သိတဲ့သူများ chartoo ကိုကူညီပါ

CharTooLanNovember 26, 20101min673

ဒီဖုန်းကိုလျှောက်ချင်တယ် အဲဒါဘာတွေလိုအပ်ပီး ဘယ်မှာလျှောက်ရမလဲ
သိတဲ့သူများရှိရင် ပြောပေးကြပါလို့ ဉာဏ်ပညာကြီးမားကြကုန်သောရွာသူရွာသား
အပေါင်းတို့အား ကျနော်မောင်ချာတူးမှ မေတ္တာရပ်ခံပါတယ်ခင်ဗျား~~

အင်တာနက်ပါ သုံးနိုင်မည့် McWill ဖုန်း ဆက်သွယ်လျှောက်ထားနိုင် ထိုဖုန်းစနစ်သည် အသံဝန်ဆောင်မှု၊ အင်တာနက်ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်ရုပ်သံ ဝန်ဆောင်မှု သုံးမျိုးလုံး ချိတ်ဆက် အသုံးပြုနိုင်မည့် Multi Services ဖြစ်သည့်အတွက် ပြပွဲတွင် ပရိသတ်များ၏ စိတ်ပါဝင်စားမှု အထူးရရှိခဲ့~~

အမြန်နှုန်း 1MB ရှိ အင်တာနက် ဝန်ဆောင်မှုပါ အသုံးပြုနိုင်မည့် McWill ဖုန်းများကို မကြာမီ ချထားပေးမည်ဖြစ်ရာ ရတနာပုံတယ်လီပို့ ကုမ္ပဏီသို့ ဆက်သွယ် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းစနစ်ကို အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar ICT Exhibition 2010 ပြပွဲတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီက ပြသခဲ့သည်။ ထိုဖုန်းစနစ်မှာ 3.5G ကြိုးမဲ့ တယ်လီဖုန်းစနစ်ဖြစ်ပြီး ကနဦးတပ်ဆင်ခမှာ ကျပ်ငါးသိန်းဝန်းကျင်ဖြစ်ကြောင်း၊ ထိုဖုန်းတွင် ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ် ၅ဝ ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ တစ်မိနစ်လျှင် ၃ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ပြခန်းတာဝန်ရှိသူတစ်ဦးက “အခုလက်ရှိတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ စမ်းသပ်သုံးစွဲနေပါတယ်။ အသုံးပြုသူတွေ အနေနဲ့ကတော့ ရတနာပုံတယ်လီပို့မှာ လျှောက်ထားရမှာပါ။ အခုဒီပြပွဲမှာ စနစ်နဲ့ပတ်သက်ပြီး လေ့လာနိုင်အောင် ပြသပေးတာ ဖြစ်ပါတယ်”ဟု ပြောသည်။ ထိုဖုန်းစနစ်သည် အသံဝန်ဆောင်မှု၊ အင်တာနက်ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်ရုပ်သံ ဝန်ဆောင်မှု သုံးမျိုးလုံး ချိတ်ဆက် အသုံးပြုနိုင်မည့် Multi Services ဖြစ်သည့်အတွက်  ပြပွဲတွင် ပရိသတ်များ၏ စိတ်ပါဝင်စားမှု အထူးရရှိခဲ့ကြောင်း ဆိုသည်။ ပြပွဲလာပရိသတ်တစ်ဦးက “အင်တာနက်ရော၊ ဖုန်းရော တစ်ပြိုင်တည်း သုံးနိုင်တယ်ဆိုတော့ အဆင်ပြေတယ်။ ကျပ်ငါးသိန်းဝန်းကျင်နဲ့ အင်တာနက်လိုင်းကော ဖုန်းလိုင်းပါ တစ်ပြိုင်နက်သုံးလို့ရတော့ တန်တာပေါ့”ဟု ပြောသည်။
Credit: သူရ (Internet Journal)

3 comments

  • bouzour

    November 26, 2010 at 11:00 am

    ဒီပိုစ်မှာရေးထားချက်အရဆိုရင်
    “ရတနာပုံတယ်လီပို့ ကုမ္ပဏီသို့ ဆက်သွယ် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။”
    အဲ့ဒီကိုပဲစုံစမ်းကြည့်ရင်သေချာသိနိုင်မယ်ထင်တယ် ..
    ရတနာပုံတယ်လီပို့ လို.သာနာမည်ပြောင်းထားတာပါ တကယ်တော့ အရင်က ပုဂံ ပါဘဲ စုံစမ်းချင်ရင် စီးပွားရေးတက်ကသိုလ် မာလာလမ်းမှတ်တိုင်မှာ သူ.ရုံးရှိတယ် ဖုန်းနံပါတ်ကတော့ အလွတ်မရဘူး ချာတူးလန်ရေ

    • intro

      December 17, 2010 at 3:02 pm

      Bagan (Yadanarpon Telport) ဆိုရင်တော့ Ph နံပါတ်တွေက 652233, 4421111 ပါ… အဲသည့် (၂) လုံးတော့ အလွတ်ရတယ်…

  • char too lan

    December 18, 2010 at 6:03 am

    ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ~~~

Leave a Reply