာလုပ်ကြမလဲ မေးချင်တာပါ..။ ဖြစ်ချင်တာလေးတွေ ပွင့်ပွင့်လင်းလင်း ချရေးစေလိုပါတယ်..။ ၄ခုထဲရေးပေးပါ.။
နောက်ဆုံး အချိန်မိနစ်လေးမှာရော.. ဘယ်လိုပုံစံနဲ့သေချင်သလဲ ဆိုတာလေးပါ… ထည့်ရေးပေးပါနော..။

33 comments

  • ကြယ်လေး

    November 26, 2010 at 11:01 am

    တိန်

    ဂယ်ကြီးလား

    ဂယ် ဆို အိမ်ပြန်မယ်

    မိသားစုနဲ့ တူတူသေမယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2010 at 11:04 am

    ခု နှစ် လဲပါဘူး
    ဒါပေမယ့် RX3286 ဆိုတော့
    286 တစ်ကွက် 328 တစ်ကွက်လောက်တော့ အပီဆော်ကြဟေ့
    အပီ အပီ

  • weiwei

    November 26, 2010 at 11:14 am

    ကမ္ဘာပျက်မယ်ဆိုရင် လူတိုင်းလုပ်ရမယ့်အလုပ်က ဗြဟ္မာစိုရ်တရားလက်ကိုင်ထားဖို့ပဲ … အဲဒါမှ ဗြဟ္မာ့ပြည်ရောက်လိမ့်မယ် … သေရမှာ ကြောက်စရာမလိုပါ …

  • ဆူး

    November 26, 2010 at 11:16 am

    ဒီပိုစ်ကို ဖတ်မှဘဲ သဘောပေါက်တော့တယ်.. တည့်တည့် လာတဲ့ ကျည်ဆံ ဝပ်နေရင် လွတ်တယ်။ မကြာခင် လာတော့မယ် ဆိုတဲ့ ဥက္ကာခဲ ဒိုက်ထိုးပြီး ဘုရားရှိခိုးရင် အခုတည်းက လာရင် အကြောအချဉ်တွေ လျော့လို့ လွယ်လွယ် ကူကူ ရှောင်လို့ ရနိုင်သား.. အင်း.. နဲနဲ တော့ စဉ်းစားသင့်ပြီ.. ဦးခိုင် ပြောသလို မဟာယန ပြောင်းဖို့.. အဟေး…

  • kai

    November 26, 2010 at 11:17 am

    ၁) အကောင်းဆုံးရေမွေးတွေရယ်၊ ချောကလက်ရယ် နာရီရယ်ဝယ်ပြီး မြန်မာပြည်ပြန်မယ်။
    ၂) ဘတ်စ်ကားတစင်းငှားပြီး ဆွေမျိုးတွေအကုန်ကားပေါ်တင်ပြီး မြန်မာပြည်အနှံ ့ဘုရားဖူးသွားမယ်။ လမ်းမှာတွေ့သမျှကလေးတွေကို ချောကလက်ကြွေးမယ်။ အဖွားတွေကို ရေမွေးပေးမယ်။ အဘိုးတွေကို နာရီပေးမယ်။
    ၃) ဗုဒ္ဓဂါယာကိုသွားမယ်။ မက္ကာကိုသွားမယ်။ ဂျေရုစလင်ကိုသွားမယ်။
    ၄) ပဲရစ်ကိုသွားမယ်။ အီဖဲမျှော်စင်နဲ့အနီးဆုံးမှာထိုင်ပြီး .. မျှော်စင်ကိုငေးရင်း ကော်ဖီတခွက်မှာသောက်မယ်။ မိုနာလီဇာပုံရှိတဲ့ပြတိုက်သွားကြည့်မယ်။

    မိသားစုနဲ့အတူတူ အီတလီပင်လယ်ကမ်းခြေသွားပြီး မီးလေးဖို၊ အကင်လေးစားပြီး …ပင်လယ်ကိုကြည့်ရင်း နောက်ဆုံးအချိန်ကို စောင့်မယ်..။ 🙂

  • လင်းဝေကျော်

    November 26, 2010 at 11:20 am

    အခုသေရမှာက တစ်မျိုးလေ။
    ကိုယ်လည်းသေ ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်းသေ။
    ပတ်ဝန်းကျင်ပါပျက်စီးသွားမှာ။
    အဲဒီတော့ ဘာလုပ်ရဦးမှာလဲ။
    ဘာမှကိုလုပ်လို့မရတော့ဘူး။
    သူများတွေကောင်းအောင်လဲ လုပ်ပေးခဲ့လို့မရတော့။

  • kai

    November 26, 2010 at 11:27 am

    ဒီလို..ဆာဗေးကို ..သတင်းစာကလုပ်တာအခုမှမဟုတ်ဘူး..လွန်ခဲ့တဲ့အနှစ်၁၀ဝကျော်ထဲက..ပြင်သစ်မှာလုပ်ခဲ့တယ်…။
    နောက်တပါတ်နေ … အားလုံးသေမယ်.. ကိုယ်လဲသေမယ်ဆိုတာကနေ… ထွက်လာတဲ့အတွေး၊အမြင်တွေက ..ကိုယ့်ကိုယ်ကိုယ်.. သေသေချာချာမြင်သွားနိုင်လို့ပါ..။
    အမှန်အတိုင်း… ချရေးကြည့်ပါလား..။ လူမသိစေချင်ရင်လည်း ..စာရွက်မှာချရေးကြည့်ပါ..။

  • snique

    November 26, 2010 at 11:50 am

    သေဆိုတော့ လဲ သေလိုက်ရုံပေါ့ဗျာ ဘာမှတွယ်တာ စရာမှ မထားထားတာ း)

  • သီဟ

    November 26, 2010 at 11:58 am

    တကယ်ပျက်တော့မှာလားဗျ သေရတော့မှာပေါ့နော် 🙁
    ဒါဆိုလုပ်ချင်တာတွေကတော့
    1.မိဘကို လုပ်ခဲ့သအမျှအပြစ်တွေအားလုံးအတွက်ဝန်ချတောင်းပန်မယ်ဗျာ(ထပ်ပြီးဘယ်လိုမှမိဘကြွေးဆပ်ဖို့အချိန်
    မရှိတော့ဘူးလေ)
    2.ကတော့ ဟိဟိ မိန်းမယူမယ်ဗျာ မရရအောင်ယူမယ် ကောင်မလေးကိုလည်းကမ္ဘာပျက်တော့မှာဆိုပြီးမယုံရင်ဒီ
    page ကိုဖတ်ခိုင်းမယ်ဗျာ မရဘူး မယုံဘူးဆိုရင်ခိုးပြေးမယ် ဟိဟိ
    3.မိသားစုတွေအားလုံးဘုရားဖုူးထွက်မယ်ဗျာ အဓိကတော့ရွှေတိဂုံဘုရားဖူးရရင်တော်ပြီ
    4.ကတော့ဗျာ ဝိပသာနာတရားမှတ်မယ် ဝင်သက်ထွက်သက် ဖြစ်တယ် ပျက်တယ်ပေါ့
    အဲ့လိုတရားမှတ်တဲ့ချိန်ရင်းဥက္ကာခဲဝင်တိုက်လာပြီးသေသွားရင်ကောင်းမယ်

  • koyinmaung

    November 26, 2010 at 12:09 pm

    ဒါဆိုဆွမ်းသွတ်ပေးမဲ့ဘုန်းဘုန်းတွေလဲဘယ်ရှိတော့မလဲနော်…

  • antimoe

    November 26, 2010 at 12:40 pm

    kai ရေ
    ၁။ ဝဋ်ကျွေးတွေကျေအောင် ဆပ်ပြီးမှ သွားချင်တယ်။
    ၂။ ဝဋ်ကျွေးတွေကျေအောင် ဆပ်ပြီးမှ သွားချင်တယ်။
    ၃။ ဝဋ်ကျွေးတွေကျေအောင် ဆပ်ပြီးမှ သွားချင်တယ်။
    ၄။ ဝဋ်ကျွေးတွေကျေအောင် ဆပ်ပြီးမှ သွားချင်တယ်။

  • Alexkanary

    November 26, 2010 at 12:42 pm

    မိန်းမ ယူမယ် …..အရင်..လူပြိုကြီးဗျ….ဟီး

  • naywoonni

    November 26, 2010 at 1:30 pm

    ပေါင်မုန့်တစ်ယှက်
    ဝိုင်တစ်ခွက်နှင့်……ဆိုတဲ့ရူဘိုင်းယတ်ကဗျာထဲကလိုပဲ
    ချစ်သူရင်ခွင်မှာမှေးစက်ပြီး
    လရောင်အောက်မှာ…………..ဟီးးးဟီးးးး
    ခုထိတော့နားခိုရာချစ်သူမရှိသေးပါ…………..
    (ကြော်ညာလို့မှတ်ယူရင်လည်းစိတ်မဆိုးပါ)

  • alfred

    November 26, 2010 at 5:53 pm

    ဒီတစ်ခါကော ဂယ်လားဟင်။ ဂယ်ဆိုရင် သူ့ရဲ့ မူရင်း link လေးပြပါလား ပိုယုံသွားအောင်လို့ပါ။

  • Foreign Resident

    November 27, 2010 at 12:10 am

    If so,
    (1) Will do meditation & concentrate only in that.
    (2) Donate all my properties, if anybody still want them.
    (3) Go back to Mother Land ( Myanmar ).

  • etone

    November 27, 2010 at 2:38 am

    သေမယ်လို့ကြိုတွေးပြီးကြောက်နေတာထက် …. အဲ့ဒီအကြောင်း မတွေးတာက ပိုကောင်းမယ။် တကယ်မလွဲမသွေကမာ္ဘပျက်နေပြီဆိုမှ မိဘတွေဆီဖုန်းဆက်မယ်၊ ချစ်သူဆီဖုန်းဆက်မယ် အဆင်ပြေရင် လာတွေ့ခိုင်းမယ် ပြီးမှ သက်တောင့်သက်သာလေး သေဖို့နေရာရွှေးမယ် ။ ဒါဆိုအိုကေပေါ့ ။

  • bigcat

    November 27, 2010 at 4:23 am

    သူခြောက်တိုင်းလည်း မကြောက်ကြပါနဲ့၊ သွားလေသူ ကြီးတော်ပေးထားခဲ့တဲ့ အဏုမြူဗုံးဒဏ်က လွတ်နည်းရှိပါတယ်။ ဒုတိယကမာ္ဘစစ် ဟီရိုရှီးမားမြို့ အဏုမြူဗုံးပေါက်ကွဲမှုမှ ရှင်သန်ခဲ့သူတဦးရဲ့ အတွေ့အကြုံကို ဖြည့်စွက်မွမ်းမံထားတာပါ။ အပေါ်ဖြူအောက်ဖြူဝတ် တကိုယ်လုံးကို ထုံးသုတ်ပြီး အဖြူရောင်ကသိုင်းရှုနေရင် နြူကလီးယားဗုံး တသိန်း ကွဲမဲ့အားလောက်တော သင်္ကြန်ရေကို ပြွတ်စုတ်နဲ့ ပက်သလောက်သာရှိပါလိမ့်မယ်။ ပိုသေချာချင်ရင်တော့ နာမည်ကိုပါ ကိုဖြူတို့ မဖြူတို့လို့ ကြိုပြောင်းထားလိုက်ပါ။ ရွာထဲမှာ ဝှိုက်ဆိုသူနာမည်နဲ့ ပို့စ်တင်ဖေါ်တင်ဖက်တဦးတော့ ရှိသဗျ။ ကြည့်ရတာ သူလည်းဒီနည်းကို သိပုံရတယ်။

  • white

    November 27, 2010 at 5:02 am

    ကိုကြောင်ကြီးရေ
    ကျွန်တော်ကိုတော့ အပေါ်ဖြူအောက်ဖြူဝတ် တကိုယ်လုံးကို ထုံးသုတ်ပြီး gazette ရွာထဲမှာ နေခိုင်းတော့မယ်လို့ စိတ်ကူးနေပြီလားဗျ။

  • naywoonni

    November 27, 2010 at 5:50 am

    ပေါင်မုန့်တစ်ယှက်
    ဝိုင်တစ်ခွက်နဲ့ဆိုတဲ့……..ရူဗိုင်းရပ်ကဗျာထဲကလို
    သစ်ခြောက်ပင်အောက်မှာချစ်သူ့ရင်ခွင်မှီပြီးစောင့်ချင်ပါတယ်………
    ခုထိမှီစရာချစ်သူမရှိသေးတာခက်တယ်ဗျာ……………….

  • char too lan

    November 27, 2010 at 6:08 am

    သေရတော့မယ်ဆိုတာသိပီးရင်တော့ အိမ်ပြန်ပီးမိသားစုနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေလိုက်တော့မယ် ဘာမှလုပ်စရာမလိုတော့ဘူး သူငယ်တန်းဆိုတဲ့အချိန်ကစပီး ခုထိသက်ဆိုင်ရာအလုပ်တွေ မနားတမ်းလုပ်ခဲ့ပီးပီ တကယ်သေရမယ့်အချိန် တရားခွေဖွင့်ပီး အိမ်မှာပဲအေးအေးဆေးဆေးနေတော့မယ် ~~

  • Ai

    November 27, 2010 at 6:25 am

    အခုမှပဲ သေနည်းမျိုးစုံထွက်လာတော့ တယ်….အတူတူသေကြတာပေါ့ ..ပျော်စရာကြီး…. နီးနေပြီနော်…..ကမ္ဘာပျက်မပျက်မသိသေးဘူး…အခု Internet Connection တော့ ပျက်နေပြီ…..

  • cherrywine

    November 27, 2010 at 7:19 am

    4 ရက်နေ့သေချာရင်တော့ မွေးနေ့ကိုကြိုလုပ်ရမှာပေါ့။
    Knowing ဇာတ်ကားထဲကလို မိသားစုနဲ့အတူနောက်ဆုံးအချိန်ကိုမျှော်ရမှာပေါ့
    တရားကတော့ တက်နိုင်သလောက်မှတ်တာပေါ့ ..
    ဟီး .. ချစ်သူလည်းမရသေးဘူး .. ဖူးစာရှင်အမြန်လာပါ။

  • full of goods news

    November 27, 2010 at 7:27 am

    အင်း …. သေတော့မယ်ဆိုမှ ဘာလုပ်ချင်မှန်းကို မသိတော့ဘူး ….:)

  • မှော်ဆရာ

    November 27, 2010 at 12:36 pm

    ကိုခိုင်ရေ ပထမတော့ မန်းမလို့ပါ
    ဒါပေမယ့် စာရှည်သွားလို့ ပိုစ့်အနေနဲ့ပဲ တင်ပေးလိုက်ပါတယ်
    အားပေးပါဦး ၊ မန်းပါဦး …..
    အချစ်ဆုံးသူရဲ့ နောက်ဆုံးလက်ဆောင်ပါ

  • MZS

    November 27, 2010 at 1:15 pm

    အိမ်ပြန်မယ်ဗျို့..
    သံသရာမပါအောင် အကြွေးတွေလဲ ဆပ်ရဦးမယ်..
    kai ရေ..သိပ်မနောက်နဲ့နော်..တော်ကြာ အချို့က တစ်ကယ်ထင်ပြီး
    ယောက်ျား၊ မိန်းမတွေ ပြေးယူလို့ မတော်တာတွေနဲ့ရရင် တရားခံဖြစ်နေမယ်..။

  • thans for website

    November 28, 2010 at 3:03 am

    – နယ်ကအမနဲ့အမေ့ဆီဖုံးထိုင်ဆက်ပြီးနေမယ်
    – ပြီးရင်ချစ်သူနဲ့စကားထိုင်ပြောမယ်
    -ပြီးရင်လေးပက်လောက်သောက်မယ် ဘုရားဆုတောင်းပြီးအစားစာမယ်
    -စာအုပ်ထိုင်ဖတ်မယ် စာအုပ်ထိုင်ဖတ်ပြီးရင်ကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ စစ်တပ်ဘက်ကတယောက်လောက်ကို ခေါင်းရင်းမှာချိတ်ထားတဲ့ ကင်ဒို နဲ့ သွားခုတ်မယ်

  • naywoonni

    November 28, 2010 at 4:47 pm

    အဲဒါဘယ်စံတောါချိန်လဲဗျ။။။။။။။။။။။။။

  • နေ ဘုန်းလျံ

    November 29, 2010 at 1:19 am

    ကမာ္ဘပျက် တာကောင်း ပါတယ် နေရာတိုင်း မှာအမုန်းတရားတွေ နာကျင် မှု့ တွေ လူမျိုးရေးမခွဲခြား ဘူဆိုတဲ့လူတွေ လူမျိုးရေး ခွဲခြားနေတာတွေ နာကျင်နေ ပါပြီ ဘက်လိုက်မှု့တွေ သိပ် များလွန်းနေပါပြီ အားလုံးသေကြ တာပို ကောင်းပါ၏ စစ် တိုက် စရာလဲ မလို ပါ…….

  • နေ ဘုန်းလျံ

    November 29, 2010 at 1:22 am

    ကမ္ဘာ ပျက်မည့် နေ့ အခု သို့မဟုတ် ဒီနေ့ ဖြစ်ပါစေလား

  • ဆူး

    December 4, 2010 at 6:56 am

    တခြားတော့ မသိဘူး.. ၄ရက်နေ့ အင်တာနက်လိုင်းကို ဝင်စောင့်သွားလို့ ဆက်တငန့်ငန့် loading ဖြစ်နေတာ ဖြစ်မယ်။

  • ဆူး

    December 4, 2010 at 1:47 pm

    ဒီနေ့ အတွက် ဆောင်ထားတဲ့ ဖယောင်းတိုင်ကတော့ ဒီနေ့မှာ အသုံးကျသွားပြီ.. မီးပျက်လို့.. ဖယောင်းတိုင် ၁တိုင် မကုန်ခင်မှာ လာတယ်။

  • intro

    December 17, 2010 at 3:45 pm

    ရှိတဲ့ အဝတ်စားတွေထဲက ကိုယ်အကြိုက်ဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် အဝတ်အစားကို ရွေးဝတ်မယ်… ရှိတဲ့ပိုက်ဆံလေးနဲ့ ဝယ်ချင်တာတွေ ရနိုင်သလောက် ဝယ်မယ်… ကိုယ်အမြတ်နိုးဆုံး ကောင်မလေးကို ဘေးမှာ ခေါ်ထားပြီး ကိုယ်အချစ်ဆုံး မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီသွားမယ်.. သူတို့နဲ့ အတူ သာယာတဲ့ ပင်လယ်ကမ်းခြေလိုမျိုးလေး တစ်နေရာမှာ ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်တွေကို တစ်ယောက်ကို တစ်ယောက်ဖေးမရင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်းနဲ့ အတူ ကုန်ဆုံးမယ်… စားချင်တာတွေကို အတူတူ ချက်စားကြမယ်၊ ညဘက် မီးပုံပွဲလေး လုပ်ပြီး အတူတူသီချင်းဆိုမယ်၊ ဂစ်တာတီးမယ်… အကြောက်ပြေအောင် ကစားနည်းအမျိုးမျိုး ကစားကြပြီး နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်ပါတယ်…

  • thethtet87

    December 18, 2010 at 7:41 am

    တကယ်ပျက်ရင်တော့။-
    (၁)ရသမျှလူဆီကရသလောက်ပိုက်ဆံလိုက်ချေးမယ်။ပြန်မှဆပ်စရာမလိုတာကို။
    (၂)ပြီးရင်ဘီယာအဝသောက်မယ်။နောက်ဆိုရင်မသောက်ရတော့ဘူးလေ။
    (၃)မိန်းမကို်ကြိုက်တာဝယ်ပေးမယ်။နောက်ဆိုရင်နားညည်းစရာမလိုတော့ဘူး။
    (၄)ပြီရင်ကိုယ်မှာရှိသမျှတွေသူများကိုဝေပေးလိုက်မယ်။ ကောင်းမှကောင်း
    နာညည်းတော့သက်သာတော့မယ်။

Leave a Reply