ရင်ထဲက အာဃာတ

zinmyotunNovember 28, 20101min510

ရင်ထဲက အာဃာတ…..

လူတိုင်းမှာ အာဃာတတို့အမုန်းတရားတို့ဆိုတာရှိကြပါတယ်။
အဲဒါတွေကကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့စေတဲ့အတားအဆီးတွေ ပဲလေ။
အဲဒါကြောင့်စာဖတ်သူများအာဃာတ ရဲ့ ဆိုးကျိုးကိုသိစေရန်ဒီပုံပြင်လေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။

ရင်ထဲက အာဃာတ

တစ်ခါက တောအုပ်တစ်အုပ်ဂူကြီးတစ်ဂူ ထဲမှာလူခြောက်ယောက်ရှိနေတယ်။
သူတို့ ကခရီးသွားတွေပါ ။လက်ထဲမှာလည်းထငိး တစ်ချောင်းစီကိုင်လို့ ပေါ့။
သူတို့အလယ်မှာဖိုထားတဲ့ မီးဖိုကနောက်ဆုံးမီးတောက်ကိုအားအင်ချိနဲ့စွာတောက်လို့ပေါ့။
ပထမလူက သူနဲ့မျက်နှာချင်းဆိုင်ကလူကိုူကြည့်လိုက်တယ်။ သူကမျက်နှာဖြူလူမျိုးလေ။
မျက်နှာချင်းဆိုင်က လူကိုကြည့်ပြီး `ဟင် ငမည်းပါလား
ဒီလိုလူမျိုးနဲ့မှလာတွေ့ရတယ် `
လို့ဆိုပြီးမီးပုံကိုကျောခိုင်းပြီးထိုင်လိုက်တယ် ။
သူနဲ့မျက်နှာချင်းဆိုင်အာဖရိကသားကြီး က လည်း ဟင်ငါတို့ကိုတစ်သက်လုံး ဖိနှိပ်လာတဲ့မျက်နှာဖြူပါလားဆိုပြီး ကျောပေးလိုက်ပြန်တယ်။
တတိယလူကသူဌေးဖြစ်ပြီးစတုတ္ထလူကတော့ ဆင်းရဲသားဖြစ်ပါတယ်။ သူဌေးက ဟင်ဆင်းရဲသားပါလား ဒီကောင်ငါ့ဆီကဘာတွေ ခိုးမလဲမသိဘူး ဆိုပြီးတွေးနေတယ်။
ဆင်းရဲသားကလည်း ဟင်း ဒီလူ့ မလိုင်တွေက လုံးဝထောင့်မကျိုးဘူး ။
မရှိခိုးနိုးထင်နေတယ်။ အဲလိုတွေးပြီး နှစ်ယောက်သားပြိုင်တူ
ကျောခိုင်းလိုက်ပြန်ရော။လက်ထဲက ထင်းချောင်းကိုတော့အင်္ကျီတဲထည့်လို့ပေါ့။
နောက်နှစ်ယောက်ကတော့ဘာသာမတူကြဘူးလေ။ သူတို့က တစ်ယောက်
ကိုတစ်ယောက်ကြည့်ပြီး တွေးလိုက်တယ်။ `ငါ့နှယ်နော်
မိစာ္ဆတိတိ္ထနဲ့မှလာတွေ့ရတယ်လို့ ´ အဲလိုတွေးပြီးကျောပေးလိုက်ပြန်ရော ။
လက်ထဲကထင်းချောင်းကိုတော့ တင်းတင်းကြပ်ကြပ်ဆုပ်လို့ပေါ့ ။
နောက်တစ်နေ့မနက်ရောက်တော ့အေးခဲပြီးသေနေတဲ့
အလောင်းခြောက်လောင်းကိုတွေ့ရတယ်တဲ့။ သူတို့ကိုသာမန်အားဖြင့်
ကြည့်မယ်ဆိုရင်အအေးဒဏ်ကြောင့်သေတယ် ဆိုပေမယ့် တကယ်တမ်းတော့
သူတို့ရင်ထဲမှာရှိတဲ့အာဃာတတွေကြောင့်သေရတာပါ။
သူငယ်ချင်းအားလုံးလဲဒီပုံပြင်လေးကိုဖတ်ပြီး ရင်ထဲမှာရှိတဲ့အပူမီးတွေကိုငြိမ်းသတ်နိုင်ကြပါစေ။