အာဆင်နယ်မြန်မာမှ ဦးစီးပြီး ဘောလုံးဝါသနာရှင်များအတွက် ပြိုင်ပွဲကျင်းပပေးမည်ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပပုံ

အဆိုပါပြိုင်ပွဲကို ရာသီပြီးဆုံးချိန်အထိ အပတ်စဉ် ပရီးမီးယားလိဂ်ပွဲစဉ်များ ရှိတိုင်း ဆက်တိုက်ကျင်းပပေးသွားပါမည်။

ပြိုင်ပွဲဝင်များသည် ခေါင်းစဉ် ၃ခုအောက်တွင် ယှဉ်ပြိုင်ကြရပါမည်။

၁။ ပွဲတွင် ပါဝင်ကစားမည့် ၁၁ယောက်ကို ခန့်မှန်းကြရပါမည်။

၂။ ပွဲရလဒ်ကို ခန့်မှန်းကြရပါမည်။

၃။ အပိုဆု အဖြစ် အသင်းမှ စိတ်ကြိုက်ကစားသမားသုံးယောက် ကို ရွေးချယ်ရပါမည်။ ထိုကစားသမားများ စွမ်းဆောင်ရည်ပေါ်မူတည်၍ အမှတ်များ ထပ်မံရရှိပါမည်။

စည်းကမ်းချက်များ

မည်သူမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ပြိုင်ပွဲဝင်တိုင်းသည် ArsenalMyanmar.com တွင် register ပြုလုပ်ထားသော အကောင့် နာမည်တစ်ခု ရှိရပါမည်။ (ထိုသို့ပြုလုပ်ခြင်းမှာ အလွန်လွယ်ကူသောကြောင့် အကောင့်လုပ်ဖို့ ပျင်းပြီး ၀င်မပြိုင်ပဲ မနေပါရန် တိုက်တွန်းအပ်ပါသည်။)  လုံခြုံရေးအခြေအနေအရ သော်လည်းကောင်း၊ ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရန်လည်းကောင်း ArsenalMyanmar.com မှ ပြိုင်ပွဲဝင်အဖြေလွှာကို ပြိုင်ပွဲဝင်များ၏ Gmail ထံသို့ မေးလ်ဖြင့်အရောက်ပို့ပေးမည် ဖြစ်ပါ၍ ထို Mail ထဲတွင်ပင် အေးဆေးသက်သာစွာ ဖြေဆိုနိုင်ပါမည်။ ထို့ကြောင့် မိမိတို့ Gmail အမည်ကိုပါ စာရင်းပေးထားရန် လိုအပ်ပါသည်။ မိမိ၏ Username ဖြင့် အဖြေလွှာကို ပွဲစဉ်တစ်ခုလျှင် Submit တစ်ကြိမ်သာ လုပ်ခွင့် ရှိပါသည်။ တစ်ကြိမ်ထက် ပို၍ ပေးပို့သော အဖြေလွှာများကို ပယ်ဖျက်မည်ဖြစ်ပါသည်။

ဆုချီးမြှင့်မည့် အစီအစဉ်။

ပထမဆု ဒုတိယဆု တတိယဆု နှင့် နှစ်သိမ့်ဆု ၂ဆု စုစုပေါင်း ၅ဆု ချီးမြှင့်ပါမည်။ (ထပ်တိုးချင်လည်း တိုးပါမည်။) သော့ချိတ်၊ ဦးထုပ်၊ တီရှပ် (အမှန်အကန် အာကြီးတံဆိပ်များနှင့် ဖြစ်ပါသည်။) များပါဝင်မည်ဖြစ်ပြီး အသေးစိတ် ဆုစာရင်းကို ထပ်မံကြေငြာပေးပါမည်။

ဆုရရှိပါက ဆုကို ကာယကံရှင်များထံ အရောက်ပို့ပေးမည်လည်း ဖြစ်ပါသည်။ (မှတ်ချက်။ ။ ဤ အချက်သည် ကာယကံရှင် အနေနှင့် မြန်မာ၊ စင်္ကာပူ၊ မလေးရှား၊ သြစတေးလျ၊ အမေရိကန် နိုင်ငံများအတွင်း နေထိုင်သူဖြစ်မှသာ အကြုံးဝင်ပါသည်။)

အမှတ်ပေးစည်းမျဉ်း။

ပထမပွဲထွက် ၁၁ယောက်လုံးကို မှန်အောင် ခန့်မှန်းနိုင်လျှင် ၆ မှတ် ရပါမည်။ ၁၀ယောက်မှန်လျှင် ၄မှတ်၊ ၉ယောက်မှန်လျှင် ၃မှတ်၊ ၈ယောက်မှန် လျှင် ၂မှတ်ရပါမည်။ ၇ယောက်မှန်လျှင် ၁မှတ်ရမည်ဖြစ်ပြီး ထိုထက် နည်းပြီး မှန်ပါက တစ်မှတ်မှ မပေးတော့ပါ။

Goal Score အတွက် အမှတ်ပေးပုံမှာ – မိမိထည့်သွင်းလိုက်သော ရလဒ်အတိုင်း အတိအကျ မှန်ပါက ၃မှတ်ပေးပါမည်။မိမိထည့်သွင်းလိုက်သော နှစ်ဖက် သွင်းဂိုးများ ခြားနားချက်(နုတ်လဒ်) နှင့် ပွဲရလဒ် သွင်းဂိုးများခြားနားချက် (နုတ်လဒ်)တို့ သာ တူညီပါက ၂မှတ်ရပါမည်။မိမိထည့်သွင်းလိုက်သော ဂိုးရလဒ် မမှန်သော်လည်း အနိုင်အရှုံး အခြေအနေများ မှန်နေသေးလျှင် ၁မှတ်ပေးပါမည်။

အပိုဆု ကစားသမားများ ရွေးချယ်ခြင်းအတွက် အမှတ်ပေးပုံမှာ –

မိမိရွေးထားသော ကစားသမား တစ်ဂိုးသွင်းတိုင်း ၂မှတ်ရပါမည်။မိမိရွေးထားသော ကစားသမား ဂိုးသွင်းရန် တစ်ခါပံ့ပိုးခြင်း (assist) ပြုလုပ်တိုင်း ၁မှတ်ရပါမည်။မိမိရွေးထားသော ကစားသမား ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရပါက ၃မှတ်တိတိရရှိပါမည်။

အမှတ်တွက်ချက်ပုံ။

အပတ်စဉ် ပွဲစဉ်၁ခုပြီးတိုင်း ပြိုင်ပွဲဝင်များ၏ ရမှတ်များနှင့် ရပ်တည်မှု ဇယားကို ထုတ်ပြန်ကြေငြာပေးပါမည်။ Facebook Fan Page မှလည်းကောင်း ဖိုရမ်တွင်းမှ လည်းကောင်း ကြည့်ရှုနိုင်အောင် ထုတ်ပြန်ပေးပါမည်။

http://www.arsenalmyanmar.com/

http://www.facebook.com/notes/arsenal-myanmar/-arsenalmyanmar-/105763726163676

About cherrywine

cherry wine has written 16 post in this Website..

no pain ... no gain