ချမ်းသာခြင်းနှင့်ပိုမိုကောင်းမွန်သည့်ဘဝ

asiamastersNovember 28, 20101min692

လူသားတွေဟာချမ်းသာလိုကြပါတယ်။ ချမ်းသာခြင်းကို အင်္ဂလိပ်လိုအားဖြင့် Rich လို့ခေါ်ပါတယ်။ တစ်ချို့က ချမ်းသာမှုရဖို့အတွက် မနေမနား ကျိုးစား ကြပါတယ်။ ဒီလိုကျိုးစားမှုမျိုးကို Rat race လို့ခေါ်ပါတယ်။ တစ်ချို့ကလည်း ဘာဖြစ်ဖြစ်ချမ်းသာရင်ပြီးရောလို့ သဘောထားပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ဆုတောင်းကြပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ကလိမ်ကျကြ တယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေကနေ စတာဖြစ်ပါတယ်။ လူသားတွေမှာ လိုအပ်ချက် (Need) တွေဆိုတာအမြဲရှိနေပါတယ်။

အခြေခံကျဆုံး လိုအပ်ချက်ကတော့ စားသောက်ရေး၊ နေထိုင်ရေးနဲ့ အိပ်ရေး တို့ပဲဖြစ်ပါတယ်။ အလွန် ဆာလောင်နေသူ တစ်ဦးအတွက် သူအလိုအပ်ဆုံးဟာ ဗိုက်ပြည့်ဖို့ထမင်းစားရန်ဖြစ်ပါတယ်။ ရေဆာနေသူတစ်ဦးအတွက် ရေသောက် ရရေး ဟာ သူ့အတွက် အလိုအပ်ဆုံးဖြစ်နေမှာပါပဲ။ ဒီအခြေခံလိုအပ်ချက်ပြီးတာနဲ့ လုံခြုံရေး လိုအပ်ချက် ဆိုတာ လိုလာပြန်ပါတယ်။ ဘဝက လုံလုံခြုံခြုံဖြစ်လာပြန်တော့လည်း မရပ်ပါဘူး။ အများရဲ့ လေးစားမှုကို လိုအပ်လာပြန်ပါတယ်။ လိုအပ်မှုထဲမှာ အမြင့်ဆုံးလိုအပ်ချက်ကတော့ Self Actualization လို့ခေါ်ပါတယ်။ မိမိ ယုံကြည်မှုတစ်ခု (သို့) ပြီးမြောက်လိုတာတစ်ခုတည်းကို ဖြစ်အောင် ကျိုးစားခြင်းပဲဖြစ်ပါတယ်။ လူသားတွေဟာ သူတို့ရဲ့ လိုအပ်ချက် အဆင့်တွေကို ကျော်ဖြတ်နေရာမှာ ချမ်းသာမှုဆိုတဲ့ စကားလုံးနဲက ရောထွေးနေတတ်ပါတယ်။ ဒါဟာ လူ့သဘာဝဖြစ်ပါတယ်။ လူသားမှန်ရင် တစ်ခုခု လိုအပ်နေမှာဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကလည်း ရှေ့ကိုရောက် စေတာ ဖြစ်ပါတယ်။

ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သိပ်ပြီးမရှင်းကြတာများပါတယ်။ ချမ်းသာတယ် ဆိုတာက ကြွယ်ဝတာကို ခေါ်တာဖြစ်ပါတယ်။ ကြွယ်ဝတယ်ဆိုတာက လိုအပ်တာထက်ပိုနေတာကိုခေါ်တာဖြစ်ပါတယ်။ တကယ်တမ်းအားဖြင့် ချမ်းသာမှုနောက်ကို လူသားတွေ မလိုက်နိုင်ပါဘူး။ လူသားတွေလုပ်နိုင်တာက ပိုမိုကောင်းမွန်တဲ့ဘဝ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ဘဝ ဆိုတာက တစ်ရက်ပြီးတစ်ရက်ပိုကောင်းလာအောင်ကျိုးစားခြင်းကိုခေါ်တာဖြစ်ပါတယ်။ ဒီနေ့ ဟာမနေ့ကထက် ကိုကောင်းလာရမယ်။ မနက်ဖန်ဟာ ဒီနေ့ထက်ပိုကောင်းအောင်ကျိုးစားသွားရမှာဖြစ်ပါတယ်။ ဒီလိုကျိုးစားအားထုတ်မှုမျိုးမရှိရင် အခွင့်အခါကြုံကြိုက်လို့ရလာတဲ့ ချမ်းသာမှုတွေက လူတွေကို အန္တရယ်တောင် ဖြစ်စေပါတယ်။ ချမ်းသာမှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပေမဲ့ ရေရှည်အောင်မြင်လိုသူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝကို ရွေးချယ်ရမှာ ဖြစ်ကြောင်းရေးသားအပ်ပါသည်။

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 29, 2010 at 1:54 am

    (အခြေခံကျဆုံး လိုအပ်ချက်ကတော့ စားသောက်ရေး၊ နေထိုင်ရေးနဲ့ အိပ်ရေး တို့ပဲဖြစ်ပါတယ်။ )
    ဖက်ရွက်လေးတွေ ပတ်ထား တာကိုပါ ပုံဖော်ရေးရင် ကောင်းမလားလို ့ ပြောကြည့်တာ။

  • yuyu

    November 29, 2010 at 3:49 am

    မနေ့က လုပ်ဆောင်ချက်ထက် ဒီနေ့ လုပ်ဆောင်ချက်ကို ပိုကောင်းအောင်ကြိုးစားပါ့မယ်၊

Leave a Reply