၂၀၀၉ အတွက် အကယ်ဒမီခန့်မှန်း

etoneNovember 29, 20101min1855

၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို လာမည့်နှစ်ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အကယ်ဒမီခန့်မှန်းဇာတ်ကား ဆယ့်ခြောက်ကား ပေါ်ထွက်ခဲ့ကြောင်းသိရသည် ။ ယခုနှစ်တွင်ထူးခြားသည်မှာ ဟာသကားများလည်း အကယ်ဒမီတစ်ကြိုစာရင်းများတွင် ပါဝင်ခဲ့ခြင်းဖြစ်သည် ။ အကယ်ဒမီ ဆုပေးပွဲအတွက် ဗန်းကိုင် ၆ ဦးကိုလည်း ရွှေးခြယ်လျှက်ရှိပြီး တက်သစ်စ မော်ဒယ်လေးများ အလုအယှက် လျှောက်ထားကြကြောင်းသိရသည် ။ ဗန်းကိုင်များကို တစ်နိုင်ငံလုံးမှ သိနိုင်မည်ဖြစ်သဖြင့် နောက်ပိုင်း အနုပညာ လှုပ်ရှားမှူများအတွက် ပိုမိုထိရောက်ကြောင်းလည်း သိရသည် ။ မင်းသမီးချောခိုင်သင်းကြည်ပင်လျှင် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်လုပ်ခဲ့ပြီး ပရိတ်သတ်သတိထားမှူရကာ နာမည်ကြီးလာသူလည်းဖြစ်သည် ။ ၂၀၀၉ ခုနှစ်အတွက် ပရိတ်သတ်ခန့်မှန်းသော သရုပ်ဆောင်များမှာ အိန္ဒြာကျော်ဇင်နှင့် နေတိုးဖြစ်ကြောင်းသိရပြီး မင်းသမီး အိန္ဒြာကျော်ဇင် ဧ။် ဇာတ်ကား ၉ ကားပင်လျှင် တစ်ကြို ခန့်မှန်းစာရင်ထဲပါနေကြောင်းသိရသည် ။

5 comments

  • ဆူး

    November 29, 2010 at 7:10 am

    အကယ်ဒမီ ပေးပွဲ ဆိုမှ သတိရတယ်..
    ရတနာပုံနေပြည်တော် သတင်းစာ web site မှာလည်း အကယ်ဒမီ ပေးပွဲလို မျိုး တက်ကြွစွာ စည်ကားသိုက်မြိုက်အောင် စွမ်းဆောင်ပေးတဲ့ မန်ဘာများကို ဆုပေးမယ်လို့ ပြောတာ ကြားမိတယ်။ ဆုကြေးကတော့ ၁လ ၁သိန်း၊ ၂လ ဆက်တိုက် ရွေးချယ်ခံရရင် ၃သိန်း၊ ၃လဆက်တိုက် ရွေးချယ်ခံရင် ၅သိန်း အဲဒီလို ကြားတယ်။
    အတိအကျ သိချင်ရင် ဆက်စုံစမ်းကြပါ။

    • kai

      November 29, 2010 at 11:35 pm

      ဒါမျိူးက ပွိုင့်များများရှိသူမှ မတည်ပြီး စလုပ်လို့ရတာ…Top 10 Active member တွေကို မတည်ခွင့်ပေးပါမယ်..။
      မတည်လိုက်လေ..။ လက်ဆောင်တခုခု ထပ်ဆောင်းပေးမယ်..။ 🙂

  • char too lan

    November 29, 2010 at 10:22 am

    မင်းတမီးက အဲဒီအဘွားလေးတစ်ယောက်ပဲ ချိတော့တာရား 😛

  • MaMa

    November 29, 2010 at 11:14 am

    ရတနာပုံသတင်းစာရဲ့ တက်ကြွသောမန်ဘာဆုရှင် ခန့်မှန်းရရင် ဆူးဖြစ်လိမ့်မယ်ထင်တယ်။

  • naywoonni

    November 29, 2010 at 11:33 am

    စိတ်ညစ်ရမဲ့နေ့တွေနီးလာပြန်ပေါ့…….

Leave a Reply