ရခိုင်ပြည်နယ်၊ သံတွဲ မြို့ လ.ဝ.က ခရိုင်ဦးစီးမှုး လဒ်စား

OoNovember 26, 20101min14621

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့ လ.ဝ.က ခရိုင်ဦးစီးမှုး
ဦးခင်မောင်လွှင်သည် လဒ်ပေလဒ်ယူမှု များကြောင့် ဒေသခံ လူများ အတောှကို မုန်းနေကြတယ်ကြပာသည်။ သံတွဲ မြို့ ရှိ မြန်မာနိုင်ငံ သား အစ္စလမ်ဘာသာ များ မှတ်ပုံတင် ပြုလုပ်လျှင် သုံး သိန်း၊ လေး သိန်း၊ ငား သိန်း အသီးသီး ပေးကြရပာသည်။ ခရီးသွားမည်ဆိုလျှင် (သွားလာခွင့်/ဗီဇာ) တစ်ဦးလျှင် သုံးသောင်း၊ လေးသောင်း ဝန်းကျင်ပေးကြရပာသည်။ ရန်ကုန်သို့ ပြန်မည့် အစ္စလမ်ဘာသာ ဝင် များ အတွက် တစ်သောင်း၊ ငားထောင် ဝန်းကျင် ပေးကြရပာသည်။
ထို့ အတူ အစ္စလမ်ဘာသာ ဝင် ကျောင်းသားကျောင်းသူများ တကဿကသိုလ်တက်ရောက်ရန်အတွက်လဲ လေးသောင်း၊ သုံးသောင်း ပေးကြရပာသည်။
တစ်ခာကဆိုလျှင် ငွေမပေးနိုင်သောကျောင်း သား/ကျောင်းသူများကို မင်းတို့ ကောင်တွေ စာတတ်စရာမလိုဘူးဟု ပြောဆိုခဲ့ပာသည်။
လဒ်မပေးနိုင်သော ကျောင်းသားကျောင်းသူများ မှာမူ ပြည်နယ်သို့ သတင်းပို့ ခွင့်ပြုချက်ရယူရန် သို့ တည်းမဟုတ် နေပြည်တောှမှ ခွင့်ပြုချက် ရယူရန် ဟု အကြောင်းပြကာ ၁၅ ရက် မှ ၃ဝ ရက်ဝန်ကျင် စောင့်ကြရပာသည်။ လဒ်ငွေ ပေးနိုင်သော ကျောင်းသား ကျောင်းသူများသာ ချက်ချင်းရကြပြီ။ မပေးနိုင်သူများ မှာ အချိန်စောင့်ရင်း ကျောင်းအပ်ချိန် ကျောှလွန်ကြသည် အထိ ဖြစ်ပျက်နေပာသည်။
ကျန်းမာရေး အရ ရန်ကုန်မှာ ဆေးသွားကုမည့်သူများမှာ ငွေ မပေးနိုင်ပာက မည်သည့် အရေး ပောှ အခြေအနေမှာ ရှိစေကာမူ လျှင်မြန်စွာ ခရီးသွားလာခွင့် မရကြသည့် အတွက်။ အသက် သေဆုံးခံကြရပာသည်။
ငွေ မပေးနိုင်သူများကို နိုင်ငံသားမှတ်ပုံတင် ပင် မပေးပာ။ ဒေသခံ လူအများစုမှ လက်လုပ်လက်စားများ ဖြစ်ကြသဖြင့် အတော့ ကို အော့အီးသည်းခံနေကြရပာသည်။
ဒီလို လဒ်စားမှု ကြီးအပောှ နိုင်ငံတောှအကြီးအကဲများမှ အမြန်ဆုံးဖောှထုတ်ဖြေရှင်းပေးပာရန် တိုင်းကြားပာသည်။

21 comments

  • etone

    November 27, 2010 at 2:21 am

    တိုင်ထားတာတဲ့သတင်းကတော့ ဟုတ်ပါပြီ ။ တိုင်တာကို ဘယ်လိုအရေးယူဖြေရှင်းပေးလဲသတင်းလေး သိရရင်ပြောပါဦး။

    • TNO

      November 27, 2010 at 2:38 am

      တခုလောက်မေးချင်လို ့ပါ၊ ပို ့စ်နဲ ့တော့မဆိုင်ပါဘူး ၊ အခုပို ့စ်မှာ (ရေးချ) ရေးတဲ ့အခါ မောက်ချကိုလုံးဝသုံးထားတာမတွေ ့ပါဘူး၊ font ကြောင့်များလား၊ တခြား technical တခုခုကြောင့်လား၊ ဒါမှမဟုတ်အခက်အခဲတခုကြောင့်များလား
      ဖတ်ရတာတော ့အတော်ကိုကသိကအောင့်နိုင်လှပါတယ်၊

    • bigcat

      November 27, 2010 at 4:38 am

      မြို့နယ်လဝကမှူး လာဘ်စားလွန်းတဲ့ တိုင်စာကို ရလို့ စစ်ဆေးရေးအဖွဲ့က သူရှာဖွေထားတဲ့ငွေများရဲ့ တဝက်ကို ဖိုင်းချလိုက်တယ်လို့ သိရပါတယ်။

  • Oo

    November 27, 2010 at 4:50 am

    Font ကြောင့်ပာ Zawgyi 2009 version ဖြစ်နေလို့ ပာ။
    http://newzawgyi.googlecode.com/svn/latest/Zawgyi-One_v4.30_November_14_20.ttf
    ကနေ ဒောင်းလုပ်ဆွဲ လိုက်ရင် ကောင်းကောင်း ဖတ်လို့ ရသွားမှာပာ။ Zawgyi-One နောက်ဆုံးVersion ပာ။

    ဒီစာကို BBC ကိုပို့ မလို့။ Email လိပ်စာပေး ကြပာလား။

    • zawana

      November 30, 2010 at 5:00 am

      Oo ခင်ဗျာ။ ကျနော်လည်း Zawgyi 2009 version သုံးပါတယ်။ ဒါပေမဲ့ အများဖတ်ဖို့ စာရိုက်ရင်တော့ အရင်တုန်းကလိုပဲ ရိုက်မှ အဆင်ပြေပါတယ်။ လူတိုင်းက Zawgyi 2009 version မသုံးကြသေးဘူး မဟုတ်လားဗျာ။

  • အာဖျံ ကွီး

    November 27, 2010 at 6:03 am

    ဟုတ်တရ်ဗျ …
    ဒီလာဘ်ပေး လာဘ်ယူ ကိစ္စကလဲ ဆက်လက်ကြီးထွားနေတုန်းပဲ …

    ဒါပေမဲ့ Oo ရဲ.နောက်ဆုံးအကြောင်းလေးလိုတော့ မလုပ်ပါနဲ.ဗျ။ (ဒီလို လဒ်စားမှု ကြီးအပောှ နိုင်ငံတောှအကြီးအကဲများမှ အမြန်ဆုံးဖောှထုတ်ဖြေရှင်းပေးပာရန် တိုင်းကြားပာသည်။)
    ကျားကြောက်လို. ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပါအုံးမရ်။ 😀

  • အာဖျံ ကွီး

    November 27, 2010 at 6:11 am

    အာဖျံကွီးတောင်တစ်ခါကြုံသေးတရ် …

    (× × ×) မြို.နယ်မှာရှိတဲ့ လဝကရုံးတစ်ရုံးမှာ …
    အကုန်ပီးလို. မှတ်ပုံတင်တောင်ထွက်နေပီဗျာ …
    အဲဒါကို မှတ်ပုံတင်မပေးပဲနဲ. ပိုက်ဆံတောင်းတရ် …
    (မှတ်ပုံတင်မထွက်ခင်ကလဲ ပိုက်ဆံပေးထားရပီးပီ)
    မှတ်ပုံတင်ပိုင်ရှင် အဘွားကြီးက တော်တော်လေးနွမ်းပါးပုံရတရ် …
    အဲဒီတော့ တောင်းတဲ့ငွေကိုမပေးနိင်တော့ဘူးပေါ့ဗျာ …
    တော်တော်လေးပြောပြ / ငိုပြတော့မှပဲ ထုတ်ပေးတရ် …

    အာဖျံကွီး ကြည့်ပီးတော်တော် ဒေါသထွက်တရ်။ နီးစပ်ရာတုတ်ဆွဲပီးတော့ကို ရိုက်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ ကိုယ်က အသက်ကလဲ ကလေးသာသာ၊ မိန်းကလေးကလဲ ဖြစ်နေတော့ အားမတန်မာန်လျှော့ခဲ့ရတရ်။

    • etone

      November 30, 2010 at 2:16 am

      ဟုတ်တယ် ။ အီးတုံးလည်းဖြစ်ခဲ့ဖူးတယ် passport သွားလုပ်ပါတယ်အရစ်ခံရရော..ဖြစ်ပုံက လဝက က ထုတ်ပေးထားတဲ့ NRC မှာ မွေးရက် မှားနေတာကို လဝက က မိန်းမတွေက ဓါးနဲ့ခြစ်ပေးလိုက်တယ် အသစ်ပြန်ပြင်ပေးဆိုလည်းမရဘူး ။ ဒါဆို မှတ်ပုံတင်ပေါ်မှာ လက်မှတ်ထိုးပေးလို့ဆိုတာလည်း မရဘူး ဘယ်မှတ်ပုံတင်ပေါ်မှာမှလက်မှတ်ထိုးတာ ထုံးစံမရှိဘူးတဲ့ ။ ထုံးစံမရှိလည်း မှတ်ပုံတင်က ဖျက်ရာပါနေပြီ ဘယ်လိုလုပ်မလဲဆိုတော့ ပလပ်စတစ်လောင်းလိုက်ရတယ်တဲ့… ။ ဒီလိုနဲ့နေလာတာ passport လုပ်တော့မှအရစ်ခံရတယ် ။ လဝက ရုံးကိုပြန်သွားပြီးထောက်ခံစာတောင်းပြီးမှ passport ပြန်လုပ်ရတယ် ။ လဝက က လူတွေကလည်းမှတ်ပုံတင်လဲပါလားဆိုလို့ လဲမယ်လုပ်ပါရော..အလှူငွေတောင်းတယ် ဘယ်လောက်ထည့်ရမှာလဲမေးတော့ စေတနာရှိသလောက်တဲ့ … (စေတနာကတော့မရှိဘူး မကောင်းတတ်လို့ ထောင်တန်လေး၂ရွက်ချပေးလိုက်တယ် ) စာရွက်ရှာခ ၊ ဖောင်ဖြည့်ခတွေက တစ်ခုကို ၁ထောင်စီပေးရတယ်လေ…အခုလည်း အလှူငွေဆိုတော့ ၂၀၀ဝပဲပေးလိုက်တာပေါ့ …ဒါနဲ့ထပ်ချိန်းတယ် နောက်တစ်ပတ်ပြန်လာပါတယ် … ။ အင်းလေ ကိုယ်က လိုချင်တေ့ာ ထပ်သွားရတာပေါ့.. နောက်တစ်ပတ်ရောက်တော့ လဝက က လူကြီး နေပြည်တော်အစည်းဝေးသွားလို့ နောက်တစ်ပတ်လာပါတဲ့… အရူးလိုကောင်တွေပဲ စကားကို ပိုက်ဆံမပေးရတိုင်း xxx မ ပါးစပ်လို ပြောနေကြတယ် ။ ကျမကလည်း အကြောတင်းတယ် နောက်တစ်ပတ်ဟုတ်ပြီ ဆိုပြီး ထွက်လာတယ် .. နောက်တစ်ပတ်ကျတော့ မပြီးသေးပါဘူးတဲ့… ပညာပြခံရတာပါ .. အလှူငွေ ၂၀၀ဝ ထဲထည့်လို့ပါ … ။ ပွင့်ပွင့်လင်းလင်းတောင်းပါလား ၂သောင်းဆိုလည်းပေးမှာပေါ့ ..။ အခုတော့ ဘာလုပ်ဖို့လိုမှန်းမသိတဲ့အလှူငွေတဲ့ … ကူတို့ခလားဘာလားမသိဘူးလေ …။ ကျမလည်း အခုထက်ထိ လဝက ရုံးကိုသွားပြီးမှတ်ပုံတင်အသစ်မယူတော့ပါဘူး ။ဒီအတိုင်းပစ်ထားလိုက်ပါတော့တယ် 😀

  • Oo

    November 27, 2010 at 6:19 am

    နောက်ပိုင်း သတင်း တစ်ပုဒ်ကျန်သေးတယ် သေခြာတဲ့ အချက်အလက် စုနေလို့။ ဒီတစ်ခောက်က ရဲဗျ။

  • naywoonni

    November 27, 2010 at 6:29 am

    Oo…ရေ…
    ခင်ဗျားတိုင်တာကဒီမန္တလေးဂဇက်တက်ကနေတိုင်တာလားဗျ
    Kai…ရေ……….အရေယူပေးလိုက်ပါဦး

  • zawana

    November 27, 2010 at 7:26 am

    BBC ရဲ့ email လိပ်စာကတော့ burmese @bbc.co.uk ဖြစ်ပါတယ်ခင်ဗျာ။
    Oo ရဲ့ သတင်းက တော်တော်လေးကို တိကျတယ်လို့ ပြောရမှာပါ။ နောက်လည်း အဲလို သတင်းမျိုးတွေကို တင်ပြပေးဖို့ မျှော်လင့်ပါတယ်။
    ကျနော်တို့ နိုင်ငံအတွက် Oo လိုမျိုး Whistle blower တွေ အများကြီး လိုအပ်ပါတယ်။

  • Oo

    November 27, 2010 at 7:28 am

    အဓိကက သတင်းပေးချင်တာပာ။ တိုင်စာကတော့ နဂိုရိုက်ထားတဲ့ တိုင်စာ ကြီး Copy Pase မှာပာသွားတာ။

  • unclegyi1974

    November 27, 2010 at 3:52 pm

    နာမည်ကြီးနေတဲ့နေရာတခုပါဘဲ
    ဒါပေသိဘယ်အားကိုးရှိတယ်မသိခပ်တည်တည်ပါဘဲ
    ဟဲဟဲဟဲ

  • KoNyeinChan

    November 28, 2010 at 2:38 am

    Oo…. ရေ.. Oo.. ဒါဟာ လ.ဝ.က ဌာနရဲ့ မိရိုးဖလာ ဆိုတာမသိလေရော့သလား?…
    (ဒီလို လဒ်စားမှု ကြီးအပောှ နိုင်ငံတောှအကြီးအကဲများမှ အမြန်ဆုံးဖောှထုတ်ဖြေရှင်းပေးပာရန် တိုင်းကြားပာသည်။)
    လို ့ရေးထားပုံထောက်တော့ မန္တလေးဂေဇက်ရဲ့ Admin ကြီးလည်း နိုင်ငံတော်အကြီးအကဲကြီးဖြစ်လို ့ ဟီး… 😀
    မောက်ချ ( -ါ ) သုံးရမည့်နေရာတွင် ရေးချ(-ာ) နဲ ့အလွယ်မရေးပါနှင့် ဖတ်မကောင်းပါ။ နေရာအမှန် စာလုံးအမှန်ကို ကြိုးစားသုံးပါ။ မောက်ချသည် G လက်ကွက်တွင်ရှိသည်။

  • Oo

    November 28, 2010 at 1:59 pm

    @zawana ကျေးဇူးတင်ပာတယ်။
    @unclegyi1974 အားကိုးကတော့ ရှိမယ်ထင်တယ်။ အထက်ကိုလဲ တိုင်စာပို့ ထားပာတယ်။ ဘယ်လို ဖြေရှင်းမယ်က မသိရသေးပာ
    @KoNyeinChan ဒီကိစဿစ ကို မိယိုဖလာဆိုပြီး လက်ခံ နေသ၍ ကျွန်တောှတို့ ဆင်းရဲတွင်းက ဘယ်တော့ မှ လွတ်မှာမဟုတ်ဘူး။ အကြံပြုချက်ကို ကျေးဇူးတင်ပာတယ်။ ဒာပေမဲ့ အထက်မှာ ကျွန်တောှ တင်ထားတဲ့ comment တွေ ကို ပြန်ဖတ်စေလိုပာတယ်။ မောက်ချကို G နဲ့ ရိုက်ရတာ ကျွန်တောှလဲ သိတယ်ဗျ။

  • Gipsy

    November 28, 2010 at 4:01 pm

    လာဘ်စားတယ်… ဟုတ်လား…
    နဲနဲလေးတော့မဟုတ်ဘူး… အချီကြီးဟ…
    ဒို့များလဲသိနေတယ်…
    အဲဒီ ဝန်ထမ်းဆိုး ခရိုင် လ.၀.က မှူးခင်မောင်လွင်က ငထောကြီးဖြစ်နေပီဟ…
    အစ္စလာမ်ခရီးသွားတွေတနေ့ကို ၅ဦး. ၁ဝဦး. ၁၅ ဦး သွားနေကြတာ. တဦးစီကို သုံးသောာင်း/လေးသောင်း စီဆိုတော့ နေ့စဉ် အချီကြီးထောပီပေါ့. သူကသံတွဲမှာ လုပ်စားနေတာ ၄နှစ်ရှိပီလေ. သိန်းပေါင်းထောင်ချီ. အိုကေနေပီပေါ့. သူကပြောသေးတယ် ပြည်နယ်မှူးကိုလဲ ပေးရသေးတယ်. တဲ့. သံတွဲသူ သံတွဲသား အစ္စလာမ်တွေ ၁၉၉၂ ကစပြီး ငရဲတွင်းမှာ ငိုနေကြရတာ. သေတဲ့လူလဲသေကြပြီ.
    ခင်ဗျားတို့တတ်နိုင်ရင်. တခုခုတော့ လုပ်ပေးကြပါဦးဗျာ.
    ဒို့တွေလဲမတတ်နိုင်တော့လို့ပါ…

  • နေ ဘုန်းလျံ

    November 29, 2010 at 1:54 am

    တိုင်းရင်းသားဆိုတော့ အသံဝဲတာဘဲဖြစ်မှာပါ…။

  • rat

    November 29, 2010 at 3:32 am

    စားတာကတော့ အကုန်စားတာပဲ ………… နဲနဲစားတာနဲ.များများစားတာပဲကွာတယ် ………
    အကုန်လုံးကပါးစပ်တွေနဲ.ချည်းပဲ …………. ကျွေးတဲ့သူကသာ သတိထားပြီးတော့ကျွေးကြပေတော့ ……….
    ဒီမိုကရေစီရလဲ ဒီစနစ်ကပျောက်မှာမဟုတ်ဘူး ………… အာဏာရှင်စနစ်ရဲ. အငွေ.အသက်လေးတွေပေါ့ …….

  • doekalay

    November 29, 2010 at 9:43 am

    လ.၀.ကတင်မဟုတ်ပါဘူး။သူတို ့နဲ ့ပတ်သက်တဲ ့သူတွေအကုန်လုံးစားကြတာကြီးပဲ။
    စားတော ့စားကြပါ။ဒါပေမယ် ့မနင်စေနဲ ့ပေါ ့။

  • tigerlion

    November 29, 2010 at 3:02 pm

    ဒို့မယုံဘူး

  • Oo

    December 11, 2010 at 6:33 pm

    လဝက ခရိုင်မှု ကိုဖြုတ်ဖို့ fax ယမန်နေ့ က ဝင်ရောက်တာပြီလို့ သတင်းရရှိပာတယ်။

Leave a Reply