ပုဂ္ဂလိက စာသင်ကျောင်း အချို့ တရုတ်စာ တရုတ်စကား တွဲသင်ရန်ရှိ

BayoteApril 7, 20101min1151

ပုဂ္ဂလိက စာသင်ကျောင်းအဖြစ် ဖွင့်လှစ်မည့်စာသင်ကျောင်းအချို့ကမူလသင်ရိုးညွှန်းတမ်းအပြင် တရုတ်စာ၊တရုတ်စကားကဲ့သို့ အပို ဘာသာရပ် တွေပါတွဲသင်ရန်ကြော်ငြာထားကြောင်း ပုံနှိပ်မီဒီယာများတွင် တွေ့ရှိရသည်။ ပုဂ္ဂလိကစာသင်ကျောင်းများမှာ မူရင်းသက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့်သင်ရိုးညွန်းတမ်းများနှင့်အညီသင်ကြားပို့ချရမည်ဖြစ်ပြီး

ယခုအခါတရုတ်စာ၊ တရုတ်စကားကဲ့သို့ အပိုဘာသာရပ်ဆိုင်ရာ တွေပါပို့ချရန်ကြော်ငြာဆွဲဆောင်လာခြင်းဖြစ်သည်။ ထိုသို့ ဘာသာရပ်များအပြင်ယဉ်ကျေးမှုနှင့် လက်မှုအတက်ပညာကဲ့သို့အပိုသင်ခန်းစာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျောင်းကြော်ငြာအချို့တွင်တွေ့ရှိရသည်။ “ပုဂ္ဂလိကကျောင်းတွေရှိလာတာကောင်းပါတယ်။ နိုင်ငံ တကာမှာလည်း အစိုးရကဖွင့်တဲ့ ကျောင်း၊ အစိုးရက အသိအမှတ်ပြုပေးထားတဲ့ပုဂ္ဂလိကကျောင်း၊ သပ်သပ်ပုဂ္ဂလိကကျောင်းဆိုပြီး ရှိကြတာပဲ။ အဓိက က သင်ကြားတဲ့ နေရာမှာတတ်အောင်၊ တကယ်တတ်အောင် သင်ပေးနိုင်ဖို့ အဓိကပဲ။ ဈေးကွက် စီးပွားရေးအရ အပြိုင်အဆိုင်ပဲလေ။ ပုဂ္ဂလိကကျောင်းတွေဆိုတော့ တစ်ကျောင်းက ဘာအပိုသင်ပေးမယ်၊ ဘယ်လိုစည်းကမ်းနဲ့သင်ပေးမယ်ဆိုတာမျိုးတွေရှိလာတာပေါ့။ တချို့ကျ တော့လည်း ဈေးကွက်ပစ်မှတ်ထားပြီးဆွဲဆောင်တာပေါ့။ အခုတရုတ်စာ၊တရုတ်စကားသင်ပေးမယ်ဆိုရင် တရုတ်စာသင်ချင်တဲ့ သူတွေကို အဓိကထားပြီး ဆွဲဆောင်တဲ့သဘောပေါ့။ နောက်ပိုင်းဒီလိုဝန်ဆောင်မှု ပြိုင်ဆိုင်တဲ့သဘောက ပုဂ္ဂလိကကျောင်းတွေမှာ ပိုတွေ့ရမှာပါ။ ဒါမှ ဈေး ကွက် စီးပွားရေးနဲ့ကိုက်ညီမှာပါ” ဟုအငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးက ပုဂ္ဂလိကကျောင်းများနှင့် ပတ်သက်၍ ယင်း၏အမြင်ကိုပြောပြကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ရ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • etone

    June 29, 2010 at 9:35 am

    အခြေခံယဉ်ကျေးမှူနဲ့ လူ့ကျင့်ဝတ်လေးပါ ဘာသာတစ်ခုအနေနဲ့သင်ရင်ပိုကောင်းမယ်ထင်တယ် ။ နောက်ပိုင်းလူငယ်တွေက ပိုပိုပြီး ရိုင်းလာတာတွေ့ရတယ် ။ အားလုံးတော့မဟုတ်ဘူး အချို့ပါ ။ အရှက်ကြောက်မရှိဝတ်စားလာတာကလည်း မကောင်းတဲ့မိန်းမတွေနဲ့တောင်မှားရတယ် ။

Leave a Reply