Confucius ကွန်ဖြူးရှပ်ဇာတိမြို့ ခရီးအမှတ်တရ (၂-ခ)

weiweiNovember 27, 20108min985

ဖွင့်ကြည့်ရင် အလွယ်တကူဖွင့်လို့ရအောင် ပုံဆိုဒ်တွေကို လျော့ပြီးတင်လိုက်ပါတယ် … ကွန်ဖြူးရှပ် ဘုရားကျောင်းဝင်းအတွင်းမှ ဓါတ်ပုံများဖြစ်ပါတယ်။ ထူးခြားတာကတော့ ရှေးဟောင်းကျောက်စာတွေနဲ့ ရှေးဟောင်း ဗိသုကာလက်ရာတွေ အများကြီးကို ထိန်းသိမ်းထားပါတယ်။ စာပေထွန်းကားတဲ့ပင်မနေရာတစ်ခုဖြစ်မယ်လို့ ထင်မိပါတယ်။ ကျွန်မသွားဖူးသမျှ နေရာတွေထဲမှာ ရှေးအကျဆုံးနဲ့ အခမ်းနားဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီကအပြန်မှာ ကွန်ဖြူးရှပ်အကြောင်း စိတ်ဝင်စားပြီး လေ့လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာသာစကားအခက်အခဲအရ အရမ်းတော့ နားမလည်ဘူး … သူ့အကြောင်းစာအုပ်တစ်အုပ်ထဲက သူ့အတွေးအခေါ်အယူအဆကို အနည်းငယ်ကောက်နှုတ်ပြီး ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ် ။

Teachings of Confucius

What you do not want done to yourself, do not do to others (golden rule)

(ကိုယ့်ကိုလုပ်ရင်မခံနိုင်တဲ့အရာကို သူများကို သွားမလုပ်ပါနဲ့။) (ကိုယ်ချင်းစာတရားထားပါ)

one looks in vain for retribution in the next life as a sanction of right conduct.

နောင်ဘဝကျမှ လက်စားချေမယ်ဆိုတဲ့ အယူအဆကို ကိုယ်ကျင့်တရားကောင်း တစ်ခုအဖြစ် မှတ်ယူခြင်းသည် အချည်းနှီးသာ ဖြစ်သည်။

the souls of the departed relatives were largely dependent for their happiness on the conduct of their living descendants.

သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ အသက်ရှင်ကျန်နေတဲ့ မျိုးဆက်များရဲ့  ကောင်းသောအပြုအမူတွေပေါ် အများကြီး မှီခိုပတ်သက်နေပါတယ်။

The principles of morality and their concrete application to the varied relations of life were embodied in the sacred texts, which in turn represented the teachings of the great sages of the past raised up by Heaven to instruct mankind.

မြင့်မြတ်ခြင်း(ကိုယ်ကျင့်သိက္ခာ)၏ နိယာမသဘောတရားများနှင့် အဲဒီနိယာမသဘောတရားရဲ့ လူ့ဘဝအထွေထွေမှာ အကျိုးရှိရှိ အသုံးချရေးကို တရားဓမ္မစာပေများမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီစာပေတွေကို နတ်ပြည်မှ သူတော်စင်များက တဆင့်ပြန်လည်မြှင့်တင်ပြီး လူသားတွေကို လမ်းညွှန်မှု ပေးခဲ့တယ် …

To make oneself as good as possible, this was with him the main business of life. Everything that was conducive to the practice of goodness was to be eagerly sought and made use of.

မိမိကိုယ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကျင့်ကြံနေထိုင်ခြင်းဟာ အဲဒီလူရဲ့ ဘဝမှာ အဓိက အလုပ်တာဝန်တစ်ခုဖြစ်တယ်။ ကောင်းမွန်စွာနေထိုင်တဲ့ အလေ့အကျင့်ကို မက်မက်မောမော စုံစမ်းရှာဖွေအသုံးပြုရမယ် ..

His motto was, to associate with the truly great and to make friends of the most virtuous. Besides association with the good, Confucius urged on his disciples the importance of always welcoming the fraternal correction of one’s faults.

သူ့ရဲ့ဆောင်ပုဒ်ကတော့ အမှန်တကယ်ကြီးကျယ်မြင့်မြတ်သူများနဲ့ မိတ်ဆွေပြုလုပ်ခြင်းက အဓိက အခွင့်အလန်းတစ်ခုဖြစ်ပါတယ်။ ထို့အပြင် လူကောင်းတွေနဲ့ မိတ်ဆွေဖွဲဲ့ခြင်းနဲ့ပါတ်သက်ပြီး၊ သူ့တပည့်တွေကို တိုက်တွန်းခဲ့တာတစ်ခုကတော့ တစ်ဦးရဲ့အမှားကို တစ်ဦးက ညီရင်းအစ်ကိုကဲ့သို့ သတိပေးပြုပြင်ပေးခြင်းရဲ့ အရေးပါမှု ဖြစ်ပါတယ်။

He recognized the danger, especially in the young, of falling into habits of softness and love of ease

လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိသော စိတ်ဓါတ်ပျော့ညံ့တဲ့အလေ့အထနဲ့ အလွယ်တကူဖြစ်လေ့ရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ အန္တရာယ်ရှိပုံကို အသိအမှတ်ပြုခဲ့ပါတယ်။

As a foundation for the life of perfect goodness, Confucius insisted chiefly on the four virtues of sincerity, benevolence, filial piety, and propriety.

လုံးဝဥဿုံကောင်းမွန်တဲ့ဘဝတစ်ခုအတွက် အခြေခံအချက် (၄) ချက်ကတော့  စိတ်ရင်းမှန်ခြင်း၊ မေတ္တာတရား၊ သားသမီးတို့က ကြည်ညိုရိုသေခြင်းနဲ့ သင့်တင့်လျှောက်ပတ်ခြင်းတို့ ဖြစ်ပါတယ် ။။။

Sincerity was with him a cardinal virtue. To be truthful and straightforward in speech, faithful to one’s promises, conscientious in the discharge of one’s duties to others

စိတ်ရင်းမှန်ခြင်းက အဓိက သူတော်ကောင်းတရားဖြစ်ပါတယ်။ မှန်ကန်ခြင်းနှင့် ရိုးသားဖြောင့်မတ်သော စကားကိုပြောဆိုခြင်း၊ ပေးထားသောကတိကို တည်ခြင်း၊ တခြားသူများကို တာဝန်မှ ရပ်ဆိုင်ခြင်း ရွှေ့ပြောင်းပေးခြင်းတို့တွင် လိပ်ပြာသန့်သန့်ဖြင့် ဆောင်ရွက်ခြင်း၊

Benevolence:,”Is not mutual goodwill such a principle? What you do not want done to yourself, do not do to others“. “Requite injury with justice, and kindness with kindness” , “acts as an encouragement to the people. To requite injury with injury acts as a warning” .

မေတ္တာတရား … အသွားအပြန်ရှိတဲ့ စိတ်ချင်းဆက်သွယ်မှု နိယာမတစ်ခုဖြစ်တယ်။ ကိုယ့်ကိုအလုပ်မခံချင်တာကို သူများတွေကိုလည်း သွားမလုပ်ပါနဲ့ ..ကိုယ့်ကြောင့်ဆုံးရှုံးခြင်းကို တရားသဖြင့် ပြန်ပေးလျော်ပါ .. ကြင်နာခြင်းကို မေတ္တာဖြင့် တုန့်ပြန်ပါ … လူတွေကို အားပေးပါ … ပျက်စီးခြင်းကို ပျက်စီးခြင်းဖြင့် ပြန်လည်တုန့်ပြန်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ် ..

Filial piety is the root of all virtue.”–“Of all the actions of man there are none greater than those of filial piety.” To the Chinese then as now, filial piety prompted the son to love and respect his parents, contribute to their comfort, bring happiness and honour to their name, by honourable success in life.

သားသမီးတို့က ရိုသေလေးစားခြင်းသည် သူတော်ကောင်းတရားအားလုံး၏ အခြေခံအရင်းဖြစ်ပါတယ် …လူသားအားလုံး၏ အပြုအမူများတွင် လူကြီးသူမကို ကြည်ညိုလေးစားခြင်းလောက် မြင့်မြတ်တာမရှိပါ … ယခုခေတ်တရုတ်လူမျိုးများအထိ သားသမီးက မိဘကို ချစ်ခြင်းလေးစားခြင်းကို မြင်တွေ့နိုင်ပါတယ် … မိဘများကို သက်တောင့်သက်သာဖြစ်အောင်ထားခြင်း .. ပျော်ရွှင်မှုနဲ့ နံမည်ဂုဏ်သတင်းတက်အောင် လုပ်ဆောင်ခြင်း၊ ဂုဏ်သိက္ခာရှိသော အောင်မြင်မှုများကို ဆွတ်ခူးပေးခြင်း …

“propriety“. It embraces the whole sphere of human conduct, prompting the superior man always to do the right thing in the right place.

သင့်တင့်လျှောက်ပတ်ခြင်း ….. ကမာ္ဘပေါ်မှာ လူသားအားလုံးရဲ့  အပြုအမူပိုင်းနဲ့ သက်ဆိုင်ပါတယ် … အထက်လူကြီးတွေဟာ အမြဲတမ်း သင့်တော်တဲ့ကိစ္စကို သင့်တော်တဲ့ နေရာမှာ လုပ်ရန် …

** အတတ်နိုင်ဆုံး ကြိုးစားပြီး ဘာသာပြန်ကြည့်ပေမယ့် အဆင်မချောဖြစ်နေသေးတယ်လို့ထင်ပါတယ် … အင်္ဂလိပ်စာကျွမ်းကျင်သူများမှ ဝေဖန်ထောက်ပြပြီး ပြင်ပေးစေလိုပါတယ် **

5 comments

  • bigcat

    November 27, 2010 at 5:32 am

    သဟုတုဗ အလွန်ရလို့ ကျေးဇူးတင်ပါသည်။ ကွန်ဖြူးရှပ်ဝါဒသည် ရှေးရိုးအစဉ်အလာ ထိန်းသိမ်းရေး၊ တိုင်းပြည် တည်ငြိမ်ပြီး သာယာဝပြောရေးကို အခြေခံသည်ဟု မှတ်သားဖူးပါသည်။ စင်ကာပူနဲ့ တရုတ်တို့မှာ အစိုးရက မူဝါဒနဲ့ အားပေးတယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းဒီလောက် ကြာတာတောင် အဆောက်အဦးတွေ အသုံးအဆောင်ပစ္စည်းတွေကို ထိန်းသိမ်းထားနိုင်တာ ချီးကျူးပါ၏။ ချီးသာကြူးရတာ ဆရာကြီး ကွန်ဖြူးရှပ် အသက်ရှင်စဉ်က ပစ္စည်းများဟုတ်မယ်တော့ မထင်ပါ။

  • weiwei

    November 27, 2010 at 5:46 am

    ဆရာကြီးလက်ထက်က ပစ္စည်းတွေမဟုတ်ပါဘူး … အဲဒီကျောင်းကို ကွန်ဖြူးရှပ်သေဆုံးပြီး တစ်နှစ်အကြာ ဘီစီ 478 မှာ စတင်ဆောက်ခဲ့ပြီး မင်းအဆက်ဆက်က ပြုပြင်ထိန်းသိမ်းခဲ့တယ် … အဆောင်တွေ ပစ္စည်းတွေမှာ ဘယ်မင်းလက်ထက်ဆိုပြီး မှတ်တမ်းတွေရေးထားပါတယ် … ကျွန်မကတော့ မှတ်မထားမိပါ …
    ကွန်ဖြူးရှပ်ရဲ့ အုတ်ဂူနဲ့ သူမွေးခဲ့တဲ့နေရာကိုတော့ အပိုင်း (၃) မှာ ဆက်လက်ဖော်ပြပေးမယ် …

  • eros

    November 27, 2010 at 6:45 am

    မဝေရေ တရုတ်ပြည်က ဆီချက်ခေါက်ဆွဲတို့ ကြေးအိုးတို့ အကြောင်းသိချင်ပါတယ်။

  • weiwei

    November 27, 2010 at 7:37 am

    ဗမာပြည်က ဆီချက်နဲ့ ကြေးအိုးနဲ့တူတဲ့ဟာ တစ်ခါမှ မတွေ့မိသေးဘူး … ခပ်ဆင်ဆင်တွေကို သုတေသနပြုလိုက်ရင် အမျိုးပေါင်း ရာနဲ့ချီသွားမလားတောင် မသိဘူး … သေချာတာတစ်ခုကတော့ ဗမာပြည်က ဆီချက်နဲ့ ကြေးအိုးလောက် တစ်ခုမှ စားလို့မကောင်းဘူး ..

  • ဆူး

    November 27, 2010 at 1:31 pm

    ဆင်တူ မရှိရင်.. စားကောင်းတာ ထူးထူးဆန်းဆန်း တင်ပေး. အမြင်နဲ့ သုံးဆောင်တော် မူမယ်။

Leave a Reply