နှင်းဆီ အငြိမ့် အပိတ်ခံရပြီ

fattyNovember 29, 20101min20815

မကြာမီကမှ အမျိုးသား ကဇာတ်ရုံမှာ တင်ဆက်သွားတဲ့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ အနုပညာ
ရှင်ပေါင်း များစွာပါဝင်တဲ့ အငြိမ့်သဘင်ဟာ လက်မှတ်တွေ ရောင်းမလောက်အောင် အားပေးမှု
ရရှိလိုက်ပါတယ်။ ဒါပေမဲ့ ယခုလတ်လောမှာဘဲ အာဏာပိုင်များ မောင်မျိုးမင်း အိမ်ကို
ရောက်လာပြီး ပြက်လုံးတွေဟာ နိုင်ငံတော်ကို ထိခိုက်နေတာကြောင့် ပြက်လုံးတွေ
ပြင်ပေးဖို့ပြောရာကနေ … ပြင်လိုက်ရင်လဲ အငြိမ့်တခွင်လုံး ပျက်စီးသွားမှာမို့ …..
အဲဒီခွေကိုချိတ်ပိတ် သိမ်းဆည်းလိုက်ကြောင်းကြားသိရပါတယ်။

15 comments

  • unclegyi1974

    November 29, 2010 at 3:41 pm

    အဟုတ်ကြီးလားကိုဖက်ရေ
    မျှော်ဆိုပြီးတော့တောင်မရတော့ဘူးလား

  • fatty

    November 29, 2010 at 3:50 pm

    အဲဒီအခွေ အပြင်ရောက်ရင် …. မောင်မျိုးမင်းတာဝန်တဲ့ဗျား ….။

  • kopauk mandalay

    November 29, 2010 at 4:30 pm

    ကြည့်ပြီးတဲ့သူများက အလွတ်တောင်ရနေပြီတဲ့ဗျား။

  • etone

    November 30, 2010 at 2:18 am

    ခိုးကူးခွေတွေထွက်နေတာ မသိတာမှတ်လို့ ။

  • char too lan

    November 30, 2010 at 3:36 am

    လပြည့်နေ့က ကတဲ့ဟာအခွေမထွက်သေးဘူးထင်တယ် နှစ်သစ်နှင်းဆီတာတော့ တော်တော်ပြန့်နေပီလေ 😀

  • shwemanthar

    November 30, 2010 at 4:19 am

    အင်း
    ဆက်ကလို.မရတော.ဘူးပေါ.
    ကဲ
    ဒါဆိုခိုးကူးများစတင်လုပ်ဆောင်စေ

  • nyeinwailwin

    November 30, 2010 at 4:32 am

    ပြက်လုံးတွေကိုပြင်မယ်ဆိုရင်တော့ အငြိမ့်တခွင်လုံး ပျက်စီးသွားမှာကတော့ သေချာတယ် ဘာဖြစ်လို့လဲ ဆိုတော့ ွအငြိမ့်တခွင်လုံးက သူတို့အကြောင်းပဲ ပြတ်ထားတာကိုး ဘယ်လိုမှကို ဆင်ဆာဖြတ်မရအောင်ပဲ ကောင်းတဲ့ ပြက်လုံးတွေပါ …ခိုးကူးခွေတော့ မထွက်သေးဘူးထင်တယ် ..

  • Thaw Zin Loikaw

    November 30, 2010 at 5:01 am

    နှစ်သစ်နှင်းဆီပြီးရင် ထာဝရနှင်းဆီကို ကြည့်ရမယ်အောက်မေ့တာ ရပါတယ် မကြာမီလာမည်မျှော် ဆိုတဲ့ စကားလုံးက အဓိပ္ပါယ်မရှိတဲ့ စကားလုံးမှမဟုတ်တာ (ခုခေတ်ကြီးမှာလေ)

  • Cuper

    November 30, 2010 at 6:11 am

    တကယ်ကြီးလား ကြည့်မလို့ စိတ်ကူးတုန်း ….:(

  • doekalay

    November 30, 2010 at 9:35 am

    ကြည် ့လို ့ရအောင်လုပ်ပေးကြပါအုံးလို ့။

  • april

    December 1, 2010 at 1:45 am

    မောင်မျိုးမင်း တာဝန်မဖြစ်အောင် ဦးဖတ် သွားယူပြီး Mandalay Gazetteပေါ်တင်ပေးပါလား 😛

  • thidakywewa1

    December 1, 2010 at 2:19 am

    ပိတ်လိုက်လည်း အေးဆေးပဲ။ အဲလိုမျိုးပိတ်လည်း လူတွေက ခိုးပြီးဖြန့်ကြမှာပဲ ။ ဘယ်တုန်း ကများ လုပ်လိုရဖူးလိုလဲ လိုမေးပေးစေချင်တယ် ။

  • Maung Dae`

    December 1, 2010 at 2:47 am

    ဟုတ်တယ်.. သီးလေးသီး ခွေတွေ ပြန့်နေတာပဲကြည့်.. တစ်ချိန်ကျရင်ထွက်လာမှာပါ….

  • skyaw

    December 1, 2010 at 3:06 am

    ကူညီကြပါဗျို ့ လူထုကြားထဲ မြန်မြန်ရောက်အောင်

  • နီလေး

    December 1, 2010 at 4:27 am

    မကြည့်ရသေးလို့ ကြည့်ချင်တယ် အဆင်ပြေရင်ကူညီပေးကြပါ

Leave a Reply