ဆင်းရဲရခြင်းအကြောင်းများ-၅

naywoon niNovember 28, 20101min1729

တစ်လုံး..နှစ်လုံး..သုံးလုံးလို့သာပြောတာကျွန်တော်တွေတာတော့သုံးလုံးက..စကစားတာ..ပြီးမှနှစ်လုံး1999လောက်အထိမန္တလေးမှာသိပ်မကစား
ကြသေးဘူး…။ကျွန်တော်ပဲမူးပြီး..မေ့တာလားမပြောတတ်ဘူး..။သုံးလုံးကတော့ပေါပေါထင်ထင်ကစားနေကြပြီ။(မှတ်ချက်-1998/99လောက်ကကျွန်တော်က
မန္တလေးတောင်ခြေမှာရှိနေခဲ့လို့ပါ…)2001လောက်ကျမှမြန်မာအောင်ဘာလေထီကပေါက်ဂဏန်းကိုနောက်ဆုံးနှစ်လုံးယူပြီးကစားတာတွေ့ရတယ်..။
အဲဒိတုန်းက7ရက်ထွက်တာဆိုတော့တစ်လမှာခုနှစ်ကြိမ်ကစားရတာပေါ့….နောက်ဒါကိုယူကစားမှန်းသိတော့တစ်ရက်ထဲအပြီးထွက်ပေးလိုက်တော့
အိမ်နီးချင်းနိုင်ငံကနေအစုရှယ်ယာရောင်းတဲ့ဘုတ်ကကြေငြာတာကိုကြည့်ပြီးကစားကြတာပေါ့….။ပထမတော့ကစားတဲ့သူကမကစားရဲသေးဘူး..။
သူကတစ်ပတ်ငါးရက်မှာတစ်နေ့ကိုနှစ်ကြိမ်လာတာဆိုတော့သိပ်မရဲတာလည်းပါတယ်..။သုံးလုံးကတစ်လမှနှစ်ကြိမ်ကိုး….။ဒါကတစ်ပတ်10ကြိမ်တောင်
်နဲနဲလက်တွန့်နေကြသေးတယ်..။အစပိုင်း..မှာညနေ4း30ထွက်တဲ့ဂဏန်းကိုပဲကစားရဲသေးတယ်….နောက်တစ်ဖြေးဖြေးနဲ့မနက်ကောညပါဖြစ်လာကြ
တာ…..နှစ်လုံးကစာနည်းကနဲနဲရှုပ်ပါတယ်….ဒါကလည်းဘာလဲဆိုတာသိချင်လို့မေးရင်နဲ့သိခဲ့ရတာပါ..။အိမ်နီးချင်းနိုင်ငံတစ်ခုကလာတဲ့ဂဏန်းပါ…။
သူတို့ဆီမှာအစုရှယ်ယာရောင်းတဲ့ဘုတ်အဖွဲ့တွေရဲ့ပေါက်ကြေးဂဏန်းပေါ့လေ….ဥပမာ…အစုတစ်ခုကို10.15ဆိုပါတော့အဲဒါကျွန်တော်တို့ဆီ
မှာကစားတဲ့နှစ်လုံးရဲ့ထိပ်စီး5ဂဏန်းပါ။။နောက်အစုရှယ်ယာရောင်းရတဲ့အရေအတွက်ပေါ့…..ဒီနေ့ဈေကွက်ပိတ်ချိန်ထိဘယ်လောက်ရောင်းရခဲ့သလဲ..
.ဥပမာ..1893စုရောင်းခဲ့ပြီလို့စာရင်းပိတ်ရင်နောက်ပိတ်က3ပေါ့..။အဲဒိတော့တီဗွီမှာအဲဒါကြေငြာပြိးပျောက်သွားတယ်ဆိုရင်အဲဒိနေံအတွက်ထွက်တဲ့
ဂဏန်းက53ပေါ့….သူကလည်းကြေညာတဲ့လိုင်းနှစ်လိုင်းရှိသလိုနေ့12း00နဲ့ညနေ4း30နှစ်ကြိမ်ခွဲကစားကြပါတယ်..။ဘယ်လိုင်းကနေကစားမှာလဲ…..
.ရှင်းပါတယ်..ဒိုင်ကအလျောနဲ့တဲ့လိုင်းရွေးပြီးကစားတာပဲ…။အဲ..ဒီဘက်ကထိုးအားမကောင်းရင်ထိုးအားကောင်းတဲ့လိုင်းရွေ့ကိုင်တာပေါ့…….။
နောက်တစ်ရက်နှစ်ကြိမ်ကစားရတာအားမရတော့ဘူး…..။တစ်လုံးလို့ပြောတဲ့ဘောလုံးပွဲကိုပါလောင်းလာကြတော့တာပဲ…။ဘယ်ကလာတဲ့ဘောလုံးပွဲပဲ
ဖြစ်ဖြစ်ပေါက်ကြေးသားအတည်ဖြစ်ပါစေ….ကြည့်ရတာမကြည့်ရတာနောက်ထားလို့လောင်းရရင်ပြီးတာပဲဂျာနယ်ကပေးတဲ့တစ်ကြိုနဲ့တွက်ချက်ပြီး
လောင်းကြတာပဲ……။ရှုံးလား….တစ်ခါထဲတော့အကုန်ရှုံးရင်ဘယ်သူမှကစားမှာမဟုတ်ပါဘူး…။ရလိုက်ကုန်လိုက်ပေါ့.။ပထမရတာကများတယ်….။
နောက်တစ်ခါအရင်းအဲဒိလိုနဲ့ပါပါသွားတာနေ့တွက်ရတဲ့လုပ်ခတွေ…ဆိုက္ကားနင်းလို့ရတာတွေ..။ဝန်ထမ်းတွေကလစာတွေအားလုံးဒိုင်ဆီကိုရောက်တာပဲ
…..အကုန်တော့မဟုတ်ပါဘူး။မနေ့ကကျွန်တော်ပြောခဲ့သလိုပဲကော်မရှင်ခယူပြီးလောင်းကြေးငွေကောက်တဲ့သူနဲ့သက်ဆိုင်ရာကိုတရားမဝင်ပေးရတဲ့
လိုင်းကြေးတွေနှုတ်ပြီးကျန်တာတွေရောက်တာပေါ့..။ကျွန်တော်တို့ဆီမှာတော့2003လောက်ကစခဲ့တာခုထိလိုက်လေ…..ဝေးလေ…နီးလိုဖြစ်လိုက်ပြန
်ဝေးလိုက်နဲ့မြစ်ထဲမျောသွားတဲ့အဝတ်စလိုက်ဆယ်နေကြသလိုပါပဲ…..။သူတို့လောကကပြောနေကြစကားတစ်ခုရှိတယ်..။အိပ်ထဲပိုက်ဆံဘယ်လောက်
ရှိသလဲဝင်ကြည့်တာတဲ့….။ဘယ်လောက်အကုန်ခံကစားမလဲ…ပေါက်တဲ့ငွေကိုဝင်ကြည့်ခိုင်လိုက်တာပေါ့…………………
ဒီနေရာမျာဘာတွေတွေ့လာသလဲဆိုတော့ချဲပေါက်ရင်ဘောလုံးပွဲလောင်းတာနိုင်ရင်ဆိုတဲ့အတွေးတွေနဲ့တစ်ချိန်လုံး…….လုံးချာလည်လိုက်လာပြီးတော့
တစ်နေကုန်လို့ကုန်မှန်းမသိ…..။တစ်ချိန်လုံးအတွက်အချက်နဲ့ပဲကုန်လွန်ပြီးတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုအကျိုးမဲ့အချိန်ကုန်လာပါတော့တယ်…….။။
ပြီးတော့…….ကိုယ့်ကိုကိုယ်ယုံကြည်လိုစိတ်ပါနဲလာပါတယ်….စတင်လောင်းနေတဲ့အချိန်မှာသာယုံကြည့်စိတ်ပြင်းထန်တတ်ပြီး..လောင်းကြေးငွေထည့်
ပြီးတော်တော်လေးကြာလာရင်”ငါလုပ်တာဟုတ်ပါ့မလား…….ဟိုဟာနဲ့တူတယ်”ဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်….နောက်တစ်ယောက်ယောက်ကတစ်မျိုး
လာပြောရင်ယုံမှားသံသယနဲ့ကိုယ်လောင်းထားတဲ့ဂဏန်းဒါမှမဟုတ်အသင်းအပေါ်ဝေဝေဝါးဝါးဖြစ်လာပြီးနောက်တစ်မျိုးထပ်လောင်းချင်တတ်ပါတယ်……….။
ဒီတော့ပေါက်မဲ့ဂဏန်းကတစ်ကွက်ကိုအကွက်လေးငါးဆယ်ထိုးမိတဲ့အိဖြစ်လာတတ်ပါတယ်……။အဲဒါကတော့ဆရာတော်ဟောသွားတဲ့အထဲကနံပါတ်……..5
ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်းပါပဲ…….။ဒီလောင်းကစားမှာတောင်စိတ်မနိုင်တော့ဘူးဆိုရင်ကျန်တဲ့ကိစ္စတွေပြောဘွယ်မရှိတော့ပါဘူးော်……………..။
နောက်နံပါတ်6….လောင်းကစားချိန်နဲ့ကုန်လွန်ပြီးတော့အချိန်ရဲ့တန်းဘိုးကိုတင်မဟုတ်ဘူး..အချိန်ဘယ်လိုကုန်သွားမှန်းတောင်မသိကြတော့ဘူး..။(ဘောလုံးပွဲ
တွေကညနက်ပိုင်းမှလာတာများပါတယ်……။တစ်ခါတစ်လေသန်းခေါင်ကျော်ညအလင်းဖွင့်ရောင်းတဲ့စားသောက်ဆိုင်တွေ..လ္ဘက်ရည်ဆိုင်တွေရောင်းရပါတယ်..။)
အဲဒိဆိုင်တွေကတော်တော်များများကဒိုင်ဖြစ်ရင်ဖြစ်..ဒါမှမဟုတ်ကော်မရှင်ယူပြီးလောင်းကြေးကောက်သူဆိုတော့….တစ်ခုခုမှာယူစာသောက်ရင်းဘောပွဲလေးကြည့်
မနက်လေးနားရီလောက်မှပြီး….အိမ်ပြန်အိပ်..နိုင်ရင်တော့အိမ်အပြန်လှပါရဲ့…ရှုံတဲ့အခါကများများဆိုတော့ညအိပ်ရေးပျက်တာနဲ့ကုန်ကျစရိတ်နဲ့ကသာမာန်ဝင်ငွေ
လေးရှိရုံနဲ့ကတော့…..အိမ်ထောင်တစ်ခုကိုဘယ်လိုမှခေါင်းမဆောင်နိုင်တော့ဘဲအိမ်ရှင်မလက်အပ်လိုက်ရတော့တာပဲ…….။အဲဒါကနံပါတ်(၁၀)ခေါင်းဆောင်လိုစိတ်
နည်းပါးခြင်းပါပဲ)ခေါင်းဆောင်လိုစိတ်နဲပါးတာကိုမဟုတ်တော့ဘူး….။ခေါင်းကိုရှောင်သွားတော့တာ…..။
ခေါင်းဆောင်လိုစိတ်မရှိတံ့သူဟာကိုယ့်ကိုကိုယ်လည်းအားမကိုးတော့ပါဘူး..။ဝင်ငွေမလောက်တာလေးအကြောင်းပြလောင်းကစားလုပ်..တစ်ချို့တွေသူ့ အ
ကြောင်းနဲ့သူ….တစ်ကြိမ်လောက်များများစားစားထနိုင်တာလေးတွေ့ဖူးမြင်ဖူးပြီးကိုယ်လည်းသူလိုသုံးချင်လို့ကစားဖြစ်တာလည်းရှိပေါ့…….။
မနက်လေးနာရီလောက်မှပြန်အိပ်ပြီးမနက်အလုပ်ဝင်တော့ခေါင်းမကြည်…ခေါင်းမကြည်တော့အပေါင်းအသင်းကကောင်းတယ်…
“နဲနဲလောက်ချလိုက်ပါ့လား”တဲ့
မိတ်ကောင်းဆွေကောင်းနဲ့မတွေ့တာကလည်းဆင်းရဲခြင်းပါပဲ…….။
လောင်းကစားတာကကုန်..နောက်အရက်…နောက်…နောက်
ဘာမဆိုလာထားဆိုတော့
အဲဒိတော့ဒိလိုပျက်စီးခြင်းတွေဟာ…စနစ်ကြောင့်လို့ပြောရင်
စနစ်ပြောင်းလိုက်ရုံနဲ့တော့ဒီလိုလူတွေချက်ချင်းပြန်ကောင်းလာပါ့မလား?
ခုဆိုရင်ကျွန်တော်တို့ဆီမှာပေါ့လေ…….ဒီကဖြစ်နေတာကြည့်ပြောရတာကိုးနော့
တစ်လုံးလို့ခေါ်တဲ့ဘောလုံးကယောက်ျားတွေအလုပ်……နှစ်လုံးလို့ခေါ်တဲ့ဂဏန်းလောင်းတာကမိန်းမတွေအလုပ်ဖြစ်နေပြီ
ကော်မရှင်ယူပြီးလောင်းကြေးကောက်တာကမိန်းကလေးတွေချည့်ပဲ….။အဲဒိတော့ဘာတွေဖြစ်လာမလဲ
ကျွန်တော်တော့မတွေ့ဖူးသေးဘူး…ကြားရုံပဲကြားဖူးတာမို့မပြောရဲဘူး…။တွေးသာကြည့်ကြပေရော့………..
လောကီသမ္ပဒါလေးပါး
(က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း
(ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း
(ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း
(ဃ)သဇီဝိတသမ္ပဒါ =ဥစ္စာအင်းအားနဲ့တိုင်းထွာ၍ညီမျှစွာအသက်မွေးခြင်း
လို့တွေ့ပါတယ်……။
အင်းအားလုံးစုံသလောက်ရှိသွားပြီနော်……..
နောက်ပြောချင်တာက….ရောင့်ရဲမှုအကြောင်းပါ
ရောင့်ရဲတာနဲ့ပျင်းရိတာကတူမလိုနဲ့မတူပါဘူး..။
ရောင့်ရဲမှုဆိုတာကိုဘယ်လိူနားလည်ကျသလည်းတော့မသိဘူး..။ကျွန်တော်သိထားတာက..အစားအသောက်..အနေအထိုင်အပြောအဆို….တွေမှာသာရောင့်ရဲ
တင်းတိမ်နိုင်စွမ်းရှိရမယ်လို့……….အလုပ်အကိုင်……အတတ်ပညာ……အသိပညာတွေမှာမပါပါဘူး…။အပိုအလုပ်ဖြစ်တဲ့ဂုဏ်ပကာသနတွေကိုရောင့်ရဲတင်းတိမ်ခိုင်း
တာပါ…။ခုတော့အလုပ်တစ်ခုအောင်မြင်သင့်သလောက်မအောင်မြင်တာကလည်းကံမပါလို့…ကိစ္စတစ်ခုမဖြစ်မြောက်လိုက်တာကလည်းရှေးကံမပါလို့…………နဲ့
ဒီကံကိုပဲလွဲချပြီးတိမ်းတိမ်နေလိုက်တာမျိုးတွေတွေ့တွေ့နေရတယ်……။တစ်ချို့ကျတော့လည်းပညာတော်ပါရဲ့…ငွေကြေးမတတ်နိုင်လို့အောင်မြင်သင့်သလောက်
မအောင်မြင်ခဲ့ပေမဲ့သူ့ဟာနဲ့သူရုန်းကန်ပြီးအောင်မြင်နေတတွေတွေ့ရပါတယ်..။အားကျစရာလည်းကောင်းတယ်…..ခုတော့ဘာတွေအတွေ့များနေသလည်းဆို
ပျင်းတာ….တော့မဟုတ်ဘူး……ငြိတွယ်ခြင်းလေးတွေလေ……………………………….
ပျင်းရခြင်း(၆)ပါးပြောစရာမလိုလောက်တော့ဘူး…သိပြီးသားဖြစ်မှာပါ
ခုပြောချင်တာက…သတိမထားမိလိုက်တဲ့ညှိတွယ်မှုတဏှာလေးတွေ…..တဏှာဆိုတာက……………ချင်တယ်မှန်သ၍တဏှာချည့်ပဲ
ဆိုတော့ချဉ်ခြင်းတပ်တာမှန်သ၍လို့သာတွက်လိုက်ပေရော….။ဥပမာဗျာ……..အလုပ်လုပ်စရာပေါ်လာတယ်..ခင်ဗျားကchattingထိုင်နေတယ်..ခဏနေဦးနာရီဝက်လောက်
လို့ပြောလိုက်မယ်…ဖောက်သည်ကစောင့်နေရင်တောင်တော်တော်သီးညည်းခံလို့……..။ဒါမှမဟုတ်ရင်လည်းကိုရီးယားကားလေးကောင်းနေလို့TVကလာတာဆိုတော့
လွှတ်သွားမှာစိုးတယ်….။ဒါမှမဟုတ်…အချစ်ဝတ္ထုလေးကစွဲမက်စရာကောင်းခန်းလေးရောက်နေပြီ……….နောက်နေ့မှလုပ်လို့မရဘူးလားပြောလိုက်မိပြီဆိုပါတော့
အဲဒိလိုနဲ့ဖေါက်သည်တွေလျော့ကုန်မယ်…..စာမေးပွဲအတွက်လေ့လာစရာအချိန်တွေတွေနဲကုန်မယ်..။အလုပ်နောက်ကျတာတွေရှိနေမယ်….။အဲဒိလိုများဖြစ်ခဲ့လို့………..
ဖောက်သည်ကာစတန်မာ30လောက်ရှိမဲ့ဟာ20လောက်နဲ့…စာမေးပွဲမှာဂုဏ်ထူးထွက်မဲ့ဟာကအောင်မှတ်လောက်နဲ့…..အလုပ်နောက်ကျလို့ရာထူးတိုးမဲ့ဟာနောက်တစ်
လစောင့်လိူက်ရတာနဲ့…….ဒါဟာကျေနပ်စရာလား?ကိုယ်ပြုခဲ့တဲ့ကံကချက်ချင်းအကျိုးပြုလိုက်တာလေ………မမြင်ရတဲ့ကံမဟုတ်ဘူး….။လုပ်စရာရှိတာကိုအာရုံခံစားမှု
အတုတွေနဲ့နောက်ကျမှလုပ်လိုက်တာ……..ဒါတောင်ပျက်ကွက်တာမဟုတ်သေးဘူး……ပျက်ကွက်မိလို့တစ်စုံတစ်ခုထိများထိချုက်နစ်နာပြီဆိုရင်ဘယ်သူ့အပစ်တင်ကြမလဲ?
ချက်တင်မှာလာပြောတဲ့သူအပစ်တင်လို့ရမလား?ဒါမှမဟုတ်TVကကလွှင့်နေတဲ့ကိုရီးယားကား……….အချစ်ဝတ္ထုလေးကိုအပစ်တင်လိုက်ပါ့လား?
ရမှာလား……..သူ့ဟာသူချက်တင်မှာတွေ့လို့လာစကားပြောတာ….သူ့အချိန်နဲ့သူလွှင့်နေတာ…..ဒီစာအုပ်ခင်ဗျားဖတ်ရမယ်လို့မှအတင်းမခိုင်းစေထားတာနော့………..
တစ်ကယ်ကျိုးစားပြိးမအောင်မြင်တာတွေလည်းရှိပါတယ်…။ကျွန်တော်တစ်နေရာမှာပြောခဲ့ဖူးပါတယ်..။တစ်စုံတစ်ယောက်အောင်မြင်ဖို့ဆိုတာက(စီးပွားရေးအရပြောတာနော်)
အချိန်ရယ်….လုပ်ပိုင်ခွင့်(စီမံခန့်ခွဲပိုင်ခွင့်ရယ်)နေရာ..ရယ်သုံးမျိုးအချိုးညီမှအောင်မြင်မှုရဖို့လွယ်ပါတယ်..။
အားလုံးဆင်ရဲခြင်းမှကင်းလွတ်နိုင်ကြပါစေ…………..။

9 comments

  • weiwei

    November 28, 2010 at 3:25 pm

    ကိုနေဝန်းနီရဲ့ ပို့စ်တွေကိုဖတ်တိုင်း ပြသနာတစ်ခုရှိပါတယ် … တခြားပို့စ်တွေက စာလုံးကိုချဲ့ပြီးဖတ်လဲ အကုန်ဖတ်လို့ရပါတယ် … ဦးနီဟာတွေက ချဲ့လိုက်ရင် ပျောက်ကုန်ပါတယ် … အရမ်းသေးမှ အကုန်ဝင်တယ် … သေးပြန်တော့လဲ မှုန်ပြီး ဖတ်မရဖြစ်ပြန်ပါတယ် … ကျွန်မတို့လို မျက်မှန်ထူထူနဲ့ အဘွားကြီးတွေအတွက် အဆင်မပြေဖြစ်နေပါတယ် … 🙂

  • naywoonni

    November 28, 2010 at 3:35 pm

    စောစောကတစ်ခါပျောက်သွားဖူးလို့Composeမှာရေးထားပြီးမှကော်ပီလုပ်လိုက်တာ
    Ctrl+တစ်ချက်နှိပ်ရင်အဆင်ပြေပါတယ်နှစ်ချက်တော့မရဘူးဟုတ်တယ်…………….နောက်စာကြောင်း
    ကိုနဲနဲတိုပေးလိုက်ပါ့မယ်………ကျွန်တော်လည်းမျက်မှန်လေးနဲ့ပါ……..
    ပြီးတော့ကျွန်တော်ကစာရေးချင်လို့သာရယ်…ဘာမှတတ်တာမဟုတ်ဘူးဗျ

  • bigcat

    November 29, 2010 at 2:23 am

    ကျနော်တို့ မြန်မာတွေဟာ အပျော်အပါးမက်ကြပေမဲ့ အလောင်းအစား ဝါသနာထုံသူတွေ မဟုတ်ကြပါဘူး။ ကိုနီပြောသလို စနစ်ဆိုးကြောင့်။ ကြီးပွားမဲ့ လမ်းစရှာမတွေ့ဘဲ ဆူလွယ်နပ်လွယ် လမ်းကိုလိုက်ကြတာပါ။ ထိန်းကြောင်းပဲ့ပြင်ပေးနိုင်သူတွေကိုလည်း စစ်အစိုးရက အန္တရယ်ရှိနိုင်သူများလို့ သတ်မှတ်ပြီး မျက်စိဒေါက်ထောက်ကြည့်၊ ဖိနှိပ်ထားလေတော့ ဒီလိုတိုင်းပြည်မျိုးမှမဖြစ် ဘယ်သူဖြစ်မလဲ။

  • naywoonni

    November 29, 2010 at 1:05 pm

    ဟုတ်တယ်ကိုကြောင်ကြီးရေ……….
    ဒီလိုစာမျိုးရေးဖြစ်ဖို့……မေတ္တာရှင်ဆရာတော်ရဲ့တရားတော်ကိုအခမဲ့ဒါနပြုတဲ့သူငယ်ချင်းနဲ့
    ရေးချင်စိတ်ပေါ်လာအောင်ဖြစ်လာစေတဲ့ဆူးမရဲ့ပိုစ့်….ပြီးတော့မအားလပ်နဲ့ကြားကဖတ်ပေးကြတဲ့သူ
    တွေနဲ့တင်ခွင့်ပေးတဲ့ကိုkaiရဲ့မန်းဂဇက်တက်ဆိုဒ်နဲ့ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအထူးတင်ရှိ
    ပါတယ်ဗျာ…….နောက်ဒီအကြောင်းတွေနဲ့ပတ်သက်င်္ပြး..ဝတ္ထုပုံစံနဲ့ရေးပါဦးမယ်………..
    ဒီအချိန်မှာဒီလိုတွေဖြစ်ခဲ့တယ်ဆိုတာကိုနောက်လူတွေသိအောင်ပြောခဲ့ဖို့ကျွန်တော်တို့တာဝန်ပဲလေ….
    ရှေ့ကလူတွေပြောခဲ့လို့ကျွန်တော်တို့အရင်ကဘာတွေဖြစ်ခဲ့တယ်ဆိုတာသိခဲ့ရတာပဲမဟုတ်လားဗျ

  • kai

    November 30, 2010 at 12:18 am

    စာတွေကို အသံထွက်ဖတ်ပြီး အသံထွက်တခါရပ်တိုင်းနေရာမှာ စပေ့လေးထည့်ပေးပါဆရာနေဝန်းရဲရဲတောက် ရေ..။
    ပြိးတော့ ဇတ်လမ်းအုပ်စုတစုတိုင်းကို အပိုဒ်တပိုဒ် Enter ရိုက်ပြီး ခွဲပေးပါဦးဗျာ..။

    ကဗျာဆရာ ပညာပြတာနဲ့ .. ကဗျာရှည်ကြီးဖတ်သလို ..အတွဲကြီး မူးမတတ်ဖတ်နေရတယ်..။
    တွေးစရာတွေပါတာမို ့.. သေသေချာချာလိုက်ဖတ်နေရတော့ ..မသောက်ပဲမူးနေရောဗျ..။

    နောက်တခုက … Category ခွဲပေးပါဥိး..။ အခုစာကိုတော့ ကျုပ်ခွဲထားတာ တွေ့ပါတယ်နော..။ အဲဒါမျိုး.။

  • yuyu

    November 30, 2010 at 3:15 am

    ဟုတ်ကဲ့ ဦးနီ နောက်ဆိုကိစ္စတစ်ခု မအောင်မြင်တိုင်း အတိတ်ကံ မကောင်းလို့ လို့မလွှဲချတော့ပါဘူး၊ အစားအသောက်၊ အနေအထိုင်မှာ တင်းတိမ်ရောင့်ရဲတတ်တဲ့ စိတ်အစွဲကနေ အရာရာကို တင်းတိမ်ရောင့်ရဲခြင်းနဲ့ ဖြေသိမ့်နေတာမကောင်းဘူးလို့ သိလိုက်ရပါပြီ၊ ဒီလိုသိမြင်အောင်ရေးသားပြောပြခဲ့တဲ့ ဦးနီကို ကျေးဇူးအထူးတင်ပါတယ်၊ bigcat ပြောသလိုပဲ အလွယ်လမ်းကိုလိုက်နေတဲ့သူတွေ အများကြီးပါ၊ စီးပွားရေးကျပ်တည်းနေတဲ့ အချိန်မှာ ငွေအရမြန်မယ်ထင်တဲ့ အထင်မှားတွေနဲ့ လူတော်တော်များများထဲမှာ တခါတလေကိုယ်လဲပါဝင်နေတတ်တယ်၊ ကိုယ်ကအသိတရား နဲ့ချင့်ချိန်လိုက်နိုင်ပေမယ့် အလွယ်နောက်ကို ကောက်ကောက်ပါအောင်လိုက်နေတာ စိတ်မကောင်းစရာပါပဲ၊

  • naywoonni

    November 30, 2010 at 7:19 am

    ဟုတ်ကဲ့ ကို kai ဒီလိုလေးလား ကျွန်တော် အဲဒိအကြောင်းလေးကို
    တစ်နှစ်စာအလွမ်းလေးနဲ့ ပြောပါရစေ….။ ကျွန်တော်က စပေမခြားပဲနဲ့
    …..လေးလုပ်လိုက်တာပြင်ရဦးမှာပေါ့ ။ ဆရာတစ်ယောက် တိုးလာပြန်ပြီ ။
    အဲဒါကြောင့် ကျွန်တော့် သူငယ်ချင်းကပြောတာ ။”အွန်လိုင်းပေါ်မှာ သင်ချင်ရင်
    ပညာကို လက်တစ်ဆုံး မဟုတ်ဘူး နာရွက်ရွှံပေအောင်သင်လို့ရတယ်” ဆိုတာ

  • ဆူး

    November 30, 2010 at 9:24 am

    အဘနီ ပိုစ်တွေ အားပေးနေတယ်နော်.. နောက်ပြီး ဝတ္တုက လုံးချင်းရေးမလို့လား ခွဲခွဲပြီး ရေးမှာလား

  • naywoonni

    November 30, 2010 at 1:58 pm

    အဆင်ပြေသလို ရေးရမှာပေါ့ ဆူးမရယ်.. ။ အခုက ဒီတစ်နှစ်စာအလွမ်းလေး လွမ်းလိုက်ချင်သေးလို့ နောက်မှရေးပြမယ်လေ……..

Leave a Reply