“မပေါက်စကောင်း ပေါက်စကောင်း “

တစ်နေ့က ကော်မင်းတွေလို်က်ဖတ်ရင်း မိတ်ဆွေတစ်ယောက်နဲ့တစ်ယောက် တွေ့ရင် မြန်မာတွေဘယ်လိုနုတ်ဆက်ကြသလဲလို့မေးတာလေး ဖတ်လို်က်ရပါတယ်။
အရင်ကတော့ မြန်မာပြည်ကလူတွေကတော့ သိပ်အထူးတလည်ပြောမနေပါဘူး။
“နေကောင်းလား”
“စားပြီး ပြီလား”
“ဘယ်ကပြန်လာတာလဲ”
“ဘယ်သွားမလို့လဲ” ဆိုတာတွေ သိပ်အရေးမပါတဲ့ မာကြောင်းသာကြောင်းတွေကိုမေးပါတယ်။
ဖြေတဲ့သူကလဲ ဟုတ် ဟုတ် မဟုတ်ဟုတ် ပါးစပ်ထဲရှိတာကိုဖြေလိုက်တာပါဘဲ။
ကောင်းပါ့ တို့ စားပြီးပြီ တို့ ဟိုဘက်နားကတို့နဲ့ ပေါ့ပေါ့ပါးပါးလေးဘဲဖြေတတ်ပါတယ်။
သိပ်ပြီးတော့အလေးအနက်ကြီးမေးကြဖြေကြတာလဲမဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုတယ်ဆိုရုံလောက်ပါဘဲ။
အဲဒါကတော့ ရှေးမြန်မာများ မန်းလေးသူမန်းလေးသားများရဲ့ ဆုံတွေ့တဲ့အခါ နုက်ဆက်ခဲ့ကြတဲ့ စကားလေးတွေပါ။

အခုခေတ်မှာတော့ မနက်တွေ့တွေ့ နုတ်ဆက်ကြတဲ့ စကားလေးတွေကပြောင်းသွားပါပြီ။
မနက်စောစောမှာ ယောက်ျားခြင်းတွေ့ရင်နုတ်ဆက်ပါတယ်။
“ညကမောင်းအောင်လား”တို့။
“အကုန်လုံးပြီးပြီးသားဗျာ အောင်ပြီဆိုတွက်ထားတာ ဘာစီလေ တစ်ဂိုးဆိုရင်ပြီးနေတာ အလကားနေရင်း နှစ်လုံးထပ်ထဲ့တော့ မောင်းကျိုးရောဗျာ ”
“အစက အောက်ကနေမလို့ စာစောင်ကို သွားယုံလိုက်တာ သွားရော မန်ယူကလဲ တကယ့်အရေးဆိုရင် ဖွတ်”

ဒါလေးကတော့ ယောက်ျားဘသားများရဲ့ နံနက်ခင်းနုတ်ခွန်းဆက်တေးပါ။                                                                                                                                                    (ဒါကတော့ ကိုကိုများအကြိုက် တစ်လုံးပါ ပျော်မဆုံးဘောလုံးကစားကြသည်ပါဘဲ။)

ဈေးထဲမှာ အိမ်ရှင်မနဲ့ဈေးသယ်တွေ တွေ့ရင် အားရဝမ်းသာမေးပါတယ်။
“ဒီနေ့ ဘာကောင်းလဲ”ပေါ့။
အဲဒီကနေစလိုက်တာ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းတွေဖလှယ်ကြ
“မနေ့ကအပိုင်ရရဲ့သားနဲ့ မအောင်လိုက်တာ သူပေးတာ ဝမ်းချိန်းဆိုတာကို ကိုယ်က ဒဲ့ဆော်လိုက်မိတာ”တို့
“ပေးတော့ပေးတယ် အပီဆိုပြီး မလှန်လိုက်မိတာ “တို့
“အမရေ ညီအမချင်းမို့ပြန်ပေးတာနော် ကျမကိုပေးတဲ့သူက သူများပြန်ပေးရင် ကြိုက်တာမဟုတ်ဘူး သူပေးရင် အပြီးပေါက်ဘဲ ဒီနေ့အဖို့ တော့ 4 တစ်လုံးကိုင်ရုံဘဲ”တို့ဆိုတဲ့ နုတ်ခွန်းဆက်စကားတွေနဲ့
နှစ်လုံးဋီကာအရင်ဖွင့်ကြတော့ ဈေးသည်မမ ခင်ဗျာမှာလည်းနောက်က ရောက်နေတဲ့ ဈေးဝယ်ကိုတောင်ဘာယူမှာလဲလို့ မမေးနိုင်ဘဲ
သူနဲ့အသွေးတူ အမွေးတူကို သာစကားတွေဖောင်ဖွဲ့နေပါတယ်။
အဲသူနဲ့စကားပြောနေတဲ့ ဈေးဝယ်လာတဲ့မမကလည်း ဒီနေ့ တစ်အိမ်လုံးစားးဘို့ဘာဟင်းချက်မလဲဆိုတာထက် ” ဘာတင်လိုက်ရ ရင်ကောင်းမလဲ”ဆိုတာလေးဘဲခေါင်းထဲရောက်လာပါတော့ တယ်။

(ဒါကတော့ မြန်မာပြည်မှာအိမ်ရှင်မများအကြိုက်-2လုံးပါ။သူကတော့ မလှန်ရင် မပြန်ရင် ခံသွားရတတ်ပါတယ်။)

“လေး ထိပ်စီး ကိုးနောက်ပိတ် သုံးရှောင်” “ညီအကို စုံကပ်”အပူး5နောက်ပိတ်”စ ုံမခွမယ်”ဆိုတာတွေကလဲ လက်ဖက်ရည်ဆိုင်မှာ ဈေးထဲမှာ အရပ်ထဲမှာ ကျားချို်င်းဆင်ချိုင်းမျောက်ချိုင်းတွေ ပေတံတွေဘောင်တွေခွင်တွေကျွမ်းကျင်သူတွေရဲ့လက်သုံးစကားတွေပါဘဲ။နောက်ပွဲပြီးပြီဆိုမှ ပေါက်ဖော်တွေကလဲ မစားရဝခမန်းပါဘဲ။အဲမပေါက်ဘူးဆိုရင်တော့ပေတံလဲကျိုးခွင်လဲပျက်အဆင်းတွေလဲမမှန်ဘူးဆိုပြီး ခွင်အသစ်တွေရှာကြပြန်ပါတယ်။

(ဒါကတော့ အားလုံးအကြိုက် နှစ်ပေါင်းများစွာကြာတာတောင် မရိုးသေးတဲ့ သုံးလုံးပါ။သူကတော့ ဒဲ့ဆိုရင် များများ တွတ်ဆိုရင်နည်းနည်းပါတဲ့)

အခုလူတွေအခုစိတ်အဝင်စားဆုံး ဆိုတာကိုစစ်တမ်းများကောက်ရင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရရင်
နှစ်လုံး တစ်လုံး သုံးလုံးက တန်းစီဇယားထိပ်ဆုံးမှာ အမြဲရောက်နေမှာကတော့ အသေအချာပါဘဲ။
ဒီလိုလောင်းကစားတွေကိုဖန်တီးတဲ့နေရာမှာတော့ မြန်မာတွေ မညံ့ပါဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူအများကြီး တစ်ပြိုင်ထည်းပါဝင်နိုင်တဲ့လောင်းကစားကိုပြောတာပါ။
အခုလိုလောင်းကစားဆိုတာဟိုရှေးကတည်းကရှိတာပါ။
အရင်က ကုန်းဘောင်မင်းဆက်နောက်ဆုံးမျုးိဆက်သွေးလေး သီပေါမင်းလက်ထက်မှာ ” ကြွေးတင်ရှင်ဘုရင်ဆပ်”ဆိုတဲ့စကားပုံ
လောင်းကစားနဲ့ဆက်စပ်ပြီးပေါ်လာတဲ့ စကားပုံလေးပါဘဲ။
ကျနော်တို့မသိမမှီလိုက်တဲ့အကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ဘူးခဲ့ရတဲ့ အကြောင်းလေးကိုပြန်ပြောပြစေချင်ပါသေးတယ်။
ဟိုရှေးရှေးက သီပေါမင်းလက်ထက်မှာ ထီဖွင့်ပါသတဲ့။
ဘယ်နှစ်ဆပေးသလဲဆိုတာတော့ မမှတ်မိတော့ဘူး။
အဲဒီအချိန်မှာပြည်သူပြည်သားများကအလုပ်မလုပ်တော့ ဘဲထီထိုးဘို့ဘဲလုပ်နေကြပါသတဲ့။
အဲဒီမှာ ဒီဘုရင်ဖွင့်တဲ့ထီကြောင့် စီးပွားတွေပျက် အကြွေးတွေတင် လူတွေသေ ဒုက္ခတွေရောက်ဆိုတော့ ဘုရင်ကြောင့်ဖြစ်တာဆိုပြီး ထီဆိုင်တွေကိုလည်းပိတ်ခိုင်းလိုက်ပြီး ဒီထီလောင်းကစားလို့ ဖြစ်တဲ့ အကြွေးကိုလဲ ဘုရင့်ဘဏ္ဍာတိုက်ကနေထုတ်လို့ပေးလျှော်စေပါသတဲ့။
တယ်လဲသဘောထားကြီးတဲ့ဘုရင်လို့သတ်မှတ်လိုက်ပါတယ်။

နောက်သီပေါမင်းပါတော်မူပြီးသွားတော့ အင်္ဂလိပ်လက်အောက်ရောက်သွားပြန်တော် မြန်မာပြည်သူများ သူတို့ကိုတော်လှန်ဘို့မေ့သွားအောင် 36ကောင်ထီဆိုတာကိုတရားဝင်ဖွင့်လိုက်ပါသတဲ့။သူကလူပုံကြီးအနှံ့မှာ အရုပ်တွေနဲ့သင်္ကေတတွေပေးထားပါသတဲ့။(တိရိစ္ဆာန်ကို အစွဲပြုထားတဲ့အကောင်တွေပေါ့)။(ဖားတို့ကြက်တို့ဝက်တို့ မြွေတို့ဆိုတာတွေပေါ့)။သူကတော့ မနက်မိုးလင်းတာနဲ့ အတိတ်စိ်မ်းဖွင့်ပေးပါသတဲ့။              အဲဒီအတိတ်စိမ်းကတော့ (ရာမမင်းသမင်လိုက် ကြိုက်ပါတဲ့မယ်သီတာကတမျိုးအသွားလှတဲ့ ယိုးဒယားအက)ဆိုတာတို့ (မောင်ရင်ဆိုင်းထမ်းလှမ်းရင်းငေးတော့မန်းလေးတောင်) ဆိုတာလို စိတ်ကူးပေါက်တာကိုရေးပြီးအတိတ်စိမ်းဆိုပြီးပေးလိုက်တာပါဘဲ။                                                    အဲဒါကိုဘဲ လူတွေက အနက်အမျိုးအမျိုးဖွင့်ပြီး ပေါက်ကောင်ရှာကြတာပါဘဲ။မှန်တဲ့အခါမှန်လွဲတဲ့အခါလွဲ ။                                                                                             ထိုးလိုက်ကြတာ တစ်နိုင်ငံလုံးဝက်ဝက်ကွဲ။ဒါပေမယ့်လည်း ထိုးသားတွေဘဲမွဲကုန်တော့ နောက်ဆုံးတော့ တရားဝင်ပိတ်လို်က်ရပါတယ်။                                           ဒီကြားထဲမှာ မြင်းပွဲဆိုတဲ့လောင်းကစားပွဲကို တရားဝင်လုပ်ပေးလိုက်ပါသေးတယ်။ဒီမြင်းပွဲဆိုတာကလဲ မြန်မာပြည်မှာ အတော်ကို တွင်ကျယ်ခဲ့ ခေတ်စားခဲ့တာကတော့ အမှန်ပါဘဲ။ဒီမြင်းပြိုင်ပွဲနဲ့ပါတ်သက်ပြီးတော ့ လဲ မြို့နေလူတန်းစားတော်တော်များများ ဘဝပျက်ခဲ့ရပါတယ်။ မြင်းပွဲဆို်တာ မြင်းပြိုင်ကွင်းလိုတယ် 36ကောင်ကတော့ အရုပ်ပုံကားချပ်ကြီးတစ်ခုရှိရင်လုပ်စားလို့ရပြီ။အဲတော့ တောရောမြို့ပါ ဘဝပျက်ကုန်တာပါဘဲ။အဲဒီ မြင်းပွဲရယ်36ကောင်ဆိုတဲ့လောင်းကစားတွေကို ပိတ်လိုက်တဲ့အခါမှာ လူအများကြီးတစ်ပြိုင်တည်း လောင်းကစားလုပ်နိုင်တာမျုးိက ပျောက်တော့သွားပါတယ်။     (ဒါကတော့ကျနော်မသိမမီလိုက်တဲ့ကာလကအကြောင်းလေးဆိုတော့လဲစာအုပ်ထဲမှာ ဖတ်ဘူးတာ လူကြီးတွေပြောပြဘူးတာလေးတွေကို သိသလောက်လေးပြန်ပြောကြည့်တာပါ)

အဲဒီအချိန်က မြန်မာပြည်မှာ တီဗွီဆိုတာတောင်မပေါ်သေးတော့ လောင်းကစားလုပ်ဘို့ ဆိုတာက ရေဒီယိုသတင်းဘဲနားထောင်ခဲ့ရပါသတဲ့။တနှစ်တကြိမ်လာတဲ့ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတို့ လေးနှစ်တကြိမ်မှာလာတဲ့ ကမ္ဘ္ဘ္ဘ္ဘာဖလားဘောပွဲတို့ကိုသာ အနိုင်အရုုံးအလောင်းအစားလုပ်ကြရပါတယ်။ပြောရရင် အုံလိုက်ကျင်းလိုက်လောင်းကစားလုပ်ရတာနည်းသွားတယ်လို့တော့ပြောနိုင်ပါတယ်။                                                                                                                                             1980ခုနှစ်ပါတ်ဝန်းကျင်လောက်ဖြစ်မယ်လို့ထင်ပါတယ် ။မြန်မာပြည်ဘက်ကလူတွေထိုင်းဘက်ကို အကူးအလူးရှိလာပါတယ်။အဲဒီအချိန်မှာ ဒီဘက်မှနေတဲ့လူအချို့က ယိုးဒယားထီကို ဝင်ပြီး ကံစမ်းကြပါသတဲ့။ အဲဒါက လူနည်းစုပါ။အဲဒီတုံးက သုံးလုံးမဖြစ်သေးပါဘူး။နောက်တော့ 15ရက်တစ်ကြိမ်ဖွင့်တဲ့ ယိုးဒယားထီရဲ့နောက်ဆုံးဂဏန်းသုံးလုံးကနေ မြန်မာပြည်သူပြည်သားများအတွက် တစ်လုံးနှစ်လုံးစာစီကုံးဘို့အတွက်အလုပ်ပေးလိုက်ပါတော့တယ်။ဒီသုံးလုံးကလဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲု့ကို အောင်မြင်ပါတယ်။ကွဲတဲ့သူကွဲ မွဲတဲ့သူမွဲပေါ၊ဒါပေမယ့် အဲဒီသုုံးလုံးခေတ်တုံးက ယောက်ျားတွေသာ အထိုးများပါတယ်။သုံးလုံးထိုးတဲ့ မိန်းမလဲရှိပါတယ်။သိပ်တော့ အရေအတွက်မများလှဘူးလို့ထင်ပါတယ်။ဒီသုံးလုံးနဲ့ချမ်းသာသွား သူဌေးဘွဲ့ခံသွားသူများကတော့ ဒိုင်ခံသူတွေပါဘဲ။                          ခံဘက်က တော့ ထိုးသားတွေပါ ငွေပျောက် အိမ်ပျောက် ဘဝပျောက်သူတွေအများကြီးပါ။မပေါက်တဲ့ထိုးသား က အစားခံရပါတယ်။ပေါက်တော့ ဒိုင်ပြေးပါတယ်။ စကားပုံလေးအသစ်တောင် ပေါ်လိုက်ပါသေးတယ် (တွတ်မလျော်ဒဲ့ပြေး) ပါ။

နောက်ဒီသုံးလုံးက အဖမ်းအဆီးများ စိတ်ဝင်စားမူ့လျော့ကျသွားတဲ့အချိန်လောက်မှာ  တရားဝင်ဖွင့်ထားတဲ့ မြန်မာထီကို တရားမဝင်လောင်းကစားလုပ်ကြပါတော့တယ်။နောက်တော့ ဒီ မြန်မာထီကို တစ်ရက်တည်းလည်းပြောင်းဖွင့်လိုက်ရော အင်မတန်မှကို အစွမ်းထက်သော ဉာဏ်ပြေးသောသူများက ယိုးဒယားနိင်ငံက ကုန်ပစ္စည်းဈေးကွက်အတွက်ဖွင့်တဲ့ ကိန်းဂဏန်းကို နှစ်လုံးဈေးကွက်အဖြစ်ပြောင်းလို်က်တော့ မြန်မာပြည်သူပြည်သားများအတွက် ကစားစရာအသစ်လေးရသွားပါသဗျာ။(2002ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။)

အစကတော့ တစ်ပါတ်(5)ရက် တစ်ရက်နေ့လည်သုံးနာရီမှာထွက်တဲ့ တစ်ကြိမ်ဘဲကစားကြပါတယ်။နောက်တော့ မနက်တစ်ကြိမ်ညနေတစ်ကြိမ်ကစားကြပါတော့တယ်။အဲဒီအချိန်ကစလို့ အိမ်ရှင်မများက လည်းဈေးဘိုးလေးကာမိအောင်ဆိုပြီး ရှာကြပါတော့တယ်။
ပါသွားတာများပါတယ်။
ဒီလုပ်ငန်းနဲ့ပါတ်သက်တဲ့ ဒိုင်ကြီး ဒိုင်လေး လက်ခွဲ ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ပေါ်လာပါတော့တယ်။
ဒီလိုတရားမဝင်တဲ့လုပ်ငန်းကလည်း တရားဝင်လုပ်ငန်းသဖွယ်ကျယ်ပြန့်လာတာကတော့ အမှန်ပါဘဲ။
ဒီနှစ်လုံးကြောင့် နှလုံးရောဂါရသွားသူ အိမ်ထောင်ပျက ်ဘဝပျက် အသက်သေတဲ့ထိဖြစ်သွားတယ် ပုံပြင်မဟုတ်ဘဲ ပြည်သူတွေပါဝင်တင်ဆက်တဲ့ဇာတ်လမ်းတွေက တော့ အများမှ အများကြီးပါ။

ဒီလိုအများကြီးတွေထဲက ဇာတ်လမ်းလေးတပုဒ်တော့ပြောပြချင်ပါသေးတယ်။

တစ်ခါက စည်းကမ်းအလွန်ကြီးတဲ့ နေရာတကာမှာ စေ့စပ်သေချာတဲ့ အရာရှိမမကြီးတစ်ယောက်ရှိပါသတဲ့။လောင်းကစားကိုလည်း မုန်းတီးပါသတဲ့။သူကအပိုအလုပ်အဖြစ်ငွေတိုးပေးတဲ့အလုပ်ကိုလည်း သူနံဘေးကပါတ်ဝန်းကျင်ကလူတွေကို ပေးပါတဲ့။ငွေတိုးပေးရင်းပေးရင်းနဲ့ သူဆီကငွေချေးသူတွေက ပစ္စည်းအဆုံးခံသူတွေ ရော ပြန်မဆပ်နိုင်လို့ တောင်းပန်ခယသူတွေရော မျက်နှာပြောင်တိုက်ပြီး ပြန်မဆပ်ဘဲနေသူတွေတစ်စထက်တစ်များများလာပါသတဲ့။                                                                                                             အဲဒါနဲ့သူလက်အောက်ကလေးမတွေကိုမေးပါသတဲ့။ဘာလို့ဒီလိုဖြစ်ကုန်သလဲဆိုတော့ နှစ်လုံးကြောင့်လို့အားလုံးကဖြေကြပါသတဲ့။ အဲဒီအခါမမကြီးကမေးပါသတဲ့ တစ်ရာဘိုးပေါက်ရင်ဘယ်လောက်ရသလဲပေါ့။ တစ်ရာဘိုးပေါက်ရင် 8000ကျပ်ရတယ်လဲပြောရော မမကြီးက ဒီလောက်အဆများတာ ရှုံးစရာမရှိပေါင်အေ ဉာဏ်မရှိလို့ ရှုံးတာလို့လဲပြောရော သူ့ကလေးမေလေးတွေက ဒါဆိုမမစမ်းကြည့်ပါလားဆိုပြီး မဲဆွယ်ပါသတဲ့။(သူကတစ်ရာပေးမှလေးကျပ်ဘဲရတဲ့ငွေတိုးနုန်းနဲ့တွက်တော့ နှစ်လုံးပေါက်ရင်ရတဲ့ငွေအဆက သိပ်များနေတာကိုး။)အဲဒီအချိန်က စလို့ မမကြီးကလဲ ကံစမ်းပါသတဲ့။
ထုံးစံအတိုင်းဘာမှ မတတ်ဘဲရမ်းသမ်းထိုးတော့ 50ဘိုး100ဘိုး လောက်ကတော့ မှန်မှန်ပေါက်နေပါသတဲ့ ဒါကစစခြင်းပေါ့။
အဲလိုထိုုးနေရင် မပေါက်တဲ့ရက်တွေရှိလာတော့ ကလေးတွေက “မမကြီးက ရမ်းထိုးတာကိုး တွက်ရတယ်” ဆိုပြီးနည်းတွေခွင်တွေသင်ပေးပါသတဲ့။နောက်တော့လဲတစ်ပါတ်တစ်ခါထွက်တဲ့ စာစောင်ပေါင်းစုံ ရော အရူးပေးတဲ့ဂဏန်းရော အကျင့်သီလမရှိတဲ့ အရေခြုံတွေပေးတဲ့ ဂဏန်းရော တင်မလုံလောက်တော့ဘဲ ကိုယ်တိုင်တကုပ်ကုပ်နဲ့ သချင်္ာဆရာမကြီးဖြစ်သွားပါသတဲ့။အရင်က အလုပ်ဆိုမှ အလုပ်ဆိုတဲ့မမကြီးက အားတာနဲ့တပည့်တွေနဲ့ ဂဏန်းအကြောင်းဘဲဖောင်ဖွဲ့ပါသတဲ့။အရင်ကမတည့်တဲ့ကလေးတွေကလည်း အခုမှ အချစ်ပိုလို့ မမ မမ နဲ့တမတည်း မကြပါသတဲ့။ မ ဆိုပေါက်တယ်ရင်တစ်ရုံးလုံးကို မုန့်တွေဝယ်ကြွေး နှစ်လုံးထိုးဘို့များ မရှိရင် အတိုးမယူဘဲ ပေါက်မှပေး ဆိုတဲ့ထိအောင်သဘောကောင်းနေပါသတဲ့။
အရင်က စည်းကမ်းကောင်းတယ် အလုပ်နဲ့ပါတ်သက်ရင် မျက်နှာလွှဲရတယ် စိတ်ချရတယ်ဆိုတဲ့ မမကြီးဌာနတစ်ခုလုံးက စားပွဲမှာထိုင်စာရွက်တွေချ ဂဏန်းတွေတွက်ကြပါသတဲ့။
ဒါပေမယ့်အထက်က ခိုင်းလိုက်တဲ့အလုပ်တွေက အရင်လိုမပြီးတော့ လူကြီးငြိုငြင်တာကို ခံရပါသတဲ့။
နောက်မမကြီးက အပါတ်တိုင်းကို မပေါက်တဲ့ရက်မရှိအောင် အပြည့်ပေါက်တော့ သူကလဲ သူ့ကိုယ်သူ ပိုပြီးယုံကြည်လာပါသတဲ့။
ငါတွက်တာတွေ ဝင်တယ်ပေါ့။အဲဒီမှာ ဘေးက ကလေးမတွေက မမကြီး ဒီလောက်ပေါက်နေတာ များများ ထိုးသင့်နေပြီလိုဝိုင်းပြောကြပါတယ်။
အဲဒီအချိန်မှာ သူကလဲ တကွက်ကိုလေးငါးရာဘိုးစပြီးတိုးတုးိပြီးထိုးသွားလိုက်ပါတယ်။
စစခြင်းတော့ ပေါက်တော့ တပြုံးပြုံး တလုံးလုံး ပေါ.။
နောက်တော့ ကလေးမလေးတွေက မမကြီးကို အလုံးအပိုင်ရရင် အပီထုဖို့ ထပ်ပြီး ယင်းသွင်းပါတော့တယ်။
တစ်ခါသားမှာ ဆရာဘုရားပေးတဲ့ အလုံးလေးကို မလှန်ဘဲထုလိုက်တာ တစ်သောင်းခွဲဘိုးတောင်ရလိုက်ပါတယ်။
သူ့ရဲ့အထူးအကြံပေးကော်မန်ဒိုအဖွဲ့ကို ပါတိတ်တစ်တည်စီလက်တောင်ပေးပါတယ်။
အဲဒီအခါမှ မမကြီးလဲနည်းနည်းတော့ သွေးကြီးသွားပါတယ်။
အဲဒီအခါကစလို့ တွက်သီးတွေ ပေါက်သီးတွေ ပေးသီးတွေ ရင်းသီးတွေ မွေးသီးနဲ့အလုပ်တွေရှုပ်ကုန်ပါတော့တယ်။
အရင်လို တွက်တာတင်နေ့စဉ်ထိုးတဲ့အပြင်မွေးဂဏန်းတွေကို ပါ မရမခြင်းလို်က်ပါတော့တယ်။
အစကတော့တစ်နေ့ပေါက်တစ်နေ့ရှင်းပေါ့။
နောက်တော့ သူ့အကြံပေးတွေက မမကြီးရယ်အလုပ်ရှုပ်ပါတယ် အပါတ်ရှင်းသာထိုးပါ ဟိုကလဲ မမကြီးကို စိတ်ချပြီးသားလို့ပြောတာနဲ့
တနင်္လာနေ့ကစပြီး သောကြာနေ့အတွင်း ဖုန်းနဲ့ဘဲ ဂဏန်းပေး ထိုးတာ နဲ့ပေါက်တာ စာရင်းလုပ်ထား စနေနေ့မှာ ရစရာပေးစရာရှင်းနဲ့ အလုပ်တွေဖြစ်နေပါတယ်။
ငွေကလဲ ချပြီးနေ့တိုင်းရင်းစရာမလိုတော့ တစ်ပါတ်တစ်ပါတ်အလျော်အစားက သိန်းဂဏန်းထိရောက်လာပါတယ်။
ဒီလိုနဲ့ဘဲ တကမ္ဘာလုံးက လပ်ကီးဂဏန်းလို့ သတ်မှတ်ထားတာလေးကို မွေးလိုက်တာ လေးငါးခြောက်လကြာတော့ ထွက်မလာတော့ တော်တော်လေးယိုင်ထွက်သွားပါတယ်။
အဲဒီအခါမှာငွေမျောငွေနဲု့လိုက်ဆိုတဲ့အတိုင်းဆက်လိုက်ပြီး ရှုံးမဲ မဲပါတော့တယ်။
အဲဒီအခါမှာ သူများကောင်းတယ်ဆိုတာနဲ့တင်လိုက် ကိုယ်ကလဲ ကြိုက်တာလေးတွေ ထိုးလိုက် နောက် မွေးထားတာလေးတွေ ဆထိုးထည်ု့လိုက်ဆိုတော့ ထိုးကြေးကိုတစ်ပါတ်နဲ့တစ်ပါတ်အလျှင်မှီအောင်မပေးနိုင်တော့ တဲ့အဖြစ်ကိုရောက်သွားပါတယ်။
ဒိုင်ကလဲ မရပ်ပါနဲ့ နှမျောစရာကြီးလို့ ပြောရင်းဆက်လက်ခံတော့ ထိုးလိုက်တာ နောက်ငါးလလောက်အကြာမှာ ပေးစရာအကြွေးက
သိန်း ရာဂဏန်းကပ်လဲသွားရော ဒိုင်က ဆက်မပေးတော့ ဘဲ အကြွေးတွေဇွတ်တောင်းပါတော့တယ်။
ပိုဆိုးတာက သူကကြောက်ကြောက်လန့်လန့်နဲ့ သူပေးစရာကို ငွေချေးထားတဲ့ပုံစံနဲ့လက်မှတ်ထိုးပေးထားတော့ ပိုဆိုးသွားတာပေါ့။
သူ့ရဲ့ဒီသတင်းတွေလဲကြားရော သူ့အထက်က အရာရှိက သူကိုပေးထားတဲ့ငွေကြေးနဲု့ဆိုင်တဲ့ လုပ်ငန်းတွေကိုရုပ်သိ်မ်းလိုက်တဲ့အခါ စိတ်ဓါတ်တွေကျပြီး ပုံလဲမတတ်ဖြစ်သွားပါတယ်။
အရာရှိလဲဖြစ် မိန်းမသားလဲဖြစ်ဆိုတော့ အရှက်ကွဲမခံနိုင်တော့ ဒါနဲ့ ဘဲ ပိုင်ဆိုင်တာတွေအားလုံးရောင်း ပြီးအကြွေးတွေထိုးဆပ်လိုက်တော့ ဘာမှမကျန် ဟန်ဘဲကျန်ခဲ့ပါသတဲ့။
မယုံဘူးဆိုတဲ့လူတောင် ဒီလောက်ခံလို်က်ရတယ် ယုံလို့ ကြိုက်လို့ လု်ိက်သူများကတော့ မစဉ်းစားနိုင်အောင်ပါဘဲ။
ဒီလိုနှစ်လုံးထိုးတဲ့သူများမှာ ပိုပြီးနစ်သထက်နစ်အောင်လုပ်တော့ အပတ်ရှင်းပါဘဲ။
ဘာလိုလဲဆိုတော့ တစ်ရက်ခြင်းရှင်းတယ်ဆိုတာက ကို်ယ်ပိုက်ဆံလက်ငင်းရတယ်ပေးတယ်ဆိုတော့ ဘယ်လောက်ရတယ် ဘယ်လောက်ပါသွားပြီဆိုတာကို ချက်ခြင်းသိနိုင်ပါတယ်။အပတ်ရှင်းဆိုပြန်တော့ တပါတ်မပြည့်မချင်းကဘယ်လောက်ရပြီကုန်သွားပြီဆိုတာစာရွက်လေးနဲ့ဘဲဆိုတော့ မသိသာပါဘူး
တစ်ချို့ကဆိုတစ်ပါတ်မပြည့်မချင်းဘာစာရင်းမှတက်မလာပါဘူး။
ဒီလိုထိနေတဲ့သူတွေဆိုရင် ဒိုင်တွေက ညစ်တတ်ပါတယ်။
သူတို့ထိုးတဲ့ဂဏန်းးကပေါက်တယ်ဆိုရင် လျှော့ပြီးစာရင်းမှတ်ပါတယ်(တကယ်ထိုးတာက ငါးထောင်ဘိုးပေါက်ရင် နှစ်ထောင်ဘိုးလောက်ဘဲပေါက်တယ်စာရင်းပြတာပါ)
သူမထိုးတဲ့ ဂဏန်းတွေကို မပေါက်တဲ့စာရင်းထဲတည့်ပေးပါတယ်။
ထိုးတဲ့သူကလဲ ပေါက်ချင်ဇောနဲ့ ဒိုင်မပိတ်မချင်းစိတ်ကူးပေါက်သမျှ ဂဏန်းအားလုံးကိုထည့်ပါတယ်။
ဒီလိုနဲ့ဘဲ စာရင်းချုပ်လဲလာရော အနုတ်လက္ခဏာတွေပြနေတော့ စိတ်ဓါတ်တွေကျပြီး ကိုယ်ထိုးထားတာဟုတ်မဟုတ် ကိုယ်ဒီလောက်ပြန်ပေးရမှာ မှန်မမှန်တောင်ပြန်မစစ်နိုင်တော့ပါဘူး။
မဟုတ်လို့ငြင်းမယ်ဆိုရင်တောင် သူတို့ကဖြတ်ပိုင်းတွေနဲ့လာတာ ကိုယ်က ပါးစပ်နဲ့ဘဲငြင်းရတာဆိုတော့
ခံပေးအုံးတော့ပါဘဲ။
အများအားဖြင့် ဒီလို ကြီးကြီးမားမားဆုံးခံလိုက်ရတဲ့သူတွေက စစခြင်းတာထွက်ကောင်းလို့ များများပေါက်များများရဘူးသူတွေရယ် နောက်ပြီးတော့ ကိုယ်နိုင်သလောက်လက်ငင်းမထိုးဘဲ နောက်မှစုရှင်းဆိုပြီး တစ်ပါတ်တစ်ခါရှင်းသူတွေရယ်ပါဘဲ။
သိပ်မပေါက်ဘူးတဲ့သူက သိပ်မပါဘူးလို့ဘဲ ပြောလို့တော့ရနိုင်ပြန်ပါတယ်။
ပေါက်ဘူးတဲ့လူက လက်ထဲမှာ ဒုတ်ရသွားတော့ ရမ်းတော့တာကိုး။
အဲဒီဒုတ်ကကျုးိသွားတော့ ကိုယ့်ပြန်မှန်တော့တာပေါ့။
ဒီလိုဘဝပျက်ကြတဲ့ ပုံပြင်တွေကတော့ အများကြီးပါ။
တစ်ယောက်ခြင်းစီအကြောင်းသာ တန်းစီပြောမ်ယ်ဆိုရင်တော့ တစ်ထောင့်တစ်ည အီစွတ်ပုံပြင်များကို ချဲထီပုံပြင်က သနားတယ်လို့တောင်ပြောနိုင်ပါတယ်။
ဒီနှစ်လုံးထီကိုအထိုးအများဆုံးကတော့ အိမ်မှာနေကြတဲ့ အိမ်ရှင်မများက အများစုဖြစ်ပါတယ်။
ဒီနှစ်လုံးထီက ဒီနေထိုးဒီနေ့ရ ခုထိုးခုပေါက်ခုလျှော်ခုရ ဆိုတော့ ကိုယ်မပေါက်ရင် ပါနိုင်တာကိုတောင် သတိမရဘဲ ထိုးဘို့သာ မဲတင်းကြတော့တာပေါ့နော်။
ယောက်ျားတွေကတော့ တစ်မောင်းထဲမောင်းကြပါတော့တယ်။
အရင်က ဘောလုံးလောင်းတယ်ဆိုတာ အနိုင်အရုံး တစ်လုံးပြားသုံးဆယ် တို့ နှစ်လုံးသရေတို့ သုံးလုံးတမတ်တို့ ပြားခြောက်ဆယ်တို့နဲ့ ကစားကြတာပါ။
နောက်ပိုင်းတော့ ဘော်ဒီတွေ ဖိုးကပ်တွေတင်မကဘူး ပထမပိုင်း တစ်ခါ ဒုတိယပိုင်းတစ်ခါ နှစ်ကြော့လောင်းကြပြန်ပါတယ်။
ထပ်ထွင်လို်က်ပြန်တာကတော့မောင်း ပါတဲ့။
တစ်သက်နဲ့တကိုယ်ကြားတောင် မကြားဘူးတဲ့ဘောလုံးသင်းနာမယ်တွေကို ဒိုင်ကထုတ်ပေးတဲ့စာရွက်လေးပေါ်မှာ စိတ်ကူးတဲ့ရာလျှောက်ခြစ်ပြီးပေးလိုက်ပါတယ်။
လောင်းကောင်းအောင် ထွက်သမျှအားကစားဂျာနယ်မှန်သမျှကလဲ ထင်ကြေးတွေထုတ်ပေးပါတယ်။
ထင်ရာမြင်ရာရေးတာကို ထင်ရာမြင်ရာတွေးလို့ မောင်းထုကြပါတယ်။
ဘောပွဲရှိတဲ့နောက်နေ့မနက်ဆိုရင် လမ်းဒေါင့်မှာ လက်ဖက်ရည်ဆိုင်တွေမှာ ဂိုုးစကိုုးဆိုတဲ့ ဘောပွဲအနိုင်အရှုံးကို မြေဖြူခဲရောင်စုံတွေနဲ့လှနေအောင်ရေးပြီးထောင်ထားလိုက်ပါတယ်။
ဖြတ်သွားသမျှသူအပေါင်းကလဲ လမ်းလျှောက်တာရပ် စက်ဘီးရပ် ဆိုင်ကယ်ရပ် ကားရပ် စကားပြောတာရပ် ရပ်ခြင်းကြီးငါးပါးနဲ့ရပ်ပြီးမှ တက်တစ်ခေါက်ခေါက်
နဲ့မောင်းမအောင်ရတဲ့အကြောင်းကို စားမြုံ့ပြန်ကြပါတော့တယ်။
မြန်မာပြည်မှာက တောရောမြို့ပါ အတူတူတိုးတက်ပါတယ်။
စလောင်းရှိတယ် အင်တာနက်ရှိတယ် ကမ္ဘာအရှေ့အနောက်တောင်မြောက် ဘယ်နေရာမှာဘဲ ဘောပွဲကျင်းပ ကျင်းပ မြန်မာပြည်အနှံအပြားတောရောမြို့ပါမကျန်တစ်ပြိုင်နက်ထည်းလောင်းနိုင်ပါတယ်။

လက်ကသာ မျက်စေ့လေးမှိတ်လို့ စိတ်ပုတီးလေးတစ်ခြောက်ခြောက်လုပ်နေတယ် နားကတော့ သုံးနာရီထိုးရင် လမ်းမပေါ်က ဘာအော်မလဲနားစွင့်နေတတ်ပါတယ်။
ပါးစပ်ကသာ ဈေးဝယ်ကို ဘာယူမှာလဲ ဒီဟာဘယ်ဈေး ဟိုဟာဘယ်ဈေးပြောနေတယ် နားကတော့ ဟေးကနဲအော်မယ့်အသံကိုစွင့်နေပါတယ်။
တယ်လီဖုန်းကိုသာ နားထောင်နေပြီး ပါးစပ်ကအလုပ်ကိစ္စတွေပြောနေပါတယ် မျက်စေ့ကတော့ ရှေ့ကဖွင့်ထားတဲ့တီဗွီမှာ သတင်းကြေငြာနေသူက ဘယ်အချိန်လက်အုပ်ချီမလဲကို ငေးနေပါတယ်။
ဒီလိုလောင်းကစားတွေ ဘာလိုခေါင်းထောင်နေလဲလို့မေးရင် လူအားလုံးက ခေတ်ကြီးမကောင်းလို့ ပါလို့ အလွယ်တကူပုံချလို်က်မှာပါဘဲ။
မတူညီသော အမြင်တွေနဲ့ မတူညီသော အတွေးတွေထွက်လာကြအုံးမှာပါဘဲ။
ဒိုင်ရှိလို့ထိုးတာ ထိုးသားရှိလို့ဖွင့်တာ ဆိုတဲ့ ဝိုင်းကြီးပါတ်ပါတ်ဇာတ်လမ်းနဲ့ဘဲ ဆုံးမှာ မဟုတ်ပါဘူး။
ဒီလောင်းကစားကိုရှောင်နိုင်သူထက် မရှောင်နိုင်သော ဦးရေကပိုများနေတော့ မထိုးတဲ့သူကတောင် မှားနေသလိုပါဘဲ။
(1)လူတွေက စီးပွားရေးကျပ်တည်းလို့ ထွက်ပေါက်အဖြစ်ရှာတာလား(ဒါဆိုရင် ပိုက်ဆံချမ်းသာသူတွေက ဘာလို့ကစားလဲ)
(2)လူတွေက နိုင်တယ်အောင်တယ်ဆိုတာလိုချင်လို့လား(ဒါဆိုရင် ကွဲတဲ့ ဂွမ်းတဲ့လူတွေများလာတာတောင် ဘာလို့ထိုးနေသေးလဲ)
ကျနော်အမြင်ကတော့ လူတွေကစီးပွားရေးကျပ်တည်းတာကိုအကြောင်းပြ လောဘနဲ့အလွယ်လမ်းလိုက်ရင်း ကိုယ့်ထဲက ပါမှန်းမသိပါကုန်တယ်ထင်ပါတယ်။
လူရှိသမျှလောဘရှိမယ်လောဘရှိသမျှလောင်းကစားကတော့ ရှိနေအုံးမှာပါဘဲ။
နောက်ထိန်းသိမ်းတားမြစ်ပေးရမယ့်သူက အားပေးအားမြောက်ပြုနေမယ် မသိချင်ယောင်ဆောင်နေမယ်ဆိုရင် ပိုခေါင်းထောင်နေအုံးမယ်ထင်ပါတယ်။
သီပေါမင်းလက်ထက်ကတော့ ဘုရင်ကိုယ်တိုင် ဉာဏ်မရှိတော့လောင်းကစားကို လုပ်ပေးတယ်၊
သူများလက်အောင်ရောက်နေတဲ့အချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေ ဘာမှမလုပ်ချင်အောင်လောင်းကစားနဲ့ဆွဲဆောင်ထားတယ်။
အခုအချိန်မှာတော့ ဥပဒေနဲ့ တားမြစ်တယ် ဖမ်းတယ် အပြပေးတယ် ဒါတောင်ခေါင်းထောင်ထနေတော့ မသေဆေးများစားထားသလားတောင်ထင်မိပါရဲ့။
တစ်ခုတော့ ရှိပြန်ပါတယ် ဒီချဲထီရဲ့ အားသာချက်ကတော့ လူတိုင်းပေါက်နိုင်တဲ့အခွင့်အရေးရှိတာပါ။
တရားဝင်ဖွင့်တယ်ဆိုတဲ့ထီကတော့ သိန်းတစ်ထောင်ဆုဆိုတာ တစ်လမှ တစ်ယောက် သိန်းငါးရာဆုကလည်း တစ်လမှာတစ်ယောက်ဘဲကံထူးရှင်ဖြစ်နိုင်ပါတယ်။
ဒီနှစ်လုံးသုံးလုံးကတော့ သူလဲပေါက်နိုင်တယ် ငါလဲပေါက်နိုင်တယ် တရပ်ကွက်လုံးလဲပေါက်နိုင်တယ် တစ်ရွာလုံးလဲပေါက်နိုင်တယ် တစ်မြို့လုံးလဲ ပေါက်နိုင်တယ်
တစ်နိုင်ငံလုံးလဲ ပေါက်နိုင်တယ် တကမ္ဘာလုံးလဲပေါက်နိုင်တယ် ခွင်မှန်ခဲ့ရင်ပေ့ါလေ။
အဲလောလောဆယ်တော့ ပျောက်သွားတဲ့ ဘဝတွေဘယ်လိုပြန်ဆယ်ကြမလဲဆိုတာလေးကို ဆိုတာလေးကို ……………………………………………… ………………………………………………………………..

7 comments

  • weiwei

    December 2, 2010 at 8:51 am

    ကျွန်မတို့အလုပ်ထဲမှာ ရုံးမိန့်နဲ့ တားဆီးထားတယ် … ဒါပေမယ့် တိတ်တိတ် လုပ်နေကြတာပဲ … ရုံးထဲမှာ အသံမထွက်ပဲ အပြင်မှာလုပ်နေတော့ ဘာမှမတတ်နိုင်ဘူး ..
    ဘဝပျက်တာကတော့ အရာရှိအကြီးကြီးကနေ ဂိတ်စောင့်အထိပါပဲ … မျက်စိရှေ့တင်ဖြစ်ပျက်နေတာကို သင်ခန်းစာမယူကြပဲ ဆက်လုပ်နေကြတာကိုတော့ အံ့ဩမိပါရဲ့ ….

  • manawphyulay

    December 2, 2010 at 2:21 pm

    လူတွေကလည်း လူတွေပဲလေ လောဘနောက် လိုက်တော့ ဘာမှ မစဉ်းစားကြတော့ဘူးပေါ့။ ဖြစ်ခါမှ ဖြစ်ရော လုပ်နေကြတာတွေ အများကြီးပါပဲလေ…………

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 2, 2010 at 6:09 pm

    ဟုတ်တယ်ဗျာ သေသေချာချာ ကြည့်ရင် တရားကျဘို ့လည်းကောင်းတယ်ဗျ
    တစ်ချို ့ဆို ကိုယ့်ဝမ်းကိုတော် ကိုယ်မသထာဘူးနော် ချဲထိုးတာ
    ထွက်ခါနီးဆို မျှော်လင့်ချက်ကလေးတွေနဲ ့ပေါ့
    ထွက်လာလို ့ မပေါက်တဲ့ခါ သူတို ့ရဲ ့မျက်နှာလေးတွေကို ကြည့်ပြီး စိတ်လည်းမကောင်းဘူး
    ဂရုဏာဒေါသလည်း ဖြစ်တယ် အဲ့သည်မှာမှ ခလေးတွေကပါ မစားရ မသောက်ရနဲ ့ တစာခံဖြစ်ကုန်ရော
    အမုန်းတရားနဲ ့တော့ မဟုတ်ဘူး ကျွန်တော်ကတော့ ဒီလို လောင်းကစားဆို ဘာလောင်းကစားမှ
    အလိုမရှိတော့ဘူး လုပ်တဲ့သူတွေကိုလည်း မလုပ်ကြစေချင်တော့ဘူး
    ဒါပေမယ့် ဒါကတော့ ဘယ်တော့မှ မဖြစ်နိုင်တဲ့ကိစ္စပါ
    သူတို ့ရှေ ့များသွားပြောရင် အပြေးကောင်းရင်တောင် နံရိုးနှစ်ချောင်းလောက်ကျိုးမှာသေချာတယ်
    ပြောလို ့သာပြောရတယ် ကိုယ်မကစားတတ်တဲ့ လောင်းကစားဆိုတာ ခပ်ရှားရှားရယ်ပါ အဟီး
    ချာတိတ်လေးဘဝမှာ နွားချေးပုံပျော့ပျော့ထည်းမှာ သရေကွင်းကို မြှုပ်ပြီး ဒုတ်နဲ ့ထိုး တာကနေ
    ခေါင်းပန်းလှန် စုံမအုပ် ဒိုးဇက် ကိုးမီး(ဗမာကိုးမီး/ရှမ်းကိုးမီး) ဆယ်တွဲ ဘူကြီး တွမ်တီဝမ်း
    ဆယ့်သုံးရွက် ပိုကာဒေါင်း အုန်းသီးခွဲ ဟောလိဝုတ်ဆွဲ နီထောင် အံကလုန် ကြက်ပွဲ နွားပွဲ
    လက်ဝှေ ့ပွဲ ဘောလုံးပွဲ စုံလို ့စုံလို ့ တစ်ခါတစ်လေ လမ်းဘေးမှာ ဘီယာ အရက် သောက်နေရင်းနဲ ့ဖြတ်သွားတဲ့
    ယဉ်မှန်သမျှရဲ ့လိုင်စင်နံပါတ်ကို ကစားတာ ပြောရမှာတောင် ချက်ချရာကြီး

  • etone

    December 3, 2010 at 4:27 am

    ဘဝပျက်သွားရတဲ့လူတွေလည်း တွေ့ခဲ့ဖူးတယ် ။ စမိရင် ဖျက်ရခက်တယ်လို့ပြောကြတာပဲ … ကိုယ်ကတော့ဝါသနာမပါဘူး ။ (အပိုင်နံပါတ်မရလို့ 😀 )

  • kopauk mandalay

    December 3, 2010 at 11:49 am

    နံပါတ်လိုချင်သူများ အခမဲ့ဖြန့်ဝေပေးပါမယ်။
    စာရင်းပေးသွင်းကြစေလိုပါသည်။

  • unclegyi1974

    December 3, 2010 at 3:34 pm

    ကိုပေါက်ကိုမေးခွင့်ပြုပါ
    ၁ ကိုပေါက်ရေးသလိုဆို၁လုံး ၂လုံး ၃လုံး အတော်
    ပြန့်ပြီးအတော်လုပ်နေကြပါတယ်ဟုတ်ပါသလား
    ဟုတ်တယ်ဆိုရင် ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်နေကြ
    ပါသလဲ
    ဘောလုံးပွဲဂျာနယ်မှန်သမျှ ၁လုံးတစ်ကြိုမပါရင်
    ဘောလုံးပွဲဂျာနယ်မဟုတ်ဘူးလို့ပြောလို့ရအောင်
    တစ်ကြိုတွေ ခန့်မှန်းတွေ ဗေဒင်ခန့်မှန်း တွေနဲ့
    တရားဝင်ထုတ်နေပါတယ် ဒါကြောင့်တရားဝင်လုပ်
    နေကြတယ်ထင်လို့မေးတာပါ စိတ်မရှိနဲ့နော်

  • kopauk mandalay

    December 3, 2010 at 3:45 pm

    အီးကယ်ဂျန် ရေ
    ဈေးမရောင်းရတဲ့ဆိုတဲ့နေရာမှာဈေးရောင်းသလိုပေါ့။
    တရားဝင်တော့လဲမရောင်းရဘူး ရောင်းတော့လဲရောင်းနေပါတယ်။
    ရောကာကြီး ဇော်ဝင်းထွဋ် ပြန်ဆိုတဲ့ မင်းမင်းလတ်သီချင်းထဲကလိုပေါ့
    (လိုက်တော့ ပြေးတယ် မသိတဲ့ပုံ ရှားလာလာ ရှားလားလား ရှားလားလာ)
    အဲဒါကိုမေဆွိကပြန်ဆိုတယ်
    (ဒီလောက်ဆိုသဘောပေါက် ဒီလောက်ဆိုသဘောပေါက်) ………….ပါတဲ့။

Leave a Reply