ကောသလအိပ်မက် 16ချက် -၁

အိပ်မက်(1) ။နန်းရင်ပြင်ရှေ့ဝယ် နွားနက်ကြီးလေးကောင် ဝှေ့မည့်ဟန်ပြုပြီးမှ မဝှေ့ဘဲ ရှောင်လွှဲသွားကြသည်ဟု မြင်မက်ပုံ။

အဖြေ။ တရားမစောင့် သောလူတို့လက်ထက် ထွန်ယက်စိုက်ပျိုးချိန်မှာ မိုးရွာမည့် ဟန်ဆင်ပြီးမှ မရွာဘဲပျောက်ကွယ်သွားခြင်း။

7 comments

  • kopauk mandalay

    November 29, 2010 at 9:24 am

    ဒီပုံတွေက မန်းလေးကျောက်တော်ကြီး ဘုရားထဲက ပန်းချီကားလေးတွေပါ။

  • ဆူး

    November 29, 2010 at 9:48 am

    နောက် အသစ်တွေ စောင့်ဖတ်နေမယ်နော်..

  • char too lan

    November 29, 2010 at 10:10 am

    လေးပေါက် ၁၆ခါလုပ်ဒင်ဆိုရင် သားတို့မွဲသွားနိုင်တယ် 🙁 Loading…………
    လေးပေါက်ဆိုဒ်ထဲမှာ ကော ၁ခုစီပဲလား ???

  • kopauk mandalay

    November 29, 2010 at 10:49 am

    ဟုတ်တယ် ပုံတစ်ပုံ ုတင်လိုက်စာလေးရေးလိုက် မန်းလေးဂေဇက်မှာအရင်တင်တာ တစ်နေ့ထဲမပြီးလောက်ဘူး အခုနေ့လည် 2နာရီကနေတာင်တာ တောင် 2ပုံဘဲရသေးတယ်။
    ပုံအများကြီးတစ်ခါထဲတင်ရင ် ပျောက်ပျောက်သွားလို့ တပုံချင်းစီ
    ိတင်တာပါ။
    တပုဒ်80ကျပ်ကြောင့် မဟုတ်ပါဘူး။
    `

  • ဆူး

    November 29, 2010 at 11:07 am

    ၈ဝ က ဒေါ်လာ ၈ဝ ဆိုရင် နဲနဲ စာဖွဲ့ကြတာပေါ့

  • zawana

    November 29, 2010 at 11:51 am

    ကိုပေါက်ရေ။ လူကြီးတွေ ပြောကြတာကတော့ ကောသလမင်းကြီး အိပ်ရာက နိုးတာစောသွားလို့ ဆယ့်ခြောက်ချက်ပဲ မက်တာတဲ့ ၊ နို့မို့ဆိုရင်တော့ ဘယ်လောက်တောင် ဆက်မက်ဦးမယ် မသိဘူးတဲ့ဗျ။

  • kai

    November 29, 2010 at 10:29 pm

    ကျုုပ်ပဲဆက်မက်ပေးလိုက်ပါမယ်..။ ကောသလလွန်ပြီး နောင်အနှစ် ၂၅၈ဝမှာမက်တဲ့အိပ်မက်ပေါ့..

    အိပ်မက်အမှတ် .. ၁၇။
    ကြွက်တကောင်သည် အလွန်ကြီးများသောဖန်ဗူးထဲဝင်၍အစာစားပြီးနောက် ပြန်ခေါင်းပြန်ထုတ်မရ တစ်လစ်ကြီးဖြစ်နေသည်ဟု မြင်မက်ခြင်း။

    အိပ်မက်အမှတ် .. ၁၈။
    မြေခွေးတကောင်နှင့်ခြင်္သေ့တကောင်သည် ချစ်ကြည်နူးကြပြီးနောက် ရေကန်ကြီးထဲဆင်းသွားကာ ပြန်တက်လာသောအခါ ဆင်ဖြူတကောင်ဖြစ်သွားသည်ဟု မြင်မက်ခြင်း။

    အိပ်မက်အမှတ် .. ၁၉။
    အလွန်သေးငယ်သော အပေါက်ကလေးအတွင်းသို ့ နေနှင့်လဝင်ရောက်ပျောက်ကွယ်သွားသည်မြင်မက်ခြင်း။

    အိပ်မက်အမှတ် .. ၂၀။
    လူတို့သည် ရှာဖွေသမျှသော ဥစ္စာ၊ရတနာများနှင့် သားသမီးကလေးငယ်တို့ကို နက်သောချောက်မ်းပါးအောက်သို ့ ပျော်ရွင်မြူးတူးစွာ ပစ်ချကြသည် မြင်မက်ခြင်း။

Leave a Reply