အဆိုတော် ဇေယျာသော် အပါအဝင် လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်

နွယ်ပင်November 30, 20101min857

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအဝင် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ဝင်များက ပြောသည်။

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟဝင်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့အား ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးအောင်ကြီး က ပြောပြသည်။

“သူတို့ကို GW တရားမဝင်ဖွဲ့တယ်ဆိုပြီး အဲဒီ ၆/၈၈ ပုဒ်မနဲ့စွဲတာ၊ အဲဒီလိုဖွဲ့စည်းတယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူး၊ ဒါပေမယ့် သူတို့ သူငယ်ချင်း တဦး အခန်းကနေ ခွပ်ဒေါင်းအလံတွေ၊ တီရှပ် အကျႌတွေ၊ လက်ကမ်း စာဆာင်တွေ ၊ ကွန်ပျူတာတွေ ရရှိတယ်ဆိုပြီး အဲဒီအထောက် အထားတွေအရ စွဲပြီးတော့ ချလိုက်တာ၊ ဖမ်းတုန်း က ဘာမှမမိဘူး၊ ဟမ်းဖုန်းတွေပဲသိမ်းသွားတာ၊ ဇေယျာသော် ပိုက်ဆံအိတ်ထဲကတော့ နိုင်ငံခြားငွေနည်းနည်း တွေ့သွားတယ်”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

ပုဒ်မ ၆/၈၈ သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လာပါက တာဆီးရန်အတွက် ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇေယျာသော်တို့ ၆ ဦးသည် ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဆရာစံလမ်းမရှိ စားသောက်ဆိုင် တဆိုင်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တခြားသော GW အဖွဲ့ဝင် အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွဋ် ခေါ် ကိုကျော်ဦးသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဖမ်းဆီးခံခဲ့ရသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်ပြီး ဇေယျာသော်၏ အဒေါ်တော်စပ်သူ ဒေါ်ခင်သန်းဌေး က“ကျမတို့က သူ့အတွက် ဂုဏ်ယူရမှာပါ၊ ခိုး ဆိုး လုယက်မှုနဲ့ ကျတာမှ မဟုတ်ဘဲ”ဟု ပြောဆိုသည်။

ဇေယျာသော်သည် အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ကို ၂၀၀ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင် ထူထောင်ခဲ့သူ တဦးဖြစ်သည်။

ရန်ရန်ချန်းကိုလည်း စစ်အာဏာပိုင်များက ဧပြီလ ၁ရ ရက် သင်္ကြန်အတက်နေ့က မုံရွာမြို့တွင် ဖမ်းဆီးထား ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ဖမ်းဆီးခံရသူ ၁၄ ဦးကိုလည်း ပုဒ်မ ၁၄၃ ၊ ၅၀၅(ခ) တိုဖြင့် ထောင်ဒဏ် ၂ နှစ် ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်း အဝန်းက ပြောသည်။ ယင်း ၁၄ ဦးတွင် ပါဝင်သော တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းသည် ကျန်းမာရေး မကောင်း၍ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ သူဖြစ်ကြောင်းလည်း သိရသည်။

ဤကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအပေါ် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နေခြင်းသည် မမျှတ မဖြစ်သင့်ကြောင်း ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

“အခုဖမ်းဆီးခံရတဲ့ လူအားလုံးကို အမြင့်ဆုံး အပြစ်ဒဏ်ချတယ်၊ အမှုတခုမှာ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တော့ ပြစ်ဒဏ်အနိမ့်အမြင့်တော့ ရှိရမှာပေါ့၊ အမြင့်ဆုံးအပြစ်ဒဏ်တွေချတယ်ဆိုတော့ တရားစီရင်မှုအပေါ်မှာ အမြင်မကြည်လင်ဘူး ဖြစ်ကုန်တာပေါ့၊ မမျှတဘူးပေါ့၊ အဲဒီလိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက သုံးသပ် ပြောဆို သည်။

ယခင် ပြစ်ဒဏ်ချမှတ်ပြီးသူများထဲမှ ၁၅ ဦးကိုလည်း နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ယနေ့ ပြောင်းရွှေ့ ကြောင်းလည်း သိရသည်။

ပြောင်းရွှေ့ခံရသူများမှာ ကိုသန်းတင် စစ်တွေ ထောင်၊ ကိုပဏ္ဍိတ်ထွန်း ဗန်းမော်ထောင်၊ ကိုမင်းဇေယျ လားရှိုး ထောင်၊ ကိုကျော်ကျော်ထွေး မြိတ်ထောင်၊ ကိုသက်ဇော် မော်လမြိုင်ထောင်၊ မမာမာဦး သာယာဝတီ ထောင်၊ မသက်သက်အောင် မြင်းခြံထောင်၊ ကိုမင်းဟန် လားရှိုး ထောင်၊ ကိုသီဟအောင် လွိုင်ကော် ထောင်၊ ကိုအောင်မျိုးပိုင် ကော့သောင်း ထောင်၊ မမီးမီး ပုသိမ်ထောင်၊ မစန္ဒာမင်း မြောင်းမြထောင်၊ ကိုဇော်ဇော်မင်း တောင်ငူ ထောင်၊ ကိုဂျင်မီ တောင်ကြီး ထောင် နှင့် ကိုအံ့ဘွယ်ကျော် ကသာထောင် တို့ဖြစ်သည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအဝင် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀ဝ ဝန်းကျင်ခန့်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

ဧရာ0တီ မှပြန်လည်ဖော်ပြပါသည် ။

7 comments

  • mG

    November 30, 2010 at 7:12 am

    ဟား……အဲ့လိုမျိုးတွေဖြစ်နေတာတော့ ဘယ်လိုဖြစ်မလည်းဗျ။ချမှတ်တဲ့လူတွေကလည်း လူဆိုးတွေလည်းမဟုတ်။နာမည်ကြီး အနုပညာရှင်တွေ ၊ ပြည်သူ့ချစ်လူတွေကိုထောင်ချတာကလည်း အနည်းဆုံးကို 5 နှစ်ဖြစ်နေတယ်နော်။ကလေးကစားသလားပဲ။

  • cobra

    November 30, 2010 at 7:27 am

    ဘာတွေလုပ်နေကြတာလဲ….သူတို ့တွေမှာလွတ်လပ်ခွင့်ဆိုတာမရှိတော့ဘူးလား…။
    ခွေးသူတောင်းစားတွေ…မင်းတို့စောက်မျိုးတွေကြတော့လုပ်ချင်တိုင်းလုပ်နေကြတယ်…။
    လွတ်လပ်တာမှဟိုဖက်ကမ်းတောင်လွန်နေပီ….။
    ငါတို့ပြည်သူတွေကြတော့ဘာမှလုပ်ပိုင်ခွင့်မရှိတော့ဘူးလား….။
    တရားတွေလွန်နေပီနော်….။

  • char too lan

    November 30, 2010 at 7:38 am

    🙁 @$%%^&^&()^%&^$#!@

  • Angelic Pricess

    November 30, 2010 at 8:58 am

    အဲလို ဒေါ်လာတွေ မိတိုင်းသာ ထောင်ချရမယ်ဆိုရင် သူတို့ အစိုးရအိမ်တွေပေါ် တက်ရှာ ကြပါလား။ တစ်ရွက်မရှိရင် ငါ့ခေါင်းလာဖြတ်လို့တောင် ပြောချင်တယ်။ တကယ်ဘဲ။ မဟုတ်တဲ့လူတွေကျတော့ ဖမ်း၊ တပ်ချင်တဲ့ အပြစ်တပ် မလွယ်တဲ့ ငါတို့နိုင်ငံနဲ့ အစိုးရပါလားနော်။

  • Maung Dae`

    November 30, 2010 at 9:12 am

    အလကား သောက်ရေးမပါတာ… ဒေါ်လာတွေကို ရောင်းဝယ်နေတဲ့.. ပွဲစားတွေကိုကြည့်လိုက် ဒင်းတို့အမျိုးတွေချည်းပဲ… ငါတို့ကတော့ ဇေယျသော်၊ ဟန်ထူးလွင်၊ အနဂ္ဂ တို့ကို ပိုတောင်လေးစားသွားတယ်.. အနုပညာရှင်ဆိုတာ ပြည်သူတွေအားပေးမှ သူတို့ ဘဝ တိုးတက်ရတဲ့အတွက် သူတို့တွေ အနေနဲ့လည်း ပြည်သူတွေ ဘက်က ရပ်တည်ပေးသင့်တယ်လို့ထင်တယ်…

  • secret

    December 1, 2010 at 5:49 am

    မင်းတို့ခေတ်ပဲလုပ်ကြပေါ့ကွာ

Leave a Reply