သင်ကိုယ်တိုင် စုံထောက်လုပ်ကြည့်ရအောင် (ဉာဏ်စွမ်းဖြင့်အမှုဖေါ်)(၄)

အာဂNovember 29, 20101min1015

အံဩစရာခြေရာ။

လူသတ်သမားဟာ လူထွားကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ၃၃ စင်တီမိတာ ဖိနပ်ကြိုးကိုစီးတဲ့ ခြေထောက်ကြီးယောက်ျားတစ်ယောက်ပါပဲ။
အဲဒီလူသတ်သမားဟာ ၂၅ စင်တီမီတာ ဒေါက်မြင့်ဖိနပ်ကိုဝတ်တဲ့ မိန်းမတစ်ယောက်ကို ဥယျာဉ် တစ်ခုထဲမှာ သတ်လိုက်တယ်။ ခြေရာမကျန်ရစ်အောင် သူဟာ အသက်ခံရသူရဲ့ ဒေါက်မြင့်ဖိနပ် ကိုစီးပြီး ဥယျာဉ်အပြင်ဘက်ကို ထွက်သွားတယ် ။ အပြင်ရောက်မှ ကားနဲ့ထွက်ပြေးတယ်။
သို့ပေမဲ့ ၊ သူ့ခြေထောက်အကြီးကြီးဟာ ဘယ်လိုလုပ်ပြီး ရုတ်တရက်သေးသွားမလဲ ။ သူဟာ ဒေါက်မြင့်ဖိနပ်လေးကို ဘယ်လိုစီးသွားသလဲ။

အဖြေကတော့ ထုံးစံအတိုင်းပါပဲခင်ဗျာ။

5 comments

  • nyeinwailwin

    November 30, 2010 at 5:20 am

    လူသတ်သမားရဲ့ ခြေထောက်က အရမ်းကြီးပြီး အသတ်ခံရတဲ့ မိန်းမ ရဲ့ခြေထောက်က သေးတယ်ဆိုတော့ လူသတ်သမားက ဒေါက်မြင့်ဖိနပ်ကို ခြေထောက်နဲ့ စီးမသွားဘူးထင်တယ် ..

  • moethidasoe

    November 30, 2010 at 7:25 am

    ကြံကြံဖန်ဖန် ကင်းမြီးကောက် ထောင်သွားတယ် ဆိုရင်တော့ ဖြစ်နိုင်တယ် .. ဒါပေမယ့် ဒီလောက်အပင်ပန်းခံစရာ မလိုဘူးထင်ပါတယ် .. စဉ်းစားလိုက်ဦးမယ် ..
    နောက်တစ်ချက် စဉ်းစားတော့ .. ဖိနပ်နောက်ပိတ်ကို ဖြတ်လိုက်ရင် ခြေထောက် ထိုးလို့ ရမှာပါ ..

  • photwenty

    November 30, 2010 at 7:45 am

    ကင်းမြီးကောက်ထောင်ပြီးထွက်သွားတာ

  • nyeinwailwin

    November 30, 2010 at 8:26 am

    မmoethidasoe ပြောတာဖြစ်နိုင်ပါတယ် …. ဖိနပ်ကို လက်မှာစွပ်ပြီး ကင်းမြီးကောက် ထောင်သွားတယ်ဆိုရင် ဖြစ်နိုင်မလားပဲ …. အဲလိုဆို လူသတ်သမားရဲ့ ခြေရာမကျန်ရစ်အောင် လုပ်နိုင်မယ်ထင်တယ် ..

  • R Ga

    November 30, 2010 at 9:35 am

    အားလုံးက ဆရာကြီးတွေပဲ.. အမှန်ကလည်း ကင်းမီးထောက်လျောက်သွားတာပါပဲခင်ဗျာ..။

Leave a Reply