ရှေးအခါက . . ဟိမ၀န္တာ တောရဲ့ အနီးမှာ ကြို့ပင်ကြီးတစ်ပင်ရှိသတဲ့. . . . ၀က်ဝံတစ်ကောင်ဟာ အစာရှာဖွေ စားသောက်ပြီးတဲ့နောက် ၊ ဗိုက်လေးလာတဲ့ အခါမှာ ကြို့ပင်ကြီးအောက် လာရောက်အိပ်နေလေ့ရှိပါတယ်. . . တစ်နေ့. . . . ကြို့ပင်ကြီးအောက်မှာ ၀က်ဝံကြီး အိပ်ပျော်နေတုန်း ခပ်ကြမ်းကြမ်း လေတစ်ချက်ဝှေ့ လိုက်တာ ကြောင့် ကြို့ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်း ကျိုးပြီး သစ်ကိုင်းကျိုးဟာ ၀က်ဝံကြီးရဲ့ ကျောကုန်းပေါ်ကျသွားပါတယ်. . . . အိပ်ပျော်နေတဲ့ ၀က်ဝံကြီးလည်း လန့်နိုးသွားတာပေါ့. . . ဒေါသလည်း ထွက် စိတ်တိုသွားတယ်. . . . ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူ့ကိုမှလည်း မတွေ့မမြင်ရဘူးတဲ့. . . .
“ဧကန္တတော့ ကြို့ပင်စောင့် ရုက္ခစိုး ငါ့အပေါ်သစ်ကိုင်း ချိုးချတာဖြစ်မယ်. . . သိကြသေးတာပေါ့ကွာ မင်းဗိမာန်ကို အမြစ်က လှန်ပစ်မယ်. . . . ၀ံကြံရင် ဘာခံနိုင်မှာ တုန်း ဟု . . . “ပြောပြီး ထွက်လာခဲ့ပါတယ်. . . .

ကာလအတန်ကြာတဲ့ အခါမှာ ကြို့ပင်အောက်မှာ ၀က်ဝံကြီး ရပ်နားနေတုန်း ဓားမ၊ ပဲခွပ်၊ ပုဆိန်တွေ ကိုင်ထားတဲံ သစ်ခုတ်သမား ပုဏား လက်သမား သုံးရောက် ကြို့ပင်နား ရောက်လာပါတယ်. . . . လက်သမားတွေကို တွေ့တဲ့အခါမှာ ၀က်ဝံဟာ ၀မ်းသာအားရဖြစ်သွားပါတယ်. . . .

“မိတ်ဆွေတို့ ဘယ်သစ်ကို ခုတ်ကြမှာတုန်း ဟု ၀က်ဝံကလှမ်းမေးကြည့်တယ်. . . .”

“မိတ်ဆွေဝက်ဝံ သင်က တောထဲမှာ နေတော့ ကျုပ်တို့ထက် သစ်အကြောင်းနားလည်မှာပေါ့. . ရထားလုပ်ဖို့ ဘယ်သစ်က ခိုင်ခံပါသလဲ . . . “ဟု ပုဏားတွေက ပြန်မေးတယ်. . .

“အဆွေလက်သမား ပိတောက်၊ ထောက်ကြံ့၊အင်ကြင်း၊ ရှားပင်တို့ဆိုတာ မခိုင်ခန့်ဘူး . . . လူတွေက မသိလိုကနာမည်ကြီးနေတာ. . . သူတို့ထက်ပိုမိုခိုင်ခန့်တဲ့ ရထားလုပ်ဖို့ ကောင်းတဲ့ ကြို့ပင်ဆိုတာ ရှိတယ်. . .”

“မိတ်ဆွေပြောတဲ့ ကြို့ပင်ဆိုတာကို ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ မြင်ရင် သိရင် ဘယ်လိုပုံစံဆိုတာ ပြောပြပေးပါအုံး . . . . “ဟု လက်သမားများက ၀က်ဝံကြီးကို ပြန်မေးပါတယ်. .

“ခု ကျုပ်ရပ်နေတဲ့ နေရာ က အပင်ဟာ ကြို့ပင်ပေါ့. . . . ရထားဘီးအတွက် အကန့်၊ ပုံတောင် ၊ ၀က်စွပ်၊ အကျပ် အကုန်လုပ်နိုင်တာပေါ့. . . . “လို့ပြောပြီး ၀က်ဝံဟာ ထွက်သွားပါတယ်. . . .

လက်သမားတွေဟာ ကြို့ပင်ကို ခုတ်ဖို့ ပြင်ဆင်လိုက်ကြတယ်. . . . ၀က်ဝံနဲ့ လက်သမားတွေပြောဆိုနေတာကို ကြားသိလိုက်ရတဲ့ ကြို့ပင်စောင့်ရုက္ခစိုး နတ်ဟာ “၀က်ဝံဟာ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ရန်ငြိုးဖွဲ့ပြီး ငါ့ရဲ့ ဗိမာန်ကို လက်သမားတွေက ဖျက်ဆီးပစ်ကြသလို ဒင်းအသက်ကိုလဲ လက်သမားတွေကပဲ ပျက်စီးအောင် လုပ်စေရမယ် . . . ” ဟု ကြုံးဝါးလိုက်သည်. . .

အဲဒီနောက် ကြို့ပင်စောင့်နတ်ဟာ ခရီးသွား ပုဏား တစ်ယောက် အယောင်ဆောင်ပြီး လက်သမားတွေ အနား ချည်းကပ်ပြီး . . . . “မိတ်ဆွေ လက်သမားတို့ ဒီသစ်ပင် က အသားကောင်းလှချည်လား ဘာများလုပ်ဖို့တုန်း. . . ” လို့ မေးကြည့်လိုက်တယ်. . .

“ရထားလုပ်ဖို့ ဖြတ်တောက်နေကြပါတယ်. . . .” ဟု လက်သမားတွေက ပြန်ဖြေကြတယ်. . . .

“မင်းတို့ ရထားလုပ်တဲ့ အခါ ၀ံသားရေကို သံပတ်လိုပတ်ပြီးလုပ်ရင် ပိုပြီး ခိုင်ခံ့လာမယ် . . . ပိုပြီးလည်း ဈေးကောင်းရမယ်. . . “

လက်သမားများက “ဒီလိုဆို ၀ံသားရေ ဘယ်ကရမှာတုန်း . . .”

“မင်းတို့ တော်တော်နသေးတာပဲ ခုနက မင်းတို့ကို ပြောသွားတဲ့ ၀က်ဝံဆီလိုက်သွားပေါ. . . . . . ၀က်ဝံကြီးကို အသင်ပြောသွားတဲ့ သစ်ပင်ကို ဘယ်လိုခုတ်ရမှာလဲလို့ မေးပြီး ပြခိုင်းလိုက်. . . . အဲဒီအခါကျမှ ဓားထက်ထက်နဲ့ ၀က်ဝံကြီး သေသွားအောင် ခေါင်းကို ခုတ်ပိုင်းလိုက်ပေါ့ . . . . အရေခွံခွာ အသားကိုချက်စားပါ. . . ပြီးမှ ကြို့ပင်ကို ခုတ်ပါလို့ . . . . ” ရုက္ခစိုးက ပြောလိုက်ပါတယ်. . .

ခရီးသွား ပုဏားရဲ့ အကြံပေးချက်ကို လက်သမားတွေ နှစ်သက်သဘောကျသွားတယ်. . ဒီကနေ့ သိပ်ကံကောင်းတဲ့ နေ့ပါလား အကြံကောင်းညဏ်ကောင်းတွေရတယ် ဆိုပြီး ရုက္ခစိုး အကြံပေးတဲ့အတိုင်း ၀က်ဝံကြီး နောက် လိုက်သွားပြီး မာယာနဲ့ အကူအညီတောင်းတယ်. . . ကြို့ပင်အောင် ရောက်လာတဲ့ ၀က်ဝံကြီးကို သေအောင် သတ်ပစ်နိုင်ခဲ့တယ် . . . နောက်ကြို့ပင်ကြီးကိုလည်း ခုတ်ထစ်ပိုင်းဖြတ်ယူဆောင် သွားကြပါတယ်. . .

ဝက်ဝံကြီးဟာ သည်းခံသင့်တဲ့ အမှုကလေးကို သည်းမခံနိုင်ဘဲ အထင်လွဲပြီး စိတ်ယုတ်မာ မွေးကာ ရန်ငြိုးဖွဲ့ခဲ့တာကြောင့် အကျိုးအမြတ်မရှိဘဲ နှစ်ဦးစလုံး ဆုံးရှုံးနစ်နာခဲ့ရပါတယ်. . . .

ဒီဥပမာလေးကို ကြည့်ခြင်းအားဖြင့် စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေကို ဖြစ်ပေါ်လာတာကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်. . .
(ဖန္ဒနဇာတ်)

About zinmyotun

zinmyotun has written 92 post in this Website..