အင်တာနက်ဆိုင် ဗုံးအတွက် တခြား ၂ ဦးကို ပြောင်းလဲ သံသယဖြစ်

နွယ်ပင်November 30, 20101min906

ယခုလက်ရှိ သ့သယဖြစ်နေသူ (2) ဦး

ရန်ကုန် မြို့တော်ခန်းမ အနီးရှိ Star Net အင်တာနက်ဆိုင်အတွင်း ဗုံးထောင်ခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရသူ ၂ ဦး၏ ပုံများကို အာဏာပိုင်တို့က ပြောင်းလဲ ထုတ်ပြန်လိုက်သည်။

ပြန်လည်ရုပ်သိမ်းလိုက်သည့် ပုံထဲမှ အမျိုးသား ၂ ဦးမှာ ကုလသမဂ္ဂဝန်ထမ်း ဖြစ်နေသည်ဟု ဆိုသည်။ ပုံ ပြောင်းလဲရသည့် အကြောင်းရင်းကို အာဏာပိုင်တို့က ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြောင်းလဲ ထုတ်ဝေသည့် ခပ်ဝါးဝါး ပုံတွင် အမျိုးသား ၂ ဦးကို တွေ့ရသည်။ ထိုပုံကို အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ဝေသော TRUE NEWS သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ဤသို့ ပုံအပြောင်းအလဲ ပြုလုပ်သော်လည်း အာဏာပိုင်တို့ကို ယုံကြည်ခြင်း မရှိကြောင်း ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

“ဗုံး ဇာတ်လမ်းဟာ အတုကြီးဆိုတဲ့ သံသယကို ပိုခိုင်မာစေတယ်” ဟု သူက ပြောသည်။

အာဏာပိုင်တို့၏ ထုတ်ပြန်ချက်များကို သံသယ ရှိကြသော်လည်း ဓာတ်ပုံများဖြင့် သတိပေးချက်ထုတ်ပြန်ခြင်းကြောင့် ရန်ကုန် ဒေသခံ အများအပြားက အင်တာနက်ဆိုင်သို့ သွားရောက်ရန် ဝန်လေးနေကြသည်။

ဗုံးကွဲမည်ကို ထိတ်လန့်သူတချို့ ရှိသကဲ့သို့ တချို့ကလည်း လုံခြုံရေးအကြောင်းပြပြီး စောင့်ကြည့်ခံရမည်ကို စိုးရိမ်ကြသူများလည်း ရှိသည်။

ယခင်ထုတ်ပြန်ခဲ့သည့် သံသယဖြစ်သူ (2) ဦး

6 comments

  • zin

    November 30, 2010 at 5:07 am

    ဟိုလူ့သံသယဖြစ်ရဒီလူကိုသံသယဖြစ်ရနဲ့ နောက်ဆုံး အဲဒီနေ့က အဲဒီဆိုင်ကိုသွားတဲ့သူအားလုံးကုန်သွားလိမ့်မယ်..ကိုယ်များသွားမိရင်တောင် ကိုယ့်ပုံလေးဘယ်တော့ပါမလဲလို့စောင့်ကြည့်ရမလိုတောင်ဖြစ်နေပြီ..

  • Cuper

    November 30, 2010 at 5:58 am

    ဟုတ်တယ်နော် …

  • zawana

    November 30, 2010 at 6:53 am

    သေချာပါတယ်ဗျာ။ ဗုံးတွေ့တယ် ပြောလိုပြော၊ ကင်မရာ တပ်ခိုင်းလိုခိုင်းနဲ့။ လူတွေ အင်တာနက်ဆိုင်ကို မသွားရဲအောင် ဆင်ထားတဲ့ အကွက်ဆိုတာ။ ရူးမနေတဲ့ လူကတော့ အင်တာနက်ဆိုင်မှာ ဗုံးထောင်ဖို့ မပြောနဲ့။ အီးတောင် ကျယ်ကျယ် မပေါက်ဘူး။

  • Maung Dae`

    November 30, 2010 at 9:40 am

    အလကား လံကြုတ် ဇာတ်ခင်းနေတာပါ.. စိတ်ချ ဗုံးခွဲတဲ့သူတွေက ပြည်သူတွေကြားထဲကိုမခွဲဘူး.. ဒင်းတို့ ခွကြားထဲပဲ ပစ်ထည့်ပြီးခွဲမှာ…
    ပြည်သူတွေကြားထဲ ခွဲတဲ့ဗုံးက ဘယ်သူ့ဗုံး ဆိုတာ သိကြပါတယ်..

    တော်သေးတယ်နော်.. အဲ့ဒီနေ့ကသွားမသုံးမိလို့..

  • kai

    November 30, 2010 at 10:29 am

    ကြည့်ရတာ .. အဲဒါနဲ့ပဲ.. ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန် ့ထောင်ထဲရွေ ့ရတယ်နဲ့တူတယ်..။
    မင်းလူတွေလုပ်တာ ..မင်းဝင်ပေါ့..။

  • char too lan

    November 30, 2010 at 11:24 am

    ့haha ကိုခိုင်ပြောတာဟုတ်လောက်တယ် 🙂

Leave a Reply