ကြက်ပုံပြင်

Good IdeaNovember 30, 20101min955

အကြည်တော်    ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော် ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။ အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော် ချင်လို့နဲ့ တူပါတယ်။င်္

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။ သေတာတောင်နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္    ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

အကြည်တော်

5 comments

  • R Ga

    November 30, 2010 at 11:14 am

    အကြည်တော်ရေးတာ ထင်တယ် ။ ဟိုတစ်လောကပဲဖတ်လိုက်ရတယ် ဘယ်မှာလည်းတော့ စဉ်းစားလို့မရတော့ဘူး။

  • kai

    November 30, 2010 at 11:06 pm

    ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
    ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။
    ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။
    ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။
    ဗိုလ်မှုးကြီးအတွေး – ကြက်ဖက ကြက်မသေအောင် စနစ်တကျ မဟာဗျူဟာနဲ့ခင်းလုပ်သွားတာ။ တိုက်တဲ့ကားသမားလည်း ငါ့လာတိုက်ဖို့ကြံစည်လေ့ကျင့်နေတာဖြစ်နိုင်တယ်။ အစည်းအဝေးခေါ်ပြီး ကာကွယ်တဲ့နည်းလမ်းရှာဦးမှ….
    ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကိုပေးပြီးပေါင်သားအိမ်သယ်မှ။ ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကိုပေးပြီး ကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။ ပြိးရင် ဟိုကောင်သတ်တယ်ပြောလိုက်မယ်။
    ဒီမိုကရက်အတွေး – ကြက်မကိုတိုက်သွားတဲ့ ကားဒရိုင်ဘာ ကြံ ့ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးမှ။ တောက်..သဂြိုလ်ခကလည်း အစိုးရသောက်သုံးမကျတာနဲ့ မတရားတောင်းမှာသေချာတယ်..။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါကယ်တင်ဦးမှဖြစ်မှာပါ..။
    ဘုန်းကြီးတပါးအတွေး – ကြက်တွေမှာ တိရိစ္ဆာန်ဖြစ်လို ့ အသိညဏ်မရှိကြဘူး။ ကိလေသာမီးတွေလောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါပါသွားတယ်။ ရှေ့ဘဝက အကုသိုလ်ကြောင့်ဖြစ်မှာပဲ။ ဝဋ်ပေါ့။ ကားဆရာလည်း နောင်ဘဝ ဝဋ်လည်တော့မှာပဲ။ ဪ.. ကားတွေရှိနေသ၍ သတ္တဝါတွေ သေကြဦးမှာပဲ..။ အနိစ္စ ဒုက္ခ အနတ္တ

    • pan pan

      December 2, 2010 at 9:15 am

      အပေါ်မှာ comment ပေးထားတာ အကြည်တော် တခြားလူတွေကိုယ်စား မတွေးဖြစ်တဲ့အတွေးကို တွေးပေးလိုက်တာပဲ။ ခေတ်နဲ့ညီလိုက်တာ။

  • intro

    December 1, 2010 at 2:40 pm

    ကောင်းလိုက်တဲ့ အတွေးအခေါ်စာစုလေးတွေ၊ တင်ပေးတဲ့လူရော၊ အပေါ်က comment ပေးတဲ့သူကိုပါ လေးစားပါတယ်ဗျာ….

  • saunghnin@gmail.com

    December 2, 2010 at 5:33 am

    တော်ပါပေတယ်။ အခုလိုတင်ပေးလို့ဖတ်ဖြစ်တာပါ။ ကြက်ဖနဲ့ကြက်မအေတွေး တွေအဆင်ပြေကာနီးကျမှကားကဝင်ရှုတ်သွားတယ်။

Leave a Reply