Confucius Cemetery, ကမ္ဘာ့အကြီးဆုံး သားစဉ်မြေးဆက်သချိုင်း

weiweiNovember 28, 20104min13220
အဝင်ပေါက်ဝ
အုတ်ဂူများ

ဘုရားကျောင်းအရှေ့ဘက်ထွက်ပေါက်ကနေ ၁၅ မိနစ်လောက်ဆက်လျှောက်သွားရပါတယ်။ အဲဒီကိုရောက်တော့ ခြေထောက်တွေ မသယ်ချင်လောက်အောင်ညောင်းနေပါပြီ။ အထဲမှာ ဘယ်လောက်လျှောက်ကြည့်ရမလဲလို့ စုံစမ်းကြည့်လိုက်တော့ ဧကပေါင်း ၅၀ဝ နီးပါးကျယ်တယ်။ အုတ်ဂူတွေက စည်းခတ်ထားတဲ့ အုတ်တံတိုင်းက ၄.၃၅ မိုင်ရှည်ပြီး ဂူပေါင်း ၁၀၀၀ဝ ကျော် ရှိပါတယ်။ ကွန်ဖြူးရှပ်ရဲ့ သားစဉ်မျိုးဆက်ပေါင်း ၁၇ဝ ကျော် တိုင်အောင်အထိ အဲဒီထဲမှာ သဂြိုလ်ထားပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ တပည့်ရင်းတွေရဲ့ အုတ်ဂူတွေလဲရှိပါတယ်။ မှတ်တမ်းအရ လွန်ခဲ့သော နှစ်ပေါင်း ၂၃၄ဝ ကျော်ကထဲကရှိခဲ့တယ်လို့ သိရတယ်။ ရှားပါးတဲ့ သစ်ပင်ကြီးတွေနဲ့ အေးပြီး တိတ်ဆိတ်နေပါတယ်။ ကျွန်မတို့လဲ လမ်းလျှောက်ဖို့ မဖြစ်နိုင်တော့တာနဲ့ ကားအသေးလေးငှားပြီး အတွင်းကို ကားနဲ့ပဲ ပတ်ကြည့်ခဲ့ပါတယ်။ ဓါတ်ပုံတွေက ကားပေါ်ကရိုက်ထားလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဓါတ်ပုံထဲမှာ ဆင်တူတွေလို့ထင်ရပေမယ့် တကယ်တော့ အတော်ကိုကြီးတဲ့ ဥယျာဉ်ကြီးတစ်ခုပါပဲ။ ကွန်ဖြူးရှပ် သေဆုံးတဲ့နေ့မှာ အခမ်းအနားနဲ့ ပူဇော်ပွဲလုပ်ကြပါတယ်။ သူ့အုတ်ဂူနဲ့ အရှေ့အရပ် မလှမ်းမကမ်းမှာ သူ့သား ခုံလိ (Kong Li) အုတ်ဂူနဲ့ တောင်ဘက် မလှမ်းမကမ်းမှာ သူ့မြေး ခုံကျိ (Kong Ji) အုတ်ဂူတွေရှိပါတယ်။

ကွန်ဖြူးရှပ်က (အေဒီ ၄၇၈) အသက် ၇၂ နှစ်မှာ သေဆုံးခဲ့ပါတယ် .. သူ့ကို သဂြိုလ်ပြီးနောက် သူ့တပည့်တွေက အုတ်ဂူဘေးမှာ ၃ နှစ်တိတိနေပြီး ငိုကြတယ် … အုတ်ဂူကို စောင့်ရှောက်ကြတယ် … အဲဒီနောက်မှ သူတို့တွေက တစ်နိုင်ငံကို ဖြန့်ပြီး ကွန်ဖြူးရှပ်ဝါဒကို ပြန့်ပွားအောင်ဆောင်ရွက်ကြတယ် … တပည့်ရင်းတစ်ယောက်ကတော့ နောက်ထပ် (၃) နှစ် ထပ်နေပြီး အုတ်ဂူကို စောင့်ရှောက်ခဲ့ပါတယ် … အနယ်နယ်အရပ်ရပ်က တပည့်တွေက ရှားပါးတဲ့သစ်ပင်တွေကို ယူလာပြီး စိုက်ပျိုးထားကြပါတယ် ….

20 comments

  • bigcat

    November 29, 2010 at 2:37 am

    မမြင်ဘူးတာတွေမြင်ရလို့ ကျေးဇူးတင်ပါ၏။ ပုံတွေကြည့်ရင်းနဲ့ စိတ်ရဲ့လှည့်စားမှုကို သွားသတိထားမိတယ်။ ပုံထဲမှာ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ဆိုတော့ သာမန်အားဖြင့်ဆိုရင် စိတ်ကြည်နူးစရာပဲ၊ ဒါပေမဲ့ အုတ်ဂူတွေကိုမြင်ရတော့ ကျောချမ်းမိတယ်။ တယောက်ထဲများ လမ်းပျောက်နေခဲ့ရင် ဆိုတဲ့အတွေးနဲ့လေ။ ကိုယ်က ကွန်ဖြူးရှပ်ဝါဒကို ယုံကြည်သူတယောက် မဟုတ်တာလဲပါမှာပေါ့နော်။ ဟုတ်လည်း အုတ်ဂူတွေ ဒီလောက်များတာ သရဲမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။

    • weiwei

      November 29, 2010 at 3:56 am

      စိတ်ရဲ့လှည့်စားမှုက ဆန်းတယ် … ဗမာအုတ်ဂူတွေအများကြီးမြင်ရင် ကျောချမ်းမိပေမယ့် အဲဒီအုတ်ဂူတွေကျတော့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားရဘူး … ကိုယ်နဲ့မဆိုင်သလိုပဲ … အဲဒီနေ့ကတော့ များလိုက်တာ ကျယ်လိုက်တာဆိုပြီး အံ့ဩစိတ်ပဲ ခံစားရတယ် ..

  • ဆူး

    November 29, 2010 at 2:50 am

    ဦးကြောင်ကြီး နောက်မှာတောင် ထိုင်နေတယ်.. မမြင်ဘူး မဟုတ်လား .. ဟီးဟီး 😛

  • ဆူး

    November 29, 2010 at 3:49 am

    တရုတ်ပြည်မှာတော့ ဘယ်နေရာသွားသွား နေရာအကျယ်ကြီးတွေဘဲ.. မြေကြီးပေါလို့လား မသိဘူး။ သွားလည်တဲ့ လူတွေ သိပ်မောတာဘဲ.. ခြေကို ညောင်းနေတာဘဲ..

    • etone

      November 29, 2010 at 6:29 am

      ဟာ … ဆူးကလည်း ဘယ်တုန်းက သွားတာ လဲ ။ အီးတုံးကိုတောင်မခေါ်ဘူး 😀

    • ဆူး

      November 29, 2010 at 7:00 am

      အိမ်မက်ထဲမှာ သွားတာ.. အီးတုံးလိုက်ချင်မှန်း မသိတော့.. ဘယ်ခေါ်သွားဖြစ်မလဲ.. နောက်တခါဆို.. အီးတုံးလေးပါ ခေါ်မယ်နော်.. အားတဲ့ နေ့ ကြိုပြောထား.. ဆူး ကတော့ အားတာနဲ့ အိမ်မက်ထဲမှာ ခရီးထွက်တော့တာဘဲ.. 😉

  • nyeinwailwin

    November 29, 2010 at 4:39 am

    ဒီအတိုင်း နေခင်းဘက်မှာ သစ်ပင်တွေအုပ်ဆိုင်းဆိုင်းနဲ့ဆိုတော့ သာယာတယ်လို့မြင်မိပင်မဲ့ .. ညဘက်တွေမှာဆို သစ်ပင်တွေနဲ့အတူ အုတ်ဂူတွေပါတွဲမြင်ရမယ်ဆိုရင်တော့ စိတ်ကိုခြောက်ခြားစေမှာကတော့ အမှန်ပဲ …

  • bigcat

    November 29, 2010 at 5:43 am

    အုတ်ဂူဘယ်လောက်လှလှ သရဲက ရုပ်ဆိုးမှာဗျို့၊ လူမျိုးဘာသာမရွေးဘူး။

  • weiwei

    November 29, 2010 at 6:15 am

    တရုတ်သူရဲကားထဲက သူရဲတွေတော့ ရုပ်မဆိုးဘူးနော် …

  • ဆူး

    November 29, 2010 at 6:26 am

    မြင်ဘူးတဲ့ သရဲထဲမှာတော့.. အင်ဒိုနီးရှား သရဲက အဝတ်ဖြူကြီး ကြက်တောင်စီးနဲ့.. တရုတ်သရဲမကတော့ ချောတယ်.. ကိုရီးယား သရဲကတော့ မျက်လုံးအနီနဲ့ မျက်နှာမှာ သွေးစီးကြောင်းနဲ့.. ဘိုသရဲကတော့.. ဖြူဖြူလေး (Casper ghost)
    ဗုဒ္ဓဘာသာ အဆိုအမိန့်ကတော့ ပုံသဏ္ဏာန်မျိုးစုံ.. အကြီးအသေး ဆိုက်စုံ..
    ခဏခဏ အခြောက်ခံရတဲ့ သရဲကတော့.. လူပုံနဲ့ မတိမ်းမရိန်း…

    • etone

      November 29, 2010 at 8:00 am

      ဟာ ရုပ်ရှင်ထဲက သရဲဇာတ်ကောင်ပုံတွေပြောနေပြန်ပြီ ။ ဒီက တစ်ကယ်အောက်မေ့လို့ဖတ်နေတာ ။

    • ဆူး

      November 29, 2010 at 9:06 am

      ရုပ်ရှင်ဆိုတာ လူတွေ ခံယူချက်နဲ့ အယူဝါဒအစွဲတွေကနေ တဆင့် ပေါက်ဖွားလာတာလေ.. ဒီတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးက ဘယ်လို စိတ်မျိုးနဲ့ ခံယူချက်လဲ ဆိုတာ.. ရုပ်ရှင်ကြည့်ပြီး ဆုံးဖြတ်တာ အနီးစပ်ဆုံးဘဲ။
      မြန်မာ ပြည်မှာ ဆို သရဲကို အယုံအကြည်မရှိဘူး သရဲလို့ ထင်တတ်တဲ့ လူတွေက အရူးတွေ စိတ်မနှံသူတွေ.. မယုံ ရင် ဆင်ဆာ အဖွဲ့ကို မေးကြည့်..

  • weiwei

    November 29, 2010 at 6:34 am

    ဘုရားဟောအစစ်အရတော့ သူရဲဆိုတာ အရုပ်ဆိုးတယ် … အဝတ်မပါဘူး … ဆံပင်ဖားလျားနဲ့ … ဆူးတွေ့တာ ဥစ္စာစောင့် .. နတ်ပြိတ္တာဖြစ်လိမ့်မယ် …

  • ဆူး

    November 29, 2010 at 6:55 am

    ဆူး မမြင်ဘူးပါဘူး.. သရဲ မြင်နိုင်တဲ့ ကံ မရှိလို့ သရဲ မမြင်ဘူးဘူး.. လူနဲ့ မတိမ်းမရိန်းဆိုတာ.. တခြား အကြောင်းကြောင့် ပြောတာ.. ဘာမှ ဟုတ်ဘူး…

  • Gong Zhu

    November 29, 2010 at 7:39 pm

    သမီးလည်း သရဲမမြင်ဖူးဘူး … မြင်လိုက်မိရင် ဘာဖြစ်သွားမလဲမသိဘူးနော် …

  • kai

    November 29, 2010 at 9:34 pm

    သမီးရေ..
    ဒီခေတ်မှာတော့ သရဲမြင်လိုက်ရင် သူဌေးဖြစ်ပြီမှတ်ပါ..။
    တွေ့တာနဲ့ သရဲမိုဒယ်လုပ်ပေးဖို့သာ ခွင့်တောင်းလိုက်..။ အဲ.. လစာ မျိုးမြက်မြက်လေး ပေးချင်လည်းပေးလိုက်ပေါ့..။ အထီး။အမ၊ အသက်အရွယ် လှတာရုပ်ဆိုးတာ ဘာဖြစ်ဖြစ် ပြသနာမရှိပါဘူး..။
    သရဲမိုဒယ်ပဲဟာကိုးနော…။

    မီလီယန်နာဖြစ်ဖို ့အာမခံပါတယ်.။ 🙂

  • snique

    November 30, 2010 at 5:32 am

    မဝေဝေခင်ဗျား ခရီးသွားဆောင်ပါးများ နဲ ့ပတ်သက်ပြီး စကားပြော ချင် လို ့ groomingman@gmail.com ကို ဆက်သွယ်ပေးပါ။ လေးစားစွာဖြင့်

  • Cuper

    November 30, 2010 at 6:07 am

    မိုက်တယ်ဟ

Leave a Reply