ကျွန်တော်ဒီနေရာမှာဘာလို့ပျော်နေတာလဲ(အက်ဒမင်သို့အိတ်ဖွင့်ပေးစာ)

naywoon niNovember 27, 20101min1289

အက်ဒမင်သို့အိတ်ဖွင့်ပေးစာပါ..အိတ်ပိတ်ပြီးလဲပေးလို့မှမရဘဲကိုး…..
အခြားတစ်နေရာမှာလည်းကော်မန့်နဲ့မေးထားပါတယ်..။ဒါကြောင့်ဒီပို့စ်အတွက်ပွိုင့်မထည့်တွက်ပါနဲ့..။
ကျွန်တော်ဒီဆိုဒ်မှာပျော်နေတာကအခြားဆိုဒ်တွေနဲ့မတူ
လို့ဗျ….(၁)တင်သမျှပို့တွေကိုမေးလ်ထဲလှမ်းမပို့ဘူး..
(၂)ကွန့်မန့်တစ်ခုသွားပေးရင်အဲဒိပို့စ်မှာနောက်လူလာမန့်ရင်အကြောင်းမကြားဘူး..။
(၃)ပရိုဖိုင်မှာပြင်ဆင်လို့မရဘူး
(၄)အဲဒါကြောင့်လာရောက်လည်ပတ်ပါသည်..တ်ု့ဘာညာလာမရေးနိုင်ဘူး…။
အဲဒါကြောင့်မေးလ်ထဲမှာရှုပ်ပွမနေဘူးပေါ့ဗျာ
(၅)ကိုယ်တင်တဲ့ပို့စ်ကိုဘယ်လောက်ကြည့်သွားတယ်ဆိုတာပြပေးတယ်………
အရင်ကမူလစာမျက်နှာမှာပါပေါ်တယ်…အခုပျောက်သွားတင်္ယဗျ..အဲဒါပြန်လုပ်
ပေးနိုင်ရင်ကောင်းမယ်…။ဘာလို့လဲဆိုတော့ဘယ်ဟာအရင်ဖတ်သင့်လဲ
ဘယ်ဟာလူစိတ်ဝင်စားသလဲတစ်ခါထဲရွေးချယ်သွားလို့ရလို့ပါ……….။
(၆)ဒီရွာ(ခင်ဗျားတို့ခေါ်သလိုခေါ်ကြည့်တာနော်)ထဲမှာရှိတဲ့သူတွေဟာသိပ်ငယ်လွန်း
မနေကြဘူး…တစ်ခုခုမှာကျွမ်းကျင်သူတွေလို့ယုံကြည်တယ်လေ………အခြားဆိုဒ်
တွေမှာဆိုရင်ကလေးတွေများတယ်…ဒီမှာတော့-25ထက်ငယ်တဲ့သူပါမယ်မထင်
ပါဘူး..။အဲဒိတော့တွေးခေါ်ဆင်ခြင်မှုရှိတဲ့အရွယ်တွေချည့်ပဲလို့ယူလို့ရပြီးကိုယ်
ပြောချင်တာ..ကိုယ်ယုံကြည်ရာချပြဆွေးနွေးလို့ရနိုင်မယ်ထင်လို့ပါ..။ဆွေးနွေးလို့
လည်းရပါတယ်……..။ကျေးဇူးပါပဲ
(ရ)ကျွန်တော်ပြောလွန်းလို့ကျွန်တော်သူငယ်ချင်းတွေလည်းဝင်လာနေပါတယ်..။
သူတို့ကတော့စာဖတ်သူပေါ့…။ရေးချင်တဲ့သူကိုလည်းရေးဖို့အားပေးနေပါတယ်..။
(၈)နောက်တစ်ခုကတော့ကျွန်တော်မေးစရာလေးရှိလို့ဗျ…ကျွန်တော်ဝတ္ထုတင်ချင်တယ်
အဲဒါရမရ…Categories-မှာshot story..လို့ပဲတွေ့ပြီးstoryတို့novelတို့မပါလို့
မေးတာပါ..။အချစ်အကြောင်းလည်းမရေးတတ်ပါဘူး..။အခုကျွန်တော်ရေးနေတဲ့
အကြောင်းအရာကကျွန်တော်ပြောချင်တာတွေများနေလို့ဖောင်းဖြစ်နေတယ်လို့
ယူဆမိလို့အဲ..မနေ့ကတင်တဲ့လောင်းကစားအကြောင်းနောက်ခံကားချပ်လေးကို
ကျွန်တော်တွေ့ကြုံခဲ့တဲ့နေရာကာအပိုင်းအခြား(1985-2010)လောက်ပေါ့ဗျာ
ဝတ္ထုအနေနဲ့ရေးကြည့်ချင်တယ်..။လောင်းကစားအကြောင်းဆိုပေမဲ့ကျွန်တော်ပြ
ချင်တာကများနေတယ်..။ဝန်တမ်းလည်းပါမယ်ဗျာ..ဈေးသည်လည်းပါမယ်နောက်
ရွာသားတွေအကြောင်းလဲပါမယ်..။အဲဒိတော့တော်တော်ရှည်ရှည်လေး
ရေးမှလိပ်ပတ်လည်မှာဆိုတော့ရေးလိုရမရ…ရရင်ဘယ်Categoriesမှာဘာတပ်
ရမလဲလို့ပါ…။

9 comments

  • ကြယ်လေး

    November 27, 2010 at 12:16 pm

    ကျနော် လဲ လွပ်လပ်ပေါ့ပါး တဲ့ ပိုစ် တွေ လဲ ရေးလို့ ရ တယ်

    တင်းကြပ်မှူတွေလဲမရှိဘူး လွပ်လပ်သလို ခံစားရလို့ ဝင်လာတာပါ

    ဒီမှာ ရေးတဲ့သူ မန့်တဲ့သူတွေလဲ တခြားမှာထက်စာရင် စည်းကမ်းရှိပါတယ်

    အမေ နှမ ဖတ်လို့မရအောင် ရေးသားဝေဖန်ချက်တွေမတွေ.ရဘူး

    ဘာဖြစ်ဖြစ် ကျနော်တို့ကြောင့် စိတ်အနှောက်ရှက်ဖြစ်ခဲ့သူတွေရှိရင် တောင်းပန်ပါတယ် 😀

  • saund

    November 27, 2010 at 6:07 pm

    ကြယ်လေး said: အမေ နှမ ဖတ်လို့မရအောင် ရေးသား ဝေဖန်ချက်တွေ မတွေ. ရဘူး

    တွေ့ရပါတယ်။

    အောက်မှာ ကြည့်ပါ

    >>>
    New comment on your post “သားလှလူလေး မေ့ရင်သွေး – ၆”
    Author : KoNyeinChan (IP: 118.100.123.81 , 118.100.123.81)
    E-mail : peacekeeperforworld@gmail.com
    URL :
    Whois : http://ws.arin.net/cgi-bin/whois.pl?queryinput=118.100.123.81
    Comment:
    သား…လူလေး..မအေပေး… ရေးလည်းရေးနိုင်ပါ့သားရယ်.. ဘာလို ့ကို်ယ့်ကိုယ်တိုင်အကြောင်းကို သူများတွေသိအောင်အဆက်မပြတ်ရေးနေရတာတုန်း.. နောင်တရပြီဆိုရင်လည်း အဖေ ကျေနပ်ပါတယ်လေ.. နောက်ဆက်မရေးနဲ ့တော့နော်.. မန္တလေးဂေဇက်က လူတွေကိုလည်းသနားပါဦး.. ကိုယ့်ကိုယ်ကိုလည်းသနားဦး Comment ပေးမယ့်သူမရှိတော့လို ့

    အဲဒီပို့စ် က လက်ရှိ ဖြစ်နေတဲ့ ဖြစ်ရပ်မှန်ပါ။

  • etone

    November 29, 2010 at 9:02 am

    နံပါတ်၅က သူပြောသလိုပဲ ထည့်ပေးသင့်ပါတယ် ။
    နံပါတ်၆ ကတော့မှားနေပါပြီ … အီးတုံးက ၂၅နှစ်အောက်လေ 😀

  • doekalay

    November 29, 2010 at 10:02 am

    နေဝန်းနီပြောသလိုကျွန်တော်တို ့လည်းပျော်တယ်။လွတ်လပ်တာကိုကြိုက်တယ်။

  • kopauk mandalay

    November 29, 2010 at 10:35 am

    တုံမမရေ ညည်းနဲ့ငါကပြောင်းပြန်အချိုးကျတယ်ဟေ.။
    ကျနော်ကတော့ ခပ်ရှင်းရှင်းဘဲပြောမယ်ဗျာ။
    စာရေးတဲ့အခါ အင်တာနက်ဆိုင်မှာသွားရေးတော့ ပိုက်ဆံကုန်တယ်ဗျာ။
    တစ်ခါတစ်လေတော့ စာရူးပေရူးလေးများ ဖတ်မယ့်သူကို လက်ဖက်ရည်တို်က်ပြီး ဖတ်ခို်င်းရသလို ထင်မိပါရဲ့။
    ဒီဆိုက် နည်းနည်းများများပိုက်ပို်က်ပေးတယ်ဗျာ။
    ဒီပြင်နေရာမှာ လူဖတ်ဖတ် ကော်မင်ရ ရ မရရ ဘာမှ မရဘူး။
    ဒီမှာကပိုက်ပိုက်ရတော့ ပိုပျော်တာပေါ့။
    ဒီအချက်ကတော့ မမှားလောက်ပါဘူး တုံမမရေ

  • MaMa

    November 29, 2010 at 10:58 am

    ကျမကတော့ ပိုစ်တွေက ဖွင့်လိုက်တိုင်း အသစ်အသစ်တွေတွေ့လို့ ဒီဆိုဒ်ကိုဘဲ တစ်နေ့ ၂ခါလောက်ဝင်ဖြစ်သွားတာဘဲ။

  • doekalay

    November 29, 2010 at 11:20 am

    ဟုတ်တယ်ကိုပေါက်ပြောတာမှန်တယ်။

  • naywoonni

    November 29, 2010 at 1:26 pm

    ကြယ်လေးရေ……..
    နာလဲရှာကြည့်တယ်ပြန်ဖက်လိုက်တာနဲ့တူတယ်မတွေ့တော့ဘူး

Leave a Reply