ကောသလအိပ်မက်(16)ချက်-၂

အိပ်မက်(2) အရွယ်နှင့်မမျှ ငယ်ရွယ်သော သစ်ပင်တို့သည် သီးကြကုန်၏ဟုမြင်မက်ပုံ။

အဖြေ။ကိလေသာရာဂထူပြော၍အရွယ်မရောက်ခင်အိမ်ထောင်ပြုကြ၍ ကလေးများ ရကြခြင်း။

ဒီအိပ်မက်က အခုခေတ်နဲ့တော့ လုံးဝကွက်တိပါဘဲ။နေရာထိုင်းခင်းကျဉ်းကျပ်တာရယ် လူကြီးတွေက အနေအထိုင်မဆင်ခြင်တာရယ်

မီဒီယာတွေမှာ မမြင်သင့်တာတွေကို ကလေးတွေမြင်တော့ အတုမြင်အတတ်သင်လို့ အရွယ်မရောက်ခင် အိမ်ထောင်ကျကုန်တာလဲ လက်ရှိအနေအထားမှာ အမှန်ပါဘဲ။

11 comments

  • char too lan

    November 29, 2010 at 10:19 am

    ကျနော် ကြိုးစားပမ်းစားလို်က်ဖတ်နေပါတယ် ကြိုးစားပမ်းစားတင်ပေးတဲ့ လေးပေါက်ကိုလဲကျေးဇူးတင်ပါတယ် 🙂
    ဟောဟဲ 😛 ~~ ဟောဟဲ 😛 ~~

  • kopauk mandalay

    November 29, 2010 at 10:31 am

    ကျနော်ကလဲ ဓါတ်ပုံသွားရို်က်တဲ့အချိန်မှာအဖော်မပါတော့ ကြိုးစားပမ်းစားကို နှစ်ခါပြန်ရိုက်ထားရတာ။စိတ်တိုင်းမကျပေမယ့် ဒီလိုမထင်တထင်လေးမှ မန်းလေးကိုလာချင်စိတ်ပေါက်သွားမှာလေ။

  • zawana

    November 29, 2010 at 12:22 pm

    အိမ်ထောင်ကျတာ စောတာကတော့ အရင်ခေတ်ကနဲ့စာရင် အခုခေတ်မှာ နည်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဟိုဒင်းပြုတာ စောတာကတော့ အမှန်ပါပဲ ခင်ဗျာ။
    အပျိုကြီး၊ လူပျိုကြီး အရေအတွက်ကတော့ ကျနော် သုတေသန လုပ်ထားသလောက် အရင်ခေတ်ကထက် အတော့်ကို များလာပါတယ်။ အထူးသဖြင့် မြို့ပြတွေမှာပေါ့။

  • weiwei

    November 29, 2010 at 12:34 pm

    ဘယ်အသက်အရွယ်အထိ အိမ်ထောင်မရှိရင် အပျိုကြီး လူပျိုကြီးလို့ သတ်မှတ်တာလဲဟင် ????

  • zawana

    November 29, 2010 at 1:26 pm

    နောက်ကားနှစ်စီးလောက် ကျော်တက်သွားတဲ့အထိ အိမ်ထောင်မပြုသေးသူ
    ကျောင်းနေဘက်တွေ ကလေး ကိုယ်စီနဲ့ ဖြစ်နေတာတောင် အိမ်ထောင်မကျသေးတဲ့သူ
    အဲလိုလူတွေကို ခေါ်လေ့ရှိကြပါတယ်။
    ရွာတွေမှာတော့ ၂၅ နှစ်ကျော်လောက်ပေါ့။ မြို့မှာဆိုရင်တော့ ၃ဝ ကျော်ပေါ့။
    တစ်ချို့သူငယ်ချင်းတွေ ကျတော့လည်း အသက်တွေသာ ကြီးလာတယ်။ အပျိုကြီးလို့ စရင် ရှက်နေတုန်းပဲ။ အပျိုလေးလို့ ခေါ်ရမလို ဖြစ်နေပြီ။

  • naywoonni

    November 29, 2010 at 2:09 pm

    မဝေရေ……..အဲဒါတော့ပြောရခက်တယ်ဗျ……
    ဆေးပညာစာအုပ်ထဲမှာတော့….မြန်မာမိန်းကလေးတွေ
    အိမ်ထောင်ပြုဖို့အသင့်တော်ဆုံးအရွယ်က18ကနေ24တဲ့
    နောက်ပိုင်းတော့30လို့သတ်မှတ်ပြန်ပါတယ်…
    အဲဒိကနေကျော်ရင်အပျိုကြီးပေါ့ဗျာ…………….
    စကားတစ်ခုလည်းရှိသေးတယ်….ဘာတဲ့အစိတ်ကျော်လို့မှ
    ပုခက်မချိတ်ရသေးရင်အပျိုကြီးဖြစ်တော့မယ်တဲ့………….
    အဲဒိတော့ကြိုက်သလိုယူပေါ့ဗျာ25ကျော်ကိုအပျိုကြီးလို့ယူယူ
    30ကျော်မှအပျိုကြီးလို့သတ်မှသတ်မှတ်ပေါ့………….
    အဲလူပျိုကြီးဆိုတာကတော့ကျွန်တော်လည်းမသိဘူး ဟီးးးးးးးးးးးး

    • zawana

      November 29, 2010 at 3:03 pm

      အဲ …. မအိုသေးတဲ့သူကတော့ အပျိုလေးနဲ့ တူလိမ့်မယ် ပေါ့ဗျာ။

    • kai

      November 29, 2010 at 11:21 pm

      မြန်မာပြည်ရဲ့အကျယ်အဝန်းနဲ့ လူဦးရေ သန်း၆ဝနဲ့အချိုးချရင် လူအများကြီးလိုနေသေးတာမို ့..
      ဖွင့်ဖြိုးပြီးတဲ့ နိုင်ငံတွေ လုပ်နေသလိုပဲ.. စင်ဂယ်(- ပျိုကြီး)ဆို ..စကယ်ရှယ်တက်စ်(အခွန်) ချသင့်ကြောင်းနဲ့… စုံတွဲတတွဲကလေး ၂ယောက်(အနည်းဆုံး)မယူမနေရ လုပ်သင့်ကြောင်း.. ထောက်ခံလိုက်ရပါကြောင်း…။

  • kopauk mandalay

    November 29, 2010 at 3:32 pm

    အခုခေတ်မှာ 13နှစ်ကျော်ရင် အပျိုပေါက်တဲ့။
    16နှစ်ဆိုရင်အပျိုတဲ့။
    18နှစ်ကျော်ရင် အပျိုကြီးတဲ့။
    20ကျော်ရင်တော့ အပျိုဟိုင်းတဲ့ ။
    ဒန် ဒန့် ဒန်

  • zawana

    November 30, 2010 at 2:40 am

    (ဖွင့်ဖြိုးပြီးတဲ့ နိုင်ငံတွေ လုပ်နေသလိုပဲ.. စင်ဂယ်(- ပျိုကြီး)ဆို ..စကယ်ရှယ်တက်စ်(အခွန်) ချသင့်ကြောင်းနဲ့… စုံတွဲတတွဲကလေး ၂ယောက်(အနည်းဆုံး)မယူမနေရ လုပ်သင့်ကြောင်း.. ထောက်ခံလိုက်ရပါကြောင်း…။)
    အာ … ကိုခိုင်ကလည်း ဒီမှာက စားစရိတ်၊ နေစရိတ် မတတ်နိုင်လို့ အပျိုကြီး၊ လူပျိုကြီး လုပ်နေကြရတာပါဗျာ။
    ရတာမလို၊ လိုတာမရ လို့ လုပ်ရတာက နည်းပါတယ်။
    ကျနော်နဲ့သိသမျှ အပျိုကြီး၊ လူပျိုကြီးတွေမှာ ချစ်သူရှိကြတယ်ဗျ။ နောက်ပြီး တချို့ဆို ချစ်သူတွေထက်လည်း ပိုရင်းနှီးနေကြတယ်ဗျ။ ဒါပေမဲ့ မိသားစုအရေး၊ ရုန်းကန်ရမယ့် အရေးတွေကို ကြောက်ပြီး မယူရဲတာပါဗျာ။ တချို့ လူပျိုကြီးတွေကျတော့လည်း အိမ်ထောင်ရေး တာဝန်ကို မယူချင်လို့၊ အမျိုးမျိုးပေါ့ဗျာ။

  • ဆူး

    November 30, 2010 at 2:57 am

    စောစောစီးစီး အိမ်ထောင်ကျတဲ့ အကြောင်း နောက်မှ ဒေါပွတာ တင်လိုက်အုန်းမယ်.. အခုတော့ သိပ်အချိန်မရလို့..

Leave a Reply