တနေ့က ပိတ်ရက်သွားတော့.. အဒေါ်က အသုဘ အိမ်တခု သွားနေလို့တဲ့.. ပြန်လာတော့.. အဒေါ် ဘယ်သူ့ အသုဘလဲ ဆိုတော့.. ရပ်ကွက်ထဲက ဦးလှထွန်း သမီးယောင်္ကျားသေတာတဲ့.. သူတို့ ယူတာ ၁နှစ်မရှိသေးဘူး ၈လဘဲ ရှိသေးတယ်။ သနားပါတယ်။ အခုသေသွားတော့ ကျန်ရစ်သူ မိန်းမ က အရူးတပိုင်းဖြစ်နေတယ်။ အဒေါ်ပြောပြတဲ့ မြင်ကွင်းကို မျက်စိထဲမှာ ပုံဖော်ကြည့်မိတာ.. မိန်းမက ငါ့ယောင်္ကျား သေတာ မဖြစ်နိုင်ဘူး.. သူအိပ်နေတာ.. ငါ့ကို သူ့ အနား မှာ နေခွင့်ပြုပါ.. ယောင်္ကျားရေ.. ရှင့်ကို ကျမ ရင်ခွင်ထဲမှာ ထားမယ်နော်.. ရှင် အိပ်နေတာ တော်ကြာ ထတော့နော်.. တော်တော် ကြာနေပြီ။ လူကြီးတွေက သူ့ကို ယောင်္ကျား အနား သွားခွင့်မပြုဘူး.. သေတဲ့ လူကို ဟိုဆွဲဒီဆွဲ လုပ်ရင် အပုတ်ရည်တွေ ထွက်ကုန်ပြီ နံကုန်မှာ စိုးလို့.. အနား ပေးမသွားဘဲ.. ဖက်ချင်ရင် ဖက်လုံးကြီး ဖက်ဆိုပြီး ဖက်ခိုင်းထားတယ်။ မိန်းမက ငိုလိုက် ရီလိုက်.. ယောင်္ကျားရေ.. နင်ကို ငါ ဆေးခန်း လိုက်ပို့ပေးမယ်.. အော်နေတယ်။
ဘေးနားက လူတွေ ပြောကြားချက်အရကတော့.. သေသွားတဲ့ လူက နေမကောင်းဖြစ်လို့.. နီးစပ်ရာ ဆေးခန်းတခုမှာ သွားပြပါတယ်။ ဆမ လက်မှတ်ရပြီးသား ဆရာဝန် အစစ်ပါ။ သူဆီမှာ ပြတော့ ဆေးထိုးပေးလိုက်တယ်။ ဆေးမတည့်တော့.. ဆေးခန်းက ပြန်လာပြီးတော့.. မျက်နှာတွေ ယောင်အမ်းနေလို့.. ဆရာဝန်ကို သွားပြောတယ် ဆရာဝန်က သူမလိုက်နိုင်ဘူး.. ခေါ်လာခဲ့.. လူမမာက မသွားနိုင်တော့ဘဲ အိပ်ယာထဲမှာ တကိုယ်လုံး အကွက်ကွက်တွေနဲ့ ယောင်အမ်းနေလို့ ဆရာဝန်ကို သွားထပ်ပင့်တယ်။ ဆရာဝန်က ပြောတယ် တသောင်းပေးမှ ကြွမယ်။ ရပါတယ် တသောင်းဆိုလည်း တသောင်း ရအောင် ရှာပြီး ဆရာဝန်ပင့်ပြီး ဆရာဝန်ကြွလာတယ် ဆိုပါတော့.. ဆေးထပ်ထိုးပေးပြီး ပြန်သွားတယ်.. နောက်တကြိမ် ဆရာဝန်ပင့်ပြီး ဆေးထပ်ထိုးပေးတော့.. ဘာမှ မထူးတာနဲ့ ဆေးရုံကို အမြန်သယ်သွားတယ်။ ဆေးရုံရောက်တော့.. သွေးပေါင်တွေ သုည အထိ ကျသွားလိုက် ၂၀ ၃၀ ဖြစ်နေလိုက်နဲ့.. ဆရာဝန် တယောက် ဆေးထိုးပေးလိုက်တော့.. ၅၀ ၆၀ ကနေ.. ၇၀ လောက် ပြန်ဖြစ်ပြီး ကောင်းမလိုလိုနဲ့.. ဆေးရုံက ဆရာဝန်က မရတော့ဘူး ခဏဘဲ ရမယ် ဆိုပြီး နောက်တော့ သေသွားတယ်။
လူကြီးတွေကတော့.. လာတဲ့ လူတိုင်းကို.. နင်တို့ တွေ့လား.. သေမှ မငိုကြနဲ့ ရှိတုန်း ချစ်ကြ.. ကြားလား.. အဲဒီလို ပြောကြတယ်။ နောက် ကြားခဲ့တာ တခုကတော့.. သူတို့ နတ်တင်တာ ကြက်ကို အသည်းအမြစ်မပါဘဲ တင်လိုက်လို့တဲ့.. နတ်ကိုင်တာ အသည်းအမြစ်မပါဘဲ တင်လိုက်တာ ဒီနေ့ ပြန်တင်ပေးမယ် ဆိုပြီး လုပ်ထားပေမဲ့.. မမှီတော့ဘူး။ လူကြီးတွေက နတ်ကိုင်လို့ ဖြစ်တာတဲ့ကွယ်.. နတ်မကြိုက်လို့.. ဆရာမှား ဆေးမှား ဖြစ်ပါသတဲ့.. နောက်ဆုံး သေလူရဲ့ ဖြစ်ရပ်ကို သတ္တု ချချက်ဖြစ်ပါတယ်။
အခုဖြစ်ရပ်ကို ဖတ်တဲ့ လူတွေ သိကြမှာပေါ့. ဘာဖြစ်လို့လဲ ဆိုတာ.. လူတွေ အသိနဲ့ အတွေးအခေါ် ထဲမှာ စီးဝင်နေတာ ဘယ်လို လုပ်ကြမလဲ။
တွေးမိတာသာ ကွန်မန်းပေးကြပါတော့.. လူတွေ အသိ ပညာ တိုးလာအောင် ဘယ်လို လုပ်ပေးရမလဲ။

About ဆူး

has written 398 post in this Website..

   Send article as PDF