Chicken curry ကြက်သားဟင်း

weiweiNovember 27, 20101min21415

ကြက်သားဟင်းချက်တာကတော့ ဘာမှထူးဆန်းမယ်လို့ မထင်ပါဘူး … ဒါပေမယ့် ထောပတ်ထမင်းတင်ထားပြီး ဟင်းမပါရင် ဘာနဲ့ စားရမလဲလို့မေးမှာစိုးလို့ ကြက်သားဟင်းပါ တင်လိုက်တယ် …

ပါဝင်သောပစ္စည်းများ …

ကြက် အကောင်ခပ်သေးသေး (၁) ကောင် .. ၃၅ ကျပ်သားခန့်

ကြက်သွန် အနီ (၂) ဥ … ကြက်သွန်ဖြူ နဲ့ ဂျင်း သင့်တော်သလိုထည့် ..

သစ်ကြားပိုး .. ကုလားဝေး … ကုလားမဆလာ

ဆား .. ဆနွင်း .. ငံပြာရည် .. ငရုတ်သီးအစိမ်းမှုန့်

ချက်ပြုတ်ပုံအဆင့်ဆင့်

ကြက်တစ်ကောင်ကို (၄) တုံးတုံးပြီး ဆား ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး တစ်နာရီခန့်ထားပါသည် .. အသားထဲ အရသာဝင်စေရန်ဖြစ်ပါသည်။ ဒိန်ချဉ်ရှိပါက အနည်းငယ်ထည့်ပြီး နယ်ထားလျှင် ပိုကောင်းပါသည်။ ဒါန်အိုးထဲကို ဆီ (မခန့်မှန်းတတ်ပါ) သင့်တော်သလိုထည့်ပြီး ဆီဆူလာလျှင် ကြက်သွန် ဖြူနီဂျင်း ထောင်းထားတာကိုထည့်ပြီး ဆီသတ်ရပါမည် … ကြက်သွန်များ နွမ်းပြီး မွှေးလာသည်အထိ စိတ်ရှည်ရှည်ဆီသတ်ရပါမည် .. ထို့နောက် သစ်ကြားပိုးနဲ့ ကုလားဝေးရွက်ကိုထည့်ပြီး ဆီသတ်ပါသည် … အဲဒီနောက် ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ခေတ္တမွှေပေးပါသည်။ ထို့နောက် အသင့်နယ်ဖတ်ထားတော့ ကြက်သားကိုထည့်ပြီး မွှေးလာသည်အထိထားပါသည်။ မဆလာ အနည်းငယ်ကိုပါ ထည့်ပြီး မွှေပေးပါတယ် … ရေထွက်တာကုန်ပြီဆိုလျှင် နောက်ထပ် သင့်တော်သလောက်ရေထည့်ပြီး အဖုံးအုပ်ကာ ကြက်သားများနူးသည်အထိ တည်ထားရုံပါပဲ … ကျက်ခါနီး ဆီပြန်ခါနီးမှာ မဆလာမှုန့်အနည်းငယ်ထပ်ထည့်လိုက်ပါသည် … အလွန်မွှေးကြိုင်ပါသဖြင့် တခြားအခန်းမှ သူများ အနံ့ရပြီး ဗိုက်ဆာကုန်ပါသည် …

15 comments

  • ဆူး

    November 27, 2010 at 1:44 pm

    ကြက်သားဟင်း စားကောင်းပါသည်။

  • weiwei

    November 27, 2010 at 2:21 pm

    စားကောင်းသည်ဟု အားပေးသူများကို မှတ်ထားပြီး ထမင်းစားဖိတ်ပါမည် … 😛

  • ကြယ်လေး

    November 27, 2010 at 2:46 pm

    စားတော့စား ချင်သား
    ဟင်းပါးကန်ကိုပုံ ကြီးခြဲ့ကြည့်တော့ း(

    အမဝေ ဆံပင်အရှည် ထားတယ်နဲ့တူတယ်နော် 🙂

  • KoNyeinChan

    November 28, 2010 at 2:12 am

    (ကုလားလေသံဖြင့်ဖတ်ပေးပါ) မမဝေ နော်.. တရုတ်ပြည်မှာအကြာကြီးနေဖူးတာတောင် ကုလား တို ့ ဟင်းချက်နည်းကို နော်.. အကုန်တတ်တယ်နော်.. ကုလား နော် စားကြည့်တာ အရမ်းကောင်းတယ်နော်..

  • ကြယ်လေး

    November 28, 2010 at 3:23 am

    အနော်က ဟင်းပန်ကန်ကို ပုံကြီးခြဲ့ ကြည့်မိတော့ အမေ့ကို သတိရလို့ငိုချင်သွားတယ်လို့ပြောတာပါ 🙂

    နောက် မဝေ က စာရေးတာလူကြီဆန် လို့ ဆံပင်ရှည်ထားတယ်နဲ့တူတယ်လို့ပြောတာပါ 😀

    ခိ ခိ~ ရောရေးတော့ ဟင်းပန်ကန်ကို ပုံကြီးခြဲ့ပြီး ဆံပင်ခြည် သွားရှာတယ် နဲ့တူတယ် းP

    ဟီး ဘယ်သူလဲတော့မသိဘူး နှစ်ယောက်တောင် းP

  • ဆူး

    November 28, 2010 at 3:43 am

    တိပါဘူး.. မေမေ ချက်တဲ့ ဟင်း ဆံပင်ချည် ပါတတ်လို့ သတိရပြီး ထအော် သလားလို့.. ဟီးဟီး.. ၂ထု ထဲမှာ နာ မပါဘူး။

  • bigcat

    November 28, 2010 at 3:55 am

    အေးလေ။ ကျုပ်လည်းဝမ်းသာအားရနဲ့ အန်တီဝေ့ကိုဆော်မလို့ ပုံကြီးချဲ့ပြီးကြည့်မိသေးတယ်။ မနောက်ပါနဲ့ ဦးကြယ်လေးရယ်။

  • ဆူး

    November 28, 2010 at 4:03 am

    ဦးကြောင်ကြီး ဘယ် ဆော်ရဲတော့မလဲ..
    ဆူး ထင်တာ ရမ်း တုတ်လိုက်မယ်..
    မဝေတင်တဲ့ ပုံကြည့်လိုက်တော့ ကလေးက ကြောင်လေးကို ကိုင်ပြီး လည်ပင်းညှစ်ပြ ထားတာ နမူနာကြည့်ပြီး ကြောင်ကြီး နဲနဲ ဖြုံသွားတာ ဖြစ်မယ်။ အဟမ်း.. ထင်တာ ပြောကြည့်တာနော်.. ဟုတ်မဟုတ်ကတော့ ဦးကြောင်ကြီး သာ သိမှာပေါ့..

  • ဆူး

    November 28, 2010 at 7:08 am

    နောက်ထပ် စားကောင်းမှာလေး ထပ်ချက်ပါအုန်း..

  • နေ ဘုန်းလျံ

    November 29, 2010 at 1:44 am

    ကြက် ဟင်းခါး သီလေးပါထည့် ပိုေ ကာင်းတာက ကိုကြောင့်ရဲ့ ကမ္ဘာ ပျက်တဲ့ အထိစောင့်စားရ မယ် မထင်မထင် အဟိ….။

  • ဆူး

    November 29, 2010 at 3:30 am

    ကြက်ဟင်းခါးသီးနဲ့ ကြက်သား ဘာမှ မဖြစ်ပါ။ လွတ်လပ်စွာ စားသုံးနိုင်သည်။ သေချင်လို့ အများကြီး စားပြီး ရင်ပြည့်သေယုံမှ လွဲ၍ ပုံမှန်စားလို့ ဘေးမဖြစ်။

  • cherrywine

    November 29, 2010 at 7:52 am

    နည်းနည်းတော့ လွဲနေတယ်ထင်တယ် မမဆူးရေ .. ချယ်ရီတို့မေမေက
    ကြက်သားနဲ့ကြက်ဟင်းခါးသီးကို ချက်စားတာအရမ်းကောင်းလို့မချက်နဲ့လို့
    ပြောကြတာဆိုပြီး ချက်ကျွေးလိုက်တာ … အထက်လှန်အောက်လျှောဖြစ်ပြီး …
    ကံကောင်းလို့အသက်မထွက်တာ .. ကိုယ်တွေ့ မမဆူးရေ !

  • ဆူး

    November 29, 2010 at 9:20 am

    ဆူး တော့ ဘာမှ မဖြစ်ဘူး.. အေးဆေးဘဲ.. အဲဒါကြောင့် ပြောတာ..

  • MaMa

    July 8, 2012 at 12:05 am

    ဝေဝေရေ- ခုမှပြန်ဖတ်ပြီး ဒန်ပေါက်နဲ့ တွဲစားသွားတယ်။
    စမ်းကြည့်ဦးမယ်။ 🙂

  • thar ag

    July 8, 2012 at 10:04 am

    ချက် စားကြည့်ဦးမယ်

Leave a Reply