ဟိုးရှေးအခါတုန်းက ဗာရာဏသီပြည်မှာ ဒဠဓမ္မ မင်းစိုးစံနေတယ်. . . ထိုမင်းမှာ သြဠဗျာဒိ ဆိုတဲ့ ဆင်မတစ်ကောင်ရှိတယ်. . .

အဲဒီဆင်မက ယူဇနာ တစ်ရာခရီးကို နေ့ချင်းပေါက်ရောက်အောင် သွားနိုင်တယ် . . ခြေမြန်တမန်တော် အမှုကို ကောင်းမွန်စွာ

ပြုလုပ်ပေးနိုင်ပါတယ်. . . ရန်သူတို့ကိုလည်း အောင်မြင်အောင် နှိမ်နင်း စစ်ထိုးနိုင်တယ်. . . ဒီတော့ မင်းကြီးဟာ ဆင်မကို

အခြွေအရံတွေများစွာ ပေးထားပြီး ကောင်းစွာ ချီးမြှောက်ထားတယ်. . .

ဆင်မကြီး အိုမင်းလာတဲ့အခါမှာ ဘုရင့်အမှုတော်ကို ငယ်စဉ်တုန်းကလို တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ်

မထမ်းဆောင်နိုင်တော့ဘူး. . . ဆင်မကြီးကို အသုံးမချတော့ဘူး . . ပေးထားတဲ့ အခြွေအရံတွေကိုလည်း

ပြန်လည်ရုတ်သိမ်းလိုက်တယ်. . . . . ဆင်မကြီးဟာ တောအရပ်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေကိုသာ

ရှာဖွေစားသောက် အသက်မွေးနေရရှာတယ်. . .

တစ်နေ့ မင်းကြီးဟာ အိုးထိန်းသည် တစ်ယောက်ကို ခေါ်ယူလိုက်တယ်. . “ငါ့ရဲ့ နန်းတော်ထဲမှာ အိုးတွေ မလုံမလောက်

ဖြစ်နေတယ်. . . အိုးတွေ အမြန်လုပ်ပြီးယူလာခဲ့လော့. . . . ” ဟု အမိန့်ပေးလိုက်တယ်. . . .အိုးထိန်းသည်က “အရှင်မင်းကြီး

အိုးဖုတ်ဖို့အတွက် လောင်စာ နွားချေးတိုက်လိုပါတယ်. . . နွားချေးတိုက်ယူရန် လှည်းဆွဲမဲ့နွား မရှိပါဘူး. . . “

လို့လျှောက်တင်လိုက်ပါတယ်. . .

“သြဠဗျာဒိ ဆင်မအိုကြီးရှိတယ်မလား သူ့ကို ယူပြီးတိုက်လေ . . “ဟု မင်းကြီးက မိန့်လိုက်ပါတယ်. .

တစ်ချိန်က လျှမ်းလျှမ်းတောက် ချီးမြှောက် ခြင်းခံခဲ့ရတဲ့ ဆင်မကြီးဟာ ခုတော့ နွားချေးလှည်း ဆွဲနေရပါတယ်. . ဆင်မကြီးဟာ

တွေးကြည့်ရင်း ၀မ်းနည်းလာပါတယ်. . .တစ်နေ့တော့ ပညာရှိ အမတ်ကြီးနဲ့ ဆုံဆည်းမိတဲ့အခါ ငိုကြွေးပြီး ရှိခိုး

ဦးတင်လျှောက်ထားလိုက်ပါတယ်. .

“အမတ်ကြီး ကျွန်ုပ် နုပျိုသန်စွမ်းစဉ်က စည်းစိမ်တွေ အခြံအရံတွေ ပေးထားပါတယ်. . အိုမင်းလာတဲ့ အခါမှာ စည်းစိမ်၊

အခြံအရံတွေ ပြန်လည် ရုပ်သိမ်းသွားပါတယ်. . . ကျွနုပ်ကိုလည်း အမှတ်မရကြတော့ပါ. . . ကျွန်ုပ်ဟာ တောထဲမှာ

ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေစား အသက်မွေးနေရပါတယ်. . . ဒီထက်ပိုဆိုးတာက ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာကိုမှ မ

ထောက် ယခုအခါ နွားချေးလှည်း ဆွဲခိုင်းထားပါတယ်. . . ကျွန်ုပ်ကို သနားကြင်နာရင် အရင်ကလို စည်းစိမ်နဲ့ အခြံအရံတွေြ

ပန်ရအောင် မင်းကြီးကို လျှောက်တင်ပေးပါ . . .” ဟု ပြောလေသည်. .

နောက်တစ်နေ့ ညီလာခံတွင် “အရှင်မင်းကြီး လူတွေဟာ မိမိအတွက် အကျိုးပြုနိုင်သူကို ၊ အသုံးချလို့ရတဲ့ အချိန်မှာ အသုံးချပြီး ၊

အသုံးမ၀င်တော့တဲ့အခါမှာ သြဠဗျာဒိဆင်မလို လျစ်လျူရှုစွန့်ပစ်ထားလိုက်ကြတယ်. . . ရှေးက မိမိအပေါ် အကျိုးစီးပွား

ဆောင်ရွက်ခဲ့သူအား တုန့်ပြန်ကြည့်ရှု စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်. . . ကျေးဇူး မသိတတ်ကြသူတွေ

ကြံစည်လုပ်ဆောင်သမျှ ပျက်စိးတတ်ကြပါတယ်. . ကျေးဇူးဆပ်ရမှာကို သိတဲ့သူတွေက ကသာ အကျိုးစီးပွား

တိုးတက်ဖြစ်ထွန်းကြပါတယ်. . . ယခုမင်းပရိသတ် အပေါင်းဟာလည်း သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်ပြီး

ကျေးဖူးဆပ်ကြမယ်ဆိုရင် နတ်ပြည်ကို ရောက်က နတ်စည်းစိမ်ကို ကြာရှည်စွာ ခံစားနေနိုင်ကြပါလိမ့်မယ်. . .” လို့

အမတ်ကြီးက လျှောက်တင်လိုက်ပါတယ်. . .

မင်းကြီးဟာ ပြန်လည်သတိရလာတယ် . . . သြဠဗျာဒိ ဆင်မအိုကြီးအား ယခင်းအတိုင်း ပေးမြဲအခြံအရံနဲ့ စည်းစိမ်တွေကို

ထပ်မံပေးလိုက်ပါတယ်. . မင်းကြီးနဲ့တကွ အမတ်အားလုံးဟာ အမတ်ကြီးရဲ့ ဆုံးမစကားနဲ့ အညီ နေထိုင်သွားကြတာမို့

ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်ခဲ့ကြရပါတယ်. . .

(ဒဠဓမ္မဇာတ်)
“ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
လူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်.

About zinmyotun

zinmyotun has written 92 post in this Website..