ကျောက်ခဲဟင်းချို ချက်နည်း ပဒေသာကျမ်းနှင့်ရှေးဟောင်းပစ္စည်းများ

     လူတစ်ယောက်ရဲ ့အဖြစ်ချင်ဆုံး ရည်ရွယ်ချက်ဟာ (လောကီနယ်ထဲမှ) အထွပ်အထိပ်ရောက်လိုမှု ့ပါဘဲလို ့ဘယ်စာအုပ်မှာ ဘယ်သူလဲမသိဘူး ရေးထားတာ ဘယ်တုန်းကလည်းမသိဘူး ဖတ်ဘူးတယ် ဟုတ်မှာဘဲလေ လူတွေတိုင်း လူတွေတိုင်း ကြီးချင်ကြတာဘဲ ရာထူး :)ဟုတ်ဘူးလားနော? ဘုရားလူကြီး ရပ်ကွက်လူကြီး အခြောက်ကြီး ဂန္ဒူးကြီး ဘာဘူကြီး စစ်ဗိုလ်ကြီး ဆရာဝန်ကြီး သရဲကြီး မျောက်ကြီး နွားကြီး ကြီးခြင်တာကြီး ထိုထိုသောကြီးမှန်သမျှထည်းမှာမှ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ဟာ ဆိုရင်ဖြင့် အိုးသကြီး ဟူမူ၍ ကြီးတစ်ကြီး အပါဝင်ဖြစ်ခြင်းနှင့်အတူ ဟင်းချက်နည်းများအား ဒေါ်လာရမည်ဆိုပါသဖြင့် မှတ်မိသမျှကို တင်ဆက်လိုက်ရပါတော့သတည်း။
ဝတ္ထုတစ်အုပ်ထည်းက ဇာတ်ကောင် တစ်ယောက်ပြောတာ ဘာရယ်မဟုတ် အမှတ်ရဘူးတယ် ( ဆင်းရဲ ချမ်းသာမရွေး စားကြတာဘဲ ဒါကြောင့် အစားကောင်းကောင်း ချက်ပြုပ်တတ်ရင် မငတ်ဘူး) ဟုတ်မယ်ထင်တယ်နော်။ ဒါကြောင့်လည်း ငယ်ငယ်က ဖတ်ဖူးတဲ့ ဟင်းချက်နည်းလေးတစ်ခုကို ဒေါ်လာရရန်အလို ့ငှာ ။
ကျောက်ခဲဟင်းချို ဆိုတဲ့အတွက် ကျောက်ခဲ တော့မဖြစ်မနေပါရပါမည် (အုပ်နီဂဲ ဂဝံ ဂဲ အစရှိသည့် ပဲ့ထွက်တတ်သော ကျောက်ခဲများ မဖြစ်စေရပါ ) (ဥတုဘောဇနသင်္ခ ါရ ကျမ်း၌ ကျောက်ခဲသည် မာ၏ မပျော့ ရုပ်ရုပ်လုပ်၍ ခဲဖြင့်ထုလျှင် အကြီးအသေးပေါ် မူတည်၍ ထိခိုက်မှု ့ကွဲပြား၏ (ကျောက်ရောဂါကို ပျောက်စေ၏ :)) ဟူသော။
ပါဝင်ရမည့် ပစ္စည်းများမှာ အိုးနှင့် လိုက်ဖက်သော သန် ့စင်သော ကျောက်ခဲတစ်လုံး (အိုးငယ်ငယ်ထဲကို ကျောက်ခဲကြီးကြီးထည့်ရင်တော့ ဘယ်မျှမလဲနော) ကြက်သွန်ဖြူ၊ နီ ဂျင်း ငရုပ်ကောင်းမှုန် ့ အချိုမှုန် ့ ဆား ငန်ပြာရည် (မကြိုက်ရင်မလို) ဟင်းခတ် အနေနှင်ကတော့ မိမိကြိုက်နှစ်သက်ရာ သားငါးကြော်များ နှင့် နံနံပင် ကြက်သွန်မိတ် စသည်တို ့ဖြစ်ကြပါသည်။
ဦးစွာပထမ ကြက်သွန်ဖြူ၊ နီ နှင့် ဂျင်းတို ့ကို အလိုရှိသလောက် ဆီသပ်ပါ ပြီးလျှင် ရေအလိုရှိသလောက် ထည့်ပါ ပြီးလျှင် သန် ့စင်ပြီးသော ကျောက်ခဲကို ထည့်ပါ အချိုမှုန် ့ ဆား ငန်ပြာရည် စသည်တို ့ကို အလိုရှိသလိုထည့်ပြီး ဆူအောင်ချက်ပါ ပွက်ပွက်ဆူလာလျှင် ငဖယ်ကြော် ငရံ ့ကျော် စသည် ကြိုက်နှစ်သက်ရာ သားငါးကြော်တို ့ ကို ထပ်ထည့်ပါ နံနံပင် ကြက်သွန်မိတ် တို ့ကို ပါးပါးလှီး၍ ထည့်ပါ ငရုပ်ကောင်းမှုန် ့ အလိုရှိသလောက် ထည့်ပါ ဆူလာလျှင် မြည်းကြည့် အငန်အပေါ့ ကိုယ့်သဘော ဒါပါဘဲ
အထက်ပါအကြောင်းအရာဟာ ဆိုရင်ဖြင့် ကျောက်ခဲ ဟင်းချို ချက်နည်း ကျမ်းပဒေသာ ကြီးပင် ဖြစ်သော်လည်း ကျွန်ုပ် အကယ်စင်စင်စစ် ကြော်ငြာခြင်သည်မှာ ပုံပါ ရှေးဟောင်းပစ္စည်းများအား လေလံတင်ရောင်းချလိုခြင်းပင်ဖြစ်၏။ ပြထားသော ပုံ(၁) ဒယ်အိုးမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ နန်းတွင်းသုံး မိတ်အင်ချိုင်းနား ရှေးဟောင်း ဒယ်အိုးဖြစ်ပြီး ပုံ ( ၂ ) ငရုပ်ဆုံမှာ မြန်မာအစ ဟု ငြင်းခုန်နေကြကုန်သော စည်တီးလျှင် ရေကြီးသည့် ရန်ပယ် ပိဿနိုး ဘုရင်မ ကိုယ်တိုင် ထောင်းသော ငရုပ်ကျည်ပွေ ့ဆုံ set ဖြစ်ကာ ကျန်ပစ္စည်းများကို မူ ပုံများနှင့် စာတွဲ ၍ ဖော်ပြထားပြီး ထိုပုံ များအား ခွင့်ပြုချက်မရှိဘဲ ကူးယူ ရောင်းချခြင်း လုံးဝ မပြုရန် အထူးသတိပေး အပ်ပါသည်။ ဈေးနှုန်းများအား လက်ရှိ ကော်မတီမှ မကြာမီထုတ်ပြန်ပါမည်။

12 comments

  • R Ga

    November 29, 2010 at 11:26 am

    U$ 500000စတင်လေလံဆွဲပါပြီ…။ …….ကြမ်းခင်းဈေးကဘယ်လောက်လဲဆိုတာ ထုပ်ပြန်ပေးပါရန်.။

  • zawana

    November 29, 2010 at 11:42 am

    eBay ကနေ လေလံပစ်လိုက်ပါလားခင်ဗျာ။ ဆွဲချင်လွန်းလို့ပါ။

  • aaa

    November 29, 2010 at 11:45 am

    စိတ်ဝင်စားပါတယ်၊ လေလံကြမ်းခင်းဈေးကို သိချင်ပါတယ်။

  • naywoonni

    November 29, 2010 at 12:17 pm

    ထင်ပါတယ်…သူဒီလိုဟင်းတွေချက်စားနေမယ်ဆိုတာကို
    သူတစ်ယောက်ထဲချက်စားရတာပျင်းလို့စားကြဦးမလား
    အဖော်ညှိတယ်ပေါ့လေ………ဟင်းဟင်း………

  • koyinmaung

    November 29, 2010 at 12:27 pm

    ခုလိုရှား……….ရှား ပါး………ပါး ကျောက်ခေတ်လွန်တရက်ကပစ္စည်းတွေလေလံပစ်မယ် ဆို ဆွဲဘို့အဆင်သင့်ဘဲဟေး….

  • bigcat

    December 5, 2010 at 7:37 am

    ကျောက်ခဲဟင်းချိုပြီးတော့ သံတုံးသံခဲဟင်းနည်း လည်းလုပ်ပါအုံး။

  • တကယ့်အနုပညာပါပဲ အဟုတ်။ ဘာတွေကိုဘယ်လိုပဲ စီမံပါစေ။ ကျောက်ခဲက ဘာအရသာမှရှိလာမှာမဟုတ်ဘူး။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် လူ့ဗီဇကပြောင်းလဲ မှာမှမဟုတ်တာ။ မကောင်းတဲ့လူက တစ်သက်လုံး ကောင်းလာမှာမဟုတ်ဘူး။ ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲဟာ။ ဒီသဘောကိုသိရင် ချော့ရမှာလား။ ရှိခိုးရမှာလား။ ဆွေးနွေးရမှာလား။ တိုက်ရမှာလား။ ရှင်းနေတာပဲဟာ။

  • cherrywine

    December 6, 2010 at 4:31 am

    ဦးဂျော်နီ … အိမ်ကို ဧည့်သည်လာမလုပ်တော့ဘူး ။
    ကျောက်ခဲဟင်းနဲ့ သံတုံးဟင်းချိုကျွေးမှာကြောက်လို့ 😛

  • etone

    December 6, 2010 at 6:38 am

    နာမည်နဲ့ လိုက်အောင် ဉာဏ်နီ ဉာဏ်နက်တော်တော်များပါလား ။ 😀

  • nwl

    December 6, 2010 at 9:47 am

    ကျောက်ခဲဟင်းချို ချက်နည်းတဲ့ စိတ်0င်စားဖို့တော့ကောင်းသား ဦးဂျော်နီကြီး ချက်စားနေကြထင်တယ်
    ဟင်းချိုချက်နည်းကို ပိုင်ပိုင်နိုင်နိုင်ရေးပြထားတယ်နော် … 😀

  • အာဖျံ ကွီး

    December 6, 2010 at 10:09 am

    ပေါက်ကရတို.၏ဘုရင်ကြီး (ကိုပုကကြီးချင်တရ်ဆိုလို. “ကြီး” ထည့်ပေးတာ) ပုပု

    ဗိုက်ဆာလို. သံမှိုလက်သုတ်လေးနဲ. ထမင်းစားမလားလို. လုပ်နေတုန်း
    ကျောက်ခဲဟင်းချိုလေးများ အပိုလုပ်စားရမလားလို. ဝင်ကြည့်မိတာ
    ကိုပုရဲ. ပေါက်ကရဟင်းနဲ.တွေ.သွားတရ်။

    တော်ပီ … စိတ်ဆိုးလို.သံမှိုလက်သုတ်တောင်မစားနိင်တော့ဘူး။ သံခဲဖျော်ရည်ပဲသောက်လိုက်တော့မရ်။ 😛 😛 😛

  • char too lan

    December 7, 2010 at 5:26 am

    “ဘာတွေကိုဘယ်လိုပဲ စီမံပါစေ။ ကျောက်ခဲက ဘာအရသာမှရှိလာမှာမဟုတ်ဘူး။”
    တကယ်ပဲ ဒီလိုတွေးပီး ဒီလိုရေးတယ်ဆိုရင်တော့ ~~~~ @_@
    လူကသာပေါက်ကရ ဘရိန်းကတော့ချီးကျူးစရာပါလားနော်………

Leave a Reply