joke……….

zinmyotunNovember 28, 20101min1033

(လက်ထပ်လျင်)
အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောကျင်္ားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောကျင်္ားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို……….ဒါဆို နင်ကယောကျင်္ား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။
“သူ့ကို ကျနော်ကြိုက်လို့ပါ”ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
“ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ “ဟုတရားသူကြီးကထပ်မေးသည်..။
“သူ့ကိုကျနော်ကြိုက်လို့ပါ “ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
‘ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း ”
“တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။”

(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောကျင်္ားဖြစ်သူက…ဒီမိန်းမအားကွာရှင်းချင်ပါတယ်…
တရားသူကြီးက…..သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောကျင်္ားဖြစ်သူက…ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂ဝလုံးလုံးမှာ
သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါေကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက….နှစ်၂ဝလုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောကျင်္ားဖြစ်သူက…ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ…

(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
“ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
“ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
“ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
“အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

မြဲမြဲကိုင်
စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၎င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

ဈေးလျှော ့ပါ
ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။

“ဈေးဘယ်လောက်လဲ ”

“၄ဝ ပါ”

“၃ဝ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်

ဘာကောင်လဲ

“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”

“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်”

“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”

“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”

*ချိုသာစွာပြောပါ*

လေယာဉ်တစ်စီး … စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ
..။
အားလုံးက ဘုရားတလို့ … အဲဒါကို Pilot က လေယာဉ်မယ်ကို …
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ … လေယာဉ်မယ်က
ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး …. ” ကဲ … ခရီးသည်များရှင် … မသေခင်လေး
… အချိုတည်း ကြရအောင် … ” တဲ့ …

*မေမေကူပါ *
ပီတာလေး ကန်လိုက်သော ဘောလုံး အိမ်နီးချင်း ပြတင်းပေါက်ကို
ထိမှန်ပြီး ကွဲသွားသည် ။
အမေဖြစ်သူက ပီတာလေးကို ခြောက်လှန်.သည် ။
” မင်း အဖေ မှန်အသစ် မယူလာမလာမချင်း ပေါက်နေတဲ့ နေရာကို မင်းရဲ့
ဖင်ပြောင်ကြီးနဲ့
ပိတ်ပေးထားရမှာပဲ ၊ နားလည်လား ။”
ပီတာလေး မျက်ရည်များကြားက ပြောသည် ။
* “ကျနော် ထမင်းစားတဲ့ ချိန်မှာ ကျနော့် အစား မေမေ ကူပိတ်ပေးနော် ။*

3 comments

  • zin

    November 30, 2010 at 8:39 am

    မေမေတော့ ကိုယ့်ရှုးကိုယ်ပတ်ပြီ

  • winkhant

    December 8, 2010 at 4:56 pm

    မဖြစ်နိုင်ဘူးထင်တယ်….မေမေ xင်နဲ့ဆို ဆန့်လောက်ဘူး…

Leave a Reply