လွတ်လပ်သော မန္တလေး ဂေဇက် ဒီမိုကရေစီ ဘက်တော်သားများ အသင်း

အာဂNovember 29, 20101min22325

ယနေ့ မျက်မှောက် ခေတ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ကဏ္ဍတွင် Online သုံးစွဲသူ လူထုသည် နိုင်ငံရေးနှင့် မိမိတို့၏ လွတ်လပ်ခွင့်ကို အထူးအရေးပေးတိုက်ပွဲ ဝင်လာကြသည်ကို တွေ့ရှိရသည်။ ထို့အတူပင် နှစ်ပေါင်းများစွာတိုင် အာဏာရှင် စနစ်အောက် ရိုက်သွင်းခြင်းခံရသော အချို့သော ဦးနှောက်များသည်လည်း လတ်တလော မိမိတို့ကောင်းစားရေးအတွက် Online မှနေ၍ ဒီမိုကရေစီဘက်တော်သားများ ကို တိုက်ခိုက်လာသည်ကို ပူးတွဲတွေ့ရှိလာရပါသည်။
အထူးသဖြင့် ကျွန်ုပ်တို့ ၏ ချစ်ကြည်ရင်းနှီးစွာ ပျံသန်းနေသော (မန္တလေးဂေဇက် ) လွတ်လပ် သောကောင်းကင်ပေါ်တွင် စစ်အာဏာရှင် တို့၏အစေအပါးများ၏ မီးခိုးမှိုင်းများ တစ်ခါတလေ စွန်းထင်းလာသည်ကို တွေ့ရှိနေရပါသည်။ လွတ်လပ်သော အဖြူရောင် ဒီမိုကရေစီ ကောင်းကင် တွင် ထိုသော အမှိုက် များသည် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပြီး ကာလများတွင် ပိုမိုများပြားလာသည်ကိုတွေ့ရှိရသည်။ ထို့အပြင် အဆိုပါ ခွေး ဦနှောက် ဉာဏ်နည်းသော အမှိုက်များက ၎င်းတို့ အဖေများ၏ ဗျူဟာများအတိုင်း ဒီမိုဘက်တော်သား(ဒီမိုကရေစီ ရည်ရွယ်ချက်တူညီသူများ)အား သပ်သျှိုသွေးခွဲရန် ကြံစည် လာသည်ကို ယခင်ကာလများ နှင့် မတူအောင်တွေ့ရှိရလာပါသဖြင့် ကျွန်တော်တို့၏ လွတ်လပ် ပြီး စိတ်ခံစားချက်များဖောက်ထွက်ရာ မြေပြင်ဖြစ်သောMandalayGazette အပေါ် ၎င်း စစ်အစိုးရ လက်စွဲ ခွေးများကျူးကျော်လာခြင်းအား ဟန့်တာခြင်း ၊တွန်းလှန်ခြင်းအားဖြင့် လွတ်လပ်သော မန္တလေး ဂေဇက် ဒီမိုကရေစီ ဘက်တော်သားများ အသင်း ကို စတင်ဖွဲစည်းလိုက်သည်။

အဖွဲဝင်လိုသူများအနေဖြင့် အောက်ပိုစ့် ၏ ကွန်မန့်များတွင် မိမိ၏ လွတ်လပ်သော သဘောထားများဖြင့်ရေးသားဝင်ရောက်နိုင်သည်။

လိုအပ်ချက်များ။ ။

၁။ နအဖ နှင့် ပါတ်သက်၍ မိမိ ခံစားမှု အကြောင်း ၊ မိမိ အမြင်ဖော်ပြရမည်။
၂။Online အတွင်းရှိ မည်သည့် ဒီမိုဘက်တော်သားများ မဆို တိုက်ခိုက်ခြင်းမပြုရ။
၃။ အသက်ချွေး၊သွေး ပေးဆပ်၍ အကျဉ်းကျခဲ့သော ဒီမိုကရေစီသူရဲကောင်းများ အားလေးစား သောအားဖြင့် စစ်ခွေး၊အာဏာရူး၊လူမိုက်များ၏ ရေးသာချက်များကို ဆန့်ကျင် ကန့်ကွက်ရမည်။

ပုံ ။
လွတ်လပ်သော မန္တလေး ဂေဇက် ဒီမိုကရေစီ ဘက်တော်သားများ ၏(အမိန့်အရ လို့ မသုံးပါ အာဏာရှင်ဆန်သဖြင့်) ဆန္ဒသဘောအရ။

အာဂ။
လွတ်လပ်သော မန္တလေး ဂေဇက် ဒီမိုကရေစီ ကာကွယ်ရေးဘက်တော်သား။

25 comments

  • zawana

    November 29, 2010 at 11:31 am

    R Ga ရေ၊ ခင်ဗျားကတော့ တကယ့်ကို အာဂ ပါပဲဗျာ။
    ခင်ဗျားပြောတာလည်း ဟုတ်တယ်ဗျ။ အမေစု လွတ်တော့မှပဲ ဘာမဆိုင် ညာမဆိုင် ပို့စ် အထူးအဆန်းတွေ တွေ့လာရတယ်ဗျ။ ဆွေနွေးတာထက် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဆန်တဲ့ ပို့စ်မျိုးတွေပေါ့။
    ဒီမိုကရေစီ နည်းအရ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပေမဲ့ ရေများရေနိုင်၊ မီးများမီးနိုင် ဆိုတာလည်း ဒီမိုကရေစီ အခင်းအကျင်းပဲ မဟုတ်ပါလား ခင်ဗျာ။
    ကျုပ်ကတော့ ထောက်ခံသပဗျာ။

  • koyinmaung

    November 29, 2010 at 12:01 pm

    ကျုပ်ဖွဲ့ချင်တဲ့အဖွဲ့ကသူ့ထက်မြင့်တယ် လက်တဆုတ်စာသာရှိတဲ့အာဏာရူးတွေကိုအာဏာမြဲနေအောင်ထောက်ကန်ပေးနေကြတဲ့ အောက်ခြေမှာရှိတဲ့ပုဆိန်ရိုးတွေကိုဆုံးမမဲ့အဖွဲ့မျိုး ဥပမာ ငါးမင်းဆွေလိုကောင်မျိုး လစ်ယင်လစ်သလိုတွယ်ခဲနဲထု လေးခွနဲ့ပစ်(ချောင်းပစ်) အဖမ်းမခံရအောင်လုပ် လုပ်ငန်းလုပ်ယင်တယောက်ချင်းဘဲလုပ် အဖေါ်မထားနဲ့ ဒီလိုကောင်မျိုးတွေကိုလှော်ပြီယင်ဒီဆိုက်မှာလါ အဖွဲ့သားတွေကိုအသိပေး ဒါမျိုးလုပ်ချင်တာဗျ…

  • သီဟ

    November 29, 2010 at 12:05 pm

    နအဖတွေကိုဘယ်လိုမြင်ရမှာလည်းဗျာ မြင်တတ်တဲ့လူတိုင်းမြင်ပါတယ်
    တိုင်းပြည်ကိုဖျက်စီးနေတဲ့ကောင်တွေလေ မမြင်ချင်ယောင်ဆောင်ပဲကိုယ်ကြိုးအတွက်သူတို့ဘောလိုက်မတဲ့ကောင်
    တွေလည်းရှိတာပေါ့လေ

  • ကြယ်လေး

    November 29, 2010 at 12:49 pm

    ဟီး 😀

    မြန်မာပြည်က ဘန်း လိုက်ပါအုံးမယ် ဂေဇက် ကို ဖြေးဖြေး လုပ်ကြပါ 😛

    http://myanmargazette.net/groups/

    ဒီကိုသွားပြီး group ဖွဲ့လို့ရ တယ်လေ အင်ဗိုက် တောင်လုပ်လိုရသေး 🙂

    • kai

      November 29, 2010 at 11:23 pm

      အဲဒီမှာ ဂရုလုပ်ရင် ပွိုင့်လည်း ပေးပါတယ်ခင်ဗျား

    • R Ga

      November 30, 2010 at 10:51 am

      ဟုတ်ကဲ့ ခင်ဗျ..ဖွဲ့ပြီးပါပြီ ခင်ဗျ…။ ဒါပေမဲ့ ဘန်းစကားတွေ လည်း တော်တော်များများ ကြားရပါတယ်။ ခင်ဗျ…။ …

  • zawana

    November 30, 2010 at 2:12 am

    ကဲ …. တွေ့လားဗျို့ …. လုပ်လိုက်လေ ကြာသလားလို့ ….

  • doekalay

    November 30, 2010 at 4:43 am

    ဘာဖွဲ ့ဖွဲ ့ပါပြီးသားပဲ။စစ်ခွေးတွေကိုမုန်းနေတာကြာပြီလေ။

  • Maung Dae`

    November 30, 2010 at 5:48 am

    ကဲဒါဆိုလည်း Groups ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားလုပ်လိုက်ကြစို့.. ကျွန်တော်ကတော့ လူမှုရေး အသင်းအဖွဲ့လေးတစ်ခု အနေနဲ့ပါဖြစ်စေချင်တယ်.. ကျွန်တော်တို့ အဖွဲ့သားတွေ အပြင်မှာတွေ့ဆုံ ပြီးရင် လူမှုရေးလုပ်ငန်းလေးတွေလုပ်ဖို့ရာအတွက် တိုင်ပင်ချင်တယ်…
    ဒါကြောင့်အဖွဲ့လေးတစ်ခု ဖွဲ့စေချင်တာတော့ကြာပီ.. ကျွန်တော်ဦးဆောင်လုပ်ချင်ပေမယ့်.. အခုလောလောဆယ်အချိန်မပေးနိုင်သေးလို့ပါ..
    ဖြစ်အောင်လုပ်မယ်လို့တော့ရည်ရွယ်ထားပါတယ်…

  • True Faith

    November 30, 2010 at 6:43 am

    သဘောတူတယ်။ ကျုပ်လည်း အဖွဲ့ဝင်မယ်ဗျာ။ Group တခု ဖွဲ့လိုက်။

    ဆရာ ဆူးငှက် ပြောသလို ပြောရရင်…

    “ကျူးကျော်စစ်နဲ့ ခုခံစစ်ကြား၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား၊ မတရားမှုနဲ့ တရားမှုကြား၊ အဓမ္မနဲ့ ဓမ္မကြား ကြားနေပါတယ် ဆိုတာလဲ မရှိနိုင်ဘူး။ အမှားနဲ့ အမှန်ကြားမှာ ဘက်မလိုက်ဘူးကြားနေတယ် ဆိုသူကိုယ်နှိုက်က အမှားတဝက်ကို သေချာပေါက်ကျူးလွန်ထားတာပါပဲ။

    အမှားနဲ့ အမှန်ကြားမှာ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့”

  • R Ga

    November 30, 2010 at 7:23 am

    ပထမ Group လုပ်မလို့ပါပဲ..ဒါပေမဲ့ လူသိပ်မသိမှာဆိုးလို့ ဒီမှာတင်လိုက်တာ..။ အဆင်ပြေရင် ဒီကနေ့လုပ်မှာပါ..။ Group လုပ်ပြီးပါပြီ..

  • zin

    November 30, 2010 at 7:27 am

    တကယ်ဖွဲ့မယ်ဆိုရင်တော့ ပါမှာပေါ့။ရေများရေနိုင်မီးများမီးနိုင်ဆိုတော့ ရေတွေမီးတွေစုလိုက်ကြတာပေါ့။

  • cobra

    November 30, 2010 at 7:48 am

    ကောင်းပါတယ်…ဝင်ချင်လွန်းလို့ပါ…။

  • ဆူး

    November 30, 2010 at 9:37 am

    မြန်မာပြည်က ဗန်းရင် မကျော်တတ်လို့ လာနိုင်မှာ မဟုတ်တော့ဘူးနော်..

    • R Ga

      November 30, 2010 at 9:45 am

      နိမိတ်မရှိ နာမ မရှိစကားတွေမပြောရဘူးလေ ငါ့တူမရဲ့ ။
      ဘမ်းရင် ကိုခိုင်တို့ တာဝန်လေ သူလုပ်ပေးလိမ့်မယ်။

  • char too lan

    November 30, 2010 at 9:54 am

    အောင်မလေး ~~
    ဦးဂဂရရ် တဂယ်ကြီးဘမ်းခံရရင် ကျနော်တို့တော့ တောက်ကျိုးနည်းကုန်မယ်နော် 😀

  • R Ga

    November 30, 2010 at 10:02 am

    ဒီလောက်ကလေး လုပ်တာနဲ့ ဘယ်လိုတွေဖြစ်ပြီး တစ်ဘမ်းတည်း ဘမ်းနေကြ လည်း မသိပါဘူး …အရပ်ကတို့ရော။ ဒီထက်ဆိုးတဲ့ ပိုစ့်တွေတင်၊ ပုံတွေတင် ရေးကြ ချွတ်ကျတုန်း က ဘာသံမှ မကြားရဘူး ကျွန်တော်မျိုးကြီးလည်း လုပ်ရော..အဟင့်…………ငိုချင်တယ်။……ဘမ်းလိုက်ကျတဲ့ အဘမ်း….ဘမ်း…ဘမ်း.ဘမ်း ဘမ်း ဘမ်း…….ကိုမြည်နေတော့တာပါပဲ။ း) း(

    ဒီမှာ ***Group *** ဖွဲလိုက်ပါပြီခင်ဗျာ။ ဝင်ရောက် အားပေးနိုင်ပါတယ်ခင်ဗျ။

    http://myanmargazette.net/groups/%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%99/

  • zawana

    November 30, 2010 at 3:02 pm

    ဘန်းကျော်သား ဆိုတဲ့ ဂုဏ်ရည်ကိုတော့ အပျက်မခံကြပါနဲ့ ။ ဒို့ခေတ်မှာမှ ညံ့ကြတော့မှာလား ဗျာတို့။

  • ဆူး

    December 1, 2010 at 1:54 am

    ဘန်းတာ ကျော်တာ မခက်ပေမဲ့.. လိုင်းမကောင်းတော့ ခက်သကိုး… ဦးဇဝန ရေ….

  • Foreign Resident

    December 17, 2011 at 5:59 pm

    ဒီမိုကရေစီ လူ့အခွင်အရေး နှင့် တရားမျှတမှု တို့ကို အသက်လောက်နီးနီး မြတ်နိုးပေမယ့် ၊
    ” ၂။ Online အတွင်းရှိ မည်သည့် ဒီမိုဘက်တော်သားများ မဆို တိုက်ခိုက်ခြင်းမပြုရ ”
    ဆိုတာကိုတော့ လက်မခံ နိုင်ပါဘူး ။

    အဘတို့ကတော့ မှားတယ်ထင်ရင် ပြောမှာပဲ ။
    စေတနာ အမှားဖြစ်ရင်တောင်မှ မှားတယ်ထင်ရင် ပြောရမှာပဲ ။
    ဒေါ်စု မှားရင်လည်း ဒေါ်စု မှားတယ် ပြောမှာပဲ ။
    ဘုရား မှားရင်လည်း ဘုရား မှားတယ် ပြောမှာပဲ ။

    ဒါပဲ ။

  • aye.kk

    December 17, 2011 at 7:12 pm

    အာဏာရှင်ဆိုတာအစွန်းတရားနှစ်ဖက်ပေါ်မှာလမ်းလျှောက်နေတာပါ..
    ခေါင်းအလွန်မာတယ်မှားမှားမှန်မှန်တစ်ဖက်သတ်လုပ်ဆောင်ဆုံးဖြတ်တယ်…
    ဘယ်သူ ့အကြံညဏ်မှလက်မခံဘူး အတွေးအခေါ်လွဲမှားတယ် ဆရာတစ်ပည့်မွေးကာ ဂိုဏ်းဃနဖွဲ ့တယ်
    ညဏ်ပညာနိမ့်ပါးတော့လက်နက်အားကိုးကာအာဏာကိုကိုးကွယ်ပြီးရှင်သန်ရပ်တည်မှု ရယူတယ်..
    သာသနုာကိုပါစော်ကားတယ်..ဒါတွေဟာအစွန်းတရားဆိုတဲ့လမ်းကိုလျှောက်နေတယ်ဆိုတာ
    ထင်ရှားပါတယ်ယုံမှားသံသယဖြစ်စရာနဲနဲလေးမှမရှိပါဘူး..ကျမကိုမွေးတဲ့နှစ်မှာ
    တော်လှန်ရေးကောင်စီတက်လာတယ် အခုနှစ်ငါးဆယ် ကျမဘာရလိုက်သလဲ သေချာတာက အခွင့်အရေး
    ဆုံးရှုံးခဲ့ပြီဘဲ လူသားတစ်ယောက်ရဲ ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားခဲ့တာဘဲ ကျဉ်းမြောင်း
    တဲ့ဥခွံသေးသေးလေးထဲကနေမပေါက်ထွက်နိုင်တဲ့ လောကကြီးကိုတွေ ့မြင်ခွင့်မရဘဲ ဆုံးရှုံးသွားတဲ့ဥ
    လေးတစ်လုံးပါဘဲ အာဏာရှင်တွေရဲ ့အစွန်းတရားလက်ကိုင်မထားခဲ့ရင် သည်လိုဖြစ်စရာအကြောင်း
    မရှိဘူးလို ့ယုံကြည်မိပါတယ် လူသားမျိုးနွယ်မှန်ရင်ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း နှင့်ဆိုပေမယ့်
    ထီးထီးကြီးတော့ရပ်တည်မနေသင့်ပါဘူး အာဆီယံဆက်ဆံမှုနဲ့လည်းမလုံလောက်သေးပါဘူး အားလုံးနဲ့ ့ဆက်ဆံနိုင်ဖို ့ကလည်းအဓိကကြပါတယ် ဒါမှလည်းနောင်လာနောက်သားတွေ ကျမတို့လိုအဖြစ်မျိုးမကြုံ
    ကြရတော့မှာအမှန်ဘဲလေ..
    ဗုဒ္ဓတရားကိုလိုက်နာယုံကြည်ချက်ရှိတာကဒီမိုဘက်တော်သားတွေလို့ကျမအနေနဲ့ခံယူမိပါတယ်..
    မဇျွိမပဋိပဋာဆိုတဲ့အလယ်လမ်းကိုဘဲလျှောက်ဖို ့အရှင်ဘုရားဟောခဲ့တာပါ အားလုံးလိုက်နာယုံကြည်
    ဘို့လိုအပ်ပါတယ် ကျမအနေနဲ့ပြည့်ပြည့်ဝဝယုံကြည်ပါတယ်..
    ိဒီမိုဘက်တော်သားမှန်ရင်အလယ်တည့်တည့်လမ်းကိုဘဲလျှောက်နေတဲ့ယုံကြည်ချက်ခံယူချက်
    အပြည့်အဝနဲ့ခိုင်ခိုင်မာမာရပ်တည်နေမယ့်သူတွေဆိုတာကိုအကြွင်းမယ့်ယုံကြည်မိပါတယ်လို ့ ့ကျမအမြင်လေးကိုပြောပြလိုက်ပါရစေ..။

  • zaw min

    December 17, 2011 at 9:35 pm

    စိတ်ဓါတ်ခွန်အား အမြဲတည်ကြည်တို့ ယုံကြည်….
    ညီညီညာညာ စုပေါင်းကာ ရှေ့သို့မာန်ချီ ချီတက်မည်…
    အာဏာရှင်များ သတိထား ရှေ့မှ ရောင်နီထွက်ပေါ်ပီ…

  • nigimi77

    December 17, 2011 at 11:36 pm

    ကာလားနော်

    အာကိုဂျီးကို ခင်တယ်နော်

    ကင်းမြီးကောင် ဂိုဏ်း ပျက်သွားပြီး ကတည်းက ဘယ်ဂိုဏ်း မှ မဝင်ဘူးနော်

    🙂 🙂

    ၁။ နအဖ ဆိုတော့ အရင် အကြောင်းလား အခု အစိုးရ အကြောင်းလား ။

    သိပ်ပြီး ကလေးမဆန်ကြနဲ ့လကွယ် ။ ဒင်းတို ့ ရီ(ရယ်) ရတာ အူတွေ

    အောင့်နေလိမ့်မယ် ။

    ၂။ Online အတွင်းရှိ မည်သည့် ဒီမိုဘက်တော်သားများ မဆို တိုက်ခိုက်ခြင်းမပြုရ။
    ……………………………….
    သူ ့လူ ငါ့ ဘက် သား လုပ်ချင်သလား ။ ငါ့ လူ သူ ့ ဘက် သား လုပ်ချင်သလား ။

    စနစ်ဆိုး အယူအဆတွေ နည်းနည်း ပါနေတယ်နော ။ ဥပမာပေးရမလား ။

    လူမိုက်တွေ ဘယ်လိုပြောလဲဆိုတော့ မင်းတို ့ ရိုက်ချင်ရင် တခြား အကောင်တွေကို ရိုက် ။

    ငါတို ့ အချင်းချင်းတော့ ပြန်မရိုက်နဲ ့ ဆိုပဲ ။

    ဂေဇာတ်မှာ ပြီးခဲ့တဲ့ အချိန်က ဖွင့်ဖွင့်ခြင်း ဘာပေါ်ခဲ့လဲ ။

    ” ငါ မကောင်း ငါ့ကိုရေး ….. ” ။ မြန်မြန်ဆန်ဆန် မေ့သွားပြီလား ။

    ၃။ အသက်ချွေး၊သွေး ပေးဆပ်၍ အကျဉ်းကျခဲ့သော ဒီမိုကရေစီသူရဲကောင်းများ

    အားလေးစား သောအားဖြင့် စစ်ခွေး၊အာဏာရူး၊လူမိုက်များ၏ ရေးသာချက်များကို ဆန့်ကျင်

    ကန့်ကွက်ရမည်။

    ……………………………………..

    ကျေးဇူးပြုပြီး အလံနီ ခေတ်က အသုံး အနှုံးတွေနဲ ့ ……နှစ်ပေါင်းများစွာ မှိုင်းစွဲနေတဲ့

    ငါတို ့ ဦးဏှေက် အထဲက ကြပ်ခိုးတွေကို Double Black မလုပ်ပါနဲ ့လား 🙂 🙂

    အာဂရယ်

    နင်လည်း သိရဲ ့သားနဲ ့

    ငါတို ့ ဘာက စလုပ် ရမလဲဆိုတာကို ။

    လူပြောတွေ သန်ကြရအောင်လား ။

  • aye.kk

    December 18, 2011 at 9:56 am

    အဆိုးမြင်ဝါဒဖယ်ရှားကြ..
    မကောင်းပြောတာ..
    ဘုရားမကြိုက်နတ်မကြိုက်မို့..
    လဖက်ထုပ်တာတောင်ဆရာလိုလို့..အမြင်လေးတော့မနေနိုင်လို့ပြောပြချင်ပါသည်..
    စကားကြီးဆယ်ခွန်းအားလုံးတတ်အောင်လုပ်ဘို့လိုပါသည်..။

Leave a Reply