လူတစ်ယောက်ရဲ ့အဖြစ်ချင်ဆုံး ရည်ရွယ်ချက်ဟာ (လောကီနယ်ထဲမှ) အထွပ်အထိပ်ရောက်လိုမှု ့ပါဘဲလို ့ဘယ်စာအုပ်မှာ ဘယ်သူလဲမသိဘူး ရေးထားတာ ဘယ်တုန်းကလည်းမသိဘူး ဖတ်ဘူးတယ် ဟုတ်မှာဘဲလေ လူတွေတိုင်း လူတွေတိုင်း ကြီးချင်ကြတာဘဲ ရာထူး :)ဟုတ်ဘူးလားနော? ဘုရားလူကြီး ရပ်ကွက်လူကြီး အခြောက်ကြီး ဂန္ဒူးကြီး ဘာဘူကြီး စစ်ဗိုလ်ကြီး ဆရာဝန်ကြီး သရဲကြီး မျောက်ကြီး နွားကြီး ကြီးခြင်တာကြီး ထိုထိုသောကြီးမှန်သမျှထည်းမှာမှ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ဟာ ဆိုရင်ဖြင့် အိုးသကြီး ဟူမူ၍ ကြီးတစ်ကြီး အပါဝင်ဖြစ်ခြင်းနှင့်အတူ ဟင်းချက်နည်းများအား ဒေါ်လာရမည်ဆိုပါသဖြင့် မှတ်မိသမျှကို တင်ဆက်လိုက်ရပါတော့သတည်း။
ဝတ္ထုတစ်အုပ်ထည်းက ဇာတ်ကောင် တစ်ယောက်ပြောတာ ဘာရယ်မဟုတ် အမှတ်ရဘူးတယ် ( ဆင်းရဲ ချမ်းသာမရွေး စားကြတာဘဲ ဒါကြောင့် အစားကောင်းကောင်း ချက်ပြုပ်တတ်ရင် မငတ်ဘူး) ဟုတ်မယ်ထင်တယ်နော်။ ဒါကြောင့်လည်း ငယ်ငယ်က ဖတ်ဖူးတဲ့ ဟင်းချက်နည်းလေးတစ်ခုကို ဒေါ်လာရရန်အလို ့ငှာ ။
ကျောက်ခဲဟင်းချို ဆိုတဲ့အတွက် ကျောက်ခဲ တော့မဖြစ်မနေပါရပါမည် (အုပ်နီဂဲ ဂဝံ ဂဲ အစရှိသည့် ပဲ့ထွက်တတ်သော ကျောက်ခဲများ မဖြစ်စေရပါ ) (ဥတုဘောဇနသင်္ခ ါရ ကျမ်း၌ ကျောက်ခဲသည် မာ၏ မပျော့ ရုပ်ရုပ်လုပ်၍ ခဲဖြင့်ထုလျှင် အကြီးအသေးပေါ် မူတည်၍ ထိခိုက်မှု ့ကွဲပြား၏ (ကျောက်ရောဂါကို ပျောက်စေ၏ :)) ဟူသော။
ပါဝင်ရမည့် ပစ္စည်းများမှာ အိုးနှင့် လိုက်ဖက်သော သန် ့စင်သော ကျောက်ခဲတစ်လုံး (အိုးငယ်ငယ်ထဲကို ကျောက်ခဲကြီးကြီးထည့်ရင်တော့ ဘယ်မျှမလဲနော) ကြက်သွန်ဖြူ၊ နီ ဂျင်း ငရုပ်ကောင်းမှုန် ့ အချိုမှုန် ့ ဆား ငန်ပြာရည် (မကြိုက်ရင်မလို) ဟင်းခတ် အနေနှင်ကတော့ မိမိကြိုက်နှစ်သက်ရာ သားငါးကြော်များ နှင့် နံနံပင် ကြက်သွန်မိတ် စသည်တို ့ဖြစ်ကြပါသည်။
ဦးစွာပထမ ကြက်သွန်ဖြူ၊ နီ နှင့် ဂျင်းတို ့ကို အလိုရှိသလောက် ဆီသပ်ပါ ပြီးလျှင် ရေအလိုရှိသလောက် ထည့်ပါ ပြီးလျှင် သန် ့စင်ပြီးသော ကျောက်ခဲကို ထည့်ပါ အချိုမှုန် ့ ဆား ငန်ပြာရည် စသည်တို ့ကို အလိုရှိသလိုထည့်ပြီး ဆူအောင်ချက်ပါ ပွက်ပွက်ဆူလာလျှင် ငဖယ်ကြော် ငရံ ့ကျော် စသည် ကြိုက်နှစ်သက်ရာ သားငါးကြော်တို ့ ကို ထပ်ထည့်ပါ နံနံပင် ကြက်သွန်မိတ် တို ့ကို ပါးပါးလှီး၍ ထည့်ပါ ငရုပ်ကောင်းမှုန် ့ အလိုရှိသလောက် ထည့်ပါ ဆူလာလျှင် မြည်းကြည့် အငန်အပေါ့ ကိုယ့်သဘော ဒါပါဘဲ
အထက်ပါအကြောင်းအရာဟာ ဆိုရင်ဖြင့် ကျောက်ခဲ ဟင်းချို ချက်နည်း ကျမ်းပဒေသာ ကြီးပင် ဖြစ်သော်လည်း ကျွန်ုပ် အကယ်စင်စင်စစ် ကြော်ငြာခြင်သည်မှာ ပုံပါ ရှေးဟောင်းပစ္စည်းများအား လေလံတင်ရောင်းချလိုခြင်းပင်ဖြစ်၏။ ပြထားသော ပုံ(၁) ဒယ်အိုးမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ နန်းတွင်းသုံး မိတ်အင်ချိုင်းနား ရှေးဟောင်း ဒယ်အိုးဖြစ်ပြီး ပုံ ( ၂ ) ငရုပ်ဆုံမှာ မြန်မာအစ ဟု ငြင်းခုန်နေကြကုန်သော စည်တီးလျှင် ရေကြီးသည့် ရန်ပယ် ပိဿနိုး ဘုရင်မ ကိုယ်တိုင် ထောင်းသော ငရုပ်ကျည်ပွေ ့ဆုံ set ဖြစ်ကာ ကျန်ပစ္စည်းများကို မူ ပုံများနှင့် စာတွဲ ၍ ဖော်ပြထားပြီး ထိုပုံ များအား ခွင့်ပြုချက်မရှိဘဲ ကူးယူ ရောင်းချခြင်း လုံးဝ မပြုရန် အထူးသတိပေး အပ်ပါသည်။ ဈေးနှုန်းများအား လက်ရှိ ကော်မတီမှ မကြာမီထုတ်ပြန်ပါမည်။

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend