WikiLeaks related news – RSS

kaiNovember 30, 20101min1014

ခုတလော ဝိကီလိခ့်က နေ ယူအက်စ်အစိုးရရဲ့ သတင်းတွေ။ မှတ်တမ်းတွေ ထွက်နေတာသတိထားမိကြမှာပါ။

ခုနောက်ဆုံးထွက်လာတာကတော့ နိုင်ငံတကာက ယူအက်စ်အစိုးရသံရုံးတွေရဲ့ သံတမန်ကေဘယ်သတင်းတွေဖြစ်ပါတယ်။ သံတမန်ရေးရာ ထိပ်တန်းလျှို ့ဝှက်တွေပါ ထွက်လာတာမို ့.. ပြောစရာကြီးဖြစ်လို့နေပါတော့တယ်။( အဲဒီထဲ မြန်မာနဲ့ပါတ်သက်တာကိုလိုက်ရှာတာ နည်းနည်းပဲတွေ့ပြီး မထင်ရှားပါ)

ဒါပေမဲ့ဒါတွေကို အီရန်သမ္မတကတော့ အီရန်နိုင်ငံကို နိုင်ငံရေးအရ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ဖို့ တမင်တကာလုပ်တာဆိုပြီး ထောက်ပြလေရဲ့.။ (ဒီလေသံ..ကြားဖူးသလိုလို…)

ပြောရရင် ပြီးခဲ့တဲ့နှစ်ထဲက မြန်မာအစိုးရရဲ့ သံတမန်ရေးရာနဲ့ပါတ်သက်တဲ့ထိပ်တန်းလျှို ့ဝှက် မှတ်တန်းတွေလည် းပေါက်ကြားထွက်လာဖူးတာမို ့..အင်း..မြန်မာက ဒါမျိုးလည် းထိပ်ဆုံးကအရင်ဆုံးဖြစ်တာများလားမသိလို့ .. ကြံဖန်ဂုဏ်ယူရမလိုလို .. အူလည်လည်ဖြစ်မိကြောင်းပါခင်ဗျား..။

အောက်မှာ သတင်းတွေဖတ်ကြည့်ပါဦး..။

[hungryfeed url=”http://news.google.com/news?pz=1&cf=all&ned=us&hl=en&q=WikiLeaks&cf=all&output=rss”]

4 comments

  • etone

    November 30, 2010 at 2:22 am

    မြန်မာနိုင်ငံနဲ့ပတ်သတ်တာ နည်းနည်းပဲတွေ့ပြီး မထင်ရှားပါဆိုတာလေး စိတ်ဝင်စားတယ် ။ သိ သာ ထင်ရှားရင် လက်တို့ဦးနော် ။

  • mG

    November 30, 2010 at 1:08 pm

    အရမ်းကိုကောင်းပါတယ်ဗျာ။အဟီး ဟီး…မြန်မာကလည်း ပထမ ရတဲ့နေရာရှိသေးတယ်တဲ့ကွ။
    ဒါနဲ့လေ (အမေရိကန်သမ္မတ အိုဗားမား) ပြုတ်ကျလို့ဆို…..ပြောနေကျတာပဲဗျ။ကျွန်တော်ကြားနေရတာ တော်တော်များ
    နေပြီဗျ။အဲ့ဒီသတင်းကိုရှာလို့မရလို့ သိရင် တင်ပေးကြပါအုန်းနော်။

  • kai

    November 30, 2010 at 10:15 pm

    အမေရိကန်သမ္မတ အိုဗားမား ငုတ်တုတ်ကြီး ရှိပါ့ဗျာ..။
    မပြုတ်ကျပါဘူး..။ တခုခုလည်း မလွတ်ကျပါဘူး..။ ပြီးခဲ့တဲ့ တပါတ်ကတော့ .. ဘတ်စကက်ဘောကစားရင်း.. ဘယ်သူသမလိုက်သလည်းမသိ..မျက်ခွက်ထိပြီး .. လက်ဝါးနဲ့အုပ်…ကားဆီပြေးသွားပုံတော့ သတင်းထဲတွေ့လိုက်ရတယ်..။

    ကြည့်ရတာ.. နိုဝင်ဘာ ၂ရက် အမတ်ရွေးကောက်ပွဲကိုပြောတာထင်တယ်..
    အဲဒီမှာတော့ သူ့ပါတီ အကြီးအကျယ်ရှုံးတယ်ဗျ..။
    အဲဒီတော့ .. Checks and Balances နည်းနည်းအောက်နေတာပေါ့..။ သူလုပ်ချင်တာတွေအတွက် .. အမတ်တွေက ငွေလွယ်လွယ်ချမပေးတော့တာကို ပြောတာပါ..။

  • maungmoenyo

    December 1, 2010 at 1:41 am

    wikileaks ကိုအမေရိကန်ကြီးတင်မက၊ တရုတ်၊ ဆိုဗီယက်နဲ့မြန်မာနိုင်ငံလိုနိုင်ငံတွေကလဲနဲနဲလန့်ပါတယ်။ စစ်ရေး၊သံတမံရေးလျိီု့ဝှက်ချက်တွေအပြင်ကိူထွက်တာခုမှမဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ထွက်နေကြတာတွေရှိပါတယ်။ ခုအချိန်မှာတော့အချက်အလက်၊စာရွက်စာတမ်းအစုံကိုတနေရာထဲကနေရယူနိုင်ပြီပေါ့။
    မြန်မာ့နိုင်ငံရေးနဲ့စစ်ရေးကလကာနောက်ကွယ်ကဖြစ်ခဲ့တဲ့ကိစ္စတွေလဲလက်လှမ်းမှီတဲ့လူတွေ (လောလောလတ်လတ်အဲ့ဒီလောကကထွက်တဲ့လူတွေ) ကစုဆောင်းတင်ပေးနိုင်ရင်ကောင်းမယ။
    ခုနောက်ဆုံးရတဲ့သတင်းကတော့ wikileaks ရဲ့founder ကို Interpol (အပြည်ပြည်ဆိုင်ရာရဲ့အဖွဲ့) ကဝရမ်းထုတ်ထားတယ်ဆိုဘဲ။ website မှာလဲအချက်အလက်အသစ်တွေတင်သွင်းတာခေတ္တရပ်ဆိုင်းထားကြောင်းစက်ရပ်သတင်းပေ့းပို့ပါတယ်။

Leave a Reply