အက်ဒမင်သို့အိတ်ဖွင့်ပေးစာပါ..အိတ်ပိတ်ပြီးလဲပေးလို့မှမရဘဲကိုး…..
အခြားတစ်နေရာမှာလည်းကော်မန့်နဲ့မေးထားပါတယ်..။ဒါကြောင့်ဒီပို့စ်အတွက်ပွိုင့်မထည့်တွက်ပါနဲ့..။
ကျွန်တော်ဒီဆိုဒ်မှာပျော်နေတာကအခြားဆိုဒ်တွေနဲ့မတူ
လို့ဗျ….(၁)တင်သမျှပို့တွေကိုမေးလ်ထဲလှမ်းမပို့ဘူး..
(၂)ကွန့်မန့်တစ်ခုသွားပေးရင်အဲဒိပို့စ်မှာနောက်လူလာမန့်ရင်အကြောင်းမကြားဘူး..။
(၃)ပရိုဖိုင်မှာပြင်ဆင်လို့မရဘူး
(၄)အဲဒါကြောင့်လာရောက်လည်ပတ်ပါသည်..တ်ု့ဘာညာလာမရေးနိုင်ဘူး…။
အဲဒါကြောင့်မေးလ်ထဲမှာရှုပ်ပွမနေဘူးပေါ့ဗျာ
(၅)ကိုယ်တင်တဲ့ပို့စ်ကိုဘယ်လောက်ကြည့်သွားတယ်ဆိုတာပြပေးတယ်………
အရင်ကမူလစာမျက်နှာမှာပါပေါ်တယ်…အခုပျောက်သွားတင်္ယဗျ..အဲဒါပြန်လုပ်
ပေးနိုင်ရင်ကောင်းမယ်…။ဘာလို့လဲဆိုတော့ဘယ်ဟာအရင်ဖတ်သင့်လဲ
ဘယ်ဟာလူစိတ်ဝင်စားသလဲတစ်ခါထဲရွေးချယ်သွားလို့ရလို့ပါ……….။
(၆)ဒီရွာ(ခင်ဗျားတို့ခေါ်သလိုခေါ်ကြည့်တာနော်)ထဲမှာရှိတဲ့သူတွေဟာသိပ်ငယ်လွန်း
မနေကြဘူး…တစ်ခုခုမှာကျွမ်းကျင်သူတွေလို့ယုံကြည်တယ်လေ………အခြားဆိုဒ်
တွေမှာဆိုရင်ကလေးတွေများတယ်…ဒီမှာတော့-25ထက်ငယ်တဲ့သူပါမယ်မထင်
ပါဘူး..။အဲဒိတော့တွေးခေါ်ဆင်ခြင်မှုရှိတဲ့အရွယ်တွေချည့်ပဲလို့ယူလို့ရပြီးကိုယ်
ပြောချင်တာ..ကိုယ်ယုံကြည်ရာချပြဆွေးနွေးလို့ရနိုင်မယ်ထင်လို့ပါ..။ဆွေးနွေးလို့
လည်းရပါတယ်……..။ကျေးဇူးပါပဲ
(ရ)ကျွန်တော်ပြောလွန်းလို့ကျွန်တော်သူငယ်ချင်းတွေလည်းဝင်လာနေပါတယ်..။
သူတို့ကတော့စာဖတ်သူပေါ့…။ရေးချင်တဲ့သူကိုလည်းရေးဖို့အားပေးနေပါတယ်..။
(၈)နောက်တစ်ခုကတော့ကျွန်တော်မေးစရာလေးရှိလို့ဗျ…ကျွန်တော်ဝတ္ထုတင်ချင်တယ်
အဲဒါရမရ…Categories-မှာshot story..လို့ပဲတွေ့ပြီးstoryတို့novelတို့မပါလို့
မေးတာပါ..။အချစ်အကြောင်းလည်းမရေးတတ်ပါဘူး..။အခုကျွန်တော်ရေးနေတဲ့
အကြောင်းအရာကကျွန်တော်ပြောချင်တာတွေများနေလို့ဖောင်းဖြစ်နေတယ်လို့
ယူဆမိလို့အဲ..မနေ့ကတင်တဲ့လောင်းကစားအကြောင်းနောက်ခံကားချပ်လေးကို
ကျွန်တော်တွေ့ကြုံခဲ့တဲ့နေရာကာအပိုင်းအခြား(1985-2010)လောက်ပေါ့ဗျာ
ဝတ္ထုအနေနဲ့ရေးကြည့်ချင်တယ်..။လောင်းကစားအကြောင်းဆိုပေမဲ့ကျွန်တော်ပြ
ချင်တာကများနေတယ်..။ဝန်တမ်းလည်းပါမယ်ဗျာ..ဈေးသည်လည်းပါမယ်နောက်
ရွာသားတွေအကြောင်းလဲပါမယ်..။အဲဒိတော့တော်တော်ရှည်ရှည်လေး
ရေးမှလိပ်ပတ်လည်မှာဆိုတော့ရေးလိုရမရ…ရရင်ဘယ်Categoriesမှာဘာတပ်
ရမလဲလို့ပါ…။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010